{Zawgyi/Unicode}
အေမရိကန္ေအာက္လႊတ္ေတာ္မွာ တင္သြင္းလိုက္တဲ့ ျမန္မာႏိုင္ငံဆိုင္ရာ ဥပေဒမူၾကမ္း The Burma Act 2021 ဟာ ျမန္မာႏိုင္ငံေရးအေပၚမွာ ဘယ္လို သက္ေရာက္မႈေတြ ရွိလာႏိုင္ပါသလဲ။ ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြ၊ လူ႔အခြင့္အေရး ကြၽမ္းက်င္သူေတြနဲ႔ ဆက္သြယ္ေမးျမန္း သတင္းေပးပို႔ထားတာကို ကိုၿငိမ္းခ်မ္းေျပာျပပါမယ္။
“Burma Unified through Rigorous Military Accountability Act of 2021” လို႔ အမည္ေပးထားတဲ့ ျမန္မာႏိုင္ငံနဲ႔ပတ္သက္တဲ့ ဥပေဒၾကမ္းတရပ္ကို အေမရိကန္ေအာက္လႊတ္ေတာ္မွာ ေအာက္တိုဘာလ ၅ ရက္ေန႔က တင္သြင္းခဲ့ပါတယ္။
ဒီဥပေဒၾကမ္းမွာ စစ္အာဏာသိမ္းမႈနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြအတြက္ တာဝန္ရွိသူေတြကို ဒဏ္ခတ္ အေရးယူဖို႔၊ ျမန္မာႏိုင္ငံကတင္ပို႔တဲ့ ေက်ာက္မ်က္ေတြ အေမရိကန္ကို တင္ပို႔ခြင့္တားျမစ္ဖို႔၊ လူသားခ်င္းစာနာတဲ့ အကူအညီေတြေပးဖို႔၊ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အသိအမွတ္ျပဳဖို႔၊ ျမန္မာႏိုင္ငံဆိုင္ရာ ညႇိႏႈိင္းေရးမႉးတဦး သတ္မွတ္ တာဝန္ေပးဖို႔နဲ႔ ကုလသမဂၢက ထိေရာက္တဲ့ အေရးယူမႈေတြလုပ္ေအာင္ အေမရိကန္က ဖိအားေပးဖို႔ စတဲ့အခ်က္ေတြ ပါဝင္တာျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုက ျမန္မာျပည္အေပၚ အရင္ခ်မွတ္ဖူးတဲ့ အေရးယူမႈေတြထက္ ပိုၿပီး ထူးျခားမႈကေတာ့ ျမန္မာႏိုင္ငံဆိုင္ရာညႇိႏႈိင္းေရးမႈးတဦးကို အေမရိကန္အစိုးရအေနနဲ႔ သတ္သတ္မွတ္ မွတ္ထားၿပီး ျမန္မာ့အေရးေဆာင္႐ြက္ဖို႔ဆိုတာနဲ႔ ႐ိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္မႈကို လူမ်ိဳးတုံးသတ္ျဖတ္မႈအျဖစ္ အစိုးရက အသိအမွတ္ျပဳဖို႔ဆိုတာေတြျဖစ္ပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံတြင္းနဲ႔ အိမ္နီးခ်င္းေတြကိုေရာက္ေနတဲ့ လိုအပ္သူေတြကို လူသားခ်င္းစာနာမႈအကူအညီေတြေထာက္ပံ့ေပးဖို႔ဆိုတာလည္း ပါဝင္ေနပါတယ္။
ဒီဥပေဒၾကမ္း အတည္ျပဳႏိုင္ရင္ ျမန္မာႏိုင္ငံေရးအေပၚ ဘယ္လို သက္ေရာက္မႈေတြ ရွိႏိုင္လဲ ဆိုတဲ့အေပၚမွာေတာ့ သီေပါၿမိဳ႕နယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း၊ ႏိုင္ငံေရးသုံးသပ္သူ ဦးရဲထြန္းက သူ႔အျမင္ကို အခုလို ေျပာပါတယ္။
“အေမရိကန္ကေတာ့ သူက အရင္ကလည္း ဒါမ်ိဳးလုပ္ဖူးတယ္ေလ။ စစ္ဗိုလ္ခ်ဳပ္ေတြကေတာ့ မဆန္းေတာ့ဘူးလို႔ ေျပာရမွာေပါ့ေနာ။ သူတို႔ အာဏာမသိမ္းခင္ကတည္းက ဒီလိုအာဏာသိမ္းလိုက္လို႔ ရွိရင္ ဘာေတြ ဘာေတြ ျဖစ္လာႏိုင္တယ္။ အေမရိကန္ကဘာေတြလုပ္မယ္ဆိုတာ သူတို႔ သိတာေပါ့။ မသိတာမွ မဟုတ္ တာ။ အခုဟာကလည္း သူက ႏွစ္ ႏွစ္ပဲ၊ ဟိုဟာျဖစ္ၿပီးေတာ့ ၂၀၀၈ အေျခခံဥပေဒအရ ျပန္ဟိုဟာျဖစ္မယ္လို႔ ေျပာထားၿပီးသား။ သူတို႔ ဒီလို အေရးယူတာေတြဘာေတြကို စိုးရိမ္တယ္ဆိုလို႔ရွိရင္ မသိမ္းဘဲ ေနမွေပါ့ အေစာကတည္းက..။ ဟုတ္တယ္မို႔လား။ ေျပာခ်င္တဲ့သေဘာက ဒီဟာေတြက သူတို႔အတြက္ေတာ့ သိပ္ၿပီးေတာ့ အတားအဆီးေတာ့ မျဖစ္ဘူး။”
ေက်ာက္မ်က္တင္သြင္းခြင့္ပိတ္တာကေတာ့ ပုဂၢလိက လုပ္ငန္းရွင္ေတြကို ထိခိုက္ႏိုင္ေၾကာင္းလည္း သုံးသပ္ပါတယ္။
ရခိုင္ျပည္နယ္ေျမပုံၿမိဳ႕နယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးေဖသန္းကေတာ့ အရင္ကလည္း အေရးယူဒဏ္ခတ္တာေတြ ရွိခဲ့ဖူးေၾကာင္း၊ ပိတ္ဆို႔ဒဏ္ခတ္မႈေတြဟာ ႏိုင္ငံကို ဆင္းရဲမြဲေတေစၿပီး ထိေရာက္မႈမရွိခဲ့ေၾကာင္း သုံးသပ္ပါတယ္။
“အရင္တုန္းကလည္းပဲ UN က ၊ အေမရိကန္က စသည္ျဖင့္ေပါ့ေနာ္။ အဆိုေတြတင္ၿပီးေတာ့ ဥပေဒေတြ ျပဌာန္းခဲ့ၾကတာေတြ ရွိတယ္။ ဒါေပမဲ့ ထိထိေရာက္ေရာက္ေတာ့ မလုပ္ႏိုင္ခဲ့ဘူး။ အဓိကကေတာ့ အာဏာေတြကို မတရားသုံးစြဲတဲ့သူေတြကို ပစ္မွတ္ထားေပမဲ့ ေနာက္ဆုံးမွာေတာ့ ႏိုင္ငံကိုပဲ ဆင္းရဲမြဲေတ ၿပီးေတာ့ အာဏာရွင္ေတြက အာဏာ ျပဳတ္ထြက္သြားတာမ်ိဳး၊ ဒီမိုကေရစီေအာင္ေအာင္ျမင္ျမင္ ထြန္းကားလာတာမ်ိဳး၊ ျပည္တြင္းစစ္ရပ္စဲသြားတာမ်ိဳး မေတြ႔ရဘူး။ ဒါေၾကာင့္ ဒီလို အေျခအေနမ်ိဳးမွာ ဒီလိုအေရးယူမႈေတြဟာ တကယ္တန္း က်ဴးလြန္တဲ့သူေတြအေပၚမွာ ထိေရာက္တဲ့ ျပစ္ဒဏ္မ်ိဳးျဖစ္ေစခ်င္တယ္။”
လက္ရွိအေျခအေနမွာ ဒီမိုကေရစီေရးလႈပ္ရွားသူေတြဘက္ကလည္း အၾကမ္းဖက္တာေတြရွိေနတာေၾကာင့္ တာဝန္ရွိတဲ့ လူပုဂၢိဳလ္၊ အဖြဲ႔အစည္းေတြကို ပစ္မွတ္ထား ေ႐ြးျခယ္အေရးယူဖို႔ လိုအပ္ေၾကာင္းလည္း ေထာက္ျပပါတယ္။
အမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ လူ႔အခြင့္အေရးဝန္ႀကီး ဦးေအာင္မ်ိဳးမင္းကေတာ့ လက္ရွိ တင္သြင္းလိုက္ တဲ့ ဥပေဒဟာ အရင္ရွိၿပီးသား အေမရိကန္အစိုးရရဲ႕ မူဝါဒကို အရွိန္ျမႇင့္လိုက္တဲ့သေဘာျဖစ္ေၾကာင္း သုံးသပ္ပါတယ္။
ဒီဥပေဒၾကမ္းဟာ စစ္အာဏာသိမ္းေခါင္းေဆာင္ေတြကိုသာမက အားေပးကူညီသူေတြကိုပါ စီးပြားေရးပိတ္ ဆို႔ဖို႔ ေဆာင္႐ြက္ေနတာျဖစ္သလိုဖိႏွိပ္ခံျပည္သူေတြနဲ႔ သူတို႔ကို ေထာက္ပံ့ေနတဲ့ အရပ္ဘက္အဖြဲ႔အစည္းေတြကို ကူညီဖို႔ ေဆာင္႐ြက္ေနတာကို ေတြ႔ရေၾကာင္းလည္း ေျပာပါတယ္။
“အဲဒီေတာ့ စစ္အာဏာသိမ္းမႈကိစၥကို ရပ္တန႔္ဖို႔ ႀကိဳးပမ္းေနသလို လက္ရွိ ဒီမိုကေရစီအင္အားစုေတြနဲ႔ ပတ္သက္ၿပီး ကူညီမႈေတြ ေပးေနတာ၊ ဒါေတြ ပါဝင္ဖို႔ လုပ္ေဆာင္ေနတဲ့အခ်က္ကေတာ့ အားေကာင္းလာတယ္။ တကယ္တန္း ဒီဥပေဒသာ ျပဌာန္းႏိုင္လို႔ ရွိရင္ေတာ့ စစ္ေကာင္စီကိုလည္း ထိုးႏွက္မႈျဖစ္သလို ဒီမိုကေရစီေရးလုပ္ေဆာင္ေနတဲ့ ျမန္မာျပည္သူေတြ ေနာက္တစ္ခါ လူသားခ်င္းစာနာမႈေတြ လိုအပ္ေနတဲ့ ျပည္သူေတြကို ထိထိေရာက္ေရာက္ ကူညီေပးႏိုင္တဲ့ လုပ္ငန္းစဥ္ေတြ ျဖစ္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။”
ေနာက္ထူးျခားခ်က္အေနနဲ႔ ႐ိုဟင္ဂ်ာေတြနဲ႔ပတ္သက္တဲ့ က်ဴးလြန္မႈေတြကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက လူမ်ိဳးတုံးသတ္ျဖတ္မႈေျမာက္ေၾကာင္း အသိအမွတ္ျပဳဖို႔ ဆိုတဲ့အခ်က္ဟာ တရားဥပေဒေၾကာင္းအရ တြန္းအားျဖစ္ေစႏိုင္ေၾကာင္းလည္း သုံးသပ္ထားပါတယ္။
၂၀၁၉ ခုႏွစ္ စက္တင္ဘာလကလည္း အေမရိကန္ ေအာက္လႊတ္ေတာ္က ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ႐ိုဟင္ဂ်ာအပါအဝင္ ကခ်င္၊ ရခိုင္နဲ႔ရွမ္းျပည္နယ္ေတြမွာ က်ဴးလြန္ခဲ့တဲ့ ရာဇဝတ္မႈေတြကို အေရးယူဖို႔ အတြက္လည္း The Burma Act 2019 ကို မဲခြဲ အတည္ျပဳခဲ့ဖူးပါတယ္။
ျမန္မာႏိုင္ငံမွာ လက္ရွိ အာဏာခ်ဳပ္ကိုင္ထားတဲ့ စစ္ေကာင္စီကေတာ့ အေမရိကန္ေအာက္လႊတ္ေတာ္က တင္သြင္းတဲ့ ဥပေဒၾကမ္းအေပၚ တစုံတရာ တုံ႔ျပန္တာမရွိေသးပါဘူး။ ဒီဥပေဒၾကမ္းမွာပါဝင္တဲ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကိုလည္း အခုခ်ိန္ထိေတာ့ ျမန္မာစစ္အာဏာပိုင္ေတြကတရားဝင္ အသိအမွတ္ျပဳ သုံးစြဲတာ မရွိပါဘူး။
=======
{Unicode}
မြန်မာနိုင်ငံဆိုင်ရာ ကန်-ဥပဒေကြမ်းအပေါ် တုံ့ပြန်မှုများ
အမေရိကန်အောက်လွှတ်တော်မှာ တင်သွင်းလိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥပဒေမူကြမ်း The Burma Act 2021 ဟာ မြန်မာနိုင်ငံရေးအပေါ်မှာ ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ၊ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေနဲ့ ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းပြောပြပါမယ်။
“Burma Unified through Rigorous Military Accountability Act of 2021” လို့ အမည်ပေးထားတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဥပဒေကြမ်းတရပ်ကို အမေရိကန်အောက်လွှတ်တော်မှာ အောက်တိုဘာလ ၅ ရက်နေ့က တင်သွင်းခဲ့ပါတယ်။
ဒီဥပဒေကြမ်းမှာ စစ်အာဏာသိမ်းမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို ဒဏ်ခတ် အရေးယူဖို့၊ မြန်မာနိုင်ငံကတင်ပို့တဲ့ ကျောက်မျက်တွေ အမေရိကန်ကို တင်ပို့ခွင့်တားမြစ်ဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့၊ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အသိအမှတ်ပြုဖို့၊ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူးတဦး သတ်မှတ် တာဝန်ပေးဖို့နဲ့ ကုလသမဂ္ဂက ထိရောက်တဲ့ အရေးယူမှုတွေလုပ်အောင် အမေရိကန်က ဖိအားပေးဖို့ စတဲ့အချက်တွေ ပါဝင်တာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက မြန်မာပြည်အပေါ် အရင်ချမှတ်ဖူးတဲ့ အရေးယူမှုတွေထက် ပိုပြီး ထူးခြားမှုကတော့ မြန်မာနိုင်ငံဆိုင်ရာညှိနှိုင်းရေးမှုးတဦးကို အမေရိကန်အစိုးရအနေနဲ့ သတ်သတ်မှတ် မှတ်ထားပြီး မြန်မာ့အရေးဆောင်ရွက်ဖို့ဆိုတာနဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အစိုးရက အသိအမှတ်ပြုဖို့ဆိုတာတွေဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်းနဲ့ အိမ်နီးချင်းတွေကိုရောက်နေတဲ့ လိုအပ်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေထောက်ပံ့ပေးဖို့ဆိုတာလည်း ပါဝင်နေပါတယ်။
ဒီဥပဒေကြမ်း အတည်ပြုနိုင်ရင် မြန်မာနိုင်ငံရေးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်လဲ ဆိုတဲ့အပေါ်မှာတော့ သီပေါမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ နိုင်ငံရေးသုံးသပ်သူ ဦးရဲထွန်းက သူ့အမြင်ကို အခုလို ပြောပါတယ်။
“အမေရိကန်ကတော့ သူက အရင်ကလည်း ဒါမျိုးလုပ်ဖူးတယ်လေ။ စစ်ဗိုလ်ချုပ်တွေကတော့ မဆန်းတော့ဘူးလို့ ပြောရမှာပေါ့နော။ သူတို့ အာဏာမသိမ်းခင်ကတည်းက ဒီလိုအာဏာသိမ်းလိုက်လို့ ရှိရင် ဘာတွေ ဘာတွေ ဖြစ်လာနိုင်တယ်။ အမေရိကန်ကဘာတွေလုပ်မယ်ဆိုတာ သူတို့ သိတာပေါ့။ မသိတာမှ မဟုတ် တာ။ အခုဟာကလည်း သူက နှစ် နှစ်ပဲ၊ ဟိုဟာဖြစ်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေအရ ပြန်ဟိုဟာဖြစ်မယ်လို့ ပြောထားပြီးသား။ သူတို့ ဒီလို အရေးယူတာတွေဘာတွေကို စိုးရိမ်တယ်ဆိုလို့ရှိရင် မသိမ်းဘဲ နေမှပေါ့ အစောကတည်းက..။ ဟုတ်တယ်မို့လား။ ပြောချင်တဲ့သဘောက ဒီဟာတွေက သူတို့အတွက်တော့ သိပ်ပြီးတော့ အတားအဆီးတော့ မဖြစ်ဘူး။”
ကျောက်မျက်တင်သွင်းခွင့်ပိတ်တာကတော့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ထိခိုက်နိုင်ကြောင်းလည်း သုံးသပ်ပါတယ်။
ရခိုင်ပြည်နယ်မြေပုံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ အရင်ကလည်း အရေးယူဒဏ်ခတ်တာတွေ ရှိခဲ့ဖူးကြောင်း၊ ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ နိုင်ငံကို ဆင်းရဲမွဲတေစေပြီး ထိရောက်မှုမရှိခဲ့ကြောင်း သုံးသပ်ပါတယ်။
“အရင်တုန်းကလည်းပဲ UN က ၊ အမေရိကန်က စသည်ဖြင့်ပေါ့နော်။ အဆိုတွေတင်ပြီးတော့ ဥပဒေတွေ ပြဌာန်းခဲ့ကြတာတွေ ရှိတယ်။ ဒါပေမဲ့ ထိထိရောက်ရောက်တော့ မလုပ်နိုင်ခဲ့ဘူး။ အဓိကကတော့ အာဏာတွေကို မတရားသုံးစွဲတဲ့သူတွေကို ပစ်မှတ်ထားပေမဲ့ နောက်ဆုံးမှာတော့ နိုင်ငံကိုပဲ ဆင်းရဲမွဲတေ ပြီးတော့ အာဏာရှင်တွေက အာဏာ ပြုတ်ထွက်သွားတာမျိုး၊ ဒီမိုကရေစီအောင်အောင်မြင်မြင် ထွန်းကားလာတာမျိုး၊ ပြည်တွင်းစစ်ရပ်စဲသွားတာမျိုး မတွေ့ရဘူး။ ဒါကြောင့် ဒီလို အခြေအနေမျိုးမှာ ဒီလိုအရေးယူမှုတွေဟာ တကယ်တန်း ကျူးလွန်တဲ့သူတွေအပေါ်မှာ ထိရောက်တဲ့ ပြစ်ဒဏ်မျိုးဖြစ်စေချင်တယ်။”
လက်ရှိအခြေအနေမှာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေဘက်ကလည်း အကြမ်းဖက်တာတွေရှိနေတာကြောင့် တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ပစ်မှတ်ထား ရွေးခြယ်အရေးယူဖို့ လိုအပ်ကြောင်းလည်း ထောက်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ လက်ရှိ တင်သွင်းလိုက် တဲ့ ဥပဒေဟာ အရင်ရှိပြီးသား အမေရိကန်အစိုးရရဲ့ မူဝါဒကို အရှိန်မြှင့်လိုက်တဲ့သဘောဖြစ်ကြောင်း သုံးသပ်ပါတယ်။
ဒီဥပဒေကြမ်းဟာ စစ်အာဏာသိမ်းခေါင်းဆောင်တွေကိုသာမက အားပေးကူညီသူတွေကိုပါ စီးပွားရေးပိတ် ဆို့ဖို့ ဆောင်ရွက်နေတာဖြစ်သလိုဖိနှိပ်ခံပြည်သူတွေနဲ့ သူတို့ကို ထောက်ပံ့နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ကူညီဖို့ ဆောင်ရွက်နေတာကို တွေ့ရကြောင်းလည်း ပြောပါတယ်။
“အဲဒီတော့ စစ်အာဏာသိမ်းမှုကိစ္စကို ရပ်တန့်ဖို့ ကြိုးပမ်းနေသလို လက်ရှိ ဒီမိုကရေစီအင်အားစုတွေနဲ့ ပတ်သက်ပြီး ကူညီမှုတွေ ပေးနေတာ၊ ဒါတွေ ပါဝင်ဖို့ လုပ်ဆောင်နေတဲ့အချက်ကတော့ အားကောင်းလာတယ်။ တကယ်တန်း ဒီဥပဒေသာ ပြဌာန်းနိုင်လို့ ရှိရင်တော့ စစ်ကောင်စီကိုလည်း ထိုးနှက်မှုဖြစ်သလို ဒီမိုကရေစီရေးလုပ်ဆောင်နေတဲ့ မြန်မာပြည်သူတွေ နောက်တစ်ခါ လူသားချင်းစာနာမှုတွေ လိုအပ်နေတဲ့ ပြည်သူတွေကို ထိထိရောက်ရောက် ကူညီပေးနိုင်တဲ့ လုပ်ငန်းစဉ်တွေ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။”
နောက်ထူးခြားချက်အနေနဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်တဲ့ ကျူးလွန်မှုတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း အသိအမှတ်ပြုဖို့ ဆိုတဲ့အချက်ဟာ တရားဥပဒေကြောင်းအရ တွန်းအားဖြစ်စေနိုင်ကြောင်းလည်း သုံးသပ်ထားပါတယ်။
၂၀၁၉ ခုနှစ် စက်တင်ဘာလကလည်း အမေရိကန် အောက်လွှတ်တော်က ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာအပါအဝင် ကချင်၊ ရခိုင်နဲ့ရှမ်းပြည်နယ်တွေမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့ အတွက်လည်း The Burma Act 2019 ကို မဲခွဲ အတည်ပြုခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ အာဏာချုပ်ကိုင်ထားတဲ့ စစ်ကောင်စီကတော့ အမေရိကန်အောက်လွှတ်တော်က တင်သွင်းတဲ့ ဥပဒေကြမ်းအပေါ် တစုံတရာ တုံ့ပြန်တာမရှိသေးပါဘူး။ ဒီဥပဒေကြမ်းမှာပါဝင်တဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလည်း အခုချိန်ထိတော့ မြန်မာစစ်အာဏာပိုင်တွေကတရားဝင် အသိအမှတ်ပြု သုံးစွဲတာ မရှိပါဘူး။
#TheBurmaAct2021 #USBurma #USMyanmar #VOABurmese
#ရိုဟင်ဂျာ#အမေရိကန်လွှတ်တော်#စစ်ကောင်စီ#စီးပွါးရေးပိတ်ဆို့#ဦးအောင်မျိုးမင်း