သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Burkina Faso နိုင်ငံ ပြင်သစ်သံရုံးတိုက်ခိုက်သူ အစ္စလာမ်အစွန်းရောက် ၄ ဦးသေဆုံး

Burkina Faso နိုင်ငံ Ouagadougou မြို့တော်က ပြင်သစ်သံရုံးနဲ့ ယဉ်ကျေးမှုဌာနတို့ကို ဒီကနေ့ တိုက်ခိုက်မှုမှာ အစ္စလာမ် အစွန်းရောက် ၄ ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

ကားတစင်းထဲက ထွက်လာတဲ့ သေနတ်သမား ၅ ယောက်ဟာ အနီးအနားက လမ်းသွားလမ်းလာတွေကို ပစ်ခတ်ခဲ့ပြီးနောက်၊ သံရုံးကို ဦးတည်သွားခဲ့ကြကြောင်းလည်း မျက်မြင်တွေ့သူတွေက ပြောဆိုခဲ့ကြတာပါ။

ပြင်သစ်သမ္မတ Emmanuel Macron ရဲ့ ရုံးကတော့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ပြောဆိုခဲ့သလို၊ ပြင်သစ်နိုင်ငံသားတွေ အခင်းဖြစ်ရာ နယ်မြေတဝိုက်ကို ရှောင်ရှားကြဖို့လည်း ပြင်သစ်အာဏာပိုင်တွေက တိုက်တွန်းခဲ့ကြပါတယ်။

အမေရိကန်သံရုံးကလည်း မြို့တော်အချက်အခြာနေရာကို မသွားကြဖို့ အမေရိကန်နိုင်ငံသားတွေကို သတိပေးခဲ့တာပါ။ ပြင်သစ်သံရုံးရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာတော့ ပြင်သစ်သံရုံးနဲ့ ဌာနတခု တိုက်ခိုက်ခံရကြောင်းနဲ့ အပြင်မထွက်ကြဖို့ သတိပေးခဲ့တာပါ။ တိုက်ခိုက်မှုအတွက် လတ်တလောမှာ ဘယ်သူကမှ သူတို့လက်ချက်ဖြစ်တယ်ဆိုပြီး ကြေညာတာမျိုးတော့ မရှိသေးပါဘူး။

Burkina Faso နိုင်ငံ ပြင်သစ်သံရုံးတိုက်ခိုက်သူ အစ္စလာမ်အစွန်းရောက် ၄ ဦးသေဆုံး
please wait

No media source currently available

0:00 0:00:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG