သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Benghazi က ထွက်ကြဖို့ ဥရောပအစိုးရတချို့ နိုင်ငံသားတွေကို တိုက်တွန်း


Benghazi က အမေရိကန်သံရုံး အတိုက်ခိုက်ခံရစဉ်။
Benghazi က အမေရိကန်သံရုံး အတိုက်ခိုက်ခံရစဉ်။
ဗြိတိန်၊ ဂျာမနီ နဲ့ နယ်သာလန်နိုင်ငံတာဝန်ရှိသူတွေက သူတို့ရဲ့ နိုင်ငံသားတွေကို လစ်ဗျားနိုင်ငံ ဘန်ဂါဇီကနေ အမြန်ဆုံထွက်ခွာကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အနောက်နိုင်ငံသားတွေအပေါ် အတိအကျ ပစ်မှတ်ထားတိုက်ခိုက်တာတွေ သိပ်မကြာခင်အချိန်အတွင်း လုပ်တော့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေဖြစ်ခဲ့ပြီးတဲ့နောက် အခုလိုမျိုး ပြောလိုက်တာဖြစ်ပါတယ်။

ဘန်ဂါဇီမြို့ လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ အဲဒီ နိုင်ငံ ၃ ခုက နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသာပတေးနေ့မှာ ကြေငြာချက်တွေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဘန်ဂါဇီမှာ အကြမ်းဖက်ခြိမ်းခြောက်မှုတွေ အတော်လေးကို မြင့်မားနေပြီး၊ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားခြင်းမရှိဘဲ နိုင်ငံခြားသားတွေရှိနေတဲ့နေရာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေ လုပ်လာနိုင်တယ်လို့ ဗြိတိန်နိုင်ငံ ပြောပါတယ်။ အခုလို ကြေငြာလိုက်တဲ့အတွက် အဲဒီမှာ ရှိတဲ့နိုင်ငံခြားသားတွေ ဘယ်လောက် ပြန်လာကြမယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ လစ်ဗျားနိုင်ငံ ဘန်ဂါဇီမှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး၊ အမေရိကန်လွှတ်တော်ရှေ့မှောက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန် ထွက်ဆိုခဲ့ပြီး တရက်အကြာမှာ အခုလို သတိပေးတာတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ လစ်ဗျားနိုင်ငံမှာ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကြောင့် အမေရိကန်သံအမတ် Christopher Stevens နဲ့ တခြား အမေရိကန် ၃ ဦး သေဆုံးခဲ့ပါတယ်။
XS
SM
MD
LG