ကြိမ်ဒဏ်ချမှတ်တာ၊ ကိုယ်လက်အင်္ဂါတွေ ပြင်းပြင်းထန်ထန် နာကျင်အောင် လုပ်တာ၊ ခဲနဲ့ ပေါက်တာ အပါအဝင် ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ လုပ်ဖို့ တောင်းဆိုတဲ့ တင်းကျပ်တဲ့ အစ္စလာမ်ဥပဒေ တရပ်ကို ဘရူနိုင်း နိုင်ငံမှာ တဆင့်ချင်း စတင် ချမှတ် လုပ်ဆောင်နေပါတယ်။ လူဦးရေ လေးသိန်းကျော်ကျော် သာရှိတဲ့ အရှေ့တောင်အာရှက ဒီ နိုင်ငံငယ်လေးမှာ ဒီ ပြစ်မှုဆိုင်ရာ ဥပဒေ သစ်ကို ဆူတန် စော်ဘွား Hassanal Bolkiah က စတင် ချမှတ်လိုက်ပြီး ဒါဟာ ကြီးမားတဲ့ အောင်မြင်မှု ဖြစ်တယ်လို့ ဖြစ်ပါတယ်။
ဒီကနေ့ ပထမအဆင့် ပြဌာန်းချက်အရ သောကြာနေ့ ဝတ်ပြုဆုတောင်းမှု မလုပ်တာ ဒါမှမဟုတ် မလျော်မကန် ပြုမူနေထိုင်တာ အတွက် ဒဏ်ငွေ ဒါမှမဟုတ် ထောင်ဒဏ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။ သိပ်မကြာခင်မှာတော့ ပိုပြီး ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ လုပ်သွားမှာ ဖြစ်ပါတယ်။
ဒီအထဲမှာတော့ ခိုးဝှက်မှုအတွက် ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတွေကို ပြင်းပြင်း ထန်ထန် နာကျင်အောင်လုပ်တာ၊ ရိုက်နှက် အပြစ်ပေးတာနဲ့၊ လိင်တူချင်းဆက်ဆံမှု နဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ အတွက်တော့ ကျောက်တုံးကျောက်ခဲတွေနဲ့ သေတဲ့အထိ ပစ်ပေါက် ဒဏ်ခတ်တာ ပါဝင်ပါတယ်။
သက်သေ အထောက်အထား အများအပြားနဲ့ ပြနိုင်ပြီးမှ ခုလို အပြစ်ပေးတာ ဖြစ်တယ်လို့ ဆိုပြီး ဘရူနိုင်း အာဏာပိုင်တွေက ဥပဒေ ဘက်ကနေ ခုခံ ပြောဆိုကြပါတယ်။ ဘရူနိုင်းရဲ့ မူဆလင် အများစုက ဒီဥပဒေကို ထောက်ခံတယ်လို့လည်း သူတို့က ပြောပါတယ်