သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘတ်ဂျက်နဲ့ အထူးရန်ပုံငွေ ဥပဒေအင်္ဂါရပ်နဲ့မညီ


Seorang musisi memainkan musik secara eksklusif dengan instrumen sayuran (wortel dan mentimun) sebelum konser untuk peringatan 100 tahun pasar San Miguel di kota Madrid, Spanyol.
Seorang musisi memainkan musik secara eksklusif dengan instrumen sayuran (wortel dan mentimun) sebelum konser untuk peringatan 100 tahun pasar San Miguel di kota Madrid, Spanyol.

၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အစိုးရအသုံးစရိတ်တွေထဲမှာ နိုင်ငံဖွံ့ဖြိူးတိုးတက်ရေးထက်ကို ကာကွယ်ရေး အသုံးစရိတ်တွေ ပိုများနေတဲ့အပေါ် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ဝေဖန်လိုက်ပါတယ်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ဘဏ္ဍာငွေသုံးစွဲတာနဲ့ပတ်သက်ပြီးတော့ ပြဌာန်းချက်ဟာလည်း ဥပဒေနဲ့မညီဘူးလို့လည်း ထောက်ပြလိုက်ပါတယ်။ အပြည့်စုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

နိုင်ငံတော်ပြန်တမ်းမှာ ထုတ်ပြန်လိုက်တဲ့ ဘဏ္ဍာငွေရသုံးဆိုင်ရာဥပဒေမှာ နိုင်ငံရဲ့ဖွံ့ဖြိူးရေးတွေဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာရေးအသုံးစာရိတ်တွေထက် တပ်မတော်နဲ့ ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်တွေ များနေတဲ့အပေါ် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ စာထုတ်ပြန်ဝေဖန်လိုက်တာပါ။ ဒါ့အပြင် နိုင်ငံတော်လုံခြုံရေးအတွက် လိုအပ်တဲ့ အသုံးစရိတ်ဆိုင်ရာ အထူးဥပဒေနဲ့ ပတ်သက်လို့လည်း NLD က ထောက်ပြခဲ့သလို ဒီသုံးစွဲမှုတွေအပေါ် ပြည်သူလူထုက သိခွင့်မရှိတာ၊ လွတ်တော်တွင်းဆွေးနွေးခွင့်တွေ မရှိတဲ့အပေါ်ကို အဓိက ထောက်ပြခဲ့တယ်လို့ NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းကပြောပါတယ်။

“တပ်မတော်ရေးရာနဲ့ ကာကွယ်ရေးအသုံးစာရိတ်ကို ယာထားတဲ့ငွေတွေက လွန်မင်းစွာ များပြားနေတယ်လို့ ကျနော်တို့တွေ့ရတာကိုပြောတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေး၊ ကျန်းမာရေးအတွက် ဘဏ္ဍာငွေခွဲဝေယာထားတဲ့ ပမာဏဟာ အလွန်နည်းပါးကြောင်း မြင်သာတဲ့အချက်ဖြစ်ကြောင်း ကျနော်တို့ ဖော်ပြတယ်။ နောက်တခုက နိုင်ငံတော်အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သော အသုံးစာရိတ်ဆိုင်ရာ အထူးရန်ပုံငွေဥပဒေ မြန်မာနိုင်ငံပြန်တမ်းမှာ ပါပါတယ်။ နှစ်စဉ်လိုအပ်တဲ့ ငွေကြေးပမာဏကို သမ္မတရဲ့ သဘောတူညီချက်နဲ့ ဖြည့်ဆည်းရမယ်၊ အဲဒီလိုပြောပါတယ်။ နောက်ပြီးတော့ ဒီဖြည့်ဆည်းရမယ့်ဘဏ္ဍာငွေကို သုံးတာကလည်း ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ်ကပဲ သုံးမယ်။ အဲဒီတော့ ကာကွယ်ရေးဦးစီးချုပ်ကသုံးတဲ့ငွေနဲ့ ပတ်သက်ပြီးတော့ ဘယ်သူကမှ မေးမြန်းခြင်း၊ တင်ပြစေခြင်း၊ စာရင်းစစ်ခြင်း ဒါတွေမလုပ်ရဘူး မလိုဘူးလို့ ပြဌာန်းထားတယ်။ အဲဒီတော့ အဲဒီပြဌာန်းချက်နဲ့ ပတ်သက်ပြီးတော့ ပြည်သူ့ဘဏ္ဍာငွေကို သုံးစွဲခြင်းနဲ့ ပတ်သက်ပြီးတော့ ပြည်သူများက စစ်ဆေးမေးမြန်းခွင့် မရှိဘူးလို့ ပိတ်ပင်ထားတာက ကျနော်တို့ ဒီဥပဒေဟာ ဥပဒေအင်္ဂါရပ်နဲ့ မကိုက်ညီဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။”

ဥပဒေအင်္ဂါရပ်နဲ့ညီဖို့အတွက်လိုအပ်တဲ့ အချက်အလက်တွေနဲ့ပတ်သက်လို့ ဦးဉာဏ်ဝင်း ထောက်ပြတာက -

