သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စဥ္ဆက္မျပတ္ ဖြံ႔ၿဖိဳးတိုးတက္မႈ ဆုရလူငယ္


စဥ္ဆက္မျပတ္ဖြံ႔ၿဖိဳးေရး ဦးေဆာင္တည္ထြင္သူ ဆုရရွိတဲ့ ကိုေဇာ္ရဲေနာင္
စဥ္ဆက္မျပတ္ ဖြံ႔ၿဖိဳးတိုးတက္မႈ ဆုရလူငယ္
please wait

No media source currently available

0:00 0:12:01 0:00
တိုက္႐ိုက္ လင့္ခ္

ႏိုင္ငံတိုးတက္ေရးအတြက္ အခက္အခဲေတြၾကားက ေဖာက္ထြက္ႏိုင္ဖို႔ဆိုတာ မ်ိဳးဆက္သစ္လူငယ္ေတြအေပၚ အမ်ားႀကီး မူတည္ေနပါတယ္လို႔ ကုလသမဂၢက ခ်ီးျမႇင့္တဲ့ စဥ္ဆက္မျပတ္ဖြံ႔ၿဖိဳးေရး ဦးေဆာင္တည္ထြင္သူ ဆုရရွိတဲ့ ကိုေဇာ္ရဲေနာင္က ေျပာပါတယ္။ ကိုေက်ာ္ေက်ာ္သိန္းက ေတြ႕ဆုံေမးျမန္းထားပါတယ္။

ေမး ။ ။ ကိုေဇာ္ရဲေနာင္ က သူငယ္ခ်င္း ကိုမာန္သူရိွန္နဲ႔ ေရႊေတာင္ညိဳႀကီး ကုမၸဏီလီမီတတ္ ၂၀၁၇ ခုႏွစ္မွာ စတင္ၿပီးေတာ့ တည္ေထာင္ခဲ့တယ္။ ၿပီးေနာက္ ၾကက္ေမြးျမဴးေရးလုပ္ငန္ - ဘယ္လို ၾကက္ေမြးျမဴးေရး လုပ္ငန္းဘယ္လိုၾကက္ေမြးျမဴးေရး လုပ္ငန္းဆိုတာကို ေရွ ႔မွာေျပာသြားခဲ့ပါၿပီ။ ဆိုေတာ့ ဒီေရႊေတာင္ညိဳႀကီး ကုမၸဏီလီမိတက္ကို စတည္ေထာင္ခဲ့ၿပီး၊ ဒီလိုၾကက္ေမြးျမဴးေရး အမ်ဳိးအစားကို စလုပ္ဖုိ႔ ဘယ္လိုစိတ္ကူးရခဲ့တာလဲ။

ေျဖ ။ ။ အဓိကေတာ့ က်ေနာ့္သားေလး (၉) လအရြယ္မွာ nutration consultant ဆရာဝန္ႀကီးက သားသားကို ၾကက္ဥေကၽြးဖို႔ဆိုၿပီးေတာ့ မွာပါတယ္။ မွာတဲ့အခါမွာ က်ေနာ္က ၾကက္ဥကို ေကၽြးတယ္။ ဒါေပမဲ့ အဲဒီၾကက္ဥက သားသားေလးစားဖို႔ မသင့္တဲ့ ၾကက္ဥ ျဖစ္တယ္ဆိုတာကို သိသြားတယ္။ (၃) လေလာက္ၾကာမွ သိသြားတယ္။ သိသြားတဲ့အခါမွာ က်ေနာ္ ဘာျဖစ္လဲဆိုေတာ့ ဒီအခ်ိန္မွာ အေဖတေယာက္အေနနဲ႔ အျပစ္ရိွတယ္လို႔ ယူဆလိုက္တယ္။ ဘာလုပ္လဲဆိုေတာ့ က်ေနာ္သူငယ္ခ်င္းက ေျပာလာၿပီး တိုက္ဆိုင္သြားေတာ့ ကိုမာန္နဲ႔ က်ေနာ္တုိိ႔ ၾကက္ေမြးၾကေအာင္ဆိုၿပီး စျဖစ္ခဲ့တာပါ။
စျဖစ္ေတာ့ က်ေနာ္တို႔က ရိုးရိုးေလွာင္အိမ္နဲ႔ ေမြးတာမ်ဳိး မလုပ္ခ်င္ဘူး။ Free Range Chicken ႀသဲဂန္နစ္လမ္းကို သြားဖို႔အတြက္ အဓိကေတာ့ ၾကက္ေတြကို ေထာင္မခ်ထားခ်င္ဘူး။ တိရစာၦန္နဲ႔ ပတ္သက္ၿပီး ညဥ္းပန္းႏိွပ္စက္မႈ မလုပ္ခ်င္ဘူး။ ဒါေၾကာင့္မို႔ ေျမႀကီးေပၚမွာ သူတို႔သဘာဝအတုိင္း လႊတ္ေက်ာင္းၿပီးေမြးတဲ့စနစ္ကို စလုပ္မယ္ဆိုၿပီး ကိုမာန္နဲ႔ တိုင္ပင္ၿပီး စျဖစ္ခဲ့တာပါ။

ေမး ။ ။ ဒီလိုမ်ဳိး လႊတ္ေက်ာင္း လြတ္လြတ္လပ္လပ္ သဘာဝနီးပါးေမြးၿပီးမွ ဥဥေစတဲ့ ၾကက္ေတြကိုေမြးတာက စီးပြားျဖစ္ေမြးတာ၊ အရင္တုန္းက အဲဒီေလာက္အထိ မရိွဘူးထင္တယ္။ ၿခံနဲ႔တာ့ ရိွမွာေပါ့။

ေျဖ ။ ။ က်ေနာ္ မွတ္သားမိသေလာက္ အိမ္ေတြမွာ ေမြးထားတာေတာ့ ရိွတယ္။ ဒါေပမဲ့ စီးပြားျဖစ္ ထုတ္ရေလာက္ေအာင္ လႊတ္ေက်ာင္းစနစ္နဲ႔ ေမြးတာမ်ဳိး က်ေနာ္တုိ႔ေရွ ႔မွာ မရိွခဲ့ဘူး။

ေမး ။ ။ ဘယ္လိုျဖစ္ၿပီး လႊတ္ေက်ာင္း ၾကက္ေမြးျမဴးေရးကိုလုပ္မယ္ ဆိုၿပီးေတာ့၊ ဒါက လုပ္သင့္တဲ့လုပ္ငန္းဆိုၿပီး စဥ္းစားမိသလဲ။

ေျဖ ။ ။ အဓိကေတာ့ က်ေနာ္တိို႔ သာမန္ရိုးက် ၾကက္ဥေတြကေတာ့ ေစ်းထဲမွာရိွတယ္။ သူ႔မွာ ေကာင္းတဲ့ခ်က္ေတြ ရိွသလို၊ အားနည္းခ်က္ေတြလည္း ရိွတယ္။ ေနာက္တခုက ဘာလဲဆိုေတာ့ က်ေနာ္တုိ႔လည္း ဗုဒၶဘာသာျဖစ္တယ္။ ျဖစ္တဲ့အခါၾကေတာ့ ၾကက္ေတြကို ေလွာင္အိမ္ထဲမွာ ထည့္မထားခ်င္ဘူး။ ထည့္မထားခ်င္ေတာ့ ေျမႀကီးေပၚမွာ လႊတ္ေက်ာင္းေမြးမယ္ဆိုၿပီး စၿပီစဥ္းစားခဲ့တာ။

ေမး ။ ။ စလုပ္တဲ့အခ်ိန္မွာဆိုရင္ ဒါက အသစ္လည္းျဖစ္တယ္ဆိုေတာ့ အခက္အခဲေတြ႔မွာ ေသခ်ာသေလာက္ေပါ့။ ဘယ္လို အခက္အခဲေတြ အဓိက ရင္ဆိုင္ခဲ့ရလဲ။

ေျဖ ။ ။ အခက္အခဲေတြကေတာ့ အမ်ားႀကီးပါ။ အပိုင္းခြဲၿပီးေတာင္ ေျပာလို႔ရတယ္။ တခုမွာဆိုရင္ က်ေနာ္တုိ႔က ေမြးျမဴးေရးကို ဒီလိုမ်ဳိး အမ်ားႀကီးလုပ္ခဲ့ဖူးတာ မဟုတ္ဘူး။ ႏွစ္ေယာက္စလံုးကလည္း ၾကက္ေမြးျမဴးေရး အေတြ႔အႀကံဳ မရိွဘူး။ ကိုမာန္ဆုိလည္း အေပ်ာ္ေမြးခဲ့တာပဲ ရိွတာ။ က်ေနာ္ဆိုလည္း မရိွတဲ့အခါမွာ က်ေနာ္တို႔လုပ္တဲ့ဟာကလည္း အသစ္ျဖစ္ေနတယ္။ အသစ္ျဖစ္ေနေတာ့ ေမးစရာလူလည္း ေတာ္ေတာ္နည္းတယ္။ အဲဒီမွာစၿပီးေတာ့ Struggle စလုပ္ရတယ္။ ဘာျဖစ္လဲဆိုေတာ့ မကုန္သင့္တဲ့ ပိုက္ဆံေတြ အမ်ားႀကီးကုန္တယ္။ ေလးဆေလာက္ ပိုကုန္တယ္ဟာမ်ဳိးေတြလည္း ျဖစ္ခဲ့ဖူးတယ္။
ေနာက္တခုက ဘာလဲဆိုေတာ့ ေစ်းကြက္ - ေစ်းကြက္ရွာတဲ့အခါမွာ ကုန္ပစၥည္းအသစ္ႀကီး ထြက္လာတယ္။ အဲဒါကို ဘယ္သြားေရာင္းမလဲ။ ေနာက္ၿပီးေတာ့ ဒီဟာက ကုန္က်စရိတ္ကလည္း မ်ားတယ္။ ေရွ ႔မွာလည္း အမွားေတြကမ်ားတယ္။ ေစ်းကြက္အခက္အခဲ ႀကံဳခဲ့တယ္။ အဲဒါမ်ဳိးေတြ struggle အမ်ားႀကီး လုပ္ခဲ့ရပါတယ္။

ေမး ။ ။ လုပ္ငန္းက ၂၀၁၇ မွာ စခဲ့တယ္ဆိုေတာ့ တကယ့္ကို အသစ္။ အခုဆုိရင္ (၂) ႏွစ္ ပတ္ဝန္းက်င္။ လုပ္ငန္းအသစ္ဆိုေတာ့ အခုအခ်ိန္အထိလည္း အခက္အခဲေတြ ရိွေနအံုးမယ္။ အခုအခ်ိန္မွာ အခက္အခဲေတြ နည္းသြားၿပီလား။

ေျဖ ။ ။ ေျပာရင္ေတာ့ အခက္အခဲေတြက ထုတ္လုပ္မႈနဲ႔ ပတ္သက္တဲ့ တျဖည္းျဖည္းနဲ႔ေတာ့ control ထိန္းခ်ဳပ္လာႏုိင္တယ္။ တျခားေစ်းကြက္နဲ႔ ပတ္သက္တဲ့ အခက္အခဲေတြေတာ့ ရိွေသးတယ္။

ေမး ။ ။ အခုလက္ရိွ အေျခအေန။ စလုပ္တာကေန ႀကံဳရတဲ့ အခက္အခဲကေန အခုလက္ရိွ ရိွေနတဲ့ အခက္အခဲေတြထဲမွာ အႀကီးမားဆံုး ရိွေနတဲ့ အခက္အခဲ၊ အႀကီးမားဆံုး ရင္ဆိုင္ေနရတာကိုေျပာရင္ ဘာရိွမလဲ။

ေျဖ ။ ။ အႀကီးမားဆံုး ရင္ဆိုင္ေနရတဲ့ အခက္အခဲကေတာ့ က်ေနာ္တုိ႔ႏွစ္ေယာက္က ဝန္ထမ္းဘဝက လာတာ။ အဲဒီေတာ့ ေငြက အလံုအေလာက္ မရိွဘူး။ မိသားစုႏွစ္စုမွာရိွတဲ့ ေငြကိုေပါင္းၿပီးမွ ဒီၿခံကို လုပ္ခဲ့ရတာပါ။ လုပ္ခဲ့ေတာ့ ေျမဆိုရင္ ငပုေတာမွာ ကိုမာန္သူရိွန္ရဲ ႔ အကိုရဲ ႔ေျမကို ခဏယူၿပီးေတာ့ လုပ္ခဲ့ရတယ္။ အဲဒီလိုနဲ႔ စခဲ့ရေတာ့ က်ေနာ္တုိ႔မွာ အဓိကေတာ့ ေငြေၾကးအခက္အခဲပါ။ ေနာက္တခုကေတာ့ နည္းပညာပိုင္းဆိုင္ရာ အခက္အခဲ။ ေနာက္ၿပီး ဘယ္လိုသြားေရာင္းရမလဲဆိုတဲ့ အခက္အခဲ။ ဒါေပမဲ့ က်ေနာ္တို႔က အခက္အခဲေတြအားလံုးကို တာဝန္ယူၿပီးေတာ့ လယ္သမားကိုလည္း နည္းပညာေတြ ျပန္ေပးၿပီးေတာ့ အလုပ္လုပ္ျဖစ္သြားတယ္။

ေမး ။ ။ ဆိုေတာ့ ငပုေတာမွာ စခဲ့တယ္။ အဲဒီကေန အခုဆိုရင္ က်ေနာ္ သိထားတာက ရွမ္းျပည္နယ္ စလုပ္ေနၿပီ၊ ကရင္မွာ စလုပ္ေနၿပီ။ ရန္ကုန္တုိင္းမွာ စလုပ္ေနၿပီ။ လူတစ္ရာေက်ာ္ လုပ္ေနၿပီဆိုေတာ့ လယ္သမားေတြနဲ႔ ဘယ္လိုလုပ္သလဲ။

ေျဖ ။ ။ လယ္သမားေတြနဲ႔ၾကေတာ့ ဘယ္လုိလုပ္သလဲဆိုေတာ့ (၁) နည္းပညာေပးတယ္။ နည္းပညာက Organic Farming လႊတ္ေက်ာင္း Free-range စနစ္ကို ဘယ္လိုေမြးသလဲဆိုတဲ့ နည္းစနစ္ေတြ အကုန္လံုးကို ေပးတယ္။ အဲဒီလိုပဲ လႊတ္ေက်ာင္းေမြးတဲ့ ၾကက္ေတြကို ေကၽြးတဲ့အစာေတြ ပဲ၊ ေျပာင္း၊ ႏွမ္းေတြကို ဒါေတြကို စနစ္တက်နဲ႔ Organic နည္းနဲ႔ ဘယ္လိုစိုက္မလဲဆိုတဲ့ နည္းပညာေတြ ပံ့ပိုးခဲ့တယ္။
(၂) ဒါေတြလုပ္ဖို႔အတြက္ ပိုက္ဆံကို က်ေနာ္က တတ္ႏိုင္သမွ် ပံ့ပိုးေပးတယ္။ တတိယအခ်က္ကေတာ့ ဒီဟာေတြ ထြက္လာၿပီးရင္ ဘယ္နားေရာင္းမလဲဆိုတာ လယ္သမားေတြဆီမွာ ျပႆနာ ရိွတယ္။ အဲဒီ ေစ်းကြက္မရိွတဲ့ ျပႆနာကို က်ေနာ္က တာဝန္ယူေပးတယ္။ ခ်ဳပ္ေျပာမယ္ဆိုရင္ေတာ့ က်ေနာ္သည္ နည္းပညာ၊ ေငြေရးေၾကးေရး အခက္အခဲ နဲ႔ ေစ်းကြက္အခက္အခဲေတြကို လယ္သမားေတြအတြက္ ေျဖရွင္းေပးတယ္။
ဒါကေတာ့ ၾကက္ဥထုတ္တဲ့ လယ္သမားေတြနဲ႔ စိုက္ပ်ဳိးေရးေတာင္သူေတြအတြက္။ ေနာက္တခုက အမ်ဳိးသမီးေတြဆို - ၾကက္ဥေတြကို ရန္ကုန္ၿမိဳ ႔မွာ ေရာင္းတဲ့အခါမွာ ဒီအတိုင္း မေရာင္းဘဲနဲ႔ ဝါးျခင္းေလးေတြနဲ႔ ေရာင္းတယ္။

ေမး ။ ။ ဝါးျခင္းလို႔ ဘာလို႔စဥ္းစားတာလဲ။ ဘာေၾကာင့္ တျခားေတြနဲ႔ ပလက္စတစ္ဘူး၊ ေဖာ့ဘူးတို႔ မသံုးတာလဲ။

ေျဖ ။ ။ အဓိကေတာ့ နယ္မွာရိွတဲ့ အမ်ဳိးသမီးေတြက အလုပ္မရိွဘူး။ အလုပ္မရိွတဲ့အခါၾကေတာ့ သူတုိ႔ကို အလုပ္ေပးခ်င္တာနဲ႔ နယ္မွာဆိုိလဲ ဘယ္နားၾကည့္ၾကည့္ ဝါးေတာက အၿမဲရိွတယ္။ အဲဒါနဲ႔ က်ေနာ္တုိ႔ ဝါးျခင္းေလးေတြကို စဥ္းစားတာ။ က်ေနာ္တို႔လည္း တကယ့္တကယ္ေတာ့ ဝါးျခင္းမရက္တတ္ပါဘူး။ ရက္တတ္တဲ့လူကို ကိုမာန္သူရိွန္က ေခၚလာၿပီး ရြာကလူေတြကို သင္ေပးတယ္။ အဲဒီေတာ့ ဝါးျခင္းေလးကလည္း က်ေနာ္တုိ႔ ေအာင္ျမင္မႈရဲ ႔ တစ္ခု ျဖစ္တယ္။ ဥပမာ အမ်ဳိးသမီးတေယာက္ ျခင္းတစ္ေထာင္ေလာက္ကို ရက္ႏုိင္တယ္။ တစ္ျခင္းကို (၄၅၀) ရတယ္။

ေမး ။ ။ ျခင္းတစ္ေထာင္ဆိုတာ တစ္လကို ေျပာတာလား။

ေျဖ ။ ။ တစ္လကို ျခင္းတစ္ေထာင္ေလာက္ ရက္ႏုိင္တယ္။ ျခင္းတစ္လံုးကို (၄၅၀) ေပးတယ္။ တစ္လကို သူတုိ႔ရဲ ႔ ပ်ွမ္းမွ်ဝင္ေငြက ေလးသိန္းေက်ာ္ေက်ာ္ ရိွတယ္။ ဒါလဲ က်ေနာ္တုိိ႔အတြက္ ဂုဏ္ယူစရာ ျဖစ္လာတယ္။

ေမး ။ ။ သူတို႔လည္း ေပ်ာ္တာေပါ့။ အလုပ္အကိုင္ရတယ္၊ ဝင္ေငြရတယ္။ ဆိုေတာ့ လယ္သမားေတြအေနနဲ႔ ဘယ္လိုအက်ဳိးအျမတ္ရလဲ။

ေျဖ ။ ။ လယ္သမားေတြအေနနဲ႔ လယ္သမားမွာ ႏွစ္ပိုင္းရိွတယ္။ ေမြးျမဴးေရးသမားနဲ႔ စိုက္ပ်ဳိးေရးသမား။ စိုက္ပ်ဳိးေရးသမားေတြကိုေတာ့ က်ေနာ္တုိ႔ရဲ ႔ ၾကက္စာကို က်ေနာ္တို႔ေျပာတဲ့ နည္းစနစ္အတိုင္း စိုက္ေပးပါ။ အကိုတုိ႔ စိုက္ေပးတဲ့ဆိုရင္ က်ေနာ္တုိ႔ ဘယ္ေလာက္ေပးမယ္။ အဲဒီေတာ့ လယ္သမားေတြဆိုရင္ ပထမႏွစ္မွာဆိုရင္ စစခ်င္းဆိုေတာ့ Organic လက္မွတ္ မရေသးဘူး။ က်ေနာ္တုိ႔က သူတုိ႔ကို target ဘယ္လိုေပးလိုက္လဲဆိုရင္ ပထမႏွစ္အတြင္းမွာ ခင္မ်ားတို႔ Milestones ေတြ ပထမႏွစ္ၿပီးရင္ ဘာၿပီရမယ္။ ဒုတိယႏွစ္၊ တတိယႏွစ္နဲ႔ ေနာက္ဆံုး Organic ျဖစ္သြားတယ္။ Organic ဆိုတဲ့ သေဘာကလည္း တစ္ရက္ထဲနဲ႔ တစ္ရာတန္မျဖစ္ဘူး။ မျဖစ္ေတာ့ လယ္သမားေတြကို ခင္မ်ားတို႔ (၃) ႏွစ္ေနရင္ ခင္မ်ားတို႔ကို Organic လက္မွတ္ရေအာင္ လုပ္ေပးမယ္။ အဲဒီေတာ့ ပထမႏွစ္မွာ၊ ဒုတိယႏွစ္၊ တတိယႏွစ္မွာ က်ေနာ္တို႔ေျပာတဲ့အတုိင္းလုပ္၊ လုပ္တယ္ဆိုရင္ ဘယ္ေလာက္ရာခိုင္ႏႈန္း ေပးသြားမယ္။

