သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက် Bronx ဆေးရုံ ပစ်ခတ်မှု ပစ်သူဆရာဝန်တဦးသေ ၆ ဦးဒဏ်ရာရ


နယူးယောက် Bronx ဆေးရုံ ပစ်ခတ်မှု ဖြစ်ပွား။
နယူးယောက် Bronx ဆေးရုံ ပစ်ခတ်မှု ဖြစ်ပွား။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ Bronx Lebanon ဆေးရုံမှာ မနေ့ သောကြာနေ့က သေနတ်ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် ဆရာဝန်တဦးသေဆုံးခဲ့ပြီး လူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သေနတ်သမားဟာ Bello ဆိုတဲ့ ဆရာဝန်ဖြစ်ပြီး သူ့ကိုသူလည်း အဲဒီမှာပဲ အဆုံးစီရင်ခဲ့ပါတယ်။ သူဟာ လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ အလုပ်ထုတ်ပစ်ခံခဲ့ရတဲ့ ဆရာဝန်တယောက်ဖြစ်ပြီး၊ အဲ့ဒီအလို အလုပ်ထုတ်ပစ်ခံရတဲ့အတွက် သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ပြောဆိုခဲ့သူဖြစ်ပါတယ်။

Bello ဟာ ရိုင်ဖယ်သေနတ်နဲ့အတူ ဆေးရုံထဲကိုပြန်လာပြီး သူအလုပ်လုပ်ခဲ့တဲ့ဌာနမှာ သေနတ်ပစ်ခတ်ခဲ့ရာ ဆရာဝန်တဦး သေဆုံးပြီး တခြား လူ ၆ ဦးလဲထိခိုက်ဒဏ်ရာခဲ့ပါတယ်။ သူ့ကိုသူလည်း အဲ့ဒီနေရာမှာပဲ အဆုံးစီရင်ခဲ့ပါတယ်။ အဲဒီ ရိုင်ဖယ်သေနတ်ကို သူဝတ်ထားတဲ့ ဆရာဝန်တွေရဲ့အဖြူရောင် ကျူတီ ကုတ်အင်္ကျီအောက်မှာ ယူဆောင်လာခဲ့တာဖြစ်ပါတယ်။

Bello အလုပ်ထုတ်ပစ်ခံရပြီး ၂ နှစ်အကြာမှာမှ အခုလို ပြန်လာပြီး ဘာကြောင့် သေနတ်ပစ်ခတ်မှုလုပ်ရတာလဲ၊ ပြီးတော့ သူအလုပ်လုပ်ခဲ့တဲ့နေရာ ၁၆ လွှာကိုတက်သွားပြီးမှ သေနတ်ပစ်ခတ်တာဟာ တဦးတယောက်ကို ပစ်ခတ်ဖို့ လိုက်ရှာနေခဲ့သလား ဆိုတာကို သိရဖို့အတွက် စုံစမ်းစစ်ဆေးရေးသမားတွေက အချက်အလက်တွေ ဆက်လက်စုံစမ်းနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG