သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS အဖွဲ့ကို နှိမ်နင်းဖို့ ဗြိတိသျှ ဝန်ကြီးချုပ် ကတိပြု


ဗြိတိန်ဝန်ကြီးချုပ် David Cameron က အသတ်ခံရသူ စကော့လူမျိုး ဒေးဗစ်ဟိန်းစ်နဲ့ပတ်သက်လို့ ကြေညာချက် ထုတ်ပြန်စဉ်။ (စက်တင်ဘာ ၁၄၊ ၂၀၁၄)
ဗြိတိန်ဝန်ကြီးချုပ် David Cameron က အသတ်ခံရသူ စကော့လူမျိုး ဒေးဗစ်ဟိန်းစ်နဲ့ပတ်သက်လို့ ကြေညာချက် ထုတ်ပြန်စဉ်။ (စက်တင်ဘာ ၁၄၊ ၂၀၁၄)

ဗြိတိသျှ အကူအညီပေးလုပ်သားတဦးကို အစ္စလာမ်အစွန်းရောက် IS အဖွဲ့က လည်လှီးသတ်လိုက်ပြီးတဲ့နောက် ဒီအဖွဲ့ကို နှိမ်နင်းချေမှုန်းသွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ဒ် ကမ်မ်ရွန်းန် (David Cameron) က အခိုင်အမာပြောလိုက်ပါတယ်။ David Haines ကို သတ်နေတာရိုက်ယူထားတဲ့ ဗွီဒီယိုကို IS အဖွဲ့က ထုတ်ပြန်အပြီး နောက်တရက် တနင်္ဂနွေနေ့ လန်ဒန်မြို့မှာ မစ္စတာကမ်မ်ရွန်းန်က အဲဒီလိုပြောလိုက်တာပါ။

ကလေးနှစ်ဦးရဲ့ဖခင် အသက် ၄၄ နှစ်အရွယ် Heins ကို IS အဖွဲ့ဟာ အရက်စက်ဆုံးနည်းလမ်းနဲ့ သတ်ပစ်ခဲ့တယ်လို့ ဗြိတိန် ဝန်ကြီးချုပ်ကပြောပြီး ဒီအဖွဲ့ဟာ မကောင်းဆိုးရွားရဲ့ ပြယုဂ်ဖြစ်တယ်လို့ ကင်ပွန်းတပ် ခေါ်ဆိုပါတယ်။ Haines ကို သတ်ပစ်သူတွေကို လိုက်ရှာပြီး ဥပဒေနဲ့အညီ စီရင်မယ် လို့လည်း မစ္စတာကမ်မ်ရွန်းန်က ပြောပါတယ်။

IS အဖွဲ့ဟာ တယူသန်အစွန်းရောက်အဖွဲ့တဖွဲ့ဖြစ်ပြီး ဥရောပတိုက်တဝန်း တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့လည်း မစ္စတာကမ်မ်ရွန်းန် က ပြောပါတယ်။ သူတို့ဟာ အစ္စလာမ်အယူဝါဒအတိုင်း လုပ်နေတာလို့ ပြောပေမယ့် IS စစ်သွေးကြွတွေဟာ မူစလင်တွေမဟုတ် ဘဲ မကောင်းဆိုးရွားတွေသာဖြစ်တယ်လို့ မစ္စတာကမ်မ်ရွန်းန်က အလေးအနက်ပြောပါတယ်။

IS အဖွဲ့ရဲ့ခြိမ်းခြောက်မှုကို ဗြိတိန်နိုင်ငံအနေနဲ့ ထိပ်တိုက် ရင်ဆိုင်သွားရမှာဖြစ်ပြီး အီရတ်နဲ့ ကားဒစ်ရှ် ဒေသဆိုင်ရာအစိုးရတွေနဲ့ လက်တွဲ လုပ်ဆောင် သွားမယ်လို့ သူကပြောပါတယ်။ ဒီအဖွဲ့ကနေ ထွက်ပြေးလာသူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဆက်ပေးသွားမှာဖြစ်ပြီး IS စစ်သွေးကြွတွေကို အမေရိကန်က စစ်ရေးအရ တိုက်ခိုက်မှုမှာ ဆက်ပြီး ကူညီ ထောက်ပံ့သွားမယ်လို့ ပြောပါတယ်။

XS
SM
MD
LG