သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး တောင်းဆို


မြန်မာနိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုမြအေးအပါအ၀င် တခြား နိုင်ငံရေးအကျဉ်းသား ၂,၁၀၀ ကျော် လွတ်မြောက်ရေးအတွက် Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ လှုပ်ရှား တောင်းဆိုမှုကို သူ့အနေနဲ့ ထောက်ခံကြောင်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး William Hague က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပေါ်ထွန်းလာဖို့ တိုက်ပွဲဝင်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမြအေးဟာ ထောင်ဒဏ် ၆၅ ကျခံနေရတာပါ။ ကိုမြအေးဟာ အကျဉ်းထောင်အတွင်းမှာ ညှဉ်းပမ်း နှိပ်စက်ခံနေရပြီး ကျန်းမာရေးလည်း မကောင်းဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ကိုမြအေးအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို စစ်အစိုးရက ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားတာဟာ အင်မတန် စိတ်မချမ်းမြေ့စရာ ကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး William Hague က ပြောပါတယ်။

စစ်အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ ချက်ခြင်း ပြန်လွှတ်ပေးဖို့နဲ့ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးကို လေးစား လိုက်နာဖို့ တောင်းဆိုလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းအများစုရဲ့ ကျန်းမာရေးဟာ စိုးရိမ်ရတဲ့ အနေအထားမှာရှိနေပြီး သူတို့ အများစုဟာလည်း နှစ်ရှည် ထောင်ဒဏ် ကျခံနေရသူတွေ ဖြစ်တယ်လို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဓနသဟာယရုံးတို့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG