သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ ဧပြီလ ၁ ရက်နေ့


ကြားဖြတ်ရွေးကောက်ပွဲ ဧပြီလ ၁ ရက်နေ့
ကြားဖြတ်ရွေးကောက်ပွဲ ဧပြီလ ၁ ရက်နေ့

မြန်မာနိုင်ငံမှာ လွှတ်တော်ကြားဖြတ် ရွေးကောက်ပွဲတွေကို ရှေ့လာမယ့်နှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပသွားမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ရွေးကောက်ပွဲတွေ ကျင်းပအပြီး ပေါ်ပေါက်လာတဲ့ လွှတ်တော်တွင်းမှာ လစ်လပ်နေတဲ့ နေရာ ၄၈ နေရာအတွက် အစိုးရက ကြားဖြတ် ရွေးကောက်ပွဲတွေ ပြန်လည် ကျင်းပသွားမှာပါ။

မြန်မာအစိုးရရဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီ အခြေခံတွေ ကင်းမဲ့တယ်ဆိုပြီး ပါဝင်ခြင်းမရှိခဲ့တဲ့ အဓိက နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကတော့ အစိုးရသစ် တက်လာပြီးနောက် အပြောင်းအလဲတွေနဲ့အတူ လွှတ်တော် နိုင်ငံရေး လုပ်ငန်းတွေမှာ ပြန်လည် ပါဝင်ဖို့ ဆုံးဖြတ်ကြောင်း ကြေညာထားတာ ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံရေး ပါတီအဖြစ် ဒီလထဲမှာပဲ ရွေးကောက်ပွဲ ကော်မရှင်ထံမှာ ကိုယ်စားလှယ် ၂၀ ကျော်နဲ့ မှတ်ပုံတင်လျှောက်ထားပြီး ကြားဖြတ် ရွေးကောက်ပွဲမှာလည်း ပါဝင်မယ်လို့ ပြောဆိုထားတာပါ။

မှတ်ပုံတင် ခွင့်ပြုချက်ကိုတော့ ကော်မရှင်က အခုအချိန် အထိတော့ တရားဝင် လက်ခံမထားသေးပါဘူး။ မှတ်ပုံတင်ရာမှာ အဓိကခေါင်းဆောင် တစ်ဦးအနေနဲ့ အမည်စာရင်း ထည့်သွင်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ ကြားဖြတ် ရွေးကောက်ပွဲတွေမှာ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နယ်မြေကနေ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ဆန္ဒရှိကြောင်း ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိုသူတွေ အနေနဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကနေ ၃၁ ရက်နေ့အတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံမှာ မှတ်ပုံတင်ကြရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG