သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန် ဘုရင်မကြီးမွေးနေ့ သုံးရက်ကြာ ကျင်းပ


ဂျွန်လ ၁၀ရက်နေ့က စိန့်ပေါ ဘုရားကျောင်းတွင် ပြုလုပ်သော အဲလိဇဘက် ဘုရင်မကြီး၏ သက်တော် ၉၀ပြည့် အခမ်းအနား။ (REUTERS/Jenny Goodall)
ဂျွန်လ ၁၀ရက်နေ့က စိန့်ပေါ ဘုရားကျောင်းတွင် ပြုလုပ်သော အဲလိဇဘက် ဘုရင်မကြီး၏ သက်တော် ၉၀ပြည့် အခမ်းအနား။ (REUTERS/Jenny Goodall)

ဗြိတိန်နိုင်ငံမှာ ဘုရင်မကြီးရဲ့ သက်တော် ၉၀မြောက် မွေးနေ့ပွဲကို ပြီးခဲ့တဲ့ ဧပြီလ ၂၁ရက်က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပခဲ့ပြီး ဖြစ်ပေမယ့်၊ သောကြာနေ့က St. Paul's ဘုရားကျောင်းမှာ ကြီးကျယ်တဲ့ အခမ်းအနားတွေ၊ ဆုတောင်း ဝတ်ပြုမှုတွေနဲ့ ထပ်ပြီး သုံးရက်ကြာ ကျင်းပ နေကြပါတယ်။

ဗြိတိန်နိုင်ငံဟာ ဘုရင်မကြီးရဲ့ မွေးနေ့ကို တစ်နှစ်မှာ နှစ်ကြိမ် ကျင်းပလေ့ရှိပါတယ်။ သူမရဲ့ တကယ့် မွေးနေ့မှာ တကြိမ် ကျင်းပပြီး၊ လန်ဒန်မြို့ရဲ့ တော်ဝင် ပန်းခြံတွေမှာ ပူနွေးတဲ့ နေရောင်ခြည် ကောင်းကောင်းရတဲ့ ဂျွန်လ အစောပိုင်း မှာ နောက်တကြိမ် ထပ် ကျင်းပတာ ဖြစ်ပါတယ်။

သောကြာနေ့က ပြုလုပ်တဲ့ အခမ်းအနားမှာတော့ အဲဒီနေ့မှာ ကျရောက်တဲ့ ဘုရင်မကြီးရဲ့ ကြင်ယာတော် မင်းသားကြီး ဖိလစ်ရဲ့ သက်တော် ၉၅နှစ်မြောက် မွေးနေ့အတွက် သေနတ် ၄၁ ချက် ပစ်ဖောက်ပြီး ဂုဏ်ပြုခဲ့ပါတယ်။

ဒီအခမ်ဒအနားကို သားတော် ချားစ် မင်းသားနဲ့ ကြင်ယာတော်ကာမီလာ၊ မြေးတော် မင်းသား ဝီလျံနဲ့ ဇနီး ကိတ် မစ်ဒယ်တန်၊ မင်းသားငယ် ဟင်နရီနဲ့ အတူ တော်ဝင် မိသားစုဝင်တွေနဲ့နိုင်ငံရေး ခေါင်းဆောင်တွေတက်ရောက်ပြီး လူထုနဲ့အတူ ”God Save the Queen.” သီချင်းကို သံပြိုင် သီဆိုခဲ့ကြပါတယ်။

ဘုရင်မကြီးရဲ့ မွေးနေ့ဖြစ်တဲ့ ဒီနေ့စနေနေ့မှာတော့ ဗြိတိသျှ တပ်ဖွဲ့တွေရဲ့ Trooping the Color ဂုဏ်ပြု စစ်ရေးပြ ချီတက် ပွဲကို ပြုလုပ်ပါတယ်။

ဓနသဟာယ နိုင်ငံတွေနဲ့ အမေရိကန် ပြည်ထောင်စုမှာလည်း အလားတူ ပါတီပွဲတွေ ကျင်းပို့ စီစဉ်ထားပါတယ်။

ဗြိတိန် ဘုရင်မကြီးမွေးနေ့ သုံးရက်ကြာ ကျင်းပ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG