သုံးရလွယ်ကူစေသည့် Link များ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံကထွက်တဲ့ ကော်ဖီတွေဟာ နိုင်ငံတကာစံနဲ့ အထူးတန်းဝင်တယ်ဆိုတာကို ကမ္ဘာ့နိုင်ငံတွေကို ပြသနိုင်ခဲ့ပြီဖြစ်လို့ အရည်အသွေးနဲ့ ထုတ်လုပ်မှုပိုင်း တိုးတက်အောင် ကြိုးစားသွားမယ်လို့ မြန်မာနိုင်ငံ ကော်ဖီအသင်းဥက္ကဋ္ဌ ဦးရဲမြင့်က ပြောပါတယ်။ Georgia ပြည်နယ်၊ Atlanta မြို့ မှာ ကျင်းပခဲ့တဲ့ ကော်ဖီပြပွဲမှာ လာရောက်ပြသခဲ့တဲ့ ဦးရဲမြင့် ကို ကိုဇော်ဝင်းလှိုင် က တွေ့ဆုံမေးမြန်းထားပါတယ်။


ကိုဇော်ဝင်းလှိုင် ။ ။ ကိုရဲမြင့် အခုလို VOA ကို လာရောက်ပြီး တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့ ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဦးရဲမြင့် ။ ။ ကျနော်ကလည်း ကျေးဇူးတင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ကိုရဲမြင့်က မြန်မာနိုင်ငံကော်ဖီအသင်းရဲ့  ဥက္ကဋ္ဌဆိုတော့ မြန်မာနိုင်ငံကော်ဖီအသင်းဆိုတာ ဘယ်လို ပေါ်ပေါက်လာသလဲဆိုတာကို အကျဉ်းချုံလေး ပြောပြပေးပါ။

ဦးရဲမြင့် ။ ။ မြန်မာနိုင်ငံကော်ဖီအသင်းမှာ ကျနော်တို့ အစုအဖွဲ့ (၆) ဖွဲ့ ရှိပါတယ်။ ဒီအစုအဖွဲ့တွေပိုင်းပြီးမှ မြန်မာနိုင်ငံကော်ဖီအသင်းဆိုတာ ဖြစ်ပေါ်လာတာပါ။ အဲဒီတော့ ကော်ဖီအစုအဖွဲ့တွေကတော့ ပြင်ဦးလွင်၊ မိုးကုတ်၊ ရွာငံ၊ နောင်ချို၊ ရန်ကုန် နဲ့ ချင်းပြည်နယ်တို့မှာ ဖြစ်ကြပါတယ်။ ဆက်ပြီးတော့လည်း ကျနော်တို့ ကော်ဖီအစုအဖွဲ့တွေ Coffee Cluster တွေ ဆက်ပြီး ဖွဲ့သွားမှာပါ။

ကိုဇော်ဝင်းလှိုင် ။ ။ ဆိုတော့ အစုအဖွဲ့တွေဆိုတာက လုပ်ငန်းရှင်တွေပါတယ်။ နောက် ကော်ဖီစိုက်တဲ့လူတွေလည်း ပါတယ်။ အဲဒီလိုလား။ ဘယ်လို ပုံစံမျိုးလဲ။

ဦးရဲမြင့် ။ ။ ဟုတ်ပါတယ်။ အစုအဖွဲ့ဆိုတာ တောင်သူတွေက တောင်သူကြီးတွေ Farm Estates ကြီးတွေ၊ Small Farmers တွေလည်း ပါပါတယ်။ ကော်ဖီစိုက်ပျိုး၊ ထုတ်လုပ်ရောင်းချကြသူအားလုံး ပါဝင်ကြပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဆိုတော့ ကော်ဖီစိုက်ကြသူတွေ - လုပ်ငန်းရှင်တွေ၊ အစုအဖွဲ့တွေ သူတို့ကတော့ အစုအဖွဲ့နဲ့ ရှိကြပြီပေါ့။ ဒါပေမဲ့ ကော်ဖီစိုက်တဲ့ တသီပုဂ+++ လ စိုက်တဲ့သူတွေလည်း မြန်မာပြည်မှာ ရှိကြတယ်လို့ ကြားသိရပါတယ်။ တနိုင်တပိုင်းပေါ့။ အဲဒီလူတွေက ကော်ဖီအသင်းထဲကို ဝင်လာလို့ ဘယ်လို အကျိုးအမြတ်တွေ ရနိုင်ပါလဲ။

ဦးရဲမြင့် ။ ။ အဓိကတော့ ကျနော်တို့က ကော်ဖီကို Production ကြီးပဲ Emphasize လုပ်တယ်ဆိုတာက ရှေးကျတဲ့ခေတ်တွေမှာပဲ လုပ်တာပေါ့။ အခုကတော့ ဈေးကွက်နဲ့ ဟန်ချက်ညီညီ လှုပ်ရှားကြတယ်။ Market ရဲ့  လိုအပ်ချက်အရ ထုတ်လုပ်ကြတယ်ပေါ့။ ဒါက တိုးတက်တဲ့ခေတ်မှာပေါ့။ ကျနော်တို့က ဘာလဲဆိုတော့ ဈေးကွက်နဲ့ ချိတ်ဖို့။ Value change သဘော ဝိုင်းလုပ်ကြတဲ့သဘောပါပဲ။ စိုက်ပျိုးတဲ့သူတွေ၊ ရောင်းချတဲ့သူတွေအားလုံး ပါမယ်။ ပြီးတော့ တောင်သူတွေ ဈေးနှိမ်ခံရမှု မရှိအောင် ကာကွယ်ပေးမယ်။ ဒီသဘောတွေပါပဲ။ ပြီးတော့ လိုအပ်တဲ့ စိုက်ပျိုးနည်းပညာတွေအားလုံးကို ကျနော်တို့ဘက်က တတ်နိုင်သလောက် ပံ့ပိုးပေးမယ်။ လုပ်ရမယ့် လုပ်ငန်းတွေအားလုံးကိုလည်း အဖွဲ့အစည်းအသီးသီးနဲ့ ဆက်စပ်ပြီးတော့ လုပ်ကိုင်မယ်ပေါ့။

ကိုဇော်ဝင်းလှိုင် ။ ။ တနည်းအားဖြင့်တော့ ဈေးကွက်တည်ငြိမ်အောင် လုပ်ပေးတယ်ဆိုတဲ့ သဘောလား။

ဦးရဲမြင့် ။ ။ ဟုတ်ပါတယ်။ ကော်ဖီဈေးကွက် ရရှိအောင်လုပ်ပေးတယ်။ ပြီးတော့ ဈေးကွက်ကိုလည်း ကျနော်တို့က ထိန်းချုပ်တာ မဟုတ်ဘူး။ ဈေးကွက်ကို အောက်ကို ဆင်းမသွားအောင် ကျနော်တို့က Subsidize ဈေးကွက်တခု Production Cost ကို Cover ဖြစ်အောင် ကျနော်တို့ဘက်က ကြံဆောင်ထားတယ်ပေါ့။ လွန်ခဲ့တဲ့ (၂) နှစ် (၃) နှစ်လောက်ကစပြီးတော့ ကျနော်တို့ ဈေးကွက်ကို Production Cost ကို Cover ဖြစ်အောင် သတ်မှတ်ပြီး လုပ်တဲ့အခါမှာ အဲဒီအောက်ကို ဈေးက မဆင်းတော့ဘဲနဲ့ ပြိုင်ဆိုင်မှုတွေဖြစ်ပြီး ကော်ဖီ ဈေးကွက် ကောင်းလာတယ်။ တပြိုင်နက်ထဲမှာပဲ ကျနော်တို့က ကော်ဖီဈေးကွက်ကို ရှာဖွေရတာပေါ့။

ကိုဇော်ဝင်းလှိုင် ။ ။ ဆိုတော့ မြန်မာနိုင်ငံကော်ဖီအသင်းအနေနဲ့ နိုင်ငံတကာမှာလည်း လှည့်ပြီးတော့ လုပ်နေကိုင်နေပြီဆိုတာကိုလည်း ကြားပါတယ်။ အခု အမေရိကကိုလာတဲ့ အကြောင်းရင်းကလဲ အမေရိကမှာရှိတဲ့ ကော်ဖီပြပွဲ .. မြန်မာနိုင်ငံကိုယ်စားပြုပြီးတော့ တက်ရောက်ပြသတယ်လို့ ကျနော်တို့ ကြားပါတယ်။ အဲဒါလေးလဲ ရှင်းပြပါအုံး။

ဦးရဲမြင့် ။ ။ ကျနော်တို့က ကော်ဖီ ထွက်လာတဲ့အခါမှာ ကမ္ဘာ့အဆင့်မီ Special Coffee အထူးတန်းကော်ဖီဖြစ်အောင် USAID ရဲ့  ပံ့ပိုးမှုနဲ့ ဝင်ရောက်ပြီး၊ International အဖွဲ့ရဲ့  ပံ့ပိုးမှုနဲ့ Coffee Quality Institute လို့ခေါ်တဲ့ အဖွဲ့အစည်းတွေကနေ ဝိုင်းဝန်ပံ့ပိုးမှုတွေကြောင့် ကျနော်တို့တွေက Quality မြင့်တဲ့ ကော်ဖီတွေကို ကျနော်တို့က စက်ရုံတွေလုပ်ပြီးတော့ နည်းပညာတွေနဲ့ ကောင်းအောင် ထုတ်လုပ်တယ်။ အဲဒီ ထုတ်လုပ်တဲ့ အဆင့်မီတဲ့ ကော်ဖီတွေကို ဈေးကွက်ရရှိအောင် လုပ်တဲ့နေရာမှာ Atlanta ပြပွဲအပါအဝင် ပြပွဲတွေ သွားကြရတာပေါ့။ သွားပြီးတော့ ချိတ်ဆက်တယ်။ အဲဒီအခါမှာ Coffee Quality Institute ရဲ့  ပံ့ပိုးမှုနဲ့ ဒီပြပွဲမှာဆိုရင် မြန်မာနိုင်ငံကော်ဖီအကြောင်းကို အခန်းတခုမှာ Talk လုပ်ကြတယ်။ ကမ္ဘာ့ကော်ဖီကုန်သည် တော်တော်များများ လာရောက်ကြည့်ရှုပြီးတော့ စိတ်ဝင်စားကြတယ်။ Order တွက်ကြတယ်

ကိုဇော်ဝင်းလှိုင် ။ ။ တနည်းအားဖြင့်တော့ အမေရိကန်ဈေးကွက်ကို စပြီးတော့ ဝင်ရောက်ထိုးဖောက်တဲ့ ခြေလှမ်းလို့ ပြောရမှာပေါ့။

ဦးရဲမြင့် ။ ။ ဟုတ်ပါတယ် ခင်များ။ အမေရိကန်ဈေးကွက်ကို ထိုးဖောက်တဲ့နေရာမှာ ကျနော်တို့ ကော်ဖီဟာ ဂုဏ်သိက္ခာရှိစွာနဲ့ ကော်ဖီဟာ အနံ့ကော အရသာကော ပါဝင်တဲ့ပစ္စည်း ဖြစ်တဲ့အတွက် အနံ့အရသာ ပြည့်စုံမှ ကော်ဖီကောင်း ဖြစ်မှာပါ။ ကျနော်တို့ ကံကောင်းတာတခုကတော့ အထူးတန်းဝင် ကော်ဖီ စိုက်နိုင်တဲ့ နိုင်ငံထဲမှာ ကျနော်တို့ မြန်မာနိုင်ငံကလည်း ပါပါတယ်။ အဖွဲ့အစည်းအသီးသီးရဲ့  ပံ့ပိုးမှုနဲ့ ပြီးတော့ မိမိတို့ စည်းစည်းလုံးလုံးနဲ့ လုပ်ဆောင်မှုကြောင့် ကျနော်တို့ မြန်မာနိုင်ငံ ကော်ဖီဟာလည်း ကမ္ဘာ့အလယ်မှာ ဝင်ဝင်ထင်ထင်နဲ့ ပြနိုင်ခဲ့ပါပြီ။

ကိုဇော်ဝင်းလှိုင် ။ ။ ဒါကတော့ အမေရိကကိုလာတဲ့ ခရီးစဉ်ပေါ့။ အမေရိကန်မှာလုပ်တဲ့ ကော်ဖီပြပွဲပေါ့။ တခြားနိုင်ငံတွေကော မြန်မာနိုင်ငံအသင်းအနေနဲ့ လိုက်ပြီးပြသပြီးတော့ အခုလိုမျိုး ထိုးဖောက်နေတာတွေ ရှိနေပြီလား။

ဦးရဲမြင့် ။ ။ ပြသပါတယ်။ ကျနော်တို့ ပထမအသင်း စဖွဲ့တဲ့နှစ်မှာပဲ ၂၀၁၄ ပြပွဲမှာ Thai Fest ပြပွဲကနေ ဝင်ရောက်ပြီး စပြပါတယ်။ နိုင်ငံတကာ Show ပွဲတွေ စပြီးတော့ အတွေ့အကြုံပေါ့။ အဲဒီကနေ ဂျပန်မှာလည်း ပြပါတယ်။ Food show တို့ ဘာတို့။ ASEAN Food Show တို့ ဘာတို့ ကျနော်တို့ သွားပါတယ်။ ပြီးတော့ ကိုရီးယားပြပွဲတွေလည်း သွားပါတယ်။ ဒီပြပွဲ Atlanta ပြပွဲကတော့ ကမ္ဘာပေါ်မှာ အကြီးအကျယ်ဆုံးပါ။ Seattle တို့ဘာတို့ နောက်နှစ်လုပ်မယ့် ပြပွဲကလည်း ကြီးကြီးကျယ်ကျယ် ဖြစ်မှာပါ။ ကျနော်တို့ကတော့ ဈေးကွက် ထိုးဖောက်စရာရှိတာလည်း ရှိသလို၊ Production ဘက်ကလဲ Quality ကို ထိန်းပြီးတော့ မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်မှာ ဝင်နိုင်အောင် ကျနော်တို့ ဝင်နိုင်အောင် ဆောင်ရွက်မှာပါ။

ကိုဇော်ဝင်းလှိုင် ။ ။ စောစောက ကိုရဲမြင့် ပြောသွားတဲ့အထဲမှာလည်း ပါပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီပံ့ပိုးပေးတယ်ဆိုတာ။ ဘယ်လို အကူအညီတွေ ရသလဲ။ ဘယ်နိုင်ငံတွေက ကူညီပေးနေပါလဲ။ မြန်မာနိုင်ငံကော်ဖီအသင်းကို။

ဦးရဲမြင့် ။ ။ အခုလောလောဆယ်တော့ USAID ရဲ့  ပံ့ပိုးမှုနဲ့ Wings of International က အဓိက ပံပို့းပေးတာပါ။ သူကတော့ ဈေးကွက်ရရှိအောင် ထိန်းသိမ်းတဲ့နေရမှာ Value change ပေါ့ … ၃-၂ Cut ပေါ့။ Value Change တလျှောက်လုံးမှာ လုပ်ဆောင်တဲ့အခါမှာ စိုက်ပျိုးရေးအတွက်လည်းပါတယ်။ Processing ပိုင်းမှာလည်း ကျနော်တို့ကို စနစ်တကျနဲ့ လေ့ကျင့်ပေးတယ်။ နောက် စက်ပစ္စည်းတွေနဲ့ ပတ်သက်လို့လည်း သူတို့ဘက်က ပံ့ပိုးမှုတွေ ရှိပါတယ်။ ကျနော်တို့ဘက်ကလည်း တောင်သူတွေကို ဈေးမှန်ရအောင် အစွမ်းကုန်ဆောင်ရွက်ပါတယ်။ ပြီးတော့ အထူးတန်းဝင်ကော်ဖီ ပြပွဲ SCA ပြပွဲမှာ ကျနော်တို့ ဘာအတွေ့အကြုံ ရသလဲဆိုတော့ Transparency တောင်သူဆီက ဘယ်လောက် ဝယ်လိုက်သလဲ၊ Processing မှာ ကျသလဲ။ Service charges အနေနဲ့ ဘယ်လောက်ယူလဲ။ အားလုံးက Transparency ရှိရှိနဲ့ လုပ်ပြီးတော့ အားလုံး Win-Win အားလုံး မျှမျှတတနဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ဆောင်ရွက်ကြမှာပါ။ အဲဒါက ကျနော်တို့အတွက် တော်တော်ကို အတွေ့အကြုံရပြီးတော့ ဒီ Trading နဲ့ ပတ်သက်လို့လည်း အများကြီး အတွေ့အကြုံ ရရှိခဲ့ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခု အမေရိကကိုလာတယ်။ ရှေ့ နှစ်မှာလဲ ပြပွဲရှိတယ်။ လာဖို့ အလားအလာရှိတယ်ပေါ့။ ဒီက ပြန်သွားရင်ကော မြန်မာနိုင်ငံမှာ ပြန်လုပ်ဖို့၊ တိုးချဲ့ လုပ်ဆောင်ဖို့ အစီအစဉ်တွေ ဘာတွေများ အကြံဥာဏ်တွေ ရခဲ့သလဲ။

ဦးရဲမြင့် ။ ။ ကျနော်တို့က ကော်ဖီ အရေအသွေးကောင်းတွေ ထုတ်လုပ်ဖို့ဆိုတာ ဈေးကွက်ရှိရင် တောင်သူကြီးကော၊ တောင်သူငယ်တွေကော အကုန်လုံး စိတ်ဝင်စားပါတယ်။ စိတ်ဝင်စားတဲ့အခါမှာ ကျနော်တို့က ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မျိုးကောင်းမျိုးသန့်တွေကို စိုက်ထားပါတယ်။ ဒီမျိုးကောင်းမျိုးသန့်တွေကို ကျနော်တို့ အခမဲ့ တောင်သူငယ်တွေအတွက် ဖြန့်ဖြူးပေးမှာပါ။ အဲဒီတော့ အမှန်တကယ် စိုက်ပျိုးထုတ်လုပ်မယ့် လူတွေက သက်ဆိုင်ရာ အဝယ်သည် ကျနော်တို့ ကော်ဖီအသင်းကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခု မြန်မာနိုင်ငံမှာကော ကော်ဖီစိုက်တဲ့ တောင်သူက တော်တော်များများ ရှိသလား။ ဒါမှမဟုတ် တနည်းအားဖြင့် ပြောရရင် ကော်ဖီစိုက်တဲ့ ဧက ခန့်မှန်းကြည့်လို့ ရနိုင်မလား။ လက်ရှိ အနေအထားမှာ။

ဦးရဲမြင့် ။ ။ ကျနော်တို့ အစိုးရ တရားဝင်ထုတ်ပြန်တဲ့ သတင်းတွေအရ ဧကပေါင်း တစ်သိန်းလောက် ကော်ဖီ စီမံကိန်းတွေမှာ ရာထားပါတယ်။ ကော်ဖီ တကယ်တမ်းပိုင်သူ ကော်ဖီများတာကတော့ နောင်ချိုနယ်မှာ ရှိသလို၊ ပြင်ဦးလွင်နယ်မှာလည်း ရှိပါတယ်။ အဓိကတော့ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့ နယ်တဝိုက်မှာ ပိုပြီးတော့ များပါတယ်။ အဲဒီတော့ ကော်ဖီက ဈေးနှုန်းကျတဲ့အခါမှာ တောင်သူတွေက ကော်ဖီပင်တွေ ခုတ်ပစ်တဲ့အထိကို စိတ်ဝင်စားမှု နည်းပါးလာပါတယ်။ ကျန်တဲ့ တောင်သူငယ်တွေကတော့ ရွာငံဖက်မှာ ပိုပြီးများတယ်။ ကျနော်တို့က ကော်ဖီဈေးကွက် ခိုင်မာတယ်ဆိုရင် သူတို့အနေနဲ့ စိတ်ဝင်စားမှု ပိုများလာမှာပါ။ ကျနော်တို့က ထုတ်လုပ်မှု လုပ်ငန်းမှာလည်း တိုးတက်အောင် ဆောင်ရွက်ရမှာ ဖြစ်သလို၊ Processing ပိုင်းမှာနဲ့ Quality Control ပိုင်းမှာ ကျနော်တို့ ဆောင်ရွက်ရအုံးမှာပါ။

ကိုဇော်ဝင်းလှိုင် ။ ။ တောင်သူတွေဘက်က ပြန်ကြည့်မယ်ဆိုရင် သူတို့အနေနဲ့ အစောပိုင်းမှာ ဈေးနည်းတဲ့အခါကြတော့ ကော်ဖီစိုက်ဖို့ စိတ်ဝင်စားမှု မရှိခဲ့သလို၊ သူတို့ဘက်မှာ တခြားလိုအပ်ချက်တွေ ဘာတွေ ရှိသလဲ။ ဥပမာ စောစောကပြောတဲ့ မျိုးကောင်းရဖို့ကိစ္စတွေ။ သူတို့ဘက်က လိုအပ်ချက်တွေက ဘာတွေ ရှိသလဲ။

ဦးရဲမြင့် ။ ။ ကျနော်တို့ ပြောမယ်ဆိုရင် တောင်သူတွေမှာ ထိထိရောက်ရောက် ပံ့ပိုးပေးတဲ့ အစီအစဉ်မျိုးက တော်တော်နည်းတယ်ပေါ့။ အဲဒီတော့ ကျနော်တို့အသင်း စပြီပေါ်လာတဲ့နေရာက စပြီးတော့ ကျနော်တို့ကတော့ ပရဟီတစိတ်ဓါတ်နဲ့ ကျနော်တို့ ဝိုင်းတယ်။ ကျနော်တို့ကလည်း လယ်သမားဖြစ်တဲ့အတွက်၊ ကော်ဖီစိုက် တောင်သူဖြစ်တဲ့အတွက် ကိုယ်ချင်းစာတရားထားတယ်။ တတ်နိုင်သလောက် ဈေးကို မျှမျှတတဖြစ်အောင် ဆောင်ရွက်မှာ ဖြစ်သလို၊ သူတို့နဲ့လည်း လိုအပ်ချက်တွေအားလုံးကို ညှိနှိုင်းပြီိးတော့ တိုင်ပင်ဆောင်ရွက်သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က စိတ်ဝင်စားမှုတူတဲ့ အုပ်စု ဖြစ်ပါတယ်။ အဲဒါကို Common Ground လို့ တူတဲ့လူတွေ စုပြီးတော့ ဖွဲ့ထားတာ ဖြစ်တဲ့အတွက် ထိထိရောက်ရောက်နဲ့ ပံ့ပိုးပေးသွားမှာပါ။

ကိုဇော်ဝင်းလှိုင် ။ ။ ပြည်တွင်းဆိုလို့ မြန်မာနိုင်ငံမှာလည်း အရင်တုန်းကနဲ့မတူ ကော်ဖီသောက်တဲ့ အရေအတွက်က လူငယ်တွေကြားနဲ့ လူကြီးတွေကြားမှာ တော်တော်လေး ကော်ဖီအပေါ် စိတ်ဝင်စားပြီး၊ ကော်ဖီသောက်တဲ့ အရေအတွက် များလာတာကို တွေ့ရတယ်။ ပြည်တွင်းဈေးကွက်မှာ တော်တော်လေး ထိုးဖောက်နိုင်ပြီလား။ မြန်မာနိုင်ငံက ထွက်တဲ့ကော်ဖီတွေက။ လက်ရှိအထိတော့ နိုင်ငံခြားကဝင်တဲ့ ကော်ဖီတွေက တော်တော်လေး လွှမ်းမိုးတာ ရှိတယ်။

ဦးရဲမြင့် ။ ။ ဈေးကွက်သဘောတရားအရတော့ ယှဉ်ပြိုင်ကြတာပေါ့။ ကျနော်တို့ဘက်ကလည်း ကျနော်တို့ကော်ဖီကောင်းသည် ဘယ်လို အရသာတွေနဲ့ ပြည့်စုံတယ်ဆိုတာကို ပညာပေးတဲ့ လုပ်ငန်းတွေ စတင်ရပါမယ်။ အဲဒီတော့ ကော်ဖီကောင်းတခုက ဘာတွေနဲ့ ညီရမလဲဆိုတော့ .. ချဉ်တဲ့အရသာ ရှိရမယ်။ သူ့ရဲ့  Roasting ပေါ်မှာ မူတည်ပြီးတော့ ခါးတဲ့ အရသာလည်းပါတယ်။ အဓိက Aroma အနံ့အရသာနဲ့ ပြည့်စုံတယ်။ ပြီးတော့ Clean ဖြစ်တယ်။ ဒါတွေအားလုံး စုပေါင်းပြီးတော့ Special Grade အနေနဲ့ SCA က သတ်မှတ်ထားတဲ့ Score တွေ ရှိပါတယ်။ ကျနော်တို့က 85 ရတဲ့အတွက် အထူးတန်းဝင် ကော်ဖီတွေ ဖြစ်ပါတယ်။ အဲဒီတော့ မြန်မာပြည်သူတွေသာမကဘဲ ကမ္ဘာက သိဖို့ လိုပါတယ်။ ကျနော်တို့ ကော်ဖီက အထူးတန်းဝင် ဖြစ်တယ်ဆိုတာ။ အဲဒီတော့ အရသာခံပြီး သေသေချာချာ သောက်တဲ့အခါ အချိုဓါတ်၊ အချဉ်ဓါတ်၊ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ကော်ဖီဖြစ်တယ်ဆိုတာကို မြန်မာနိုင်ငံသူနိုင်ငံသားတွေက ပိုပြီး သိသင့်ပါတယ်။ မြန်မာကော်ဖီကိုလည်း ပိုပြီးတော့ အားပေးစေချင်ပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။

ဦးရဲမြင့် ။ ။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG