သုံးရလွယ်ကူစေသည့် Link များ

ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ ကျင်းပဆဲ


အထူးဆု ၁ အဖြစ်နဲ့ “မြန်မာပုံပြောသူများ” အဖွဲ့ကို ချီးမြှင့်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း မေရီလန်းပြည်နယ်၊ Rockville မြို့မှာ ဒေသစံတော်ချိန် စနေနေ့ညနေ ၆ နာရီကစပြီး အခု အသံလွှင့်နေတဲ့အချိန်မှာ ၂၀၁၆ ခုနှစ် ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲအခမ်းအနားကို ကျင်းပနေပါတယ်။ ဆုပေးပွဲအခမ်းအနားမှာ ရောက်ရှိနေတဲ့ ၀ိုင်းတော်သူ မဆုမွန်ကို တိုက်ရိုက် ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ကြပါပြီ။ အသံလွှင့် မပြီးခင်အထိ ဆုကြီးဖြစ်တဲ့ ၂၀၁၆ ခုနှစ် ပြည်သူ့ဂုဏ်ရည် ဆုရှင်ကို မကြေညာသေးပေမယ့် တခြား အထူးဆုတွေကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

အထူးဆု ၁ အဖြစ်နဲ့ “မြန်မာပုံပြောသူများ” အဖွဲ့ကို ချီးမြှင့်လိုက်ပါတယ်။ အထူးဆု ၂ ကိုတော့ နိုင်ငံရေးသိပ္ပံပညာရှင် “ဒေါ်ခင်မမမျိုး“ ကို ချီးမြင့်လိုက်ပါတယ်။ အထူးဆု ၃ အဖြစ်နဲ့ “ပန်းရဲ့လမ်း” အဖွဲ့ကို ချီးမြှင့်လိုက်ပါတယ်။အထူးဆု ရရှိသူတွေအနေနဲ့ အမေရိကန်ဒေါ်လာ တထောင်စီ ဂုဏ်ပြု ချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။


ပြည်သူ့ဂုဏ်ရည် အသင်းကို ၂၀၁၀ ပြည့်နှစ်ကစလို့ ပြည်ပရောက် မြန်မာ တိုင်းရင်းသား မိသားစုတွေ စုပေါင်းဖွဲ့စည်း တည်ထောင်ခဲ့ တာဖြစ်ပြီး မြန်မာပြည်တွင်း က အများအကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ လူမှုသူရဲကောင်းတွေကို နှစ်စဉ်ဂုဏ်ပြုချီးမြှင့်လာခဲ့တာဖြစ်ပါတယ်။


ပထမဆုံး ပြည်သူ့ဂုဏ်ရည်ဆုရှင်ကတော့ နာရေးကူညီမှုအသင်းဥက္ကဌ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်မှာ စာရေးဆရာမ သန်းမြင့်အောင်နဲ့ ၂၀၁၅ ခုနှစ်အတွက် ဗကသ - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ မဖြိုးဖြိုးအောင်တို့ကို ချီးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။

XS
SM
MD
LG