သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ဖြစ်ပေါ်တိုးတက်မှု တရုတ် ချီးကျူး


မြန်မာနိုင်ငံ ဖြစ်ပေါ်တိုးတက်မှု တရုတ် ချီးကျူး
မြန်မာနိုင်ငံ ဖြစ်ပေါ်တိုးတက်မှု တရုတ် ချီးကျူး

မြန်မာနိုင်ငံက သူ့နိုင်ငံအခြေအနေအရ ရွေးချယ်တဲ့လမ်းကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လေးစားသင့်တယ်လို့ ARF အာဆီယံ ဒေသတွင်း လုံခြုံရေးအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီ (Yang Jiechi) က ပြောကြားခဲ့ပါတယ်။

လွှတ်တော်ကရွေးချယ်တဲ့ အစိုးရသစ်နဲ့ အရပ်သားအစိုးရအသွင်ကို ငြိမ်းငြိမ်းချမ်းချမ်း ကူးပြောင်းခဲ့တာဟာ ထူးခြားပြီး ဒီတိုးတက်မှုအပေါ်မှာ တရုတ်နိုင်ငံက ကြိုဆိုတယ်လို့လဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ ဖွံဖြိုးတိုးတက်ရေး အတွက် အာဆီယံအဖွဲ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ပါ တရုတ်နိုင်ငံက လက်တွဲလုပ်သွားဖို့ အသင့်ပဲလို့လဲ ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အာဆီယံက အပြုသဘောဆောင်ရွက်နေတဲ့အပေါ်မှာလဲ တရုတ် နိုင်ငံက ထောက်ခံတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီက တနင်္ဂနွေနေ့က ပြီးဆုံးသွားတဲ့ အာဆီယံဒေသတွင်း လုံခြုံရေးအစည်းအဝေးမှာ ပြောကြားသွားတာဖြစ်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယားအပြင် တောင်အာရှနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေပါ တက်ရောက်ကြတဲ့ ARF ဆွေးနွေးပွဲမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) စနေနေ့က မိန့်ခွန်းပြောကြားခဲ့တာမှာတော့ မြန်မာအစိုးရသစ်အနေနဲ့ နိုင်ငံတကာက လိုလားနေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဖြစ်ဖို့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုတွေကို လုပ်ပြရမယ်လို့ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG