သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီးချုပ်နဲ့ Trump ဆက်ဆံရေး


ဗြိတိန်ဝန်ကြီးချုပ်နဲ့ Trump

ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းဖြစ်လာဖို့ သေချာသလောက်ရှိနေတဲ့ Donald Trump ဟာ အကွဲအပြဲတွေဖြစ်အောင် လုပ်တဲ့သူ၊ မိုက်မဲပြီး မှားယွင်းနေတဲ့ လူတယောက်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron က ဝေဖန်ပြောလိုက်ပြီးတဲ့နောက်မှာတော့ မစ္စတာ ကင်မရွန်း နဲ့ သူနဲ့ကြား ဆက်ဆံရေး ပျက်သွားနိုင်တယ်လို့ Trump က ပြောလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုထဲ ဝင်ရောက်လာတဲ့ မူစလင်တွေကို ယာယီ ဟန့်တားသွားမယ်လို့ Trump က ပြောခဲ့တဲ့အပေါ်မှာ မစ္စတာ ကင်မရွန်းက ဝေဖန်ခဲ့တာပါ။

“ဒီအတိုင်းဆိုရင်တော့ သူတို့နှစ်ဦးအကြား ဆက်ဆံရေး သိပ်မကောင်းနိုင်ဘူးဆိုတာနဲ့ သူ့အနေနဲ့ မစ္စတာ Cameron နဲ့ ဆက်ဆံရေး ကောင်းကောင်းထားလိုပေမဲ့ မစ္စတာ မကင်မရွန်းဘက်က ဒါကို လိုလားပုံမရဘူးလို့” – Trump က ဗြိတိန် ITV သတင်းဌာနကို ဒီကနေ့ပဲ ပြောသွားတာပါ။

မူစလင်အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့နှစ်ထဲ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ လူပေါင်း ၁၃၀ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ကယ်လီဖိုးနီးယားပြည်နယ် San Bernardino မြို့မှာ လူ ၁၄ ယောက်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာပဲ မစ္စတာ Trump က အမေရိကန်ပြည်ထောင်စုထဲ မူစလင်တွေ မဝင်ရောက်နိုင်အောင် ဟန့်တားမယ်ဆိုပြီး ပြောခဲ့တဲ့အပေါ်မှာ မစ္စတာ ကင်မရွန်းက ဝေဖန်ခဲ့တာပါ။ Trump ကတော့ သူဟာ မိုက်မဲသူတယောက် မဟုတ်သလို၊ အကွဲအပြဲတွေ ဖြစ်အောင် လုပ်တဲ့သူလည်း မဟုတ်ဘူး။ လက်ရှိအမေရိကန် သမ္မတ လိုမဟုတ်ဘဲ တိုင်းပြည်ကို စုစည်းညီညွတ်အောင် လုပ်တဲ့သူသာ ဖြစ်တယ်လို့ ဆိုပြီး တုံ့ပြန်ထားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်နဲ့ Trump ဆက်ဆံရေး
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG