Lawrence of Arabia ရုပ်ရှင်နဲ့ နာမည်ကြီးပြီး ၈ ကြိမ်တိုင် အကယ်ဒမီဆု တစ်ပေးခံခဲ့ရတဲ့ ဗြိတိသျှ ရုပ်ရှင်မင်းသား Peter O’Toole ကွယ်လွန် သွားပါပြီ။
အသက် ၈၁ နှစ်အရွယ် မင်းသား Peter O’Toole ဟာ နာတာရှည်ရောဂါနဲ့ လန်ဒန်မြို့ဆေးရုံမှာ ကုသမှု ခံနေစဉ် စနေနေ့က ကွယ်လွန်ခဲ့တာလို့ သူ့ရဲ့ မန်နေဂျာကပြောပါတယ်။
၁၉၆၂ ခုနှစ်က ဒါရိုက်တာ David Lean ရိုက်ကူးတဲ့ Lawrence of Arabia ရုပ်ရှင်မှာ အဓိကဇတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Peter O’Toole ဟာ ပထမဆုံးအကြိမ် Oscar Academy ဆုရှင်အဖြစ် လျာထားတဲ့ အမည်စာရင်းမှာ ပါဝင်ခဲ့သလို ၂၀၀၆ ခုနှစ်ကပြသခဲ့တဲ့ Venus ဇာတ်ကားအတွက်လည်း နောက်ဆုံးအကြိမ် ပါဝင်ခဲ့ပါတယ်။ အကယ်ဒမီဆုမရခဲ့ဖူးပမယ့် အမည်စာရင်း လျာထားတဲ့အထဲမှာ အကြိမ်အများဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ရပြီး ၂၀၀၃ ခုနှစ်မှာ ဂုဏ်ထူးဆောင်အော်စကာဆု ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
Peter O’Toole ဟာ နံမည်ကျော်ဗြိတိသျှမင်းသား Richard Burton နဲ့အတူ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ Beckett ဆိုတဲ့ဇတ်ကားအတွက်လည်း အကယ်ဒမီဆု လျာထားခံခဲ့ရဖူးပါတယ်။ အဲဒီဇတ်ကားရိုက်ကူးနေတဲ့ တလျှောက်လုံး Richard Burton ရော၊ Peter O’Toole ပါ အရက်မူးနေကြတယ်လို့ ဝန်ခံခဲ့ဖူးပါတယ်။