သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အက်ပ္အတည္းေျဖရွင္းေရး အာဆီယံႀကိဳးပမ္းခ်က္ ၿဗိတိန္ေထာက္ခံ


အင္ဒုိနီးရွားႏိုင္ငံျခားေရးဝန္ႀကီး နဲ႔ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး ၂ဦးေဆြးေႏြးပြဲ။ ဧၿပီလ၊ ၇၊ ၂ဝ၂၁

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံအက်ပ္အတည္းကို ကူညီေျဖရွင္းဖို႔ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႔ (ASEAN) ရဲ႕ ႀကိဳးပမ္းမႈေတြကို ၿဗိတိန္ႏိုင္ငံကလည္း အားေပး ေထာက္ခံသြားဖို႔ရွိေနတယ္လို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးက ဒီကေန႔ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး Dominic Raab နဲ႔ ေတြ႔ဆံုအၿပီး ပူးတြဲ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားပါတယ္။

“ျမန္မာႏိုင္ငံနဲ႔ပတ္သက္လို႔ က်မတို႔ရဲ႕ စိုးရိမ္မႈေတြက အတူတူပါပဲ။ ေနာက္ထပ္ အရပ္သား ထိခိုက္ေသေၾကမႈေတြ မျဖစ္ရေအာင္ ျမန္မာစစ္တပ္ အေနနဲ႔ အင္အားသံုး ပစ္ခတ္ေနတာေတြကိုရပ္ၿပီး ဒီမိုကေရစီ၊ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရး ျပန္လည္ရရွိလာေအာင္ ေဆြးေႏြး အေျဖရွာႏိုင္မယ့္ အခင္းအက်င္းတရပ္ ဖန္တီးဖို႔ ဆက္လက္ ေတာင္းဆိုပါတယ္” လို႔ ဝန္ႀကီး Retno Marsudi က ေျပာပါတယ္။

ျမန္မာ့အေရး ကူညီေျဖရွင္းေပးႏိုင္ဖို႔ အာဆီယံႏိုင္ငံေတြရဲ႕ ႀကိဳးပမ္းမႈမွာ ၿဗိတိန္အပါအဝင္ ႏိုင္ငံတကာ အသိုင္းအဝိုင္းက ဘယ္လို ပံ့ပိုး ေပးႏိုင္မလဲ ဆိုတာေတြကို အင္ဒိုနီးရွားႏိုင္ငံမွာ ေရာက္ေနတဲ့ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ေဆြးေႏြးခဲ့တယ္လို႔လည္း ဝန္ႀကီး Marsudi က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစလို႔ ကန္႔ကြက္ ဆႏၵျပသူေတြကို စစ္တပ္နဲ႔ ရဲက အၾကမ္းဖက္ ပစ္ခတ္ ႏွိမ္နင္းတာေၾကာင့္ ေသဆံုးသူ ၆၀၀ ၀န္းက်င္ေလာက္အထိ ရွိလာေနတာေၾကာင့္ ျမန္မာႏိုင္ငံတြင္း အေျခအေနေတြနဲ႔ပတ္သက္လို႔ အာဆီယံေခါင္းေဆာင္ေတြၾကား အဆင့္ျမင့္ေဆြးေႏြးပြဲက်င္းပႏိုင္ေရး ႀကိဳးပမ္းေနၾကတဲ့ ႏိ္ုင္ငံေတြထဲမွာ အင္ဒိုနီးရွားႏိုင္ငံက အဓိက ဦးေဆာင္ ပါ၀င္ေနတာျဖစ္ပါတယ္။

အလားတူ ၿဗိတိန္ႏိုင္ငံဟာလည္း ျမန္မာစစ္တပ္ အာဏာသိမ္းမႈကို ျပင္းျပင္းထန္ထန္ ရႈတ္ခ်ၿပီး ျမန္မာစစ္ေခါင္းေဆာင္ေတြနဲ႔ သူ႔တို႔ရဲ႕ စီးပြားေရးလုပ္ငန္းေတြအေပၚ ပစ္မွတ္ထား ပိတ္ဆို႔ ဒဏ္ခတ္မႈေတြ ခ်မွတ္ထားတာပါ။

........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံအကျပ်အတည်းကို ကူညီဖြေရှင်းဖို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ ကြိုးပမ်းမှုတွေကို ဗြိတိန်နိုင်ငံကလည်း အားပေး ထောက်ခံသွားဖို့ရှိနေတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab နဲ့ တွေ့ဆုံအပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကျမတို့ရဲ့ စိုးရိမ်မှုတွေက အတူတူပါပဲ။ နောက်ထပ် အရပ်သား ထိခိုက်သေကြေမှုတွေ မဖြစ်ရအောင် မြန်မာစစ်တပ် အနေနဲ့ အင်အားသုံး ပစ်ခတ်နေတာတွေကိုရပ်ပြီး ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်ရရှိလာအောင် ဆွေးနွေး အဖြေရှာနိုင်မယ့် အခင်းအကျင်းတရပ် ဖန်တီးဖို့ ဆက်လက် တောင်းဆိုပါတယ်” လို့ ဝန်ကြီး Retno Marsudi က ပြောပါတယ်။

မြန်မာ့အရေး ကူညီဖြေရှင်းပေးနိုင်ဖို့ အာဆီယံနိုင်ငံတွေရဲ့ ကြိုးပမ်းမှုမှာ ဗြိတိန်အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဘယ်လို ပံ့ပိုး ပေးနိုင်မလဲ ဆိုတာတွေကို အင်ဒိုနီးရှားနိုင်ငံမှာ ရောက်နေတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့တယ်လို့လည်း ဝန်ကြီး Marsudi က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ ကန့်ကွက် ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက် ပစ်ခတ် နှိမ်နင်းတာကြောင့် သေဆုံးသူ ၆၀၀ ဝန်းကျင်လောက်အထိ ရှိလာနေတာကြောင့် မြန်မာနိုင်ငံတွင်း အခြေအနေတွေနဲ့ပတ်သက်လို့ အာဆီယံခေါင်းဆောင်တွေကြား အဆင့်မြင့်ဆွေးနွေးပွဲကျင်းပနိုင်ရေး ကြိုးပမ်းနေကြတဲ့ နိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံက အဓိက ဦးဆောင် ပါဝင်နေတာဖြစ်ပါတယ်။

အလားတူ ဗြိတိန်နိုင်ငံဟာလည်း မြန်မာစစ်တပ် အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူ့တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ပစ်မှတ်ထား ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ချမှတ်ထားတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG