သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆိပ်သင့် ဗြိတိသျှအမျိုးသမီး သေဆုံး


ပြီးခဲ့တဲ့မတ်လက အဆိပ်သင့်ပြီး ရုရှားသူလျှိုဟောင်းတဦး နာဖျားမကျန်းဖြစ်ခဲ့တဲ့ အလားတူ အာရုံကျောထိ ဓာတုအဆိပ်သင့်သူ အမျိုးသမီးတဦး သေဆုံးသွားတဲ့အတွက် ဗြိတိသျှရဲတပ်ဖွဲ့က လူသေမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။

အသက် ၄၄ နှစ်အရွယ် Dawn Sturgess ဟာ အင်္ဂလန်တောင်ပိုင်းက Salisbury ဆေးရုံတခုမှာ တနင်္ဂနွေနေ့က သေဆုံးသွား တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

သူဟာ နောက်ထပ် အဆိပ်သင့်သူတဦးဖြစ်တဲ့ Charles Rowley နဲ့အတူ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဇွန်လ ၃၀ ရက်နေ့က ဆေးရုံ တင်ထားရတာပါ။

Sturgess သေဆုံးသွားတဲ့သတင်းအပေါ် ထိတ်လန့် တုန်လှုပ်မိတယ်လို့ ဗြိတိသျှဝန်ကြီးချုပ် Theresa May ကပြောပါတယ်။

Dawn Sturgess နဲ့ Charles Rowley တို့ နှစ်ဦးစလုံးဟာ Novichok အဆိပ်သင့်တာလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ရုရှားသူလျှို ဟောင်း Sergei Skripal နဲ့ သမီးဖြစ်သူ Julia တို့ဟာလည်း ပြီးခဲ့တဲ့မတ်လက အလားတူ အဆိပ်သင့်ပေမဲ့ ဆေးကုသမှုခံယူပြီး အသက်မသေကြပါဘူး။

Skirpal တို့သားအဖကို အဆိပ်သင့်အောင်လုပ်တာ ရုရှားလက်ချက်လို့ ဗြိတိန်က စွပ်စွဲပေမဲ့ ရုရှားကတော့ ငြင်းပါတယ်။

Sturgess နဲ့ Rowley တို့ဟာ အဆိပ်ပါတဲ့ဘူးကို ကိုင်မိကြတယ်လို့ ရဲတပ်ဖွဲ့က သံသယရှိပြီး သူတို့ဘာတွေထားတယ်၊ ဘယ်နေရာမှာ တွေ့တယ်ဆိုတာကို သိရဖို့ ရဲတပ်ဖွဲ့က ကြိုးစားနေပါတယ်။

အဆိပ်သင့် ဗြိတိသျှအမျိုးသမီး သေဆုံး
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG