သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန် နောက်ဆုံး ကျောက် မီးသွေးတွင်း ပိတ် လိုက်ပြီ


ပိတ်ပစ်လိုက်တဲ့ မြောက်ပိုင်း Yorkshire အခြေစိုက် Kellingley Colliery မိုင်းကနေ နောက်ဆုံး အလုပ်လုပ်ပြီး ထွက်ခွာလာတဲ့ မိုင်းအလုပ်သမားတွေ။ (ဒီဇင်ဘာ ၁၈၊ ၂၀၁၅)
ပိတ်ပစ်လိုက်တဲ့ မြောက်ပိုင်း Yorkshire အခြေစိုက် Kellingley Colliery မိုင်းကနေ နောက်ဆုံး အလုပ်လုပ်ပြီး ထွက်ခွာလာတဲ့ မိုင်းအလုပ်သမားတွေ။ (ဒီဇင်ဘာ ၁၈၊ ၂၀၁၅)

ဗြိတိန်နိုင်ငံမှာ နောက်ဆုံး ကျန်တဲ့ ကျောက် မီးသွေးတွင်းကို သောကြာနေ့က ပိတ်ပစ် လိုက် တဲ့ အတွက် ကျောက်မီးသွေး တွင်း တူး လုပ်သား ၄၅၀ လောက် အလုပ် လက်မဲ့ ဖြစ် သွားပြီး ကျောက်မီးသွေးလုပ်ငန်း ရပ်ဆိုင်းတော့မယ့် လက္ခဏာတွေ တွေ့လာရပါတယ်။

မြောက်ပိုင်း Yorkshire အခြေစိုက် Kellingley Colliery မိုင်းကို ပိတ်ပစ် လိုက် တာဟာ ဗြိတိန်နိုင်ငံမှာ ၂၀၂၅ ခုနှစ်ကျရင် ကျောက်မီးသွေး သုံး ဓါတ်အားပေး စက်ရုံ အားလုံး ပိတ်ပစ်ဖို့ တွန်းအားပေးမှု ကြောင့်ဖြစ်ပါတယ်။ တချိန်က နိုင်ငံတော် စက်မှု လုပ်ငန်းတခုဖြစ်ခဲ့တဲ့ ကျောက်မီးသွေးလုပ်ငန်းကို ၂၀၂၅ ခုနှစ်မှာ အဆုံး သတ်စေမှာ ဖြစ်ပါတယ်။

၁၉၅၀ ခုနှစ် Wall Street စာစောင်ရဲ့ မှတ်တမ်းအရ ဗြိတိန်နိုင်ငံမှာ နက်ရှိုင်း တဲ့ ကျောက်မီးသွေးမိုင်း တွင်းပေါင်း ၁၃၃၀ ရှိခဲ့ပြီး နိုင်ငံတွင်း စွမ်းအင်လိုအပ်ချက်ရဲ့ ၉၅ ရာခိုင်နှုံးကို ဖြည့်တင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ စနေနေ့က စပြီး နိုင်ငံ တွင်း မြေအောက် ကျောက်မီးသွေးမိုင်း တူးဖေါ်တဲ့ လုပ်ငန်း တခုမှ ရှိတော့မှာ မဟုတ်ပေမယ့် မြေပြင်ပေါ် တူးဖေါ်တဲ့ မိုင်းတွေကို တော့ ဆက်လက် လုပ်ကိုင်ခွင့်ပြုထားပါတယ်။

ကျောက်မီးသွေးလုပ်ငန်းဟာ ညစ်ညမ်းမှု အများဆုံး ဇီဝလောင်စာထုတ်တဲ့ လုပ်ငန်း တခု ဖြစ်ပါတယ်။ ရုရှားနဲ့ ကိုလံဘီယာ ကနေ ဈေးပိုပေါ တဲ့ ကျောက်မီးသွေး တင်သွင်းမှုတွေ နဲ့အတူ ဗြိတိန်နိုင်ငံတွင်း ကျောက်မီးသွေးလုပ်ငန်း ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။

အလုပ်လက်မဲ့ပြဿနာ ကြုံနေရတဲ့ ဒီဒေသအတွက်တော့ ကျောက်မီးသွေးမိုင်းတွေ ပိတ်ပစ် လိုက်တဲ့ အတွက် အလုပ်အကိုင်ပို နဲပါးသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လည်း ဒါဟာ သဘာဝဝန်းကျင် ပိုမိုသန့်စင်ရေးကို ဦးတည်နေတာမို့ ရလဒ်ကောင်းဖြစ်ပါတယ်။

XS
SM
MD
LG