သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့တွေ့ဖို့ ဗြိတိန်ဝန်ကြီးချုပ် ဒီသီတင်းပတ် ဝါရှင်တန် လာမည်

ဗြိတိန်ဝန်ကြီးချုပ် Theresa May
ဗြိတိန်ဝန်ကြီးချုပ် Theresa May

ဗြိတိန်ဝန်ကြီးချုပ် Theresa May ဟာ အခုသောကြာနေ့ကျရင် ဝါရှင်တန်မြို့တော်မှာ အမေရိကန်သမ္မတသစ် Donald Trump နဲ့ တေ့ွဆုံဆွေးနွေးမှာဖြစ်ပါတယ်။ Ms. May ဟာ သမ္မတသစ် Trump ကို ပထမဆုံး လာရောက်တေ့ွဆုံတဲ့ နိုင်ငံခြားခေါင်းဆောင်ဖြစ်မယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

EU ဥရောပသမဂ္ဂထဲကနေ ထွက်ဖို့ ပြင်ဆင်နေတဲ့ ဗြိတိန်နဲ့ အမေရိကန်ကြား လွတ်လပ်တဲ့ကုန်သွယ်ရေး သဘောတူညီမှုရရှိရေးကိစ္စတွေကို အဓိကဦးစားပေး ဆွေးနွေးကြမယ်လို့ ခန့်မှန်းရပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ IS စစ်သွေးကြွတွေကို ခြေမှုန်းရေးကိစ္စတွေအပြင် EU ဥရောပသမဂ္ဂ၊ နေတိုးတပ်ဖွဲနဲ့ ကာကွယ်ရေးကိစ္စတွေအပြင် Russia နိုင်ငံအရေးကိစ္စတွေကိုလည်း ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

အမေရိကန်နိုင်ငံဟာ ဂျာမနီပြီးရင် ဗြိတိန်ရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ၂ နိုင်ငံကြား ကုန်သွယ်မှုတန်ဖိုးက ဒေါ်လာ ၁၉၀ ဘီလျံနီးပါးရှိပါတယ်။ အမေရိကန်ခရီးစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ်ဟာ Philadelphia မြို့မှာကျင်းပမယ့် Republican လွှတ်တော်အမတ်တွေရဲ့ နှစ်ပတ်လည် အလွတ်သဘော တွေ့ဆုံပွဲကို တက်ရောက်ပြီး လက်ရှိအာဏာရ နိုင်ငံခေါင်းဆောင်တယောက်အနေနဲ့ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

Trump နဲ့တွေ့ဖို့ ဗြိတိန်ဝန်ကြီးချုပ် ဒီသီတင်းပတ် ဝါရှင်တန် လာမည်
please wait

No media source currently available

0:00 0:00:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG