သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာသံခွဲထွက်ရေးခေါင်းဆောင် မြန်မာပြည်မှာဖမ်းမိ

အာသံခွဲထွက်ရေးခေါင်းဆောင် မြန်မာပြည်မှာဖမ်းမိ
အာသံခွဲထွက်ရေးခေါင်းဆောင် မြန်မာပြည်မှာဖမ်းမိ

အာသံ လွတ်မြောက်ရေး တပ်ပေါင်းစုလို့ အဓိပ္ပါယ်ရရှိတဲ့ United Liberation Front of Asom (ULFA) အဖွဲ့ရဲ့ ထိပ်တန်း ခေါင်းဆောင်တစ်ယောက်ကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ဒုတိယ ဗိုလ်မှူးကြီး မိုရန်ဟာ ULFA အဖွဲ့ထဲက သဘောထား တင်းမာတဲ့ အုပ်စုမှာ ဒုတိယ ခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။

သူ့ကို အိန္ဒိယ သတင်းစာဆရာ တစ်ဦးနဲ့အတူ ဖမ်းဆီးမိလိုက်တာ ဖြစ်ပါတယ်။ သူတို့ ၂ ယောက်ကို ဖမ်းဆီးပြီးတဲ့နောက် မြန်မာ အာဏာပိုင်တွေက အိန္ဒိယအစိုးရကို အကြောင်းကြားခဲ့တာပါ။

အိန္ဒိယ သတင်းစာဆရာကတော့ Guwahati အခြေစိုက် သတင်းစာတစ်စောင်က ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာ ခိုအောင်းနေတဲ့ ULFA ခေါင်းဆောင် Paresh Barua ကို အင်တာဗျူးဖို့ သွားရောက်ခဲ့တာ ဖြစ်ပုံရတယ်လို့ သတင်းတွေက ဆိုပါတယ်။ သတင်းစာဆရာရဲ့ အင်တာနက် စာမျက်နှာမှာ အဲဒီလို အင်တာဗျူးလုပ်ဖို့ အစီအစဉ်ရှိကြောင်း ဖော်ပြထားတယ်လို့ Indo Asian Service သတင်းဌာနက ဆိုပါတယ်။

This item is part of
XS
SM
MD
LG