သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်မင်းသားငယ် George Alexander Louis


ဗြိတိန်မင်းသားငယ် George Alexander Louis
ဗြိတိန်မင်းသားငယ် George Alexander Louis
ဗြိတိန်နိုင်ငံက မင်းသား ဝီလျံ (William) နဲ့ ကြင်ယာတော် Kate တိုရဲ့ ရင်သွေးငယ် မင်းသားကို ဂျော့ရှ် အလက်ဇန္ဒား လူးဝစ် (George Alexander Louis) အဖြစ် ကင်းပွန်းတပ် လိုက်ပါတယ်။

ကင်းဘရစ်မြို့စားနဲ့ မြို့စားကတော် မိဘ ၂ ဦးနဲ့ ရင်သွေးငယ် သားတော်တို့ ဆေးရုံက ဆင်းလာပြီး နောက်တနေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ အမည်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း Kensington နန်းတော်က ကြေညာခဲ့တာပါ။ သားတော် ဖြစ်သူကို ကင်းဘရစ်မင်းသား ဂျော့ရှ် အဖြစ် ကင်ပွန်းတပ်လိုက်တဲ့အကြောင်း နန်းတော်ရဲ့ ကြေညာချက်က ဖော်ပြပါတယ်။

အဲလိဇဘတ် ဘုရင်မကြီးကလည်း စကော့တလန်မှာရှိတဲ့ Balmoral ရဲတိုက်မှာ နွေရာသီအနားယူဖို့ မသွားမှီ ဗုဒ္ဓဟူးနေ့ အစောပိုင်းက မြစ်တော်ကို သွားရောက် ကြည့်ရှုခဲ့တာပါ။ အဖိုးအဖွားတွေ ဖြစ်ကြတဲ့ ချားလ်စ် (Charles) မင်းသားနဲ့ ကြင်ယာတော်၊ ကင်းဘရစ် မြို့စားကတော် Kate ရဲ့ မိဘတွေကတော့ မင်းသားငယ်ကို မွေးဖွားရာ St. Mary ဆေးရုံမှာ ကြည့်ရှုခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံက သတင်းတွေမှာတော့ မင်းသား ဝီလျံနဲ့ ကြင်ယာတော်တို့ဟာ လန်ဒန်အိမ်ကနေ ထွက်ခွာပြီး မင်းသမီး Kate ရဲ့ မိဘ ၂ ပါး ဖြစ်ကြတဲ့ ကာရိုး Carole နဲ့ Michael Middleton တို့ နေထိုင်ရာ Berkshire ကို သွားရောက်ခဲ့ကြတဲ့အကြောင်း ဖော်ပြနေကြပါတယ်။
XS
SM
MD
LG