“ဥပဒေအင်္ဂါရပ်နဲ့ညီဖို့ဆိုရင် ဥပဒေမှာပါတဲ့ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေက တာဝန်ခံမှုရှိရမယ်။ တာဝန်ယူမှုရှိရမယ်။ မြင်သာထင်သာရှိရမယ်။ ဒီအချက်တွေ မပါလို့ရှိရင် ဥပဒေအင်္ဂါရပ်နဲ့မညီပါဘူး။”

NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ CRPP အဖွဲ့ကလည်း NLD ပါတီက ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ဘဏ္ဍာရေးအသုံးစရိတ် ဝေဖန်ချက်အပေါ်မှာ ပူးတွဲပါဝင်ပြီး ဝေဖန်ထောက်ပြခဲ့ပါတယ်။ ဒီကနေ့ CRPP အဖွဲကပြုလုပ်ခဲ့တဲ့ အစည်းဝေးမှာ နိုင်ငံတော်အသုံးစရိတ်ပေါ် NLD ရဲ့ဝေဖန်မှုကို ထောက်ခံတာအပြင် အရှေ့အလယ်ပိုင်းဒေသတွေမှာ ဖြစ်နေတဲ့ အာဏာရှင်တော်လှန်ရေး လူထုဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံထဲမှာရှိတဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်သုံးသပ်ခဲ့ကြတယ်လို့ CRPP အဖွဲ့က အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။

“လစ်ဗျားအရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့က ကြိုဆိုတဲ့အကြောင်း၊ ပြီးတော့ လစ်ဗျားမှာ လက်ရှိအစိုးရက ဆန္ဒပြနေတဲ့ပြည်သူတွေကို ပစ်ခတ်တာတွေ၊ ဗုံးကျဲတိုက်ခိုက်တာတွေ ဒါတွေနဲ့ပတ်သက်လို့ အလွန်ပဲ စိုးရိမ်တဲ့အကြောင်း။ ပြီးတော့ နောက်ဆက်တွဲဖြစ်လာမယ့် အရေးတွေကိုလည်း ကျနော်တို့က စောင့်ကြည့်သွားမယ်။ ဒါကို အထူးစိုးရိမ်တဲ့အကြောင်းတွေကိုလည်း ဆွေးနွေးကြပါတယ်။ ၈.၈.၈၈ အရေးအခင်းမှာရော၊ သံဃာ့အရေးအခင်းမှာရော ပစ်ခတ်တာတွေ သွေးမြေကျရတာတွေ၊ အသက်ပေါင်းများစွာ ဆုံးရှုံးတာတွေ ဒီလိုပြည်သူတွေအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ မဖြေရှင်းတာတွေကို လစ်ဗျားအရေးအခင်းတွေနဲ့ ဆက်စပ်ပြီးတော့ ဆွေးနွေးကြပါတယ်။”

ဒီလိုအခြေအနေတွေအပြင် မြန်မာနိုင်ငံမှာ အရေးတကြီးကြုံနေရတဲ့ သစ်တောပြုန်းတီးမှု၊ သဘာဝပတ်ဝင်းကျင် ပျက်စီးမှုကိစ္စတွေအပေါ်မှာလည်း အထူး ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

“သစ်လုံးတင်တဲ့ကားတွေ တရုတ်ပြည်ဘက်ကို ဘယ်နှစ်စီးလောက်ထွက်တယ်။ ဒါတွေနဲ့ပတ်သက်လို့ သစ်တောတွေရဲ့ ပြုန်းတီးမှုတွေ၊ အဲဒါတွေရဲ့ အကျိုးဆက်အနေနဲ့ မြစ်ရေလျှံမှုတွေ၊ တောင်ပြိုမှုတွေ ဒါတွေကိုဆွေးနွေးပါတယ်။ သစ်တောတွေပြုန်းတဲ့အတွက်ကြောင့် နောက်ဆက်တွဲ ဧရာဝတီမြစ်ကြောင်း တလျှောက်မှာ ဖြစ်ပေါ်လာမယ့် သဘာဝပတ်ဝန်းကျင်၊ မြစ်ကြောင်းတလျှောက်မှာရှိနေတဲ့ ပြည်သူတွေရဲ့ ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်းတွေမှာ ထိခိုက်မယ့်အကြောင်းတွေ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်အထိ ထိခိုက်လာမယ့် ထိခိုက်နေတဲ့အကြောင်းအရာတွေကိုလည်း ဆွေးနွေးတယ်။”

CRPP အဖွဲ့က အတွင်းရေးမှူး ဦးအေးသာအောင် ပြောပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ သစ်တောပြုန်းတီးမှုတွေ၊ သဘာဝပတ်ဝင်းကျင် ပျက်စီးမှုတွေအပေါ်မှာ CRPP အဖွဲ့က အချက်အလက်တွေ ပိုမိုစုဆောင်းပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဝေဖန်ထောက်ပြဖို့ စီစဉ်ထားတဲ့အပြင် ပြဿနာတွေ ရပ်တန့်သွားအောင် နိုင်ငံအတွင်းမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြန်လည်ထူထောင်ရေးကိစ္စတွေကို လုပ်နိုင်အောင် နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း အကြံပြုတင်ပြသွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

XS
SM
MD
LG