သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သိုင်း ရုပ်ရှင်မင်းသား Bruce Lee အမှတ်တရပွဲကျင်းပ


ဟောင်ကောင်က Bruce Lee ရုပ်တုရှေ့မှာ ကလေးငယ်တဦး ဟန်ရေးပြနေပုံ။ (ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၃)။
ဟောင်ကောင်က Bruce Lee ရုပ်တုရှေ့မှာ ကလေးငယ်တဦး ဟန်ရေးပြနေပုံ။ (ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၃)။
တရုတ် ကွန်ဖူးသိုင်းပညာရှင် Bruce Lee ကွယ်လွန်သွားတာ ဒီနေ့ အနှစ် ၄၀ ပြည့်သွားပါပြီ။ အနှစ် ၄၀ ပြည့် အောက်မေ့ပွဲအဖြစ် ဟောင်ကောင်မှာရှိတဲ့ Bruce Lee ရဲ့ ရုပ်တုရှေ့မှာ သူ့ရဲ့ ပရိတ်သတ်တွေ စုဝေးခဲ့ကြပါတယ်။ ကွန်ဖူး ပညာရှင် Bruce Lee ရဲ့ ရာနဲ့ချီတဲ့ ပရိတ်သတ်တွေအပြင် ကမ္ဘာလှည့်ခရီးသည်တွေကလည်း အထိမ်းအမှတ်ပွဲကို တက်ရောက်ခဲ့ပါတယ်။

ကွယ်လွန်သွားတာ အနှစ် ၄၀ ပြည့်သွားပေမဲ့ ခုလို ကမ္ဘာတဝန်းက ပရိသတ်တွေက Bruce Lee ကို ချစ်ခင်အားပေး နေကြဆဲဖြစ်တာကို တွေ့ရတာ ဝမ်းသာဂုဏ်ယူတယ်လို့ အောက်မေ့ပွဲကို တက်ရောက်တဲ့ သူ့ရဲ့အစ်မ Phoebe Lee ကပြောပါတယ်။ အမေရိကန်မှာမွေးဖွားပြီး ဟောင်ကောင်မှာ ကြီးပြင်းတဲ့ Bruce Lee ဟာ ကျော်ကြားမှု အထွဋ်အထိပ်ကို ရောက်ရှိနေချိန် အသက် ၃၂ နှစ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

သူနောက်ဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်၊ ကွယ်လွန်သွားပြီး တဲ့နောက်မှာ ပြသတဲ့ရုပ်ရှင်လည်း ဖြစ်တဲ့ Enter the Dragon ဆိုတဲ့ ရုပ်ရှင်ကားဟာ ကမ္ဘာတဝန်း အင်မတန်မှ ကျော်ကြားခဲ့ပါတယ်။ Bruce Lee နဲ့ ပတ်သက်တဲ့ အနုပညာပြပွဲတွေကိုလည်း ဟောင်ကောင်မှာ အခု စနေ တနင်္ဂနွေ
ရုံးပိတ်ရက်အတွင်း ပြသနေပါတယ်။

တရုတ် ကွန်ဖူးသိုင်းပညာဟာ Bruce Lee ကြောင့် ကမ္ဘာတဝန်း လူစိတ်ဝင်စားမှု ပိုပြီး များလာတယ်လို့ ဟောင်ကောင်အမွေအနှစ် ပြတိုက် တာဝန်ခံက ပြောပါတယ်။ Bruce Lee ရဲ့ Jun Fan ကွန်ဖူး တရုတ်သိုင်းပညာသင်ကျောင်းကို အမေရိကန်ပြည်ထောင်စု Seattle မြို့မှာ စတင်ဖွင့်လှစ် ခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG