လူမႈကြန္ယက္ေပၚတင္ဖို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေမာ္ေတာ္ကားထဲ ႐ိုက္ကူးခံခဲ့တဲ့ Video အတိုေလးမွာ ကားထိုင္ခုံခါးပါတ္ မပါတ္ထားတဲ့အတြက္ ဝန္ႀကီးခ်ဳပ္ Rishi Sunak ကို ရဲက ဒဏ္ေငြ႐ိုက္လိုက္ပါတယ္။
အဂၤလန္အေနာက္ေျမာက္ပိုင္း Lancashire နယ္ထဲမွာ ကတိအတိုင္း စီးပြားေရးတိုးတက္ေအာင္ သူေဆာင္႐ြက္ေနတဲ့အေၾကာင္း ဝန္ႀကီးခ်ဳပ္ Sunik ရဲ႕ Video အတိုေလး Instagram ေပၚ တင္ခဲ့ၿပီးေနာက္ သြားေနတဲ့ကားရဲ႕ ေနာက္ခန္းမွာ သူကားခါးပါတ္ ပါတ္မထားတာေၾကာင့္ ေတာ္ေတာ္ေလး ေဝဖန္ေထာက္ျပခဲ့ၾကပါတယ္။
Lancashire နယ္မွာ ေနသူတခ်ိဳ႕က ရဲကို တိုင္ၾကားခဲ့ၾကပါတယ္။ တိုင္ၾကားမႈေတြကို သုံးသပ္ၿပီးတဲ့ေနာက္ လန္ဒန္မွာေနသူ အသက္ ၄၂ ႏွစ္အ႐ြယ္အမ်ိဳးသားတေယာက္ကို ပုံေသသတ္မွတ္ထားတဲ့ ဒဏ္ေငြ႐ိုက္လိုက္တယ္လို႔ Lancashire ရဲတပ္ဖြဲ႔က ေသာၾကာေန႔က ထုတ္ျပန္ပါတယ္။
ကားခါးပါတ္႐ွိရက္နဲ႔ မတပ္သူေတြကို ၿဗိတိန္မွာ ဒဏ္ေငြစတာလင္ေပါင္ ၁၀၀ ဒဏ္႐ိုက္ေလ့ ႐ွိပါတယ္။ တကယ္လို႔ တရား႐ုံးအထိေရာက္တဲ့ ကိစၥမ်ိဳးဆိုရင္ေတာ့ ဒဏ္ေၾကးက ဒဏ္ေငြ စတာလင္ေပါင္ ၅၀၀ အထိ ေပးရႏိုင္ပါတယ္။ Video ႐ိုက္ေနခ်ိန္ အခ်ိန္ခဏေလးအတြင္း ကားခါးပါတ္ကို ျဖဳတ္ခဲ့မိတဲ့ အမွားအတြက္ ဝန္ႀကီးခ်ဳပ္က ေတာင္းပန္ပါတယ္လို႔ သူ႔ရဲ႕ ေျပာခြင့္ရက ေတာင္းပန္ခဲ့ၿပီး လူတိုင္းကားခါးပါတ္ ပါတ္ၾကဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။
၂၀၂၀ ခုႏွစ္တုန္းကလည္း အဲဒီအခ်ိန္က ဝန္ႀကီးခ်ဳပ္ Boris Johnson နဲ႔အတူ ဘ႑ာေရးဝန္ႀကီး တာဝန္ယူေနတဲ့ Rishi Sunak က ကိုဗစ္ စည္းကမ္းသတ္မွတ္ခ်က္ေတြ ခ်ိဳးေဖာက္ခဲ့မႈနဲ႔ ၿပီးခဲ့တဲ့ႏွစ္က ဒဏ္ေၾကးေပးေဆာင္ခဲ့ရပါတယ္။
==== Unicode ====
လူမှုကွန်ယက်ပေါ်တင်ဖို့ ဗြိတိန်ဝန်ကြီးချုပ် မော်တော်ကားထဲ ရိုက်ကူးခံခဲ့တဲ့ Video အတိုလေးမှာ ကားထိုင်ခုံခါးပါတ် မပါတ်ထားတဲ့အတွက် ဝန်ကြီးချုပ် Rishi Sunak ကို ရဲက ဒဏ်ငွေရိုက်လိုက်ပါတယ်။
အင်္ဂလန်အနောက်မြောက်ပိုင်း Lancashire နယ်ထဲမှာ ကတိအတိုင်း စီးပွားရေးတိုးတက်အောင် သူဆောင်ရွက်နေတဲ့အကြောင်း ဝန်ကြီးချုပ် Sunik ရဲ့ Video အတိုလေး Instagram ပေါ် တင်ခဲ့ပြီးနောက် သွားနေတဲ့ကားရဲ့ နောက်ခန်းမှာ သူကားခါးပါတ် ပါတ်မထားတာကြောင့် တော်တော်လေး ဝေဖန်ထောက်ပြခဲ့ကြပါတယ်။
Lancashire နယ်မှာ နေသူတချို့က ရဲကို တိုင်ကြားခဲ့ကြပါတယ်။ တိုင်ကြားမှုတွေကို သုံးသပ်ပြီးတဲ့နောက် လန်ဒန်မှာနေသူ အသက် ၄၂ နှစ်အရွယ်အမျိုးသားတယောက်ကို ပုံသေသတ်မှတ်ထားတဲ့ ဒဏ်ငွေရိုက်လိုက်တယ်လို့ Lancashire ရဲတပ်ဖွဲ့က သောကြာနေ့က ထုတ်ပြန်ပါတယ်။
ကားခါးပါတ်ရှိရက်နဲ့ မတပ်သူတွေကို ဗြိတိန်မှာ ဒဏ်ငွေစတာလင်ပေါင် ၁၀၀ ဒဏ်ရိုက်လေ့ ရှိပါတယ်။ တကယ်လို့ တရားရုံးအထိရောက်တဲ့ ကိစ္စမျိုးဆိုရင်တော့ ဒဏ်ကြေးက ဒဏ်ငွေ စတာလင်ပေါင် ၅၀၀ အထိ ပေးရနိုင်ပါတယ်။ Video ရိုက်နေချိန် အချိန်ခဏလေးအတွင်း ကားခါးပါတ်ကို ဖြုတ်ခဲ့မိတဲ့ အမှားအတွက် ဝန်ကြီးချုပ်က တောင်းပန်ပါတယ်လို့ သူ့ရဲ့ ပြောခွင့်ရက တောင်းပန်ခဲ့ပြီး လူတိုင်းကားခါးပါတ် ပါတ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
၂၀၂၀ ခုနှစ်တုန်းကလည်း အဲဒီအချိန်က ဝန်ကြီးချုပ် Boris Johnson နဲ့အတူ ဘဏ္ဍာရေးဝန်ကြီး တာဝန်ယူနေတဲ့ Rishi Sunak က ကိုဗစ် စည်းကမ်းသတ်မှတ်ချက်တွေ ချိုးဖောက်ခဲ့မှုနဲ့ ပြီးခဲ့တဲ့နှစ်က ဒဏ်ကြေးပေးဆောင်ခဲ့ရပါတယ်။