သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္ၿမိဳ႕ႀကီးအေတာ္မ်ားမ်ား ဓါတ္ဆီဆိုင္ေတြ ဆီျပတ္လပ္


မဲန္ခ်က္စတာက ဓာတ္ဆီဆုိင္တခုျမင္ကြင္း

Zawgyi/Unicode

ၿဗိတိန္ႏိုင္ငံမွာ ေလာင္စာဆီျပတ္လပ္မွာ စိုးရိမ္ၿပီး ေလာင္စာဆီအေျပးဝယ္ေနၾကတာေၾကာင့္ ႏိုင္ငံထဲက ၿမိဳ႕ႀကီးေတာ္ေတာ္မ်ားမ်ားက ဓါတ္ဆီဆိုင္ေတြမွာ ဆီေတြ ျပတ္သြားခဲ့ပါတယ္။ EU ဥေရာပသမဂၢထဲကေန ၿဗိတိန္ႏိ္ုင္ငံ ႏုတ္ထြက္ခဲ့ၿပီးေနာက္ အရင္ EU ႏိ္ုင္ငံေတြက အလုပ္လာလုပ္ေနၾကတဲ့ ဆီေဘာက္ဆာေမာင္းသူေတြအပါအဝင္ ကုန္တင္ကားေမာင္းသူေတြ အေတာ္နည္းသြားတဲ့အတြက္ ကုန္ပစၥည္းသယ္ ယူ ပို႔ေဆာင္ေရးပိုင္းမွာ အေတာ္ေလး ထိခိုက္ေနတာပါ။ ေရနံခ်က္စက္ရံုေတြကေန ဓါတ္ဆီဆိုင္ေတြဆီ ေလာင္စာပို႔ေပးမယ့္ ဆီေဘာက္ဆာေမာင္းသူေတြမရွိလို႔ ေလာင္စာျပတ္လပ္မွာ စိုးရိမ္ၾကတဲ့အတြက္ ဒီေန႔ တနလၤာေန႔မွာလည္း ဓါတ္ဆီဆိုင္ေတြေရွ႕မွာ ဆီထည့္ဖို႔ တန္းစီေနၾကတဲ့ ကားေတြကို ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ ေတြ႔ရပါတယ္။

ဓါတ္ဆီထည့္ႏိုင္ဖို႔ ေစာင့္ေနရတာ ၃ ရက္ရွိေနၿပီလို႔ ေျပာသြားတာပါ။ ရံုးပိတ္ရက္ ၂ ရက္လံုး ဓါတ္ဆီထည့္လို႔ရမယ့္ ေနရာေတြလိုက္ရွာတာ ဘယ္မွာမွမရဘူးလို႔ လန္ဒန္ၿမိဳ႕က ယာဥ္ေမာင္းတေယာက္က ေျပာသြားတာျဖစ္ပါတယ္။ Brexit အျပင္ ကိုဗစ္ေၾကာင့္ ကုန္တင္ကားေမာင္းသူေတြ ရွားပါးေနတာေၾကာင့္ စားေသာက္ကုန္ပို႔ေဆာင္ေရးပိုင္းမွာလည္း ထိခိုက္ေနတဲ့အတြက္ အစားအေသာက္ ျပတ္လပ္မႈ မျဖစ္ေစရေအာင္ ဝန္ႀကီးခ်ဳပ္ Boris Johnson အစိုးရက ေဒၚလာသန္းနဲ႔ခ်ီ ေထာက္ပံ့ခဲ့ၿပီး ရက္ပိုင္းမွာပဲ ေလာင္စာ ျပတ္လပ္တဲ့ ျပႆနာႀကံဳေနတာပါ။

ၿဗိတိန္ႏိုင္ငံမွာ ေရနံခ်က္စက္ရံု ၆ ခု၊ ေလာင္စာ ထိန္းသိမ္းသိုေလွာင္တဲ့ေနရာ ၄၇ ခု ရွိတဲ့အတြက္ ႏိုင္ငံထဲမွာ ေလာင္စာျပတ္လပ္မႈ လံုးဝမရွိဘူးလို႔ ၿဗိတိန္ သယ္ယူပို႔ေဆာင္ေရးဝန္ႀကီးကေျပာၾကားၿပီး အစိုးရိမ္လြန္ၿပီးမဝယ္ၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။ ေလာင္စာဆီျပတ္လပ္မႈကို အတူပူးေပါင္း ေျဖရွင္းႏိုင္ဖို႔ ေလာင္စာကုမၸဏီေတြၾကား ေစ်းႏႈန္းအပါအဝင္ ၿပိဳင္ဆိုင္ခြင့္ေပးထားတဲ့ဥပေဒကို အစိုးရက ယာယီရပ္ဆိုင္းခဲ့ပါတယ္။

ႏိုင္ငံျခားက ကုန္တင္ကားေမာင္းသူ ၅,၀၀၀ ကို ယာယီျပည္ဝင္ခြင့္ေပးမယ္လု႔ိလည္း ၿဗိတိန္အစိုးရက တနဂၤေႏြေန႔က ေၾကညာခဲ့ပါတယ္။ အစိုးရရဲ႕ အစီအစဥ္ဟာ ေရတိုေျဖရွင္းမႈသာျဖစ္ၿပီး အလုပ္သမား အေတာ္ေလးျပတ္လပ္ေနတ့ဲ ျပႆနာကို ေျဖရွင္းႏိုင္မွာ မဟုတ္ဘူးလို႔ စီးပြားေရးလုပ္ငန္းေခါင္းေဆာင္ေတြက သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


----------

Unicode

ဗြိတိန်မြို့ကြီးအတော်များများ ဓါတ်ဆီဆိုင်တွေ ဆီပြတ်လပ်

ဗြိတိန်နိုင်ငံမှာ လောင်စာဆီပြတ်လပ်မှာ စိုးရိမ်ပြီး လောင်စာဆီအပြေးဝယ်နေကြတာကြောင့် နိုင်ငံထဲက မြို့ကြီးတော်တော်များများက ဓါတ်ဆီဆိုင်တွေမှာ ဆီတွေ ပြတ်သွားခဲ့ပါတယ်။ EU ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ခဲ့ပြီးနောက် အရင် EU နိုင်ငံတွေက အလုပ်လာလုပ်နေကြတဲ့ ဆီဘောက်ဆာမောင်းသူတွေအပါအဝင် ကုန်တင်ကားမောင်းသူတွေ အတော်နည်းသွားတဲ့အတွက် ကုန်ပစ္စည်းသယ် ယူ ပို့ဆောင်ရေးပိုင်းမှာ အတော်လေး ထိခိုက်နေတာပါ။ ရေနံချက်စက်ရုံတွေကနေ ဓါတ်ဆီဆိုင်တွေဆီ လောင်စာပို့ပေးမယ့် ဆီဘောက်ဆာမောင်းသူတွေမရှိလို့ လောင်စာပြတ်လပ်မှာ စိုးရိမ်ကြတဲ့အတွက် ဒီနေ့ တနင်္လာနေ့မှာလည်း ဓါတ်ဆီဆိုင်တွေရှေ့မှာ ဆီထည့်ဖို့ တန်းစီနေကြတဲ့ ကားတွေကို မြို့တော်တော်များများမှာ တွေ့ရပါတယ်။

ဓါတ်ဆီထည့်နိုင်ဖို့ စောင့်နေရတာ ၃ ရက်ရှိနေပြီလို့ ပြောသွားတာပါ။ ရုံးပိတ်ရက် ၂ ရက်လုံး ဓါတ်ဆီထည့်လို့ရမယ့် နေရာတွေလိုက်ရှာတာ ဘယ်မှာမှမရဘူးလို့ လန်ဒန်မြို့က ယာဉ်မောင်းတယောက်က ပြောသွားတာဖြစ်ပါတယ်။ Brexit အပြင် ကိုဗစ်ကြောင့် ကုန်တင်ကားမောင်းသူတွေ ရှားပါးနေတာကြောင့် စားသောက်ကုန်ပို့ဆောင်ရေးပိုင်းမှာလည်း ထိခိုက်နေတဲ့အတွက် အစားအသောက် ပြတ်လပ်မှု မဖြစ်စေရအောင် ဝန်ကြီးချုပ် Boris Johnson အစိုးရက ဒေါ်လာသန်းနဲ့ချီ ထောက်ပံ့ခဲ့ပြီး ရက်ပိုင်းမှာပဲ လောင်စာ ပြတ်လပ်တဲ့ ပြဿနာကြုံနေတာပါ။

ဗြိတိန်နိုင်ငံမှာ ရေနံချက်စက်ရုံ ၆ ခု၊ လောင်စာ ထိန်းသိမ်းသိုလှောင်တဲ့နေရာ ၄၇ ခု ရှိတဲ့အတွက် နိုင်ငံထဲမှာ လောင်စာပြတ်လပ်မှု လုံးဝမရှိဘူးလို့ ဗြိတိန် သယ်ယူပို့ဆောင်ရေးဝန်ကြီးကပြောကြားပြီး အစိုးရိမ်လွန်ပြီးမဝယ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ လောင်စာဆီပြတ်လပ်မှုကို အတူပူးပေါင်း ဖြေရှင်းနိုင်ဖို့ လောင်စာကုမ္ပဏီတွေကြား ဈေးနှုန်းအပါအဝင် ပြိုင်ဆိုင်ခွင့်ပေးထားတဲ့ဥပဒေကို အစိုးရက ယာယီရပ်ဆိုင်းခဲ့ပါတယ်။

နိုင်ငံခြားက ကုန်တင်ကားမောင်းသူ ၅,၀၀၀ ကို ယာယီပြည်ဝင်ခွင့်ပေးမယ်လု့ိလည်း ဗြိတိန်အစိုးရက တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။ အစိုးရရဲ့ အစီအစဉ်ဟာ ရေတိုဖြေရှင်းမှုသာဖြစ်ပြီး အလုပ်သမား အတော်လေးပြတ်လပ်နေတဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ စီးပွားရေးလုပ်ငန်းခေါင်းဆောင်တွေက သတိပေးထားပါတယ်။

#UKFuelShortage #UK #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG