သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Brussels တိုက်ခိုက်ခံရမှု သံသယနဲ့ ဖမ်းဆီးရသူ ၃ ဦးပြန်လွတ်


Brussels တိုက်ခိုက်ခံရမှု ဖြစ်ပြီးနောက်ပိုင်း လုံခြုံရေးတင်းကျပ်
Brussels တိုက်ခိုက်ခံရမှု ဖြစ်ပြီးနောက်ပိုင်း လုံခြုံရေးတင်းကျပ်

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ကို နိုဝင်ဘာလ ၁၃ ရက်နေ့က တိုက်ခိုက်ခံရတဲ့ကိစ္စ စုံစမ်းစစ်ဆေးနေတာမှာ အင်္ဂါနေ့က ဖမ်းဆီးခဲ့တဲ့ လူသုံးယောက်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ ဘယ်လ်ဂျီယံ အစိုးရရှေ့နေတွေက ပြောပါတယ်။ ပါရီတိုက်ခိုက်မှုမှာ လူပေါင်း ၁၃၀ သေဆုံးခဲ့ရပါတယ်။

အဲဒီလူတွေထဲက ဘယ်သူ့ကိုမှ စွဲချက်တင်တာ မရှိခဲ့ဘူးလို့ ဘယ်လ်ဂျီယံ အစိုးရရှေ့နေရုံးက ဒီကနေ့ပြောပါတယ်။ ဘရပ်ဆဲလ်စ် မြို့တော်က Uccle အရပ်မှာ ရဲတပ်ဖွဲ့က ဝင်ရှာတဲ့အချိန်အတွင်း အင်္ဂါနေ့က အဲဒီလူတွေကို ဖမ်းခဲ့တာပါ။ ပါရီတိုက်ခိုက်မှုနဲ့ မတ်လ ၂၂ ရက်နေ့က ဘရပ်ဆဲလ်စ် လေဆိပ်နဲ့ မြေအောက်ရထားဘူတာရုံ တိုက်ခိုက်မှု ကျူးလွန်တဲ့သူတွေကို ဖမ်းမိဖို့ ဘယ်လ်ဂျီယံ အာဏာပိုင်တွေက ကြိုးစားနေတာဖြစ်ပါတယ်။ ဘရပ်ဆဲလ်စ်တိုက်ခိုက်မှုမှာတော့ လူပေါင်း ၃၂ ယောက် သေဆုံးခဲ့ပါတယ်။

Smail F နဲ့ Ibrahim F ဆိုတဲ့ တခြားလူနှစ်ယောက်ကိုတော့ ဘရပ်ဆဲလ်စ်မြို့တော်မှာ ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ဆက်စပ်ပြီး အကြမ်းဖက်ဝါဒကိုင်စွဲ လုပ်ဆောင်မှု၊ လူသတ်မှုတွေနဲ့ အင်္ဂါနေ့က စွဲချက်တင်လိုက်တယ်လို့ ဘယ်လ်ဂျီယံ အစိုးရရှေ့နေရုံးက ကြေညာပါတယ်။ အဲဒီလူနှစ်ယောက်ကို ညီအကိုတွေအဖြစ် ဘယ်လ်ဂျီယံသတင်းတွေမှာ ဖော်ပြပါတယ်။

ဘရပ်ဆဲလ်စ်နဲ့ ပါရီမြို့တော်တွေ တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်နှစ်ခုစလုံးမှာ ထောက်လှမ်းရေးနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက် တွေ အားနည်းခဲ့တယ်ဆိုပြီး ဘယ်လ်ဂျီယံ အာဏာပိုင်တွေ အပြင်းအထန် ဝေဖန်ခံနေရတာပါ။ ပါရီမြို့တော်တိုက်ခိုက်မှုအတွက် အဓိက သံသယရှိသူ Salah Abdeslam ကိုဖမ်းမိဖို့ လေးလထိကြာခဲ့တဲ့အပေါ်လည်း ဝေဖန်ကြပါတယ်။

XS
SM
MD
LG