သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္-အိႏိၵယ ပူးေပါင္းေဆာင္ရြက္မႈတိုးျမႇင့္ေရး ဝန္ႀကီးခ်ဳပ္ႏွစ္ဦး ေဆြးေႏြး 


အိႏၵိယႏိုင္ငံကိုေရာက္ေနတဲ့ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson နဲ႔ အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi တို႔ ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္ေတြ လက္မွတ္ထိုးၿပီး သတင္းစာရွင္းလင္းပြဲျမင္ကြင္း။ (ဧၿပီ ၂၂၊ ၂၀၂၂) 

[[Zawgyi/Unicode]]

အိႏိၵယႏိုင္ငံမွာေရာက္ေနတဲ့ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္စ္ ဂၽြန္ဆင္ဟာ အိႏိၵယဝန္ႀကီးခ်ဳပ္ ေနရိန္ဒရာမိုဒီနဲ႔ နယူးေဒလီၿမိဳ႕ေတာ္မွာ ဒီကေန႔ ေတြ႕ဆံုပါတယ္။ ေတာင္ အာရွ အင္အားႀကီးႏိုင္ငံတခုျဖစ္တဲ့ အိႏိၵယကို ႐ုရွားနဲ႔မဆက္ဆံဖို႔ အေနာက္ႏိုင္ငံေတြက သိမ္းသြင္းေနတာနဲ႔အမွ် ၿဗိတိန္အေနနဲ႔ အိႏိၵယနဲ႔ ကုန္သြယ္ေရးနဲ႔ ကာကြယ္ေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈေတြ တိုးျမွင့္ လုပ္ေဆာင္သြားဖို႔ကိစၥ ကမ္းလွမ္းဖို႔ ရွိေနတာပါ။

နယူးေဒလီၿမိဳ႕ကို ပထမဆံုးအႀကိမ္ လာေရာက္တဲ့ သူ႔ခရီးစဥ္ ပထမေန႔မွာပဲ အိႏိၵယဝန္ႀကီးခ်ဳပ္ မိုဒီနဲ႔ သမၼတအိမ္ေတာ္မွာ ဒီကေန႔ ေတြ႕ဆံုၾကတာျဖစ္ၿပီး အိႏိၵယရဲ႕ လြတ္လပ္ေရးဖခင္ႀကီး မဟတၱမဂႏီၵ ေအာက္ေမ့ဘြယ္ အထိမ္းအမွတ္ေနရာကိုလည္း ဝန္ႀကီးခ်ဳပ္ ဂၽြန္ဆင္ သြားေရာက္ ဂါရဝျပဳပါတယ္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ရဲ႕ ႏွစ္ရက္ၾကာ အိႏၵိယခရီးစဥ္ ေနာက္ဆံုးေန႔မွာေတာ့ ႏွစ္ႏိုင္ငံ ပူးေပါင္း ေဆာင္ရြက္ေရးကိစၥေတြကို အဓိက ေဆြးေႏြးၾကမွာပါ။ အခုခ်ိန္ဟာ ဒီမိုကေရစီႏိုင္ငံႀကီးႏွစ္ခုၾကား အရင္ကထက္ပိုၿပီး မိတ္ေဆြ ဆက္ဆံေရး ခိုင္မာ အားအေကာင္းဆံုး ရွိေနတဲ့အခ်ိန္ပါပဲလို႔ ဝန္ႀကီးခ်ဳပ္ဂၽြန္ဆင္က ေျပာပါတယ္။

အိႏိၵယႏိုင္ငံဟာ သူ႔ရဲ႕ စစ္လက္နက္ပစၥည္း ထက္ဝက္ေက်ာ္ကို ႐ုရွားကေန ဝယ္ယူအသံုးျပဳေနတာျဖစ္ပါတယ္။ အိႏိၵယအေနနဲ႔ ကိုယ္ပိုင္ တိုက္ေလယာဥ္ေတြတည္ေဆာက္ဖို႔ ေရရွည္စီမံကိန္း ေရးဆြဲလုပ္ေဆာင္ေနတာကို ၿဗိတိန္က အားေပးကူညီမယ့္ အေၾကာင္းနဲ႔ စစ္လက္နက္ပစၥည္း တင္သြင္းခေတြ သက္သာေအာင္ ေဆာင္ရြက္ေပးသြားမယ္လို႔လည္း ၿဗိတိန္ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။ အခု ခရီးစဥ္အတြင္း ႏွစ္ႏိုင္ငံ ကုန္သြယ္ေရးနဲ႔ လံုျခံဳေရးဆိ္ုင္ရာ ပူးေပါင္း ေဆာင္ရြက္မႈေတြ တိုးႁမွင့္ႏိုင္မယ့္ နည္းလမ္းေတြကို ေဆြးေႏြးမယ္လို႔ ဝန္ႀကီးခ်ဳပ္ ေဘာရစ္စ္ ဂၽြန္န္ဆင္က ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

ဗြိတိန်-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဝန်ကြီးချုပ်နှစ်ဦး ဆွေးနွေး

အိန္ဒိယနိုင်ငံမှာရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်စ် ဂျွန်ဆင်ဟာ အိန္ဒိယဝန်ကြီးချုပ် နေရိန်ဒရာမိုဒီနဲ့ နယူးဒေလီမြို့တော်မှာ ဒီကနေ့ တွေ့ဆုံပါတယ်။ တောင် အာရှ အင်အားကြီးနိုင်ငံတခုဖြစ်တဲ့ အိန္ဒိယကို ရုရှားနဲ့မဆက်ဆံဖို့ အနောက်နိုင်ငံတွေက သိမ်းသွင်းနေတာနဲ့အမျှ ဗြိတိန်အနေနဲ့ အိန္ဒိယနဲ့ ကုန်သွယ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်သွားဖို့ကိစ္စ ကမ်းလှမ်းဖို့ ရှိနေတာပါ။

နယူးဒေလီမြို့ကို ပထမဆုံးအကြိမ် လာရောက်တဲ့ သူ့ခရီးစဉ် ပထမနေ့မှာပဲ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ သမ္မတအိမ်တော်မှာ ဒီကနေ့ တွေ့ဆုံကြတာဖြစ်ပြီး အိန္ဒိယရဲ့ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီ အောက်မေ့ဘွယ် အထိမ်းအမှတ်နေရာကိုလည်း ဝန်ကြီးချုပ် ဂျွန်ဆင် သွားရောက် ဂါရဝပြုပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ရဲ့ နှစ်ရက်ကြာ အိန္ဒိယခရီးစဉ် နောက်ဆုံးနေ့မှာတော့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေကို အဓိက ဆွေးနွေးကြမှာပါ။ အခုချိန်ဟာ ဒီမိုကရေစီနိုင်ငံကြီးနှစ်ခုကြား အရင်ကထက်ပိုပြီး မိတ်ဆွေ ဆက်ဆံရေး ခိုင်မာ အားအကောင်းဆုံး ရှိနေတဲ့အချိန်ပါပဲလို့ ဝန်ကြီးချုပ်ဂျွန်ဆင်က ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ စစ်လက်နက်ပစ္စည်း ထက်ဝက်ကျော်ကို ရုရှားကနေ ဝယ်ယူအသုံးပြုနေတာဖြစ်ပါတယ်။ အိန္ဒိယအနေနဲ့ ကိုယ်ပိုင် တိုက်လေယာဉ်တွေတည်ဆောက်ဖို့ ရေရှည်စီမံကိန်း ရေးဆွဲလုပ်ဆောင်နေတာကို ဗြိတိန်က အားပေးကူညီမယ့် အကြောင်းနဲ့ စစ်လက်နက်ပစ္စည်း တင်သွင်းခတွေ သက်သာအောင် ဆောင်ရွက်ပေးသွားမယ်လို့လည်း ဗြိတိန်ဝန်ကြီးချုပ်က ပြောပါတယ်။ အခု ခရီးစဉ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးမယ်လို့ ဝန်ကြီးချုပ် ဘောရစ်စ် ဂျွန်န်ဆင်က ပြောဆိုထားပါတယ်။
================

XS
SM
MD
LG