သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအတွက် အကူအညီ ပေါင်ငွေသန်း ၃၀ ကျော် ဗြိတိန်အစိုးရ အတည်ပြု


လူပေါင်း ၁၇၀ သေဆုံးခဲ့ရတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ အပါအဝင် အနီးနားက ကျေးရွာက ဒေသခံတွေဟာ တောတောင်တွေထဲ တိမ်းရှောင်နေရပါတယ်။
လူပေါင်း ၁၇၀ သေဆုံးခဲ့ရတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ အပါအဝင် အနီးနားက ကျေးရွာက ဒေသခံတွေဟာ တောတောင်တွေထဲ တိမ်းရှောင်နေရပါတယ်။

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုနဲ့ ဖွံဖြိုးရေးအစီအစဉ်တွေအတွက် ယူကေအစိုးရ နိုင်ငံခြားရေးရုံးက ၂၀၂၃ နဲ့ ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ စတာလင်ပေါင် သန်း ၃၀ နဲ့ တသိန်း အသုံးပြုရေး အတည်ပြုထားတဲ့အကြောင်း မနေ့က ထုတ်ပြန်တဲ့ ယူကေ မြန်မာ ဖွံဖြိုးရေးဆိုင်ရာ အစီရင်ခံစာ အကျဉ်းချုပ်မှာ ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံအတွင်း အတိဒုက္ခရောက်နေသူတွေနဲ့ အကူအညီ လိုအပ်နေသူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ၊ စားနပ်ရိက္ခာအကူအညီအပြင် ကျားမတန်းတူရေး၊ မသန်စွမ်းသူတွေ စောင့်ရှောက်ရေး အစီအစဉ်တွေမှာ အသုံးပြုဖို့ ကူညီထောက်ပံ့မှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက စစ်ကောင်စီက တဆင့်ပေးအပ်တဲ့ အထောက်အပံ့အားလုံးကို UK က ရပ်ဆိုင်းခဲ့သလို စွမ်းရည်မြင့်တင်ရေး သင်တန်းတွေအတွက် ထောက်ပံ့တာတွေလည်း ဆိုင်းငံ့ခဲ့ပါတယ်။ လူသားချင်းစာနာမှုအတွက် ချွင်းချက်နဲ့ တိုက်ရိုက် ပေးအပ်တာမျိုးကလွဲရင်၊ တခြား ဖွံ့ဖြိုးရေးအကူအညီတွေကို အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂလို အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ INGO အဖွဲ့တွေက တဆင့်ပေးအပ်တာ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ မေလအတွင်း မိုခါမုန်တိုင်းကြောင့် ဘေးဒုက္ခရောက်ပြီး အကူအညီလိုအပ်နေသူတွေအတွက် အရေးပေါ် စတာလင်ပေါင် ၂ သန်း ကူညီ ထောက်ပံ့ပေးမယ့်အကြောင်း UK နိုင်ငံက ကြေညာခဲ့ပါတယ်။

အခုပေးအပ်မယ့် အကူအညီတွေထဲမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေလို လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို တရားဥပဒေနဲ့အညီ အရေးယူနိုင်ရေးနဲ့ ပဋိပက္ခတွေ အဆုံးသတ်ရေး အဖြေရှာနိုင်ဖို့ အတွက်လည်း သုံးစွဲသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အမေရိကန်ပြည်ထောင်စုကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ လက်ခံကူညီထားတဲ့ အသိုက်အဝန်းအတွက် အမေရိကန်ဒေါ်လာ ၆၁ သန်း နောက်ထပ် ကူညီပေးအပ်သွားမယ့်အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG