သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Buffalo ေသနတ္သမားကို "အမုန္းတရားျပစ္မႈ" နဲ႔စဲြခ်က္တင္


USA-GUNS/BUFFALO

အေမရိကန္ျပည္ေထာင္စု Buffalo ၿမိဳ႔က ကုန္တုိက္မွာ လူမဲ ၁၀ ဦးေသဆုံးေစခဲ့တဲ့ ေသနတ္ပစ္ခတ္မႈကုိက်ဴးလြန္ခဲ့တယ္လုိ႔စြပ္စဲြခံထားရတဲ့ အသက္ ၁၈ ႏွစ္အရြယ္လူျဖဴ အမ်ိဳးသား Payton Gendron ကုိ ျပည္ေထာင္စုဥပေဒတခုျဖစ္တဲ့ အမုန္းတရားကုိ အေျခခံတဲ့ရာဇ၀တ္မႈပုဒ္မနဲ႔ ဗုဒၶဟူးေန႔ မွာတရားစဲြဆုိလုိက္ပါတယ္။ ျပည္ေထာင္စုအဆင့္တရားဆုိမႈမွာအျပစ္ရွိေၾကာင္းထင္ရွားပါက ေသဒဏ္က်ခံရ ႏုိင္ပါတယ္။

သူ႔ကုိ ျပည္နယ္အဆင့္မွာလည္း တရားစဲြဆုိထားၿပီးအဲဒိအမႈမွာလည္း ပစ္မႈထင္ရွားရင္ အယူခံတင္ခြင့္မရွိတဲ့ေထာင္ဒါဏ္တသက္က်ခံရမွာျဖစ္ပါတယ္။ ေသနတ္ပစ္ခတ္ခဲ့သူ Gendron ကေတာ့ ျပည္နယ္အဆင့္တရားစဲြဆုိမႈမွာ အျပစ္မရွိဘူးလုိ႔ ျငင္းဆုိထားပါတယ္။ သူ့ကုိ ျပည္နယ္အဆင့္တရားစဲြဆုိမႈမွာ အမုန္းတရားကုိအေျခခံတဲ့ ျပည္တြင္း အၾကမ္းဖက္မႈ၊ ဒါ့အျပင္ လူသတ္မႈနဲ႔ပါတရားစဲြဆုိထားပါတယ္။
ၿပီးခဲ့တဲ့ ေမလ ၁၄ ရက္ေန႔က Buffalo ၿမိဳ႔က Top Friendly Market လုိ႔အမည္ရတဲ့ကုန္ တုိက္မွာ Payton Gendron ကေသနတ္နဲ႔ပစ္ခတ္ခဲ့တဲ့အတြက္ လူမဲ ၁၀ ဦးေသဆုံးခဲ့ ပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

အမေရိကန်ပြည်ထောင်စု Buffalo မြို့က ကုန်တိုက်မှာ လူမဲ ၁၀ ဦးသေဆုံးစေခဲ့တဲ့ သေနတ်ပစ်ခတ်မှုကိုကျူးလွန်ခဲ့တယ်လို့စွပ်စွဲခံထားရတဲ့ အသက် ၁၈ နှစ်အရွယ်လူဖြူ အမျိုးသား Payton Gendron ကို ပြည်ထောင်စုဥပဒေတခုဖြစ်တဲ့ အမုန်းတရားကို အခြေခံတဲ့ရာဇဝတ်မှုပုဒ်မနဲ့ ဗုဒ္ဓဟူးနေ့ မှာတရားစွဲဆိုလိုက်ပါတယ်။ ပြည်ထောင်စုအဆင့်တရားဆိုမှုမှာအပြစ်ရှိကြောင်းထင်ရှားပါက သေဒဏ်ကျခံရ နိုင်ပါတယ်။

သူ့ကို ပြည်နယ်အဆင့်မှာလည်း တရားစွဲဆိုထားပြီးအဲဒိအမှုမှာလည်း ပစ်မှုထင်ရှားရင် အယူခံတင်ခွင့်မရှိတဲ့ထောင်ဒါဏ်တသက်ကျခံရမှာဖြစ်ပါတယ်။ သေနတ်ပစ်ခတ်ခဲ့သူ Gendron ကတော့ ပြည်နယ်အဆင့်တရားစွဲဆိုမှုမှာ အပြစ်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ သူ့ကို ပြည်နယ်အဆင့်တရားစွဲဆိုမှုမှာ အမုန်းတရားကိုအခြေခံတဲ့ ပြည်တွင်း အကြမ်းဖက်မှု၊ ဒါ့အပြင် လူသတ်မှုနဲ့ပါတရားစွဲဆိုထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က Buffalo မြို့က Top Friendly Market လို့အမည်ရတဲ့ကုန် တိုက်မှာ Payton Gendron ကသေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် လူမဲ ၁၀ ဦးသေဆုံးခဲ့ ပါတယ်။

XS
SM
MD
LG