သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံ ေရအရင္းအျမစ္ အစီအမံ


စိုက္ပ်ိဳးေရးပညာရွင္ ေဒါက္တာထြန္းဝင္း
ျမန္မာႏိုင္ငံ ေရအရင္းအျမစ္ အစီအမံ
please wait

No media source currently available

0:00 0:11:37 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံရဲ႕ စိုက္ပ်ိဳးေရးက႑ အတြက္ အဓိကလိုအပ္ေနတာက ေရအရင္းအျမစ္ အစီအမံ ျဖစ္တယ္လို႔ စိုက္ပ်ိဳးေရးပညာရွင္ ေဒါက္တာထြန္းဝင္းက ေျပာပါတယ္။. လိုအပ္တဲ့ေရကို ေတာင္သူတိုင္း လက္လွမ္းမွီႏိုင္ေအာင္ ကိုဗစ္ကာလအတြင္း ဘာေတြ လုပ္ႏိုင္ပါသလဲ။ နားဆင္ႏိုင္ပါၿပီ။

ေမး ။ ။ ဆရာေဒါက္တာထြန္းဝင္း VOA ကို ေျဖၾကားေပးတာကို အမ်ားႀကီးေက်းဇူးတင္ပါတယ္။ အခု ျမန္မာႏိုင္ငံမွာ စိုက္ပ်ိဳးေရးနဲ႔ ပတ္သက္ၿပီး ေတာ့ အခု ကိုဗစ္-၁၉ ေရာဂါေတြ ျဖစ္ေနတဲ့အခ်ိန္ၾကေတာ့ အဓိကလိုအပ္ေနတာ ဘာျဖစ္မယ္ ထင္ပါသလဲ ဆရာ။

ေျဖ ။ ။ ကိုဗစ္ကေတာ့ ႐ုတ္တရက္ ဝင္လာတာေပါ့။ ဗမာျပည္က ေနေရာင္က (၂၄) နာရီ၊ တႏွစ္ပတ္လုံး၊ (၁၂) လလုံးရတယ္။ မုတ္သုန္ေလက ေမလကေန ေအာက္တိုဘာအထိ (၅) လ အျပည့္ရတယ္။ က်ေနာ္တို႔မွာ ျမစ္ႀကီးေတြက ဧရာဝတီျမစ္ႀကီးေတြက ေျမာက္ကေန ေတာင္ကို ျဖတ္စီးေနတယ္။ ေနုာက္ၿပီးေတာ့ ဆည္ေတြေဆာက္ထားတာလဲ၊ လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၂၇) ႏွစ္ေလာက္ကတည္းက ၁၉၈၈ ေနာက္ပိုင္းကတည္းက ဆည္ေတြကို ႏိုင္ငံေတာ္ဘတ္ဂ်က္၊ အစိုးရစိုက္ပ်ိဳးေရးဘတ္ဂ်က္ (၈၀) ရာခိုင္ႏႈန္းေလာက္နဲ႔ ႏိုင္ငံတဝွမ္းမွာ (၁၅) ရာခိုင္ႏႈန္းေလာက္က ရွိေနတယ္။ ရွိေနေတာ့ ဒီအေနအထားမွာ က်ေနာ္တို႔ စိုက္ပ်ိဳးေရးမွာ ဘာလိုလဲဆိုေတာ့ က်ေနာ္တို႔က ေဖာင္းစီးရင္ ေရငတ္တဲ့ အေနအထား ျဖစ္ေနတယ္။ ဘာျဖစ္လဲဆိုေတာ့ အခု ၂၀၀၈ နာဂစ္ၿပီးတဲ့ ေနာက္ပိုင္းမွာ ရာသီဥတုက ေဖာက္ျပန္တယ္။ မိုးကို စာခ်ဳပ္နဲ႔လုပ္ထားေတာ့ မဟုတ္ေတာ့၊ သူေပးတာ ရမယ္ဆိုတာ ျဖစ္ေနတယ္။ မ်ားေသာအားျဖင့္ ျဖစ္ေနတာက ေရမ်ားရင္ စိုက္ပ်ိဳးသီးနံွပင္ေတြ ေရဖုံးတယ္။ ေရမလာ၊ မိုးမလာေတာ့ဘူးဆိုရင္ မိုးေခါင္းတယ္။ အခုဆိုရင္ပဲ မုတ္သုန္ေလက မစြတ္မပို႔ လုပ္သြားၿပီးေတာ့ ဇြန္လေလာက္မွ မိုးျပန္လာမယ္ဆိုေတာ့ သီးနံွေတြ စိုက္ပ်ိဳးခ်ိန္က ေနာက္က်သြားျပန္တယ္။ ေနာက္က်သြားေတာ့ ေနာက္ပိုင္းမွာစိုက္မယ့္ ေဆာင္းသီးနံွေတြမွာ သြားၿပီးထိခိုက္ျပန္တယ္။ ဆိုေတာ့ ဒီလိုမ်ိဳး မေသမခ်ာ၊ မေရမရာ မိုးကိုမွီၿပီးေတာ့ စိုက္ေနတာက က်ေနာ္တို႔ႏိုင္ငံရဲ႕ (၈၀) ရာခိုင္ႏႈန္း ရွိတယ္။ (၈၀) ရာခိုင္ႏႈန္း လုံးဝကို ရွိတယ္။

ဧရာဝတီတိုင္းႀကီးဆိုရင္ ျမစ္ေတြ၊ ေခ်ာင္းေတြ အျပည့္အဝ စီးေနတယ္။ ဧရာဝတီတိုင္းမွာ ဧက (၄) သန္းေလာက္ ရွိတယ္။ ဒီ (၄) သန္းေလာက္က မိုးတစ္ရာသီ စိုက္ၿပီးရင္း ေႏြမွာ ေခ်ာင္းေတြ၊ ေျမာင္းေတြ ဒီေလာက္အလွ်ံပယ္ ေပါပါရဲ႕နဲ႔ ဘာသီးနံွမွ မစိုက္ႏိုင္ဘူး။ ဧရာဝတီျမစ္ႀကီးတေလွ်ာက္ကေတာ့ ေျပာဖြယ္ရာ မရွိဘူး။ ျမစ္ေၾကာင္းတေလွ်ာက္လုံးက ေျပာဖြယ္ရာ မရွိဘူး။ ျမစ္မႀကီးတေလွ်ာက္မွာလဲ ေသာက္သုံးေရကလြဲလို႔ စိုက္ပ်ိဳးေရကို ထင္သာျမင္သာရွိေအာင္ အသုံးမခ်ႏိုင္ေသးဘူး။ ဒီလိုရာသီဥတုကလဲ ေတာ္ေတာ္ေလး ျပင္းထန္ပါတယ္။ က်ေနာ္တို႔ စေလး ကြၽန္းေခ်ာင္း၊ ေခ်ာက္၊ ေရနံေခ်ာင္း စသည္ျဖင့္ Dry Area ေတြက (၄၅) ဆိုတာေတာ့ အေတာ္မ်ားသြားၿပီ။ ေျမေအာက္ေရက ခမ္းသြားတယ္။ ျမစ္ေတြလည္း ခမ္းသြားတယ္။ ဆည္ေတြမွာလဲ ေရမရွိဘူး။ ဒီအတိုင္းပဲ မ်က္စိစုံမွိတ္ၿပီးေတာ့ အေပၚက လိုအပ္တဲ့ေရေတြကို ျဖည့္ဆည္းရမယ့္အစား အျခားလုပ္ငန္းေတြမွာပဲ က်ေနာ္တို႔က အာ႐ုံေတြမ်ားေနမယ္ဆိုရင္ေတာ့ ဒီတိုင္းျပည္က ကိုဗစ္ဝင္လာတဲ့ အေနအထားမွာ ကိုဗစ္ရဲ႕ ထိုးႏွက္မႈေၾကာင့္ အေျခအေနဆိုးထက္သာ ေတြ႕ရမယ္။

ေမး ။ ။ ကိုဗစ္ျဖစ္ေနတဲ့ ကာလမွာ ျမန္မာႏိုင္ငံရဲ႕ စိုက္ပ်ိဳးေရးအတြက္ အက်ိဳးရွိေအာင္ ဘယ္လိုလုပ္သင့္သလဲ ေျပာျပေပးပါ။

ေျဖ ။ ။ စိုက္ပ်ိဳးေရးမွာ အဓိကလိုအပ္တဲ့ အခုန က်ေနာ္ေျပာတဲ့ ေရရရွိေရး လုပ္ငန္းေတြမွာ ေရအရင္းအျမစ္ေတြကို ဘယ္လိုအသုံးခ်မလဲ။ နံပတ္ႏွစ္ကေတာ့ လက္ရွိအေနအထားမွာ လယ္သမားေတြအားလုံးက က်ေနာ္တို႔က ကြၽဲႏြားထြန္းတုံးထြန္းတံနဲ႔ပဲ သြားေနရတဲ့ အေနအထားမွာပဲ ရွိေနတယ္။ အဲဒီအေနအထားမွာ သူလိုခ်င္တဲ့အခ်ိန္မွာ ေရမရတဲ့အတြက္ ေျမယာေတြ ထြန္းယက္တဲ့ေနရာမွာ အားလုံးအဆင္မေျပဘူး။ ေနာက္ၿပီး လယ္ယာမွာ လုပ္သားေတြက မရွိသေလာက္လဲ ရွားတယ္။ ရွားတာ ဘာေၾကာင့္လဲဆိုေတာ့ အားလုံးက သူတို႔ရဲ႕ ဒီလယ္ယာလုပ္ငန္းက အက်ိဳးမေပးဘူးအတြက္။ မိဘကလဲ အက်ိဳးမေပးတဲ့အတြက္ အားလုံးလယ္သမားေတြက ေႂကြးတင္ႏြန္နစ္ပဲ - အားလုံးက သီးနံွေပၚလာခ်ိန္မွာ သူတို႔က ေႂကြးေတြဆပ္လိုက္လို႔ရွိရင္ သူတို႔ဆီမွာ ဘာမွမက်န္ေတာ့ဘူး။ ဒီမွာ မွီခိုေနတဲ့ လယ္သမားသားသမီးေတြက အားလုံးသိၾကတဲ့အတိုင္း နယ္မွာ၊ အျပင္မွာ သြားလုပ္ၾကတယ္။ ဆိုေတာ့ လယ္ယာလုပ္ငန္းကို စိတ္ဝင္စားတဲ့ လယ္ယာကိုဆက္ခံၿပီးလုပ္မယ့္ လူငယ္ေတြ မရွိေတာ့ဘူး။ လယ္ယာအလုပ္သမား ရွားပါးလာတယ္။ လယ္ယာရဲ႕ အေနအထားက လုပ္သားရွားပါးတယ္။ ရာသီဥတုက ျပင္းထန္တယ္။ ေနာက္ၿပီးေတာ့ ေဈးကြက္မရွိတဲ့အတြက္ လယ္သမားက စိတ္ဝင္စားေတာ့တဲ့ လယ္ယာလုပ္ငန္းႀကီးကို အစိုးရက ဒီအတိုင္းပဲ မ်က္ကြယ္ျပဳေနမယ္ဆိုရင္ေတာ့ တိုင္းျပည္သည္ ေရရွည္မွာ ကိုဗစ္ကလဲ ေႏွာင့္ယွက္မယ္ဆိုရင္ အေနအထားက ေတာ္ေတာ္ကို ဆိုးဝါးမယ္။ ဒါေၾကာင့္ ဒီအေနအထားကေန ႐ုန္းထြက္ဖို႔ဆိုရင္ ဒီအားလုံးကို ျပင္ဆင္ႏိုင္သည့္ နည္းလမ္းသည္ နံပတ္တစ္ ေရအရင္းအျမစ္ေတြကို ေဖာ္ထုတ္ၿပီးေတာ့ ေရအစီအမံေတြကို စိုက္ႏိုင္တဲ့ လယ္သမားေတြ စိုက္ဖို႔ အဆင္သင့္ျဖစ္ေအာင္ စီမံေပးရမယ္။ နံပတ္ႏွစ္ လက္လုပ္လယ္ယာ အင္အားမဲ့ေနတဲ့ လယ္သမားေတြကို အင္အားရွိတဲ့ လယ္သမားျဖစ္ေအာင္ စက္မႈလယ္ယာ လယ္လုပ္ကရိယာေတြ တပ္ဆင္ေပးရမယ္။ ဒါေတြက မျဖစ္မေနလုပ္ရမယ့္ ႏိုင္ငံေတာ္ရဲ႕ အဓိကလုပ္ငန္းေတြလိုပဲ က်ေနာ္ျမင္ပါတယ္။

ေမး ။ ။ ဆိုေတာ့ ပထမဦးဆုံးက ေရအရင္းအျမစ္ေတြ ေဖာ္ထုတ္ေပးရမယ္။ ဒုတိယက စက္ေတြတပ္ဆင္ေပးရမယ္။ ပထမဦးဆုံး ေရအရင္းအျမစ္ေတြ ေဖာ္ထုတ္တာေလးနဲ႔ ပတ္သက္ၿပီးေတာ့ ဗမာျပည္မွာ ဗမာျပည္ရဲ႕ အေနအထားကလဲ ထူးျခားပါတယ္။ ေတာင္တန္းေတြ၊ ေျမျပန႔္ေတြနဲ႔ ေအာက္ကလဲ ပင္လယ္နဲ႔ျမစ္ေခ်ာင္းေတြနဲ႔ဆိုေတာ့ ဒီလိုထူးျခားတဲ့ ႏိုင္ငံမွာ စိုက္ပ်ိဳးေရးကလဲ တေနရာနဲ႔ တေနရာ မတူပါဘူး။ ဆိုေတာ့ ေရအရင္းအျမစ္ကို ဘယ္ေဒသမွာ ဘယ္လိုလုပ္ရမလဲဆိုတာေလးကို ဆရာနည္းနည္း အႀကံေပးပါ။

ေျဖ ။ ။ ေရအရင္းအျမစ္ေပါတာေလာက္ ဗမာျပည္မွာ မရွိဘူး။ ဒါေပမဲ့ အသုံးမခ်ဘူး။ အသုံးမခ်ဘူးဆိုတာက နံပတ္တစ္ အခု ေမလက စ႐ြာမယ့္ ေအာက္တိုဘာလအထိ မိုးသည္ အလြန္ကို (၇၀ - ၈၀) ႐ြာတဲ့အခါမွာ သဲႀကီးမဲႀကီး ႐ြာတယ္။ ႐ြာသမွ်အားလုံး ေခ်ာင္းေတြ၊ ေျမာင္းေတြ၊ ျမစ္ေတြထဲ ဆင္းၿပီးေတာ့ ဧရာဝတီကေန ေမွ်ာသြားတာပဲ ရွိတယ္။ ဒီေရေတြအားလုံးကို ေရမရွိတဲ့အခါမွာ ဘယ္လိုေလွာင္မလဲဆိုတဲ့ အစီအမံ။ ေရေလွာင္တမံေတြ ရွိေနရဲ႕နဲ႔ ဒါကို ဆရာ ဘာျဖစ္လို႔ေျပာသလဲ။ ေရေလွာင္တမံေတြက ဒီေန႔အေနအထားက ေရေလွာင္တမံေတြသည္ လြန္ခဲ့သည့္ ႏွစ္ေပါင္း (၃၀) ေလာက္က ေဆာက္ခဲ့တယ္ဆိုေတာ့ ေကာကုန္ၿပီ။ ေရေလွာင္တမံေတြရဲ႕ အရင္းအျမစ္ကို လုပ္ထားတဲ့ သစ္ေတာေတြသည္ ျပဳန္းကုန္ၿပီ။ အဲဒါေၾကာင့္ ယေန႔ ေရေလွာင္တမံေတြသည္ အခု ေႏြရာသီစိုက္မယ္ဆိုရင္ ေရမရွိေတာ့ဘူး။ ဥပမာအားျဖင့္ သဖန္ဆိပ္ဆည္ႀကီးသည္ ဧက (၅) သိန္းကို ရည္႐ြယ္ၿပီးေတာ့ ေငြကုန္ေၾကးက်နဲ႔ ေဆာက္ခဲ့တဲ့ ကမာၻမွာ အႀကီးဆုံးဆည္ႀကီး ျဖစ္တယ္။ ဒီႏွစ္ဆိုရင္ ဧက (၁) သိန္းေတာင္မွ စပါးမစိုက္ႏိုင္ေတာ့ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဆည္ႀကီးေကာသြားၿပီးေတာ့ ေရမေလွာင္ႏိုင္လို႔ ေကာတာလဲပါတယ္။ ေရအရင္းအျမစ္ေတြ ခမ္းေျခာက္တဲ့အတြက္ ေရေတြမဆင္းတာလဲပါတယ္။ သူတို႔ တမိုးတြင္းလုံး ေလွာင္ထားေသာ္လဲ စိုက္ရမယ့္အခ်ိန္ၾကေတာ့ ေရမရွိေတာ့ဘူး။ ဒီအေနအထားေတြသည္ ဆည္ေတြေပၚမွာလဲ သူတို႔ျပန္ၿပီးေတာ့ ျပဳျပင္ထိန္းသိမ္းဖို႔ေကာင္းတယ္။ ဆည္ေတြ ေလွာင္ထားေကာင္းေအာင္ တူးဖို႔လိုတယ္။ ေရအရင္းအျမစ္ ဆည္ကို ေရလာေရသာေစတဲ့ ေတာေတာင္ေတြ ျပန္ၿပီးေတာ့ ျပဳျပင္ဖို႔လိုတယ္။

သူထက္ေကာင္းတဲ့ အရင္းအျမစ္သည္ ဘယ္မွာရွိသလဲဆိုေတာ့ ရခိုင္ကမ္းေျမာင္းတေလွ်ာက္မွာ ဆင္းလာတဲ့ ေတာင္တန္းေတြ၊ ပဲခူး အေရွ႕အေနာက္ သြယ္တန္းဆင္းေနတဲ့ ေတာင္တန္းေတြ။ ေနာက္ၿပီးေတာ့ ရွမ္း႐ိုမေတာင္တန္းတေလွ်ာက္မွာ ဟိုးပုန္းခ်ိဳင့္ဝွမ္း၊ ဟဲဟိုခ်ိဳင့္ဝွမ္းမွာ ေတာတန္းေတြ ေလယာဥ္နဲ႔သြားရင္ သြယ္ေျမာင္ဆင္းသြားတာ။ ကယားျပည္သြားရင္ ေတာေတာင္ေတြ ဆင္းသြားတာ။ တနသၤာရီ၊ ကရင္ေတာတန္းေတြ ဆင္းသြားတာ။ ဆင္းသြားတဲ့ေနရာမွာ လယ္သမားေလးေတြက ဘာလုပ္လဲဆိုရင္ ေတာတန္းကေန ဆင္းလာတဲ့ ေခ်ာင္းေလးေတြကေန ေခ်ာင္းပိတ္၊ ေျမာင္းပိတ္ဆည္ေလးေတြ လုပ္ၾကတယ္။ လုပ္ေတာ့ သူတို႔က အင္အားရွိတာက ဘာရွိမလဲ။ ေက်ာက္တုံးေက်ာက္ခဲေလးေတြ၊ သစ္တုံးသစ္ခက္ကေလးေတြ၊ ဒါေလးေတြ တားၿပီးေတာ့ ေရတားဆည္ေလးေတြ လုပ္ၾကတယ္။ အကယ္လို႔ အဲဒီလယ္သမားေလးေတြက ဆည္ႀကီး အႀကီးႀကီးေဆာက္တာထက္၊ ဘိလပ္ေျမေလး၊ အုတ္သဲေလး ေပးၿပီးေတာ့ ေရတားဆည္ေလးေတြမ်ား တဦးခ်င္းကို က်ေနာ္တို႔ ႏိုင္ငံေတာ္က ေထာက္ပံ့ေပးမယ္ဆိုရင္ေတာ့ လယ္သမားပိုင္၊ ကိုယ္ပိုင္ဆည္ေလးေတြ ျဖစ္ၿပီးေတာ့ ေရရွည္ခံ သူ႔ဘာသာသူ ထိန္းသိမ္းမယ္၊ လုပ္မယ္ဆိုရင္ေတာ့ ဗမာျပည္ တႏုံတလ်ားမွာ ေရရရွိေရးလုပ္ငန္းသည္ လက္ညႇိဳးထိုးလို႔ မလႊဲပါဘူး။

ေနာက္တခုက Dry Zone ပတ္ဝန္းက်င္မွာ ေရခမ္းတယ္။ သို႔ေသာ္ ေျမေအာက္ေရေတြ ရွိတယ္။ ေျမေအာက္ေရမွာ ဆားဓါတ္မပါတဲ့ ေရေပါ့။ ေရေတာ့ တိုင္းတာဖို႔လိုတယ္။ ဆားဓါတ္မပါတဲ့ ေျမေအာက္ေရေတြ အမ်ားႀကီးရွိတယ္။ အဲဒါကို ေရပန႔္ေလးေတြ၊ ေလးလက္မတြင္းေလးေတြ ေပ (၇၀) (၈၀) (၄၀) (၅၀) ဆိုရင္ ေရာက္ပါတယ္။ ဒီလို ေရပန႔္ေလးေတြ တူးမယ္ဆိုရင္ တစ္ခုေထာင္မယ္ဆိုရင္ ဧက (၈ - ၁၀) ေလာက္ ရပါတယ္။ ဒါေတြက လုပ္စရာေတြ၊ ေရမရတဲ့ ေနရာေတြမွာပါ။ တကယ္လုပ္စရာေကာင္းတဲ့ ေနရာသည္ အခုန ဆရာမေျပာခဲ့တဲ့ ဧရာဝတီျမစ္ဝကြၽန္းေပၚေဒသ။ အဲဒါက မိုးတြင္းမွာ ဧက (၄) သိန္းေလာက္ စိုက္တယ္။ ေႏြမွာ ဧက ဘာမွကို မေတြ႕ရဘူး။ က်ိဳက္လတ္ၿမိဳ႕နယ္တၿမိဳ႕နယ္ေလာက္ပဲ သဘာဝေရနဲ႔ ေႏြစပါးစိုက္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ လယ္သမားက ျမစ္ေရက ပင္လယ္ဆြဲအားနဲ႔ သြားေနေတာ့ တေန႔ကို ႏွစ္ႀကိမ္တက္တယ္။ (၈) နာရီျခား ႏွစ္ႀကိမ္တက္တယ္၊ ႏွစ္ႀကိမ္က်တယ္။ ဒီေရအတက္အက်နဲ႔ သြားေနတာ။ အဲဒီမွာ ေရခ်ိဳလႊမ္းတာ ဧရာဝတီက (၄) သန္းေလာက္မွာ (၂) သန္းေလာက္က ေရခ်ိဳလႊမ္းတယ္။ (၂) သန္းေလာက္က ပင္လယ္ပိုင္းမွာ။ ဒီ (၂) သန္းကို စိုက္ခ်ျပစ္၊ စပါး (၁) ဧကသည္ ဆန္ (၁) တန္ခြဲ ထြက္တယ္။ စပါးသည္ ဧက (၂) သန္းစိုက္ရင္ ဆန္တန္ (၃) ေသာင္းေလာက္ ဧရာဝတီတိုင္းကို အေျခခံၿပီးေတာ့ ေႏြရာသီမွာ ေရေပးစနစ္နဲ႔ - ေရေပးစနစ္ဆိုတာ ဘာမွမခက္ဘူး။ ေရထဲမွာ ေဖာင္းေလးေတြနဲ႔ ပန႔္ေလးေတြ ထိုင္ၿပီးေတာ့ လယ္ထဲကို ေရသြင္းေပးၿပီးေတာ့ ေခ်ာင္းပိတ္၊ ေျမာင္းပိတ္ေတြ လုပ္ၿပီးေတာ့ ဒီစနစ္ေတြမ်ား ဧရာဝတီတိုင္းမွာ လုပ္မယ္ဆိုရင္ေတာ့ ဧရာဝတီတိုင္းသည္ ျမန္မာျပည္ရဲ႕ ေျမဆီအထက္သန္ဆုံးေနရာ။ ေႏြအခါမွာ ေနေရာင္အျပည့္ရတယ္။ ေခ်ာင္းေတြေျမာင္းေတြကေန ဒီေရအတက္အက်မွာ လယ္ႏႈတ္ခမ္းကိုလာတဲ့ ေရေလးကိုပဲ ပိုက္ႀကီးေတြနဲ႔ သြင္းၿပီးလုပ္လိုက္မယ္ဆိုရင္ေတာ့ ေတာ္ေတာ္ကို အလားအလာေကာင္းတယ္။ အေျခအေနေကာင္းပါတယ္။ ေရပဲ လိုပါတယ္။ လယ္သမားမွာ ဘာမွမလိုပါဘူး။

ေရနဲ႔ ပတ္သက္လို႔ ဒီလိုအစီအမံေတြမ်ား ဒီျမစ္ေတြ၊ ေခ်ာင္းေတြ၊ အိုင္ေတြ၊ အင္းေတြ ေကာေနလာတာ၊ ဘာေၾကာင့္လဲဆိုေတာ့ သစ္ေတာေတြ ျပဳန္းတဲ့အတြက္၊ အားလုံးတိုက္စားၿပီးေတာ့ ျမစ္ေတြ၊ ေခ်ာင္းေတြ၊ အင္းေတြ၊ အိုင္ေတြကေန ဧရာဝတီျမစ္ေကာတယ္။ ဧရာဝတီျမစ္သည္ ျမစ္ဖ်ားကေန ေ႐ႊမိုင္းေတြ၊ ေက်ာက္မိုင္းေတြ တူးတဲ့တြင္းစာေတြက အခုန ေျမမရွားေက်ာက္တို႔၊ ေ႐ႊမိုင္းႀကီးေတြက အႀကီးအက်ယ္ပဲ။ ခ်င္းတြင္းျမစ္ဖ်ားမွာ ေ႐ႊမိုင္းေတြက တရားဝင္၊ တရားမဝင္ ရွိၾကတယ္။ ေ႐ႊမိုင္းေတြ၊ ေက်ာက္မိုင္းေတြ၊ သတၱဳမိုင္းေတြ၊ ေျမမရွားေက်ာက္ ေျမစာေတြက ေမွ်ာပါၿပီးေတာ့ ေရစီးပိတ္သြားခဲ့တာ ဘယ္အထိ ပိတ္သြားသလဲဆိုရင္ ပခုကၠဴအထိ။ ပခုကၠဴအထိ ျမစ္ႀကီးဟာ (၃) မိုင္ေလာက္ရွည္တယ္။ ေတာ္ေတာ္ႀကီးတဲ့ ျမစ္ႀကီး။ ဒါေပမဲ့ အားလုံးက ကြၽန္းေတြႀကီး ျဖစ္ကုန္တယ္။ ဘယ္ေလာက္အထိ ေရာက္သလဲဆိုရင္ မေကြးအထိ ေရာက္တယ္။ ဒီလိုမ်ိဳး သဘာဝအရင္းအျမစ္ ေရအရင္းအျမစ္ေတြေၾကာင့္ ျပဳန္းတီးသြားတယ္။ ဘဝေတြ ပ်က္သြားတယ္။ တကယ္လို႔ ဒါေတြကို တူးေဖာ္ၿပီးေတာ့ ျပန္လုပ္မယ္ဆိုရင္ ဧရာဝတီျမစ္ႀကီးသည္ ေသာက္သုံးေရ၊ စိုက္ပ်ိဳးေရ၊ ဗမာျပည္ရဲ႕ ကုန္ေတြကို ဗန္းေမာ္အထိ တင္လို႔ရတဲ့ ကုန္ပစၥည္းသိုးေလွာင္ေရးမ်ားအထိ စဥ္းစားမယ္ဆိုရင္ေတာ့ အားလုံးက တခ်က္ခုတ္ အမ်ားႀကီးျပတ္ပါတယ္။

ေမး ။ ။ ဒီဥစၥာေတြက ကိုဗစ္-၁၉ ျဖစ္လို႔ အလုပ္ေတြတန႔္ေနခ်ိန္မွာ လုပ္ရမယ့္ အလုပ္ေတြပါ။

ေျဖ ။ ။ မွန္တယ္။ ကိုဗစ္က က်ေနာ္တို႔ ဗမာျပည္မွာ (၆) ေယာက္ပဲ ေသဆုံးခဲ့တယ္။ အဲဒါလဲ ရန္ကုန္မွာပါ။ နယ္ေတြကေတာ့ အားလုံးက်န္းမာၾကပါတယ္။ နယ္ေတြက ပတ္ဝန္းက်င္သဘာဝေတြ၊ လယ္သမားေတြကေတာ့ အားလုံးက်န္းမာၾကတယ္။ လယ္သမားေတြ မက်န္းမာတာကေတာ့ ေငြေၾကးနဲ႔ မက်န္းမာတာ။ ေငြေၾကးမက်န္းမာဘူး။ သူတို႔လိုအပ္တဲ့ ေရ၊ စက္ကရိယာ မက်န္းမာဘူး။ ရာသီဥတု ျပင္းထန္တယ္။ အလုပ္သမားရွားတယ္။ အဲဒီေတာ့ ဘယ္လိုလုပ္သြားၿပီးေတာ့ ဒီအတိုင္းၾကည့္ေနၿပီးေတာ့ ေငြေလးပံ့ပိုးေပး။ ကိုဗစ္အတြက္ေပးတဲ့ ေငြေလးေတြကို မ်ိဳးေစ့ဖိုး၊ ေျမၾသဇာဖိုးေလာက္ ေပးတာေလးနဲ႔ အလုပ္မျဖစ္ပါဘူး။

ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ဆရာ။


==Unicode===

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍ အတွက် အဓိကလိုအပ်နေတာက ရေအရင်းအမြစ် အစီအမံ ဖြစ်တယ်လို့ စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းက ပြောပါတယ်။. လိုအပ်တဲ့ရေကို တောင်သူတိုင်း လက်လှမ်းမှီနိုင်အောင် ကိုဗစ်ကာလအတွင်း ဘာတွေ လုပ်နိုင်ပါသလဲ။ နားဆင်နိုင်ပါပြီ။

မေး ။ ။ ဆရာဒေါက်တာထွန်းဝင်း VOA ကို ဖြေကြားပေးတာကို အများကြီးကျေးဇူးတင်ပါတယ်။ အခု မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး တော့ အခု ကိုဗစ်-၁၉ ရောဂါတွေ ဖြစ်နေတဲ့အချိန်ကြတော့ အဓိကလိုအပ်နေတာ ဘာဖြစ်မယ် ထင်ပါသလဲ ဆရာ။

ဖြေ ။ ။ ကိုဗစ်ကတော့ ရုတ်တရက် ဝင်လာတာပေါ့။ ဗမာပြည်က နေရောင်က (၂၄) နာရီ၊ တနှစ်ပတ်လုံး၊ (၁၂) လလုံးရတယ်။ မုတ်သုန်လေက မေလကနေ အောက်တိုဘာအထိ (၅) လ အပြည့်ရတယ်။ ကျနော်တို့မှာ မြစ်ကြီးတွေက ဧရာဝတီမြစ်ကြီးတွေက မြောက်ကနေ တောင်ကို ဖြတ်စီးနေတယ်။ နေုာက်ပြီးတော့ ဆည်တွေဆောက်ထားတာလဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၇) နှစ်လောက်ကတည်းက ၁၉၈၈ နောက်ပိုင်းကတည်းက ဆည်တွေကို နိုင်ငံတော်ဘတ်ဂျက်၊ အစိုးရစိုက်ပျိုးရေးဘတ်ဂျက် (၈၀) ရာခိုင်နှုန်းလောက်နဲ့ နိုင်ငံတဝှမ်းမှာ (၁၅) ရာခိုင်နှုန်းလောက်က ရှိနေတယ်။ ရှိနေတော့ ဒီအနေအထားမှာ ကျနော်တို့ စိုက်ပျိုးရေးမှာ ဘာလိုလဲဆိုတော့ ကျနော်တို့က ဖောင်းစီးရင် ရေငတ်တဲ့ အနေအထား ဖြစ်နေတယ်။ ဘာဖြစ်လဲဆိုတော့ အခု ၂၀၀၈ နာဂစ်ပြီးတဲ့ နောက်ပိုင်းမှာ ရာသီဥတုက ဖောက်ပြန်တယ်။ မိုးကို စာချုပ်နဲ့လုပ်ထားတော့ မဟုတ်တော့၊ သူပေးတာ ရမယ်ဆိုတာ ဖြစ်နေတယ်။ များသောအားဖြင့် ဖြစ်နေတာက ရေများရင် စိုက်ပျိုးသီးနံှပင်တွေ ရေဖုံးတယ်။ ရေမလာ၊ မိုးမလာတော့ဘူးဆိုရင် မိုးခေါင်းတယ်။ အခုဆိုရင်ပဲ မုတ်သုန်လေက မစွတ်မပို့ လုပ်သွားပြီးတော့ ဇွန်လလောက်မှ မိုးပြန်လာမယ်ဆိုတော့ သီးနံှတွေ စိုက်ပျိုးချိန်က နောက်ကျသွားပြန်တယ်။ နောက်ကျသွားတော့ နောက်ပိုင်းမှာစိုက်မယ့် ဆောင်းသီးနံှတွေမှာ သွားပြီးထိခိုက်ပြန်တယ်။ ဆိုတော့ ဒီလိုမျိုး မသေမချာ၊ မရေမရာ မိုးကိုမှီပြီးတော့ စိုက်နေတာက ကျနော်တို့နိုင်ငံရဲ့ (၈၀) ရာခိုင်နှုန်း ရှိတယ်။ (၈၀) ရာခိုင်နှုန်း လုံးဝကို ရှိတယ်။

ဧရာဝတီတိုင်းကြီးဆိုရင် မြစ်တွေ၊ ချောင်းတွေ အပြည့်အဝ စီးနေတယ်။ ဧရာဝတီတိုင်းမှာ ဧက (၄) သန်းလောက် ရှိတယ်။ ဒီ (၄) သန်းလောက်က မိုးတစ်ရာသီ စိုက်ပြီးရင်း နွေမှာ ချောင်းတွေ၊ မြောင်းတွေ ဒီလောက်အလျှံပယ် ပေါပါရဲ့နဲ့ ဘာသီးနံှမှ မစိုက်နိုင်ဘူး။ ဧရာဝတီမြစ်ကြီးတလျှောက်ကတော့ ပြောဖွယ်ရာ မရှိဘူး။ မြစ်ကြောင်းတလျှောက်လုံးက ပြောဖွယ်ရာ မရှိဘူး။ မြစ်မကြီးတလျှောက်မှာလဲ သောက်သုံးရေကလွဲလို့ စိုက်ပျိုးရေကို ထင်သာမြင်သာရှိအောင် အသုံးမချနိုင်သေးဘူး။ ဒီလိုရာသီဥတုကလဲ တော်တော်လေး ပြင်းထန်ပါတယ်။ ကျနော်တို့ စလေး ကျွန်းချောင်း၊ ချောက်၊ ရေနံချောင်း စသည်ဖြင့် Dry Area တွေက (၄၅) ဆိုတာတော့ အတော်များသွားပြီ။ မြေအောက်ရေက ခမ်းသွားတယ်။ မြစ်တွေလည်း ခမ်းသွားတယ်။ ဆည်တွေမှာလဲ ရေမရှိဘူး။ ဒီအတိုင်းပဲ မျက်စိစုံမှိတ်ပြီးတော့ အပေါ်က လိုအပ်တဲ့ရေတွေကို ဖြည့်ဆည်းရမယ့်အစား အခြားလုပ်ငန်းတွေမှာပဲ ကျနော်တို့က အာရုံတွေများနေမယ်ဆိုရင်တော့ ဒီတိုင်းပြည်က ကိုဗစ်ဝင်လာတဲ့ အနေအထားမှာ ကိုဗစ်ရဲ့ ထိုးနှက်မှုကြောင့် အခြေအနေဆိုးထက်သာ တွေ့ရမယ်။

မေး ။ ။ ကိုဗစ်ဖြစ်နေတဲ့ ကာလမှာ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးအတွက် အကျိုးရှိအောင် ဘယ်လိုလုပ်သင့်သလဲ ပြောပြပေးပါ။

ဖြေ ။ ။ စိုက်ပျိုးရေးမှာ အဓိကလိုအပ်တဲ့ အခုန ကျနော်ပြောတဲ့ ရေရရှိရေး လုပ်ငန်းတွေမှာ ရေအရင်းအမြစ်တွေကို ဘယ်လိုအသုံးချမလဲ။ နံပတ်နှစ်ကတော့ လက်ရှိအနေအထားမှာ လယ်သမားတွေအားလုံးက ကျနော်တို့က ကျွဲနွားထွန်းတုံးထွန်းတံနဲ့ပဲ သွားနေရတဲ့ အနေအထားမှာပဲ ရှိနေတယ်။ အဲဒီအနေအထားမှာ သူလိုချင်တဲ့အချိန်မှာ ရေမရတဲ့အတွက် မြေယာတွေ ထွန်းယက်တဲ့နေရာမှာ အားလုံးအဆင်မပြေဘူး။ နောက်ပြီး လယ်ယာမှာ လုပ်သားတွေက မရှိသလောက်လဲ ရှားတယ်။ ရှားတာ ဘာကြောင့်လဲဆိုတော့ အားလုံးက သူတို့ရဲ့ ဒီလယ်ယာလုပ်ငန်းက အကျိုးမပေးဘူးအတွက်။ မိဘကလဲ အကျိုးမပေးတဲ့အတွက် အားလုံးလယ်သမားတွေက ကြွေးတင်နွန်နစ်ပဲ - အားလုံးက သီးနံှပေါ်လာချိန်မှာ သူတို့က ကြွေးတွေဆပ်လိုက်လို့ရှိရင် သူတို့ဆီမှာ ဘာမှမကျန်တော့ဘူး။ ဒီမှာ မှီခိုနေတဲ့ လယ်သမားသားသမီးတွေက အားလုံးသိကြတဲ့အတိုင်း နယ်မှာ၊ အပြင်မှာ သွားလုပ်ကြတယ်။ ဆိုတော့ လယ်ယာလုပ်ငန်းကို စိတ်ဝင်စားတဲ့ လယ်ယာကိုဆက်ခံပြီးလုပ်မယ့် လူငယ်တွေ မရှိတော့ဘူး။ လယ်ယာအလုပ်သမား ရှားပါးလာတယ်။ လယ်ယာရဲ့ အနေအထားက လုပ်သားရှားပါးတယ်။ ရာသီဥတုက ပြင်းထန်တယ်။ နောက်ပြီးတော့ ဈေးကွက်မရှိတဲ့အတွက် လယ်သမားက စိတ်ဝင်စားတော့တဲ့ လယ်ယာလုပ်ငန်းကြီးကို အစိုးရက ဒီအတိုင်းပဲ မျက်ကွယ်ပြုနေမယ်ဆိုရင်တော့ တိုင်းပြည်သည် ရေရှည်မှာ ကိုဗစ်ကလဲ နှောင့်ယှက်မယ်ဆိုရင် အနေအထားက တော်တော်ကို ဆိုးဝါးမယ်။ ဒါကြောင့် ဒီအနေအထားကနေ ရုန်းထွက်ဖို့ဆိုရင် ဒီအားလုံးကို ပြင်ဆင်နိုင်သည့် နည်းလမ်းသည် နံပတ်တစ် ရေအရင်းအမြစ်တွေကို ဖော်ထုတ်ပြီးတော့ ရေအစီအမံတွေကို စိုက်နိုင်တဲ့ လယ်သမားတွေ စိုက်ဖို့ အဆင်သင့်ဖြစ်အောင် စီမံပေးရမယ်။ နံပတ်နှစ် လက်လုပ်လယ်ယာ အင်အားမဲ့နေတဲ့ လယ်သမားတွေကို အင်အားရှိတဲ့ လယ်သမားဖြစ်အောင် စက်မှုလယ်ယာ လယ်လုပ်ကရိယာတွေ တပ်ဆင်ပေးရမယ်။ ဒါတွေက မဖြစ်မနေလုပ်ရမယ့် နိုင်ငံတော်ရဲ့ အဓိကလုပ်ငန်းတွေလိုပဲ ကျနော်မြင်ပါတယ်။

မေး ။ ။ ဆိုတော့ ပထမဦးဆုံးက ရေအရင်းအမြစ်တွေ ဖော်ထုတ်ပေးရမယ်။ ဒုတိယက စက်တွေတပ်ဆင်ပေးရမယ်။ ပထမဦးဆုံး ရေအရင်းအမြစ်တွေ ဖော်ထုတ်တာလေးနဲ့ ပတ်သက်ပြီးတော့ ဗမာပြည်မှာ ဗမာပြည်ရဲ့ အနေအထားကလဲ ထူးခြားပါတယ်။ တောင်တန်းတွေ၊ မြေပြန့်တွေနဲ့ အောက်ကလဲ ပင်လယ်နဲ့မြစ်ချောင်းတွေနဲ့ဆိုတော့ ဒီလိုထူးခြားတဲ့ နိုင်ငံမှာ စိုက်ပျိုးရေးကလဲ တနေရာနဲ့ တနေရာ မတူပါဘူး။ ဆိုတော့ ရေအရင်းအမြစ်ကို ဘယ်ဒေသမှာ ဘယ်လိုလုပ်ရမလဲဆိုတာလေးကို ဆရာနည်းနည်း အကြံပေးပါ။

ဖြေ ။ ။ ရေအရင်းအမြစ်ပေါတာလောက် ဗမာပြည်မှာ မရှိဘူး။ ဒါပေမဲ့ အသုံးမချဘူး။ အသုံးမချဘူးဆိုတာက နံပတ်တစ် အခု မေလက စရွာမယ့် အောက်တိုဘာလအထိ မိုးသည် အလွန်ကို (၇၀ - ၈၀) ရွာတဲ့အခါမှာ သဲကြီးမဲကြီး ရွာတယ်။ ရွာသမျှအားလုံး ချောင်းတွေ၊ မြောင်းတွေ၊ မြစ်တွေထဲ ဆင်းပြီးတော့ ဧရာဝတီကနေ မျှောသွားတာပဲ ရှိတယ်။ ဒီရေတွေအားလုံးကို ရေမရှိတဲ့အခါမှာ ဘယ်လိုလှောင်မလဲဆိုတဲ့ အစီအမံ။ ရေလှောင်တမံတွေ ရှိနေရဲ့နဲ့ ဒါကို ဆရာ ဘာဖြစ်လို့ပြောသလဲ။ ရေလှောင်တမံတွေက ဒီနေ့အနေအထားက ရေလှောင်တမံတွေသည် လွန်ခဲ့သည့် နှစ်ပေါင်း (၃၀) လောက်က ဆောက်ခဲ့တယ်ဆိုတော့ ကောကုန်ပြီ။ ရေလှောင်တမံတွေရဲ့ အရင်းအမြစ်ကို လုပ်ထားတဲ့ သစ်တောတွေသည် ပြုန်းကုန်ပြီ။ အဲဒါကြောင့် ယနေ့ ရေလှောင်တမံတွေသည် အခု နွေရာသီစိုက်မယ်ဆိုရင် ရေမရှိတော့ဘူး။ ဥပမာအားဖြင့် သဖန်ဆိပ်ဆည်ကြီးသည် ဧက (၅) သိန်းကို ရည်ရွယ်ပြီးတော့ ငွေကုန်ကြေးကျနဲ့ ဆောက်ခဲ့တဲ့ ကမ္ဘာမှာ အကြီးဆုံးဆည်ကြီး ဖြစ်တယ်။ ဒီနှစ်ဆိုရင် ဧက (၁) သိန်းတောင်မှ စပါးမစိုက်နိုင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆည်ကြီးကောသွားပြီးတော့ ရေမလှောင်နိုင်လို့ ကောတာလဲပါတယ်။ ရေအရင်းအမြစ်တွေ ခမ်းခြောက်တဲ့အတွက် ရေတွေမဆင်းတာလဲပါတယ်။ သူတို့ တမိုးတွင်းလုံး လှောင်ထားသော်လဲ စိုက်ရမယ့်အချိန်ကြတော့ ရေမရှိတော့ဘူး။ ဒီအနေအထားတွေသည် ဆည်တွေပေါ်မှာလဲ သူတို့ပြန်ပြီးတော့ ပြုပြင်ထိန်းသိမ်းဖို့ကောင်းတယ်။ ဆည်တွေ လှောင်ထားကောင်းအောင် တူးဖို့လိုတယ်။ ရေအရင်းအမြစ် ဆည်ကို ရေလာရေသာစေတဲ့ တောတောင်တွေ ပြန်ပြီးတော့ ပြုပြင်ဖို့လိုတယ်။

သူထက်ကောင်းတဲ့ အရင်းအမြစ်သည် ဘယ်မှာရှိသလဲဆိုတော့ ရခိုင်ကမ်းမြောင်းတလျှောက်မှာ ဆင်းလာတဲ့ တောင်တန်းတွေ၊ ပဲခူး အရှေ့အနောက် သွယ်တန်းဆင်းနေတဲ့ တောင်တန်းတွေ။ နောက်ပြီးတော့ ရှမ်းရိုမတောင်တန်းတလျှောက်မှာ ဟိုးပုန်းချိုင့်ဝှမ်း၊ ဟဲဟိုချိုင့်ဝှမ်းမှာ တောတန်းတွေ လေယာဉ်နဲ့သွားရင် သွယ်မြောင်ဆင်းသွားတာ။ ကယားပြည်သွားရင် တောတောင်တွေ ဆင်းသွားတာ။ တနင်္သာရီ၊ ကရင်တောတန်းတွေ ဆင်းသွားတာ။ ဆင်းသွားတဲ့နေရာမှာ လယ်သမားလေးတွေက ဘာလုပ်လဲဆိုရင် တောတန်းကနေ ဆင်းလာတဲ့ ချောင်းလေးတွေကနေ ချောင်းပိတ်၊ မြောင်းပိတ်ဆည်လေးတွေ လုပ်ကြတယ်။ လုပ်တော့ သူတို့က အင်အားရှိတာက ဘာရှိမလဲ။ ကျောက်တုံးကျောက်ခဲလေးတွေ၊ သစ်တုံးသစ်ခက်ကလေးတွေ၊ ဒါလေးတွေ တားပြီးတော့ ရေတားဆည်လေးတွေ လုပ်ကြတယ်။ အကယ်လို့ အဲဒီလယ်သမားလေးတွေက ဆည်ကြီး အကြီးကြီးဆောက်တာထက်၊ ဘိလပ်မြေလေး၊ အုတ်သဲလေး ပေးပြီးတော့ ရေတားဆည်လေးတွေများ တဦးချင်းကို ကျနော်တို့ နိုင်ငံတော်က ထောက်ပံ့ပေးမယ်ဆိုရင်တော့ လယ်သမားပိုင်၊ ကိုယ်ပိုင်ဆည်လေးတွေ ဖြစ်ပြီးတော့ ရေရှည်ခံ သူ့ဘာသာသူ ထိန်းသိမ်းမယ်၊ လုပ်မယ်ဆိုရင်တော့ ဗမာပြည် တနုံတလျားမှာ ရေရရှိရေးလုပ်ငန်းသည် လက်ညှိုးထိုးလို့ မလွှဲပါဘူး။

နောက်တခုက Dry Zone ပတ်ဝန်းကျင်မှာ ရေခမ်းတယ်။ သို့သော် မြေအောက်ရေတွေ ရှိတယ်။ မြေအောက်ရေမှာ ဆားဓါတ်မပါတဲ့ ရေပေါ့။ ရေတော့ တိုင်းတာဖို့လိုတယ်။ ဆားဓါတ်မပါတဲ့ မြေအောက်ရေတွေ အများကြီးရှိတယ်။ အဲဒါကို ရေပန့်လေးတွေ၊ လေးလက်မတွင်းလေးတွေ ပေ (၇၀) (၈၀) (၄၀) (၅၀) ဆိုရင် ရောက်ပါတယ်။ ဒီလို ရေပန့်လေးတွေ တူးမယ်ဆိုရင် တစ်ခုထောင်မယ်ဆိုရင် ဧက (၈ - ၁၀) လောက် ရပါတယ်။ ဒါတွေက လုပ်စရာတွေ၊ ရေမရတဲ့ နေရာတွေမှာပါ။ တကယ်လုပ်စရာကောင်းတဲ့ နေရာသည် အခုန ဆရာမပြောခဲ့တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ။ အဲဒါက မိုးတွင်းမှာ ဧက (၄) သိန်းလောက် စိုက်တယ်။ နွေမှာ ဧက ဘာမှကို မတွေ့ရဘူး။ ကျိုက်လတ်မြို့နယ်တမြို့နယ်လောက်ပဲ သဘာဝရေနဲ့ နွေစပါးစိုက်တယ်။ ဘာကြောင့်လဲဆိုတော့ လယ်သမားက မြစ်ရေက ပင်လယ်ဆွဲအားနဲ့ သွားနေတော့ တနေ့ကို နှစ်ကြိမ်တက်တယ်။ (၈) နာရီခြား နှစ်ကြိမ်တက်တယ်၊ နှစ်ကြိမ်ကျတယ်။ ဒီရေအတက်အကျနဲ့ သွားနေတာ။ အဲဒီမှာ ရေချိုလွှမ်းတာ ဧရာဝတီက (၄) သန်းလောက်မှာ (၂) သန်းလောက်က ရေချိုလွှမ်းတယ်။ (၂) သန်းလောက်က ပင်လယ်ပိုင်းမှာ။ ဒီ (၂) သန်းကို စိုက်ချပြစ်၊ စပါး (၁) ဧကသည် ဆန် (၁) တန်ခွဲ ထွက်တယ်။ စပါးသည် ဧက (၂) သန်းစိုက်ရင် ဆန်တန် (၃) သောင်းလောက် ဧရာဝတီတိုင်းကို အခြေခံပြီးတော့ နွေရာသီမှာ ရေပေးစနစ်နဲ့ - ရေပေးစနစ်ဆိုတာ ဘာမှမခက်ဘူး။ ရေထဲမှာ ဖောင်းလေးတွေနဲ့ ပန့်လေးတွေ ထိုင်ပြီးတော့ လယ်ထဲကို ရေသွင်းပေးပြီးတော့ ချောင်းပိတ်၊ မြောင်းပိတ်တွေ လုပ်ပြီးတော့ ဒီစနစ်တွေများ ဧရာဝတီတိုင်းမှာ လုပ်မယ်ဆိုရင်တော့ ဧရာဝတီတိုင်းသည် မြန်မာပြည်ရဲ့ မြေဆီအထက်သန်ဆုံးနေရာ။ နွေအခါမှာ နေရောင်အပြည့်ရတယ်။ ချောင်းတွေမြောင်းတွေကနေ ဒီရေအတက်အကျမှာ လယ်နှုတ်ခမ်းကိုလာတဲ့ ရေလေးကိုပဲ ပိုက်ကြီးတွေနဲ့ သွင်းပြီးလုပ်လိုက်မယ်ဆိုရင်တော့ တော်တော်ကို အလားအလာကောင်းတယ်။ အခြေအနေကောင်းပါတယ်။ ရေပဲ လိုပါတယ်။ လယ်သမားမှာ ဘာမှမလိုပါဘူး။

ရေနဲ့ ပတ်သက်လို့ ဒီလိုအစီအမံတွေများ ဒီမြစ်တွေ၊ ချောင်းတွေ၊ အိုင်တွေ၊ အင်းတွေ ကောနေလာတာ၊ ဘာကြောင့်လဲဆိုတော့ သစ်တောတွေ ပြုန်းတဲ့အတွက်၊ အားလုံးတိုက်စားပြီးတော့ မြစ်တွေ၊ ချောင်းတွေ၊ အင်းတွေ၊ အိုင်တွေကနေ ဧရာဝတီမြစ်ကောတယ်။ ဧရာဝတီမြစ်သည် မြစ်ဖျားကနေ ရွှေမိုင်းတွေ၊ ကျောက်မိုင်းတွေ တူးတဲ့တွင်းစာတွေက အခုန မြေမရှားကျောက်တို့၊ ရွှေမိုင်းကြီးတွေက အကြီးအကျယ်ပဲ။ ချင်းတွင်းမြစ်ဖျားမှာ ရွှေမိုင်းတွေက တရားဝင်၊ တရားမဝင် ရှိကြတယ်။ ရွှေမိုင်းတွေ၊ ကျောက်မိုင်းတွေ၊ သတ္တုမိုင်းတွေ၊ မြေမရှားကျောက် မြေစာတွေက မျှောပါပြီးတော့ ရေစီးပိတ်သွားခဲ့တာ ဘယ်အထိ ပိတ်သွားသလဲဆိုရင် ပခုက္ကူအထိ။ ပခုက္ကူအထိ မြစ်ကြီးဟာ (၃) မိုင်လောက်ရှည်တယ်။ တော်တော်ကြီးတဲ့ မြစ်ကြီး။ ဒါပေမဲ့ အားလုံးက ကျွန်းတွေကြီး ဖြစ်ကုန်တယ်။ ဘယ်လောက်အထိ ရောက်သလဲဆိုရင် မကွေးအထိ ရောက်တယ်။ ဒီလိုမျိုး သဘာဝအရင်းအမြစ် ရေအရင်းအမြစ်တွေကြောင့် ပြုန်းတီးသွားတယ်။ ဘဝတွေ ပျက်သွားတယ်။ တကယ်လို့ ဒါတွေကို တူးဖော်ပြီးတော့ ပြန်လုပ်မယ်ဆိုရင် ဧရာဝတီမြစ်ကြီးသည် သောက်သုံးရေ၊ စိုက်ပျိုးရေ၊ ဗမာပြည်ရဲ့ ကုန်တွေကို ဗန်းမော်အထိ တင်လို့ရတဲ့ ကုန်ပစ္စည်းသိုးလှောင်ရေးများအထိ စဉ်းစားမယ်ဆိုရင်တော့ အားလုံးက တချက်ခုတ် အများကြီးပြတ်ပါတယ်။

မေး ။ ။ ဒီဥစ္စာတွေက ကိုဗစ်-၁၉ ဖြစ်လို့ အလုပ်တွေတန့်နေချိန်မှာ လုပ်ရမယ့် အလုပ်တွေပါ။

ဖြေ ။ ။ မှန်တယ်။ ကိုဗစ်က ကျနော်တို့ ဗမာပြည်မှာ (၆) ယောက်ပဲ သေဆုံးခဲ့တယ်။ အဲဒါလဲ ရန်ကုန်မှာပါ။ နယ်တွေကတော့ အားလုံးကျန်းမာကြပါတယ်။ နယ်တွေက ပတ်ဝန်းကျင်သဘာဝတွေ၊ လယ်သမားတွေကတော့ အားလုံးကျန်းမာကြတယ်။ လယ်သမားတွေ မကျန်းမာတာကတော့ ငွေကြေးနဲ့ မကျန်းမာတာ။ ငွေကြေးမကျန်းမာဘူး။ သူတို့လိုအပ်တဲ့ ရေ၊ စက်ကရိယာ မကျန်းမာဘူး။ ရာသီဥတု ပြင်းထန်တယ်။ အလုပ်သမားရှားတယ်။ အဲဒီတော့ ဘယ်လိုလုပ်သွားပြီးတော့ ဒီအတိုင်းကြည့်နေပြီးတော့ ငွေလေးပံ့ပိုးပေး။ ကိုဗစ်အတွက်ပေးတဲ့ ငွေလေးတွေကို မျိုးစေ့ဖိုး၊ မြေသြဇာဖိုးလောက် ပေးတာလေးနဲ့ အလုပ်မဖြစ်ပါဘူး။

ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG