သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန်အိုလံပစ် လုံခြုံရေး စစ်သား ၁ သောင်းကျော် ထပ်တိုးမည်


လန်ဒန် အိုလံပစ် (London Olympic) ပြိုင်ပွဲတွေမှာ လုံခြုံရေး တာဝန်ယူဖို့အတွက် ကွန်ထရက်စာချုပ် ယူထားတဲ့ ပုဂ္ဂလိက လုပ်ငန်းတခုက ကတိပေးထားတဲ့အတိုင်း အလုံအလောက် လူအင်အား မပေးနိုင်တဲ့အပေါ် အိုလံပစ် တာဝန်ရှိသူတွေကို တောင်းပန်လိုက်ပါတယ်။ လုံခြုံရေးတာဝန်တွေ အတွက် လျှောက်ထားကြတဲ့ သူတွေကို စိစစ်တဲ့နေရာမှာ အခက်အခဲတွေ ရှိတယ်လို့ G4S ကုမ္ပဏီက ဒီကနေ့ စနေနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောခဲ့ပါတယ်။

ပုဂ္ဂလိက ကုမ္ပဏီက မဖြည့်ဆည်းပေးနိုင်တဲ့ လုံခြုံရေး အင်အားအတွက် နောက်ထပ် စစ်သား ၁၃,၅၀၀ ကို ဖြန့်ချပေးမယ်လို့ ဗြိတိန်တာဝန်ရှိသူတွေက ပြောပါတယ်။ ခုလို လုံခြုံရေးအတွက် လူတွေကို အပြည့် မပေးနိုင်တဲ့အတွက် G4S အနေနဲ့ ဒေါ်လာ ၅၄ သန်းကနေ ၇၇ သန်းအထိ ဆုံးရှုံးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဖြစ်ခဲ့တဲ့ အခြေအနေတွေ အပေါ်မှာ စိတ်ပျက်ရတယ်လို့ G4S အမှုဆောင်အရာရှိချုပ် Nick Buckles က ပြောပြီး စစ်တပ်နဲ့ ပူးပေါင်းပြီး အောင်မြင် လုံခြုံတဲ့ အားကစားပွဲတွေဖြစ်အောင် လုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ဒီလ ၂၇ ရက်နေ့ကနေ သြဂုတ်လ ၁၂ ရက်နေ့အထိ ကျင်းပမယ့် နွေရာသီ အိုလံပစ် အားကစား ပြိုင်ပွဲတွေရဲ့ လုံခြုံရေးအတွက် သိမ်းမြစ်ထဲမှာ စစ်သင်္ဘော HMS Ocean က စောင့်ကြပ်နေမှာဖြစ်သလို၊ အိုလံပစ် အားကစားရွာနားက လူနေအဆောက်အဦးပေါ်မှာ မစ်ဇိုင်း ဒုံးလက်နက်ကို တပ်ဆင်ထားရှိဖို့လည်း စီစဉ်နေပါတယ်။

XS
SM
MD
LG