သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စစ်အစိုးရတာဝန်


ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စစ်အစိုးရတာဝန်
ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စစ်အစိုးရတာဝန်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ဆီကို ပုဂ္ဂိုလ်ရေး စာတစောင် မကြာမီ ရက်တွေအတွင်းက ပို့ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီဂျေ ခရိုလီ (P.J. Crowley) က သောကြာနေ့က သတင်းစာ ဆရာတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားပါတယ်။ စာကို အမေရိကန် သံရုံး ယာယီ တာဝန်ခံ လယ်ရီ ဒင်းဂါး က ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တာ ဖြစ်ပါတယ်။

တချိန်ချိန်မှာတော့ မစ္စ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းခေါ်လိမ့်မယ်လို့ သူ မျှော်လင့်ကြောင်း ခရိုလီက ဆိုပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီ ဖြစ်တဲ့အတွက် သူ သင့်မယ်ထင်သလို ဆက်သွယ်နိုင်သလို သူ သင့်မယ်ထင်တဲ့ အကြံပေးသူတွေနဲ့လည်း တွေ့ဆုံနိုင်ပါတယ်။ သူ သင့်မယ်ထင်သလို ပါတီကို ပြန်လည် တည်ဆောက်နိုင်ပါတယ်လို့ မစ္စတာ ခရိုလီ က ပြောပါတယ်။

အဲဒီ အလုပ်တွေကို လုပ်ဆောင်တဲ့အခါမှာ သူမရဲ့ လုံခြုံရေးအတွက် မြန်မာအစိုးရမှာ အထူးတာဝန်ရှိတယ်လို့ အမေရိကန်က ယူဆကြောင်းလည်း သူက ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံဟာ နောက်ဆုံးတော့ ပြောင်းလဲရမှာ ဖြစ်ပြီး နိုင်ငံရေး လွတ်လပ်ခွင့်ကို ဖွင့်ပေးပြီး တိုင်းရင်းသား အုပ်စုတွေနဲ့ အဓိပ္ပါယ်ရှိရှိ တွေ့ဆုံဆွေးနွေး ရပါလိမ့်မယ်လို့ သူက ဆိုပါတယ်။ ဒါဟာ လက်ရှိ အထီးကျန်ဘဝကနေ ထွက်နိုင်မယ့် တစ်ခုတည်းသောလမ်း ဖြစ်တယ်လို့ မစ္စတာ ခရိုလီ က ပြောသွားပါတယ်။

XS
SM
MD
LG