သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသံတမန် ၂၃ ဦး ဗြိတိန်မောင်းထုတ်


လန်ဒန်မြို့က ရုရှားသံရုံး
လန်ဒန်မြို့က ရုရှားသံရုံး

ဗြိတိန်မြေပေါ်မှာ ရုရှားသူလျှိုဟောင်း Sergei Skripal နဲ့ သမီးဖြစ်သူ Yulia တို့ကို ရုရှားလုပ် အာရုံကြောထိခိုက်စေတဲ့ အဆိပ်သုံး တိုက်ခိုက်မှု ဘယ်လိုဖြစ်ပွါးခဲ့တယ်ဆိုတာ ဖြေရှင်းဖို့ ရုရှားကိုတောင်းဆိုခဲ့တာနဲ့ ပတ်သက်ပြီး ဘာမှမတုန့်ပြန်ခဲ့တဲ့အတွက် ရုရှား သံအမှုထမ်း ၂၃ ဦးကို ဗြိတိန်က နှင်ထုတ်တာအပါအဝင် အရေးယူတုန့်ပြန်မှုတွေလုပ်လိုက်ကြောင်း ဗြိတိသျှအစိုးရက ကြေညာပါတယ်။

အရေးယူမှုတွေကို ဗြိတိန်အောက်လွှတ်တော်မှာ ဝန်ကြီးချုပ် Theresa May ကကြေညာခဲ့တာပါ။ ဗြိတိန်အပေါ် တခြားအစိုးရ တရပ်ကဦးစီးပြီး ရန်လိုတဲ့ လုပ်ဆောင်မှုရန်ကနေ ကာကွယ်ဖို့ ဥပဒေမူကြမ်းတရပ်ကို သူမအစိုးရအဖွဲ့က ရေးဆွဲမှာ ဖြစ်ကြောင်းနဲ့ သူလျှိုလုပ် ထောက်လှန်းမှု တိုက်ဖျက်ရေးကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

အခုအရေးယူတဲ့ထဲမှာ Magnitsky ပုံစံ ဥပဒေကို ပြင်ဆင်မှုတွေလုပ်ပြီးလက်ခံထားတာမို့ ရုရှားက လူ့အခွင့်ရေးချိုးဖေါက်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိမ်းချုပ်ခွင့်ရှိသလို ဗြိတိန်နဲ့ ရုရှားနိုင်ငံသားတွေကြား အဆင့်မြင့်အရာရှိချင်း ဆက်ဆံရေးအားလုံးကို ဆိုင်းငံ့ထားဖို့ ပါဝင်ပါတယ်။ ဒီအထဲမှာ ဗြိတိန်ကို လာရောက်ဖို့ စီစဉ်ထားတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov လည်း ပါပါတယ်။

နှင်အထုတ်ခံရတဲ့ ရုရှားတွေအတွက် ထွက်ခွါချိန် သီတင်းတပတ်ပေးထားပါတယ်။ ဒါဟာ ၁၉၇၁ ခုနှစ် စစ်အေးခေတ် စစ်ရှိန်မြင့်ခဲ့ချိန် ကစပြီး အရေအတွက် အများဆုံး နှင်အထုတ်ခံရတာ ဖြစ်ပါတယ်။

ရုရှားလုပ် Novichok အာရုံကြောထိခိုက်စေတဲ့ အဆိပ်သုံးတိုက်ခိုက်မှု ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ ရှင်းပြဖို့ ဗြိတိန်အစိုးရက တောင်းဆိုခဲ့ပေမယ့် ရုရှားဘက်က ဘာမှ ရှင်းမပြခဲ့တဲ့အပြင် ဒီကိစ္စမှာ ရုရှားအစိုးရပတ်သက်မှု ရှိတယ်လို့ ဗြိတိန်ရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တုန့်ပြန်ရှင်းလင်းမှုလည်း တခုမှမလုပ်ပဲ လေးစားမှုလုံးဝမရှိကြောင်း ရုရှားက ပြသခဲ့တယ်လို့ ဗြိတိသျှဝန်ကြီးချုပ် May ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG