သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအခြေခံဥပဒေခုံရုံးအဖွဲ့ နှုတ်ထွက် ပေးဖို့ ငြင်းဆို


လွှတ်တော်အမတ်တွေဖက်က ကန့်ကွက်တင်ပြနေသလိုမျိုး သူတို့အနေနဲ့ ဥပဒေကိုချိုးဖောက်တာမျိုး မရှိတဲ့အတွက် နှုတ်ထွက်ပေးဖို့မဖြစ်နိုင်ဘူးလို့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ ဥက္ကဌ က ငြင်းပယ်လိုက်ပါတယ်။
လွှတ်တော်အမတ်တွေဖက်က ကန့်ကွက်တင်ပြနေသလိုမျိုး သူတို့အနေနဲ့ ဥပဒေကိုချိုးဖောက်တာမျိုး မရှိတဲ့အတွက် နှုတ်ထွက်ပေးဖို့မဖြစ်နိုင်ဘူးလို့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ ဥက္ကဌ က ငြင်းပယ်လိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ မမှန်မကန် ဆုံးဖြတ်မှုတွေရှိတယ် ဆိုပြီးတော့ ခုံရုံး ဥက္ကဌနဲ့ အဖွဲ့ဝင်တွေ နှုတ်ထွက်ပေးဖို့ လွှတ်တော်အမတ် (၃၀၀)က လက်မှတ်ထိုး တောင်းဆိုတာကို ခုံရုံးဥက္ကဌ ဦးသိန်းစိုးက ငြင်းပယ်လိုက်ပါတယ်။ လွှတ်တော်ကော်မတီဝင်တွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ဘူးဆိုပြီး၊ ဖွဲ့စည်းပုံ ခုံရုံးက ဆုံးဖြတ်ချက်အပေါ် လွှတ်တော်အမတ်တွေက မကျေမနပ်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ ခုံရုံးရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ မနေ့က နေပြည်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး အဖွဲ့ဝင်တွေ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ဒီအကြောင်းကို ကိုသားညွန့်ဦးက တင်ဆက် ပေးထားပါတယ်။

လွှတ်တော်အမတ်တွေဖက်က ကန့်ကွက်တင်ပြနေသလိုမျိုး သူတို့အနေနဲ့ ဥပဒေကိုချိုးဖောက်ပြီး လုပ်ဆောင်တာမျိုး မရှိတဲ့အတွက် နှုတ်ထွက်ပေးဖို့မဖြစ်နိုင်ဘူးလို့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ ဥက္ကဌ ဦးသိန်းစိုးကနေ သြဂုတ်လ ၂၀ ရက်နေ့ နေပြည်တော်မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း မှာ ပြောဆိုသွားပါတယ်။ ဖွဲ့စည်းပုံဆိုင်ရာခုံရုံး အဖွဲ့ဝင်တွေကို စွတ်စွဲအပြစ်တင်နိုင်တဲ့ အချက် ၅ ချက်ပဲ ရှိတယ်လို့ ဦးသိန်းစိုးက ပြောပါတယ်။

“ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ခုံရုံးပါ ပုဂ္ဂိုလ်တွေကို စွတ်စွဲအပြစ်တင်တဲ့ အချက်က ငါးချက်ရှိတယ်။ ဘာလဲဆိုတော့ နိုင်ငံတော်သစ္စာဖောက်ဖျက်ခြင်း။ နောက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်မူ။ အကျင့်သိက္ခာ ပျက်ယွင်းမူ။ နောက် ဥပဒေအရ ပေးအပ်ထားတဲ့ တာဝန်ကို မကျေပွန်မူ။ အဲ့ငါးချက်ပဲ ကျနော်တို့ ကျူးလွန်မူ ရှိမရှိ စဉ်းစားတယ်။”

လွှတ်တော်ကော်မတီတွေဟာ ပြည်ထောင်စုအဆင့်မဟုတ်တဲ့အကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကနေ ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာ လက်မခံပဲ၊ လွှတ်တော်အမတ် ၃၀၁ ဦးကနေ ကန့်ကွက် လက်မှတ် ထိုးခဲ့ကြပါတယ်။ ဒီအချက်ကြောင့် ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးအဖွဲ့ဝင်တွေကို နှုတ်ထွက်ပေးဖို့ လွှတ်တော် အမတ်တွေက ပြည်သူ့လွှတ်တော်ဥက္ကဌထံကို ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ ရက်စွဲနဲ့ တင်ပြတောင်းဆိုခဲ့ကြပါတယ်။

ဒါပေမယ့် လွှတ်တော်ကော်မတီတွေဟာ ပြည်ထောင်စုအဆင့်မရှိဘူးဆိုပြီးတော့ သမ္မတကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်က တင်သွင်းခဲ့တာကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ထောက်ခံ အတည်ပြု ပေးလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်မူရှိတဲ့အကြောင်း မနေ့က ခုံရုံးကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက အဓိက ဆိုလိုသွားတာ ဖြစ်ပါတယ်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို စွတ်စွဲပြစ်တင်ခြင်းနဲ့ဆက်လျဉ်းပြီးတော့ ဖွဲ့စည်းပုံပါ ပုဒ်မ ၃၀၂ ပြဌာန်းချက်နဲ့အညီ ဆောင်ရွက်ရမယ်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာ ဖော်ပြပါရှိပါတယ်။ ဒါ့အပြင် ဒီလိုမျိုး စွတ်စွဲပြစ်တင်မှုတွေကို အခြေခံဥပဒေပုဒ်မ ၇၁(ခ) အရ ပြည်သူ့လွှတ်တော် ဒါမှမဟုတ် အမျိုးသားလွှတ်တော် တရပ်ရပ်ကလည်း ဆောင်ရွက်နိုင်ပါတယ်။

စွတ်စွဲချက်ကို တင်သွင်းလိုတဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း လေးပုံတပုံကနေ လက်မှတ်ထိုးပြီး သက်ဆိုင်ရာလွှတ်တော်ကို တင်သွင်းရမှာဖြစ်ပြီး၊ အပိုဒ်ခွဲ (ဂ) အရ စွတ်စွဲချက်ကို ကိုယ်စားလှယ် စုစုပေါင်း အနည်းဆုံး ၃ ပုံ ၂ ပုံ ထောက်ခံမှ ဆက်ပြီး အရေးယူဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ခုံရုံးရဲ့ဥက္ကဌ ဦးသိန်းစိုး ကတော့ ဖွဲ့စည်းပုံဆိုင်ရာ ဆုံးဖြတ်ချက်နဲ့ပဲ ဆက်ပြီးဆောင်ရွက်သွားမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေအရပဲ ကျနော်တို့ စဉ်းစားမယ်။ ကျန်တဲ့ဟာ ကျနော် မစဉ်းစားဘူး။”

ဒီ အငြင်းပွားမှုနဲ့ ပတ်သက်လို့ပဲ နိုင်ငံတော်သမ္မတဦးသိန်းစိန်က လွှတ်တော်ကို မနေ့က သဝဏ်လွှာ ပေးပို့ရာမှာ တော့ သူ့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ ဥပဒေ အတိုင်းဆုံးဖြတ်ချက်ကို လိုက်နာရမှာဖြစ်ပြီး၊ အုပ်ချုပ်ရေး မဏ္ဍိုင်ကနေ တရားရေးမဏ္ဍိုင်ဖက်က ိုဝင်ရောက်စွတ်ဖက်လိုခြင်းမရှိဘူးလို့ တုန့်ပြန်ထားပါတယ်။ တဖက်မှာလည်း မဏ္ဍိုင်သုံးရပ် စည်းလုံးမှု မပြိုကွဲအောင်လည်း နားလည်မှုရှိရှိဆောင်ရွက်ကြဖို့ တိုက်တွန်း ထားပါတယ်။

ဒါပေမယ့်လည်း လွှတ်တော်ကိုယ်စားလှယ်တွေဘက်ကတော့ ဖွဲ့စည်းပံုံဆိုင်ရာခုံရုံး ဥက္ကဌနဲ့ အဖွဲ့ဝင်တွေ လာမယ့် သြဂုတ်လ ၂၁ ရက်နေ့အထိ မိမိအသိစိတ်နဲ့ တာဝန်ကနေ အနားမယူဘူး ဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ် လေးပုံတပုံ လက်မှတ်ထိုးပြီး၊ စွတ်စွဲပြစ်တင်မှုအဆိုကို ပြည်သူ့လွှတ်တော်ကို တင်သွင်းသွားမယ်လို့ ပြောဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG