သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-တရုတ်ကုန်သွယ်ရေး လက်ရှိနဲ့ အနာဂတ်အလားအလာ

A Portuguese fighter jet, left, and a Canadian fighter jet participating in NATO's Baltic Air Policing Mission operate in Lithuanian airspace. NATO, which has 16 fighter jets in the region monitoring Baltic airspace, said it regularly launches jets to identify "unknown or potentially hostile aircraft" in the proximity of national airspace.

မြန်မာနိုင်ငံဟာ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံလည်းဖြစ်၊ စီးပွားရေးအရ ဒုတိယအင်အားအကြီးဆုံး နိုင်ငံလည်းဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်ပြီး အိမ်နီးချင်းနိုင်ငံဖြစ်နေတာကြောင့် စီးပွားရေးအရ ကူးလူးဆက်ဆံမှု အများ အပြားရှိနေမယ်ဆိုတာက သံသယဖြစ်စရာမရှိပါဘူး။

လူဦးရေ သန်းပေါင်း ၁,၃၅၀ ကျော်ရှိတာကြောင့် ဒီလူတွေအားလုံးအတွက် စားနပ်ရိက္ခာ အလုံအလောက်ရဖို့ကိစ္စက တကယ့် စိန်ခေါ်မှုကြီးတစ်ခုပါ။ ဒါကြောင့်လည်း အိမ်နီးချင်း မြန်မာနိုင်ငံကထွက်သမျှ စားနပ်ရိက္ခာ အမျိုးအစားပေါင်းစုံကို တရုတ်တို့က ဝယ်ယူနေတာဖြစ်ပါတယ်။

တစ်ခါ မြန်မာနိုင်ငံအနေနဲ့ကလည်း စိုက်ပျိုးရေးနိုင်ငံတစ်ခု ဖြစ်တာနဲ့အညီ စက်မှုထုတ်ကုန်ပစ္စည်း လိုအပ်ချက်က ကြီးကြီးမားမား ကိုရှိနေတာပါ။ ဒါကြောင့်လည်း တရုတ်ပြည်ကထွက်တဲ့ လျှပ်စစ်နဲ့ စက်မှုပစ္စည်း အများအပြားအတွက်ကတော့ မြန်မာနိုင်ငံဟာ အရေးပါတဲ့ ဈေးကွက်တစ်ခုလို့ပဲ ဆိုရပါလိမ့်မယ်။

ဒီကြားထဲမှာမှ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပါအဝင်ဖြစ်တဲ့ အရှေ့တောင်အာရှဒေသက နိုင်ငံအားလုံးနဲ့ ကုန်သွယ် ကူးသန်း ရောင်းဝယ်ရေးကို တိုးချဲ့လာနေပြီး သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်ရောက်ရင် တရုတ်နဲ့ အာဆီယံအကြား ကုန်သွယ်မှုကို ဒေါ်လာ ဘီလီယံ ၁,၀၀၀ ဘိုးအထိ တိုးမြှင့်သွားဖို့ အောက်တိုဘာလ ၉ ရက်နေ့က ဘရူူနိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၆ ကြိမ်မြောက် တရုတ်- အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်း သဘောတူခဲ့ကြပါတယ်။

မြန်မာနဲ့တရုတ်အကြား ကူးသန်းရောင်းဝယ်မှုဟာ တဖြည်းဖြည်းတိုးလာနေပြီး သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်မှာ ဒေါ်လာ ၁၅ ဘီလီယံအောက်မနည်း ရှိသွားနိုင်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီးရဲ့ အကြံပေးပုဂ္ဂိုလ်တစ်ဦးက ဗွီအိုအေကိုပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG