သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန် ဝန်ကြီးချုပ် မြန်မာနိုင်ငံသွားမည်


ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း
ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း

ဗြိတိန် ဝန်ကြီးချုပ်ဟာ ဒီသတင်းပတ် အတွင်းမှာ မြန်မာနိုင်ငံကို တရက်ကြာ ခရီးသွားဖို့ ရှိပါတယ်။ ဧပြီလ ၁၃ ရက်နေ့ သောကြာနေ့မှာ မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိပါတယ်။ ညနေပိုင်းမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ နေအိမ်မှာ တွေ့ဆုံဖို့ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့ဝင် ဦးခွန်သာမြင့်က ပြောပါတယ်။

“ဟုတ်ပါတယ်။ ၁၃ ရက် နေ့ လို့ ပြောပါတယ်။ ညနေ ၄ နာရီ လောက် လာပါလိမ့်မယ်။ အဲဒါတွေ့ ပြီးရင် ည ၇ နာရီ၊ British residence မှာ ဒင်နာ (dinner) ရှိပါတယ်။ ၄ နာရီ တွေ့ပြီးရင်တော့ Press ရှိမှာပါ။”

မစ္စတာ ကင်မရွန်းဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ကိုယ်စားလှယ်တွေ အများစု အနိုင်ရရှိခဲ့တဲ့ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ အပြီး အနောက်နိုင်ငံတွေ က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့ မှုတွေ ရုတ်သိမ်း ဖို့ စဉ်းစား နေချိန်မှာဘဲ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ ဝန်ကြီးချုပ် တဦးလည်း ဖြစ်ပါတယ်။ ဒီနှစ်ဆန်းပိုင်း ဇန်နဝါရီလကလည်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Willian Hague ဟာ ၅၆ နှစ် အတွင်း ပထမဦးဆုံး အဖြစ် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အလားတူဘဲ ဥရောပ နိုင်ငံခြားရေးနဲ့ လုံခြုံရေး ပေါ်လစီ ဆိုင်ရာ ဥရောပ သမဂ္ဂ မဟာမင်းကြီး ကက်သရင်း အက်ရှ်တွန် ဟာလည်း မြန်မာနိုင်ငံကို မကြာမီ သွားရောက်ဖို့ ရှိနေပါတယ်။

XS
SM
MD
LG