သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Buffalo ၿမိဳ႕မွာ လူ ၁၀ ဦးကို ပစ္သတ္သူအေပၚ စြဲခ်က္တင္


Buffalo ၿမိဳ႕မွာ ေသနတ္နဲ႔ ပစ္ခတ္သူကုိ ဖမ္းဆီးေခၚေဆာင္လာတဲ့ ရဲတပ္ဖြဲ႔ဝင္မ်ား။ (ေမ ၁၄၊ ၂၀၂၂)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျပည္နယ္၊ Buffalo ၿမိဳ႕မွာ စေနေန႔က လူမည္းေတြေနထိုင္တဲ့အရပ္က ကုန္စုံဆိုင္ထဲမွာ လူ ၁၀ ဦးကို ေသနတ္နဲ႔ ဝင္ပစ္ခတ္ခဲ့တဲ့ အသက္ ၁၈ ႏွစ္အရြယ္ လူျဖဴအမ်ဳိးသားကို စေနေန႔ေႏွာင္းပိုင္းမွာ တရားဝင္ စြဲခ်က္တင္လိုက္ၿပီ ျဖစ္ပါတယ္။

ေသနတ္သမားဟာ နယူးေယာက္ျပည္နယ္၊ တျခားခ႐ိုင္တခုကေန နာရီအတန္ၾကာ တကိုယ္တည္း ကားနဲ႔ေမာင္းလာၿပီးမွ ေမာင္းျပန္ေသနတ္နဲ႔ ပစ္ခတ္မႈကို အင္တာနက္ေပၚမွာပါ တိုက္႐ိုက္ထုတ္လြင့္ ျပသခဲ့တယ္လို႔ နယူးေယာက္ျပည္နယ္ အာဏာပိုင္ေတြက ေျပာပါတယ္။ ေသနတ္က်ည္ထိမွန္တဲ့ လူ ၁၃ ေယာက္ထဲက ၁၁ ေယာက္ဟာ လူမည္းေတြျဖစ္တယ္လို႔လည္း အာဏာပိ္ုင္ေတြက ေျပာပါတယ္။

တရား႐ုံးမွာ အမႈဖြင့္တိုင္ၾကားတဲ့ စာရြက္ အေထာက္အထားေတြအရ ေသနတ္သမားဟာ Payton Gendron ဆိုသူျဖစ္ၿပီး နယူးေယာက္ျပည္နယ္ေတာင္ပိုင္း၊ Pennsylvania ျပည္နယ္ နယ္စပ္ လူဦးေရ ၅,၀၀၀ ေလာက္ရွိတဲ့ Conklin ဆိုတဲ့ၿမိဳ႕ကျဖစ္တယ္လို႔ ဆိုပါတယ္။

ပစ္ခတ္မႈျဖစ္ၿပီး နာရီပိုင္းအၾကာမွာပဲ သူ႔အေပၚ လူသတ္မႈနဲ႔ တရားစြဲဆိုလိုက္တာျဖစ္ၿပီး ျပစ္မႈထင္ရွားေၾကာင္း ေတြ႔ရွိခဲ့ရင္ေတာ့ ေထာင္ဒဏ္တသက္တကၽြန္း က်ႏိုင္ပါတယ္။ နယူးေယာက္ျပည္နယ္မွာ လူသတ္မႈလို ျပစ္မႈႀကီး က်ဴးလြန္သူေတြအတြက္ ေသဒဏ္ မရွိပါဘူး။

အခင္းျဖစ္တဲ့ေနရာကို ရဲေတြေရာက္လာတဲ့အခ်ိန္ ေသနတ္သမားက သူ႔ကိုယ္သူ ေသေၾကာင္းႀကံဖို႔ ရည္ရြယ္တဲ့အေနနဲ႔ သူ႔လည္ပင္းကို ေသနတ္နဲ႔ ခ်ိန္ထားခဲ့ေပမဲ့ ကိုယ့္ကိုကိုယ္ သတ္မေသဖို႔ ရဲေတြက စည္း႐ုံးေျပာဆိုႏိုင္ခဲ့တယ္လို႔ Buffalo ၿမိဳ႕နယ္ ရဲမွဴးႀကီး Joseph Gramaglia က သတင္းစာရွင္းလင္းပြဲအတြင္း ေျပာၾကားခဲ့ပါတယ္။

လူျဖဴလူမ်ဳိးတဦးျဖစ္တဲ့ ေသနတ္သမားဟာ လူမည္းေတြအမ်ားစုေနထိုင္တဲ့ ေနရာကို တမင္တကာလာၿပီး လူမ်ဳိးေရးအရ အခုလို ပစ္ခတ္ သတ္ျဖတ္တာဆိုတဲ့ ေျပာဆိုမႈေတြလည္း ထြက္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

Buffalo မြို့မှာ လူ ၁၀ ဦးကို ပစ်သတ်သူအပေါ် စွဲချက်တင်

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ Buffalo မြို့မှာ စနေနေ့က လူမည်းတွေနေထိုင်တဲ့အရပ်က ကုန်စုံဆိုင်ထဲမှာ လူ ၁၀ ဦးကို သေနတ်နဲ့ ဝင်ပစ်ခတ်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် လူဖြူအမျိုးသားကို စနေနေ့နှောင်းပိုင်းမှာ တရားဝင် စွဲချက်တင်လိုက်ပြီ ဖြစ်ပါတယ်။

သေနတ်သမားဟာ နယူးယောက်ပြည်နယ်၊ တခြားခရိုင်တခုကနေ နာရီအတန်ကြာ တကိုယ်တည်း ကားနဲ့မောင်းလာပြီးမှ မောင်းပြန်သေနတ်နဲ့ ပစ်ခတ်မှုကို အင်တာနက်ပေါ်မှာပါ တိုက်ရိုက်ထုတ်လွင့် ပြသခဲ့တယ်လို့ နယူးယောက်ပြည်နယ် အာဏာပိုင်တွေက ပြောပါတယ်။ သေနတ်ကျည်ထိမှန်တဲ့ လူ ၁၃ ယောက်ထဲက ၁၁ ယောက်ဟာ လူမည်းတွေဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

တရားရုံးမှာ အမှုဖွင့်တိုင်ကြားတဲ့ စာရွက် အထောက်အထားတွေအရ သေနတ်သမားဟာ Payton Gendron ဆိုသူဖြစ်ပြီး နယူးယောက်ပြည်နယ်တောင်ပိုင်း၊ Pennsylvania ပြည်နယ် နယ်စပ် လူဦးရေ ၅,၀၀၀ လောက်ရှိတဲ့ Conklin ဆိုတဲ့မြို့ကဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး နာရီပိုင်းအကြာမှာပဲ သူ့အပေါ် လူသတ်မှုနဲ့ တရားစွဲဆိုလိုက်တာဖြစ်ပြီး ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့ရင်တော့ ထောင်ဒဏ်တသက်တကျွန်း ကျနိုင်ပါတယ်။ နယူးယောက်ပြည်နယ်မှာ လူသတ်မှုလို ပြစ်မှုကြီး ကျူးလွန်သူတွေအတွက် သေဒဏ် မရှိပါဘူး။

အခင်းဖြစ်တဲ့နေရာကို ရဲတွေရောက်လာတဲ့အချိန် သေနတ်သမားက သူ့ကိုယ်သူ သေကြောင်းကြံဖို့ ရည်ရွယ်တဲ့အနေနဲ့ သူ့လည်ပင်းကို သေနတ်နဲ့ ချိန်ထားခဲ့ပေမဲ့ ကိုယ့်ကိုကိုယ် သတ်မသေဖို့ ရဲတွေက စည်းရုံးပြောဆိုနိုင်ခဲ့တယ်လို့ Buffalo မြို့နယ် ရဲမှူးကြီး Joseph Gramaglia က သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

လူဖြူလူမျိုးတဦးဖြစ်တဲ့ သေနတ်သမားဟာ လူမည်းတွေအများစုနေထိုင်တဲ့ နေရာကို တမင်တကာလာပြီး လူမျိုးရေးအရ အခုလို ပစ်ခတ် သတ်ဖြတ်တာဆိုတဲ့ ပြောဆိုမှုတွေလည်း ထွက်နေပါတယ်။

XS
SM
MD
LG