သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Buffalo မြို့ နှင်းရှင်းလင်းရေး ရဲလုံခြုံရေးပေး 


Blizzard hits Buffalo, New York
Blizzard hits Buffalo, New York

[[Zawgyi/Unicode]]

အမေရိကန်ပြည်ထောင်စုမှာ New York ပြည်နယ်ထဲက တမြို့လုံး လည်ပတ်မှုရပ်သွားရလောက်အောင် နှင်းမုန်တိုင်းဒဏ်ခံထားရတဲ့ Buffalo မြို့မှာ ရှင်းလင်းရေးတွေ စလုပ်နေပါပြီ။ ရှင်းရမယ့် နှင်းထုကြီးနဲ့ နေရာကြီးမားကျယ်ပြန့်တဲ့အတွက် နှင်းရှင်းလင်းရေးလုပ်နေချိန်မှာ ပြည်နယ်ရဲတပ်ဖွဲ့နဲ့ တပ်ထိန်းတွေ စောင့်ကြပ်နေပါတယ်။

ကားမမောင်းရလို့ ပြည်နယ်တာဝန်ရှိသူတွေ တားမြစ်ထားပေမဲ့ တချို့က မလိုက်နာတဲ့အတွက် Buffalo မြို့အဝင် လမ်းတွေနဲ့ အဓိက လမ်းဆုံလမ်းမကြီးတွေမှာ ရဲတွေကို ဖြန့်ချထားတယ်လို့ သတိပေးထားပါတယ်။ တချို့ရပ်ကွက်တွေကလမ်းတွေနဲ့ အဓိက အဝေးပြေးလမ်းမကြီးတွေတော့ ပြန်ပွင့်နေပါပြီ။ အင်္ဂါနေ့ အထိ မုန်တိုင်းကြောင့် ဆက်စပ်သေဆုံးသူ New York ပြည်နယ်မှာ ၃၀ ကျော်ရှိနေပြီး နိုင်ငံတဝန်းသေဆုံးသူ ၆၀ ထက်မနည်းရှိနေတယ်လို့ အမေရိကန်မှာ ထုတ်ပြန်နေတဲ့ သတင်းတွေအရ သိရပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ၃ ပုံ ၂ ပုံလောက် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့အကျိုးဆက်အဖြစ် လေယာဉ်ခရီးစဉ်တွေလည်း အကြီးအကျယ်ခိုက်နေပါတယ်။ ခရီးစဉ်ဖျက်တဲ့ လေကြောင်းလိုင်းတွေထဲမှာ Southwest လေကြောင်းလိုင်းက အဆိုးဆုံးဖြစ်ပြီး အင်္ဂါနေ့က လေယာဉ်ခရီး ၆၀% ကျော် ဖျက်ထားခဲ့ရပါတယ်။ လေကြောင်းလိုင်းဝန်ထမ်းတွေ တာဝန်ကျရာကို လာနိုင်အောင် စောင့်ရမယ့်အတွက် လာမယ့်ရက်ပိုင်းတွေအထိလည်း ပုံမှန်အစီအစဉ်ရဲ့ ၃ ပုံ ၁ ပုံသာ လည်ပတ်ပြေးဆွဲနိုင်မယ်လို့ Southwest ကပြောကြားထားပါတယ်။

Southwest ကခရီးစဉ်တွေဖျက်နေတဲ့ နှုန်းဟာ လုံးဝလက်မခံနိုင်လောက်အောင် အဆမတန်များပြားနေတယ်လို့ သယ်ယူပို့ဆောင်ရေးဌာနက ပြောကြားခဲ့ပြီး လေဆိပ်တွေမှာ ရက်နဲ့ချီသောင်တင်နေကြတဲ့ ခရီးသည်တွေအတွက် ပေးရမယ့် ဝန်ဆောင်တာဝန်တွေအတိုင်းပေးဖို့ ပြောကြားထားပါတယ်။

Buffalo မြို့ နှင်းရှင်းလင်းရေး ရဲလုံခြုံရေးပေး.mp3
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

=======================

[[Unicode]]






XS
SM
MD
LG