သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေနာက္ သီတင္း ၂ ပတ္အတြင္း ျမန္မာလူဦးေရ ထက္ဝက္ေလာက္ ကိုဗစ္ကူးစက္ခံရႏိုင္- ကုလဆိုင္ရာ ၿဗိတိန္သံအမတ္ Barbara Woodward


ကုလသမဂၢဆိုင္ရာ ၿဗိတိန္သံအမတ္ႀကီး Barbara Woodward

ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ စတင္ခ်ိန္ကစလို႔ အဆိုးဆုံး အေျခအေနနဲ႔ ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံမွာ အခ်ိန္မီမတားဆီးႏိုင္ရင္ မၾကာခင္ တိုင္းျပည္မွာရွိတဲ့ လူဦးေရရဲ႕ တ၀က္ေလာက္ ေရာဂါကူးစက္ခံရႏိုင္ေၾကာင္း ၿဗိတိန္ႏိုင္ငံက သတိေပးလိုက္ပါတယ္။ ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ က်န္းမာေရးစနစ္ လုံး၀နီးပါးၿပိဳပ်က္ေနညပီး၊ က်န္းမာေရး ၀န္ထမ္းေတြဟာလည္း တိုက္ခိုက္ခံရ၊ ဖမ္းဆီးခံရတာေတြ ရွိခဲ့တာေၾကာင့္ အေျခအေနဟာ စိုးရိမ္စရာ ေကာင္းတယ္လို႔လည္း ကုလသမဂၢဆိုင္ရာ ၿဗိတိန္သံအမတ္ႀကီး Barbara Woodward ကေျပာဆိုလိုက္တာပါ။

“ဗိုင္းရပ္စ္ပိုးက လူေတြၾကားထဲမွာ တကယ့္ကို ျမန္ျမန္ဆန္ဆန္ ပ်ံ႕ႏွံ႔ေနတာပါ။ ခန္႔မွန္းခ်က္တခ်ဳိ႕အရ ေရွ႕လာမယ့္ သီတင္း ၂ ပတ္အတြင္း လူဦးေရ ထက္၀က္ေလာက္ ေရာဂါကူးစက္ခံရႏိုင္ပါတယ္။” လို႔ ကုလသမဂၢ လုံျခံဳေရးေကာင္စီမွာ ၾကာသပေတးေန႔က ျမန္မာ့အေရး အလြတ္သေဘာ ေဆြးေႏြးရာမွာ ၿဗိတိန္သံအမတ္ႀကီးက ေျပာဆိုသြားတာပါ။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၃၄၂ ေယာက္၊ ကူးစက္သူ အတည္ျပဳလူနာသစ္ ၅ ေထာင္ေက်ာ္ ရွိခဲ့ေၾကာင္း ျမန္မာက်န္းမာေရး ၀န္ႀကီးဌာနက ထုတ္ျပန္ခဲ့တဲ့ေန႔မွာပဲ ၿဗိတိန္သံအမတ္ႀကီးက သတိေပးလိုက္တာလည္း ျဖစ္ပါတယ္။ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကေတာ့ ႏိုင္ငံတကာရဲ႕ အနီးကပ္ေစာင့္ၾကပ္မႈနဲ႔ ထိေရာက္တဲ့ ကာကြယ္ေဆးထိုး လုပ္ငန္းေတြ စာနာမႈ အကူအညီေတြ လိုအပ္ေနေၾကာင္း လုံျခံဳေရးေကာင္စီ ေဆြးေႏြးပဲြမွာ ေျပာခဲ့တာပါ။ ကိုဗစ္ေရာဂါ တတိယလႈိင္းနဲ႔ ၾကံဳေနရတဲ့ ျမန္မာႏိုင္ငံမွာ တရား၀င္ထုတ္ျပန္တဲ့ ကိန္းဂဏန္းေတြအရ အခုဆိုရင္ ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ စုစုေပါင္း ၈၅၀၀ ေက်ာ္နဲ႔ ကူးစက္သူ အတည္ျပဳလူနာ ၂ သိန္း ၈ ေသာင္း ၉ ေထာင္ေက်ာ္ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

နောက် သီတင်း ၂ ပတ်အတွင်း မြန်မာလူဦးရေ ထက်ဝက်လောက် ကိုဗစ်ကူးစက်ခံရနိုင်- ကုလဆိုင်ရာ ဗြိတိန်သံအမတ် Barbara Woodward

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ စတင်ချိန်ကစလို့ အဆိုးဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ အချိန်မီမတားဆီးနိုင်ရင် မကြာခင် တိုင်းပြည်မှာရှိတဲ့ လူဦးရေရဲ့ တဝက်လောက် ရောဂါကူးစက်ခံရနိုင်ကြောင်း ဗြိတိန်နိုင်ငံက သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ကျန်းမာရေးစနစ် လုံးဝနီးပါးပြိုပျက်နေညပီး၊ ကျန်းမာရေး ဝန်ထမ်းတွေဟာလည်း တိုက်ခိုက်ခံရ၊ ဖမ်းဆီးခံရတာတွေ ရှိခဲ့တာကြောင့် အခြေအနေဟာ စိုးရိမ်စရာ ကောင်းတယ်လို့လည်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward ကပြောဆိုလိုက်တာပါ။

“ဗိုင်းရပ်စ်ပိုးက လူတွေကြားထဲမှာ တကယ့်ကို မြန်မြန်ဆန်ဆန် ပျံ့နှံ့နေတာပါ။ ခန့်မှန်းချက်တချို့အရ ရှေ့လာမယ့် သီတင်း ၂ ပတ်အတွင်း လူဦးရေ ထက်ဝက်လောက် ရောဂါကူးစက်ခံရနိုင်ပါတယ်။” လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကြာသပတေးနေ့က မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးရာမှာ ဗြိတိန်သံအမတ်ကြီးက ပြောဆိုသွားတာပါ။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၃၄၂ ယောက်၊ ကူးစက်သူ အတည်ပြုလူနာသစ် ၅ ထောင်ကျော် ရှိခဲ့ကြောင်း မြန်မာကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့နေ့မှာပဲ ဗြိတိန်သံအမတ်ကြီးက သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ နိုင်ငံတကာရဲ့ အနီးကပ်စောင့်ကြပ်မှုနဲ့ ထိရောက်တဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းတွေ စာနာမှု အကူအညီတွေ လိုအပ်နေကြောင်း လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။ ကိုဗစ်ရောဂါ တတိယလှိုင်းနဲ့ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ အခုဆိုရင် ကပ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၈၅၀၀ ကျော်နဲ့ ကူးစက်သူ အတည်ပြုလူနာ ၂ သိန်း ၈ သောင်း ၉ ထောင်ကျော် ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG