သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဆူပူမှုအတွက် လူ ၆၀၀ ခန့်ကို တရားစွဲ


လန်ဒန်တောင်ပိုင်း Croydon မြို့က အကြမ်းဖက်ဆူပူမှု မြင်ကွင်းတရပ် (သြဂုတ်လ ၈၊ ၂၀၁၁)

ဗြိတိန်နိုင်ငံမြို့တော် လန်ဒန်မြို့မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဆူပူမှုတွေ၊ လုယက် ခိုးယူမှုတွေမှာ ပါဝင်ခဲ့သူ ၆၀၀ နီးပါးလောက်ကို လန်ဒန်ရဲတပ်ဖွဲ့က ဖမ်းဆီး တရားစွဲလိုက်ပါတယ်။ အဲဒီ ဆူပူမှုတွေဖြစ်ပွားပြီး သီတင်းတပတ်လောက်အကြာမှာ အခုလို တရားစွဲတာလည်းဖြစ်ပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ လူပေါင်း ၁,၇၀၀ ကျော်ကို အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး အဲဒီအမှုတွေအားလုံးကို အမြန်ဆုံး စစ်ဆေး ပြီးဆီးဖို့အတွက် ကြာသပတေးနေ့တနေ့လုံးအပြင် ညရောက်တဲ့အထိ တရားရုံးတွေမှာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က စတင်ဖြစ်ပွားခဲ့တဲ့ အဲဒီ အကြမ်းဖက် ဆူပူမှုတွေကြောင့် လူ ၅ ယောက် သေဆုံးခဲ့သလို ကားတွေနဲ့ စတိုးဆိုင်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဆိုင်အတော်များများလည်း ဖောက်လုခံခဲ့ရပါတယ်။ လန်ဒန်မြို့က စီးပွားရေးဖွံ့ဖြိုးမှု သိပ်မရှိလှတဲ့ Tottenham ရပ်ကွက်မှာ အသက် ၂၉ နှစ်အရွယ် အမျိုးသားတယောက်ကို လန်ဒန်ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်လိုက်ရာကနေ ဆူပူ အုံကြွမှုတွေ စတင် ဖြစ်ပေါ်ခဲ့တာပါ။

ကြာသပတေးနေ့ကတော့ ဆူပူမှုတွေ ထပ်မဖြစ်တော့ဘဲ လန်ဒန်မြို့ လမ်းမတွေပေါ်မှာချထားတဲ့ ရဲတပ်ဖွဲ့ဝင် ၁၆,၀၀၀ ကိုလည်း လာမယ့် ရက်အနည်းငယ်အထိ ဒီအတိုင်း ဆက်ထားသွားမယ်လို့ ဆိုပါတယ်။ ဒါဟာ လန်ဒန်မြို့မှာ ပုံမှန်တာဝန်ကျတဲ့ ရဲတပ်ဖွဲ့ဝင် ၂,၅၀၀ နဲ့ယှဉ်လိုက်ရင် အဆပေါင်းများစွာ တိုးချဲ့ ချထားလိုက်တာလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း (David Cameron) ကတော့ ဒီကိစ္စအပေါ် ရဲတပ်ဖွဲ့ရဲ့ကိုင်တွယ်ဖြေရှင်းပုံကို အစောပိုင်းမှာ သိပ်သဘောမကျခဲ့ပါဘူး။ ဒါပေမဲ့ တနေရာကနေတနေရာ ကူးပြီး လုယူမှုတွေ ပထမညက နေရာအနှံ့မှာဖြစ်နေတဲ့အတွက် ရဲတပ်ဖွဲ့လည်း မထိန်းနိုင်ခဲ့ဘူးဆိုတာကို နောက်ပိုင်းမှာ ၀န်ကြီးချုပ်က ၀န်ခံ ပြောဆိုလာပါတယ်။ ဒါကြောင့်လဲ လန်ဒန်မြို့မှာ ရဲတပ်ဖွဲ့ဝင်တွေ တိုးချဲ့ချထားဖို့အတွက် သူ့အနေနဲ့ သဘောတူခဲ့ပြီး လိုအပ်ရင် စစ်တပ်ပါ ခေါ်မယ်လို့ ပြောပါတယ်။

XS
SM
MD
LG