သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Iran ရောက်

အီရန်နိုင်ငံ တီဟီရန်မြို့တော်ကို ရောက်ရှိလာတဲ့ ယူကေ နိုင်ငံ ခြားရေးဝန်ကြီး Boris Johnson နဲ့ အီရန်နိုင်ငံခြားရေး ဝန်ကြီး Mohammad Javad Zarif တို့ လက်ဆွဲနှုတ်ဆက်နေကြစဉ်
အီရန်နိုင်ငံ တီဟီရန်မြို့တော်ကို ရောက်ရှိလာတဲ့ ယူကေ နိုင်ငံ ခြားရေးဝန်ကြီး Boris Johnson နဲ့ အီရန်နိုင်ငံခြားရေး ဝန်ကြီး Mohammad Javad Zarif တို့ လက်ဆွဲနှုတ်ဆက်နေကြစဉ်

အီရန်နိုင်ငံမှာ အကျဉ်းချခံထားရတဲ့ အီရန်နွယ်ဖွား ဗြိတိန်နိုင်ငံသူတဦးကို ပြန်လွှတ်ပေးရေး တောင်းဆိုဖို့အတွက် ယူကေ နိုင်ငံ ခြားရေးဝန်ကြီး Boris Johnson ဟာ စနေနေ့က အီရန်နိုင်ငံ၊ တီဟီရန်မြို့တော်ကို သွားရောက်ခဲ့ပါတယ်။

အီရန်နွယ်ဖွား ဗြိတိန်နိုင်ငံသူ Nazanin Zaghari-Ratcliffe နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ဝန်ကြီး Johnson ဟာ အီရန်နိုင်ငံခြားရေး ဝန်ကြီး Mohammad Javad Zarif နဲ့ တွေ့ဆုံပါတယ်။ ကလေးတဦးမိခင်ဖြစ်တဲ့ မစ္စစ် Zaghari-Ratcliffe ကို အလားတူဖမ်းထား တဲ့ တခြား နှစ်နိုင်ငံ ပူးတွဲနိုင်ငံသားတွေနဲ့အတူ လူသားချင်းစာနာမှုအခြေခံနဲ့ ပြန်လွှတ်ပေးဖို့ ဝန်ကြီး Johnson က ပန်ကြားပါ တယ်။ Zaghari-Ratcliffe ဟာ ၂၀၁၆ ခုနှစ် ဧပြီလက တီဟီရန်မြို့တော်မှာ အဖမ်းခံခဲ့ရပြီး နိုင်ငံတော်လုံခြုံရေးဆိုင်ရာ စွဲချက် တွေနဲ့ ထောင်ဒဏ်ငါးနှစ် ကျခံနေရတာပါ။

အီရန်အစိုးရကိုဖြုတ်ချဖို့ ကြိုးစားတယ်ဆိုတဲ့စွဲချက်နဲ့ အီရန်က ဖမ်းဆီး ထောင်ချ ခံခဲ့ရတဲ့ Zaghari-Ratcliffe ဟာ အားလပ်ရက်မှာ မိသားစုဆီ ပြန်လည်ပတ်တာသာဖြစ်တယ်လို့ ဗြိတိန်က ပြောပါတယ်။ Zaghari-Ratcliffe ကို တရားရုံးတင်စစ်ဆေးမယ့်ရက်ကို အီရန်အာဏာပိုင်တွေက မကြေညာခင် တရက်အလိုမှာပဲ နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦး တွေ့ကြတာဖြစ်တဲ့အကြောင်း The Guardian သတင်းစာကရေးပါတယ်။ ဝါဒဖြန့်လုပ်ရပ်တွေ လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ သူ့ဇနီးသည်ကို ဒီဇင်ဘာလ ၁၀ ရက်၊ ဒီကနေ့မှာ တရားရုံးတင်မှာဖြစ်တယ်လို့ Zaghari-Ratcliffe ရဲ့ ခင်ပွန်းဖြစ်သူ Richard Ratcliffe ကပြောပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့က လွှတ်တော်မှာ ဝန်ကြီး Johnson က Zaghari-Ratcliffe ဟာ အီရန်မှာ သတင်းထောက်တွေကို သင်တန်ပေးနေတာလို့ ပြောခဲ့တာကနေ့ အခုလို စွဲချက်တင်ခံရတာပါ။ သူ့ပြောခဲ့တာကို နောက် ပိုင်းမှာ ဝန်ကြီး Johnson ကတောင်းပန်ပြီး အဲဒီလိုမဟုတ်ဘဲ မိသားစုဆီ သွားလည်တာပါလို့ ပြန်ပြောခဲ့ပါတယ်။

BBC သတင်းအရ ဝန်ကြီး Johnson ဟာ အီရန်နဲ့ချုပ်ဆိုထားတဲ့ နျူကလီးယားအရေး နိုင်ငံတကာသဘောတူညီချက်ကို ဗြိတိန်က အခိုင်အမာ ထောက်ခံတဲ့အကြောင်းလဲ ပြောဖို့ှိရှိပါတယ်။ ဒါ့အပြင် ယီမင်နဲ့ ဆီးရီးယားမှာ အီရန်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဗြိတိန်ရဲ့စိုးရိမ်မှုတွေကို အလေးထားပြောမယ်လို့လဲ ခန့်မှန်းထားပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Iran ရောက်
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG