သုံးရလွယ်ကူစေသည့် Link များ

ရုရှား ထောက် လှမ်းရေးဟောင်း သေဆုံးမှု ဗြိတိန် ဖိအားပေးခံရ


ရုရှား ထောက်လှမ်းရေးဟောင်း Alexander Litvinenko။

ရုရှားအတိုက်အခံ Alexander Litvinenko ကို ၂၀၀၆ ခုနှစ်က အသတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ ကြာသပတေးနေ့မှာ ထွက်ပေါ် လာခဲ့ပြီးနောက် ရုရှားနိုင်ငံကို အရေးယူဖို့ ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကမ်မရွန်း အစိုးရကို တောင်းဆိုမှုတွေလည်း ပိုများလာပါတယ်။

လန်ဒန်မြို့က ဟိုတယ်တခုမှာ ရုရှားသူလျှို ၂ ယောက်နဲ့ တွေ့ဆုံစဉ် ရေဒီယိုသတ္တိကြွ Polonium-210 ခတ်ထားတဲ့ ရေနွေးကို သောက်မိရာက ထောက်လှမ်းရေး အရာရှိဟောင်း တဖြစ်လဲ အတိုက်အခံ Litvinenko သေဆုံးခဲ့တာပါ။

ဗြိတိသျှစုံစမ်းရေးအဖွဲ့ရဲ့ တွေ့ရှိချက်မှာတော့ လုပ်ကြံမှုကို ရုရှားသမ္မတ ဗလာဒီမီယာပူတင် ကိုယ်တိုင် အတည်ပြု လက်ခံခဲ့ကောင်း လက်ခံခဲ့နိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို ဒီသီတင်းပတ် အစောပိုင်း လက်ခံရရှိထားခဲ့တဲ့ ၀န်ကြီးချုပ် ကင်မရွန်း ကတော့ အစိုးရကိုယ်တိုင်က အားပေးခဲ့တဲ့ ဆိုးရွားတဲ့ လူသတ်မှုအဖြစ် ပြောဆိုခဲ့ပါတယ်။ အမှုနဲ့ ဆက်နွယ်ပတ်သက်နေသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်မှုတွေနဲ့ ရုရှားအပေါ် ခပ်တင်းတင်း ကိုင်တွယ်နေတယ်လို့လည်း ၀န်ကြီးချုပ်က ပြောခဲ့ပါတယ်။

ဗြိတိသျှအစိုးရရဲ့ တုန့်ပြန်ပုံဟာ ပျော့လွန်း တယ်လို့ ဝေဖန်မှုတွေ လျော့ပါးစေဖို့ အတွက်လည်း ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးကို ဆင့်ခေါ်ပြောဆိုမယ်လို့လည်း အစိုးရကပြောပါတယ်။

XS
SM
MD
LG