သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ဗြိတိန် Afghan တိုက်ခိုက်ရေးတာဝန် ပြီးဆုံး


အာဖဂန်နစ္စတန်မှာ တိုက်ခိုက်ရေးတာဝန်ယူထားတဲ့ အမေရိကန် ကမ်းတက်တပ်ဖွဲ့ဝင်တွေက အာဖဂန်စစ်တပ်ဖွဲ့ဆီ တာဝန်လွဲှပြောင်း၊ အလံလွဲှပြောင်းအခမ်းအနားကျင်းပစဉ်။ (အောက်တိုဘာ ၂၆၊ ၂၀၁၄)
အာဖဂန်နစ္စတန်မှာ တိုက်ခိုက်ရေးတာဝန်ယူထားတဲ့ အမေရိကန် ကမ်းတက်တပ်ဖွဲ့ဝင်တွေက အာဖဂန်စစ်တပ်ဖွဲ့ဆီ တာဝန်လွဲှပြောင်း၊ အလံလွဲှပြောင်းအခမ်းအနားကျင်းပစဉ်။ (အောက်တိုဘာ ၂၆၊ ၂၀၁၄)

Afghanistan နိုင်ငံတောင်ပိုင်း Helmand ပြည်နယ်မှာ အမေရိကန်နဲ့ ဗြိတိန်တပ်တွေရဲ့ တိုက်ခိုက်ရေးတာဝန်တွေအဆုံးသပ်တဲ့ အခမ်းအနားကို ဒီကနေ့
ကျင်းပခဲ့ပါတယ်။

Bastion စစ်အခြေစိုက်စခန်းမှာကျင်းပတဲ့ တာဝန်လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားမှာ စစ်စခန်းမှာလွှင့်ထူထားတဲ့ ဗြိတိန်အလံကိုချခဲ့ပြီး ၁၃ နှစ်တာ အာဖဂန်စစ်ပွဲမှာ ဗြိတိန်တပ်တွေရဲ့ပါဝင်မှုကို အဆုံးသတ်ခဲ့ပါတယ်။ အမေရိကန်တပ်တွေ အခြေစိုက်တဲ့ မျက်နှာချင်းဆိုင် Leatherneck စစ်စခန်းမှာလည်း
အမေရိကန်အလံကိုချခဲ့ပြီး Afghan တပ်ဖွဲ့လက်ကို အုပ်ချုပ်မှု လွှဲပြောင်းပေးခဲ့ပါတယ်။ Bastion စစ်အခြေစိုက်စခန်းဟာ ၂၀၀၅ ခုနှစ်ကတည်းက အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ ဗြိတိန်တပ်တွေရဲ့ အဓိက အခြေစိုက်စခန်းဖြစ်ပါတယ်။

ဒီကနေ့ တာဝန်လွှဲပြောင်းပေးတဲ့အခမ်းအနားမှာ အမေရိကန် Marine ကမ်းတက်တပ်သားတွေနဲ့ Afghan စစ်သားတွေက ဂုဏ်ပြုတပ်ဖွဲ့အဖြစ် အာဖဂန်၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတော်သီချင်းတွေ ဖွင့်လှစ်စဉ် အလေးပြုခဲ့ကြပါတယ်။

Bastion စစ်အခြေစိုက်စခန်းဟာ တချိန်မှာ ပူးပေါင်းတပ်ဖွဲ့ဝင်ပေါင်း ၄ သောင်းအထိရှိခဲ့တဲ့ စစ်စခန်းဖြစ်ပါတယ်။ အာဖဂန်နစ္စတန်စစ်ပွဲမှာ ၂၀၀၁ ခုနှစ် ကတည်းက ဗြိတိန်တပ်တွေ ပါဝင်ခဲ့ပြီး ဗြိတိန်တပ်ဖွဲ့ဝင် ၄၅၃ ယောက် ကျဆုံးခဲ့ပါတယ်။ အာဖဂန်ပြည်သူတွေအတွက် တည်ငြိမ်တဲ့အနာဂါတ် ဖြစ်ဖို့ အတတ်နိုင်ဆုံး ကူညီပေးခဲ့တဲ့အတွက် ဗြိတိန်တိုက်ခိုက်ရေးတပ်တွေရဲ့ တာဝန်ပြီးဆုံးသွားပြီဆိုတာကို ဂုဏ်ယူစွာနဲ့ ကြေညာနိုင်တဲ့အကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီး Michael Fallon ကပြောကြားခဲ့ပါတယ်။

ဒီနှစ် မကုန်ခင် အမေရိကန်၊ ဗြိတိန်အပါအဝင် နိုင်ငံခြားတပ်တွေ ရုပ်သိမ်းပြီးသွားရင်တော့ Afghan တပ်တွေကို သင်တန်းပေး အကြံပေးမှုတွေအတွက် အာဖဂန်နစ္စတန်နိုင်ငံထဲမှာ နိုင်ငံခြားသားတပ်ဖွဲ့ဝင် စုစုပေါင်း ၁ သောင်း ၂ ထောင်ပဲကျန်တော့မှာ ဖြစ်ပါတယ်။

XS
SM
MD
LG