သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်မှာ ဗြိတိန်သံရုံးပြန်ဖွင့်


တီဟီရန်ရှိ ဗြိတိန်နဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီးများ
တီဟီရန်ရှိ ဗြိတိန်နဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီးများ

လွန်ခဲ့တဲ့လေးနှစ်က အီရန်နိုင်ငံမြို့တော်မှာ ဆန္ဒပြသူတွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပိတ်ထားခဲ့တဲ့ ဗြိတိန်သံရုံးကို တနင်္ဂနွေနေ့မှာ ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။

အီရန်နိုင်ငံ တီဟီရန်မြို့မှာ ရောက်ရှိနေတဲ့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး Philip Hammod က အခမ်းအနားနဲ့ သံရုံးပြန်လည် ဖွင့်လှစ်ကြောင်းကြေညာခဲ့ပါတယ်။

တနင်္ဂနွေနေ့ လာရောက်ခဲ့တဲ့ သူ့ရဲ့ခရီးစဉ်ဟာ နှစ်နိုင်ငံကြားဆက်ဆံရေးမှာ သမိုင်းဝင်အခါသမယ ဖြစ်တယ်လို့ ပြောဆိုလိုက်သလို သူဟာ ၂၀၀၃ ခုနှစ်ထဲကဆိုရင် ပထမဆုံးလာရောက်တဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဖြစ်တာကိုလည်း ထောက်ပြခဲ့ပါတယ်။

လန်ဒန်မှာလည်း အီရန်နိုင်ငံသံရုံးကို တချိန်တည်း ဖွင့်လှစ်မှာဖြစ်ကြောင်း တီဟီရန်က အခမ်းနားမစခင်အချိန်မှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောပါတယ်။ နှစ်နိုင်ငံစလုံးက သံရုံးတွေမှာ လာမယ့်လတွေအတွင်း သံအမတ်ကြီး အဆင့် ထားရှိဖို့နိုင်အတွက် ကနဦးအဆင့် ယာယီ သံမှူးကြီးတွေက တာဝန်ယူကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG