သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Burkina Faso ဟိုတယ်တိုက်ခိုက်ခံရမှု ၂၃ ဦးထက်မနည်း သေဆုံး


အကြမ်းဖက် သမားများ ထိမ်းချုပ်ထားသည့် ဟိုတယ်ကို ဇန်နဝါရီလ ၁၅ရက်က တွေ့ရစဉ်။
အကြမ်းဖက် သမားများ ထိမ်းချုပ်ထားသည့် ဟိုတယ်ကို ဇန်နဝါရီလ ၁၅ရက်က တွေ့ရစဉ်။

အာဖရိကတိုက်ထဲက Burkina Faso နိုင်ငံ မြို့တော်က အဆင့်မြင့်ဟိုတယ်တခုကို ISအစွန်းရောက်အကြမ်းဖက်သမားတွေလို့ ယူဆရတဲ့စစ်သွေးကြွတွေ ထိန်းချုပ်ထားတာ ခုတော့အဆုံးသတ်သွားပြီလို့ အစိုးရအရာရှိတွေကပြောပါတယ်။

ဒီဖြစ်ရပ်မှာ လူ၂၀ ထက်မနည်းသေဆုံးသွားခဲ့တာပါ။ ဟိုတယ်ထဲက ဓားစာခံ ၁၂၆ ယောက်ကို စနေနေ့က ကယ်တင်ပေးနိုင်ခဲ့ပြီး ဂျီဟတ်စစ်သွေးကြွ ၃ ယောက်လည်း သေဆုံးသွားခဲ့ တဲ့အပြင် ဓားစာခံ အယာက် ၃၀ လောက် ဒဏ်ရာ ရသွားတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

အနီးဝန်းကျင်က ဟိုတယ်တွေမှာ အကြမ်းဖက်သမားတွေ ပုန်းအောင်းနေခြင်း ရှိမရှိကိုလည်း လုံခြုံရေးတပ်သားတွေလိုက်လံရှာဖွေနေတယ်လို့ Burkina Faso ရဲ့ ပြည်ထဲရေးနဲ့ လုံခြုံရေးဝန်ကြီး Simon Compaore ကပြောပါတယ်။ အခင်းဖြစ်ပွါးခဲ့ရာ အနီးတဝိုက်က ဟိုတယ်တခုမှာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေဖြစ်နေခဲ့တယ်လို့လည်း ပြောဆိုမှုတွေရှိနေပါတယ်။

နိုင်ငံခြားသားတွေနဲ့ ကုလသမဂ္ဂဝန်ထမ်းတွေအလာများတဲ့ Ouagadougou မြို့ ထဲက ဟိုတယ်ကို သောကြာနေ့နှောင်းပိုင်းက သေနတ်သမားတွေ ဝင်ရောက် စီးနင်းခဲ့ပြီးတဲ့နောက်အစိုးရတပ်တွေဟာပြင်သစ်တပ်သားတွေနဲ့အတူ အကြမ်းဖက်သမားတွေကို စီးနင်းတိုက်ခိုက်ပြီး ဟိုတယ်ကို ပြန်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ သေနတ်သမားတွေက ဟိုတယ်ကိုသိမ်းပိုက်ထားပြီး ငါးနာရီလောက်အကြာမှာ အစိုးရတပ်တွေက ဝင်ရောက်စီးနင်းခဲ့တာပါ။ ဒီလုပ်ရပ်ကို စက်ဆုပ်ဖွယ် သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြင်သစ် သမ္မတ Francois Hollande ကပြောပါတယ်။ ဒါဟာ AQIM လို့ခေါ်တဲ့ ဒေသတွင်း al-Qaida တို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဂျီဟတ် စစ်သွေးကြွတွေရဲ့လုပ်ရပ်ကိုစောင့်ကြည့်နေတဲ့ SITE အဖွဲ့ကပြောပါတယ်။ ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ရှုံချတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရ John Kirby ကလည်းပြောသွားခဲ့ပါတယ်။

XS
SM
MD
LG