အဲဒီလိုပဲ ေမြးျမဴးေရးသမားေတြကိုလည္း က်ေနာ္တုိ႔ရဲ ႔ ေန႔စဥ္လုပ္ရမယ့္ လုပ္ငန္းစဥ္ေတြရိွတယ္။ မနက္မိုးလင္းတာနဲ႔ ၾကက္ၿခံထဲမွာ ဘာလုပ္ရမယ္။ ညေနာက္ဆံုး အိပ္တဲ့အခ်ိန္အထိ ဘာလုပ္ရမယ္ဆိုတာေတြကို အားလံုးသင္ေပးထားတယ္။ အဲဒီလို သင္ေပးထားတဲ့အတိုင္း လုပ္တယ္ဆိုရင္ ၾကက္ဥတစ္လံုးကို ဘယ္ေလာက္တုိးေပးသြားမယ္ဆိုတာကို ကတိေပးထားတယ္။ အဲဒီကတိအတိုင္း လုပ္တဲ့အခါမွာ ၾကက္ဥက ေန႔တိုိင္းထြက္ေနေတာ့ ေန႔တိုင္းဝင္ေငြ ရေနတယ္။
ေျပာခ်င္တာက လယ္သမားပဲျဖစ္ျဖစ္၊ ေမြးျမဴးေရးသမားပဲျဖစ္ျဖစ္၊ စိုက္ပ်ဳိးေရးသမားပဲျဖစ္ျဖစ္ သူတို႔က ပံုမွန္ထက္ပိုတဲ့ ပိုက္ဆံကို ပိုရလာတယ္။ ေနာက္ၿပီးေတာ့ ဘာမွအခက္အခဲမရိွတဲ့ ေစ်းကြက္ကို သူတုိ႔ရသြားခဲ့တယ္။

ေမး ။ ။ Organic ျဖစ္ပါတယ္လို႔ ဘယ္ေလာက္ အာမခံေပးႏုိင္လဲ။

ေျဖ ။ ။ အဓိကက က်ေနာ္တို႔ ျမန္မာႏုိင္ငံမွာ နားလည္မႈလြဲတာ တစ္ခု ရိွတယ္။ အဲဒါက ဘာလဲဆိုေတာ့ ဓါတုေဗဒ မသံုးတာနဲ႔ Organic ျဖစ္တယ္လုိ႔ က်ေနာ္တို႔မိဘေတြနဲ႔ ပတ္ဝန္းက်င္မွာ ယံုၾကည္ထားၾကတယ္။ တကယ့္တကယ္က Organic ဆိုတာ ဓါတုပစၥည္းေတြ မပါရံုနဲ႔ Organic ျဖစ္တာ မဟုတ္ဘူး။ ဘာလုပ္ရမလဲဆိုရင္ သူမွာ Process ေပါင္း မ်ားစြာရိွတယ္။ ဥပမာ ၾကက္ေတြေကၽြးတဲ့အခါမွာ ပဲ၊ ေျပာင္း၊ ႏွမ္း အားလံုးသည္ Organic လက္မွတ္ရၿပီးသာ ပဲျဖစ္ရမယ္၊ ေျပာင္းျဖစ္ရမယ္၊ ႏွမ္း ျဖစ္ရမယ္။ အဲဒါမ်ဳိး ျမန္မာျပည္မွာ မရိွဘူး။ မရိွေတာ့ က်ေနာ္တုိ႔ကလည္း တစ္ရက္တည္းနဲ႔ Organic ယူခဲ့တာ မဟုတ္ဘူး။ လက္ရိွ က်ေနာ္တို႔ၿခံေတြအားလံုး ရထားတဲ့လက္မွတ္သည္ Conversion to Organic ျမန္မာလိုေျပာမယ္ဆိုရင္ ႀသဲဂန္နစ္သို႔ ကူးေျပာင္းဆဲကာလ လက္မွတ္ကို ယူထားတာ။

ေမး ။ ။ အဲဒီ လက္မွတ္ကို ဘယ္သူက ထုတ္ေပးတာလဲ။

ေျဖ ။ ။ Myanmar Organic Agriculture Group ဆိုတဲ့ အဖြဲ႔က ထုတ္ေပးပါတယ္။ အဲဒီအဖြဲ႔က Commitment က်ေနာ္တုိ႔ရဲ ႔ Commitment အရဆိုရင္ (၃) ႏွစ္ေနရင္ တစ္ရာရာခိုင္ႏႈန္းျဖစ္တဲ့ Organic ျဖစ္သြားတယ္။ အဲဒါေၾကာင့္လဲ MOAG အဖြဲ႔က ႏွစ္တိုင္း ျပန္လည္စစ္ေဆးမႈေတြ ျပန္လုပ္တယ္။ ဘယ္ေလာက္တိုးတက္လာလဲ။ ဘာေတြလိုလဲ။ ေတာက္ေလွ်ာက္ၾကည့္ေပးတယ္။ အဲဒီလိုနည္းနဲ႔ သြားေနတာပါ။

ေမး ။ ။ ဆိုေတာ့ အခုလက္ရိွ အေျခအေနက ကိုေဇာ္ရဲေနာင္တို႔ ေျပာႏိုင္တာက Organic လံုးလံုး အျပည့္မဟုတ္ဘူးဆိုေပမယ့္ အဲဒီကို သြားေနတယ္။

ေျဖ ။ ။ က်ေနာ္တို႔ လက္ရိွမွာ ေျပာႏိုင္တာက (၅၀) ရာခိုင္ႏႈန္း ႀသဲဂန္နစ္ ေသခ်ာေနၿပီ။ ဒါေပမဲ့ က်ေနာ္တို႔က စားသံုးသူကို မမွားယြင္းေစခ်င္ေတာ့ ဘယ္လိုေျပာၿပီး ေရာင္းသလဲဆိုေတာ့ လႊတ္ေက်ာင္းၾကက္ဥ - အဂၤလိပ္လိုေတာ့ Free-Range Chicken လို႔ ေျပာတယ္။ က်ေနာ္တို႔ရဲ ႔ ၾကက္ဥဘူးေတြမွာ စားသံုးသူကို ႀသဲဂန္နစ္ၾကက္ဥလုိ႔ တစ္လံုးမွ မေရးထားဘူး။ လႊတ္ေက်ာင္းၾကက္ဥလို႔ပဲ သံုးထားတယ္။

ေမး ။ ။ ဆိုေတာ့ ဒီဥစၥာက ေမြးရတာလဲ ေျမ၊ ဘာညာလိုအပ္တယ္ဆိုေတာ့ ကုန္က်စရိတ္ ပိုမ်ားမွာ ေသခ်ာတယ္။ အျခားေမြးတဲ့နည္းေတြနဲ႔စာရင္ ဆိုေတာ့ ထုတ္လုပ္တဲ့ကုန္က်စရိတ္နဲ႔ ေစ်းကြက္ကိုတင္ရတဲ့စရိတ္နဲ႔ ေစ်းကြက္မွာ ဒီၾကက္ဥက နည္းနည္းေစ်းပိုႀကီးမယ္ဆုိေတာ့ ေစ်းကြက္မွာ စိတ္ဝင္စားတဲ့လူ၊ စားသံုးတဲ့လူေတြ အလံုအေလာက္ရလား။

ေျဖ ။ ။ လက္ရိွမွာ က်ေနာ္တုိ႔ေစ်းကြက္ ပံုစံက သီးသန္႔ေစ်းကြက္ ျဖစ္တယ္။ လက္ရိွ က်ေနာ္တုိ႔ ထုတ္ႏုိင္တဲ့ ပမာဏရယ္။ ဝယ္ႏုိင္တဲ့ Customs နဲ႔ မွ်ေျခ ရိွေနေသးတယ္။ က်ေနာ္တို႔ကလည္း ဝယ္သူ လိုသေလာက္လည္း ထုတ္ေပးႏုိင္ဖို႔ လိုတယ္။ ေစ်းကြက္ထဲမွာ ျပတ္လုိ႔မရဘူး။ အဲဒီလိုပဲ ပိုသြားရင္လည္း က်ေနာ္တုိ႔က ရႈံးတယ္။ အဲဒီေတာ့ ဘာလုပ္ရသလဲဆိုေတာ့ က်ေနာ္တုိိ႔လက္ရိွ ဝယ္သူအေရအတြက္နဲ႔ ေနာက္ထပ္ထြက္လာမယ့္ ဝယ္သူေတြကို မွန္းၿပီးေတာ့ ေရာင္းသြားတဲ့ အေျခအေနမွာပဲ ရိွပါေသးတယ္။

ေမး ။ ။ လက္ရိွ အေျခအေနကေန ေရွ ႔ကို ဒီထက္ပိုၿပီးေတာ့ ခ်ဲ ႔ႏိုင္မယ့္၊ ပိုတုိးတက္ႏုိင္မယ့္ အလားအလာေကာ ရိွသလား။

ေျဖ ။ ။ ရိွပါတယ္။ အဓိကေတာ့ ဒီဟာကို သံုးမယ္ဆိုရင္ ကုန္က်စရိတ္ေတြ အမ်ားႀကီးရိွမယ္။ ဥပမာ ေစ်းကြက္ခ်ဲ ႔မယ္ဆိုရင္ ေစ်းကြက္ေဖာ္တာ လုပ္ဖုိ႔လိုမယ္။ အဲဒီအတြက္ ကုန္က်စရိတ္ေတြ ရိွႏိုင္တယ္။ ေစ်းကြက္ကို ခ်ဲ ႔လိုက္လို႔ ေစ်းကြက္က လိုက္လာတယ္ဆိုရင္ က်ေနာ္တို႔ ၿခံေတြက အဆင္သင့္ မရိွဘူး။ က်ေနာ္တို႔လည္း လယ္သမားေတြနဲ႔ လုပ္စရာေတြက အမ်ားႀကီးရိွေသးတယ္။ လယ္သမားေတြဆိုတာ သူတုိ႔ဆီကို သြားရတယ္။ စည္းရံုးရတယ္။ တစ္ခုခ်င္း လုပ္ရတယ္။ ဒါေတြအားလံုးအတြက္ဆုိရင္ အဓိကလုိတာကေတာ့ ဘ႑ာေရးဆိုင္ရာ အခက္အခဲေတြ ျဖစ္တယ္။ ဘ႑ာေရးဆိုင္ရာ အခက္အခဲ ေျပလည္သြားမယ္ဆိုရင္ေတာ့ အမ်ားႀကီး စိတ္တိုင္းသြားကိုယ္ပါ သြားလိုရပါတယ္။

ေမး ။ ။ ဒီလိုမ်ဳိး စမ္းသပ္တီထြင္ၿပီးေတာ့ အရင္တုန္းက မရိွေသးတဲ့ဟာမ်ဳိး တီထြင္စမ္းသစ္ၿပီးေတာ့ ကိုေဇာ္ရဲေနာင္တို႔ လူငယ္ေတြအေနနဲ႔ လုပ္ႏုိင္တာက ျမန္မာႏုိင္ငံမွာ အေျပာင္းအလဲေတြ ျဖစ္လာတာရဲ ႔ ေနာက္ဆက္တြဲ အက်ဳိးသက္ေရာက္မႈလို႔ ေျပာမယ္ဆိုရင္ ေျပာလို႔ရႏုိင္သလား။

ေျဖ ။ ။ က်ေနာ္လည္း တခါတေလ အဲဒီလို စဥ္းစားမိတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ဒီအခ်ိန္မွာ သာမန္ရိုးက် လုပ္ေနလို႔ကေတာ့ မလြယ္ဘူး။ မလြယ္တဲ့အခါၾကေတာ့ က်ေနာ္တို႔လို အသက္အရြယ္၊ လူငယ္ေတြက ဘာျဖစ္လာလဲဆိုေတာ့ အသစ္ေတြ၊ တီထြင္ၿပီး လုပ္လာၾကတယ္။ ေကာ္ဖီကို အသစ္ေလး တီထြင္လိုက္မလား။ ငရုတ္သီးကို ပံုစံသစ္ ေျပာင္းလုပ္မလား။ ေျပာရင္ေတာ့ ရိွေနၿပီသားေတြပါ။ ၾကက္ဥဆိုတာလဲ အရင္ကတည္းက ရိွေနၿပီသား။ ၾကက္ဥကို ပံုစံေျပာင္းလုပ္ေတာ့ ဒီလိုျဖစ္သြားတယ္။ ငရုတ္သီးကိုလည္း ပံုစံေျပာင္းလုပ္ရင္ အသစ္ျဖစ္သြားတယ္။ ဒီကာလအတြင္းမွာေတာ့ လူငယ္ေတြထဲက နည္းနည္းေလး ပံုစံေျပာင္းၿပီးေတာ့ စြန္႔ဦးတီထြင္လုပ္လာသူေတြ အမ်ားႀကီး ေတြ႔ရပါတယ္။

ေမး ။ ။ တိုင္းျပည္က ဒီထက္ပိုၿပီးေတာ့ တိုးတက္ၿပီး ေျပာင္းလဲမယ္ဆိုရင္ ဒီဟာေတြ ပိုျဖစ္လာႏုိင္သလို၊ ပိုအက်ဳိးရိွလာမယ္လို႔ ေျပာႏိုင္လား။

ေျဖ ။ ။ အဓိကေတာ့ အခက္အခဲတစ္ခု ျဖစ္ၿပီဆိုရင္ အခက္အခဲမွာ ေဖာက္ထြက္တဲ့လူေတြ ရိွတယ္။ အဲဒီေဖာက္ထြက္တဲ့ လူေတြက ေခတ္အေျပာင္းအလဲတိုင္းမွာ ေပၚလာတယ္။ ဆိုလိုတာက ဒီအခ်ိန္မွာ အခက္အခဲေတြ အမ်ားႀကီးရိွတယ္။ ဒါေပမဲ့ အဲဒီအခက္အခဲေတြၾကားမွာ ထြက္ေပါက္ကို ရွာတဲ့လူေတြ ရိွတယ္။ အဲဒီလူေတြကေတာ့ လူငယ္ေတြမ်ားတယ္။

ေမး ။ ။ ေက်းဇူးအမ်ားႀကီးပါ ကုိေဇာ္ရဲေနာင္။
ေျဖ ။ ။ က်ေနာ္ကိုလည္း ေတြ႔ဆံုေမးျမန္းေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။


==Unicode==

နိုင်ငံတိုးတက်ရေးအတွက် အခက်အခဲတွေကြားက ဖောက်ထွက်နိုင်ဖို့ဆိုတာ မျိုးဆက်သစ်လူငယ်တွေအပေါ် အများကြီး မူတည်နေပါတယ်လို့ ကုလသမဂ္ဂက ချီးမြှင့်တဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ဦးဆောင်တည်ထွင်သူ ဆုရရှိတဲ့ ကိုဇော်ရဲနောင်က ပြောပါတယ်။ ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ကိုဇော်ရဲနောင် က သူငယ်ချင်း ကိုမာန်သူရှိန်နဲ့ ရွှေတောင်ညိုကြီး ကုမ္ပဏီလီမီတတ် ၂၀၁၇ ခုနှစ်မှာ စတင်ပြီးတော့ တည်ထောင်ခဲ့တယ်။ ပြီးနောက် ကြက်မွေးမြူးရေးလုပ်ငန် - ဘယ်လို ကြက်မွေးမြူးရေး လုပ်ငန်းဘယ်လိုကြက်မွေးမြူးရေး လုပ်ငန်းဆိုတာကို ရှေ့မှာပြောသွားခဲ့ပါပြီ။ ဆိုတော့ ဒီရွှေတောင်ညိုကြီး ကုမ္ပဏီလီမိတက်ကို စတည်ထောင်ခဲ့ပြီး၊ ဒီလိုကြက်မွေးမြူးရေး အမျိုးအစားကို စလုပ်ဖို့ ဘယ်လိုစိတ်ကူးရခဲ့တာလဲ။

ဖြေ ။ ။ အဓိကတော့ ကျနော့်သားလေး (၉) လအရွယ်မှာ nutration consultant ဆရာဝန်ကြီးက သားသားကို ကြက်ဥကျွေးဖို့ဆိုပြီးတော့ မှာပါတယ်။ မှာတဲ့အခါမှာ ကျနော်က ကြက်ဥကို ကျွေးတယ်။ ဒါပေမဲ့ အဲဒီကြက်ဥက သားသားလေးစားဖို့ မသင့်တဲ့ ကြက်ဥ ဖြစ်တယ်ဆိုတာကို သိသွားတယ်။ (၃) လလောက်ကြာမှ သိသွားတယ်။ သိသွားတဲ့အခါမှာ ကျနော် ဘာဖြစ်လဲဆိုတော့ ဒီအချိန်မှာ အဖေတယောက်အနေနဲ့ အပြစ်ရှိတယ်လို့ ယူဆလိုက်တယ်။ ဘာလုပ်လဲဆိုတော့ ကျနော်သူငယ်ချင်းက ပြောလာပြီး တိုက်ဆိုင်သွားတော့ ကိုမာန်နဲ့ ကျနော်တို့ ကြက်မွေးကြအောင်ဆိုပြီး စဖြစ်ခဲ့တာပါ။
စဖြစ်တော့ ကျနော်တို့က ရိုးရိုးလှောင်အိမ်နဲ့ မွေးတာမျိုး မလုပ်ချင်ဘူး။ Free Range Chicken သြဲဂန်နစ်လမ်းကို သွားဖို့အတွက် အဓိကတော့ ကြက်တွေကို ထောင်မချထားချင်ဘူး။ တိရစ္ဆာန်နဲ့ ပတ်သက်ပြီး ညဉ်းပန်းနှိပ်စက်မှု မလုပ်ချင်ဘူး။ ဒါကြောင့်မို့ မြေကြီးပေါ်မှာ သူတို့သဘာဝအတိုင်း လွှတ်ကျောင်းပြီးမွေးတဲ့စနစ်ကို စလုပ်မယ်ဆိုပြီး ကိုမာန်နဲ့ တိုင်ပင်ပြီး စဖြစ်ခဲ့တာပါ။

မေး ။ ။ ဒီလိုမျိုး လွှတ်ကျောင်း လွတ်လွတ်လပ်လပ် သဘာဝနီးပါးမွေးပြီးမှ ဥဥစေတဲ့ ကြက်တွေကိုမွေးတာက စီးပွားဖြစ်မွေးတာ၊ အရင်တုန်းက အဲဒီလောက်အထိ မရှိဘူးထင်တယ်။ ခြံနဲ့တာ့ ရှိမှာပေါ့။

ဖြေ ။ ။ ကျနော် မှတ်သားမိသလောက် အိမ်တွေမှာ မွေးထားတာတော့ ရှိတယ်။ ဒါပေမဲ့ စီးပွားဖြစ် ထုတ်ရလောက်အောင် လွှတ်ကျောင်းစနစ်နဲ့ မွေးတာမျိုး ကျနော်တို့ရှေ့မှာ မရှိခဲ့ဘူး။

မေး ။ ။ ဘယ်လိုဖြစ်ပြီး လွှတ်ကျောင်း ကြက်မွေးမြူးရေးကိုလုပ်မယ် ဆိုပြီးတော့၊ ဒါက လုပ်သင့်တဲ့လုပ်ငန်းဆိုပြီး စဉ်းစားမိသလဲ။

ဖြေ ။ ။ အဓိကတော့ ကျနော်တို့ သာမန်ရိုးကျ ကြက်ဥတွေကတော့ ဈေးထဲမှာရှိတယ်။ သူ့မှာ ကောင်းတဲ့ချက်တွေ ရှိသလို၊ အားနည်းချက်တွေလည်း ရှိတယ်။ နောက်တခုက ဘာလဲဆိုတော့ ကျနော်တို့လည်း ဗုဒ္ဓဘာသာဖြစ်တယ်။ ဖြစ်တဲ့အခါကြတော့ ကြက်တွေကို လှောင်အိမ်ထဲမှာ ထည့်မထားချင်ဘူး။ ထည့်မထားချင်တော့ မြေကြီးပေါ်မှာ လွှတ်ကျောင်းမွေးမယ်ဆိုပြီး စပြီစဉ်းစားခဲ့တာ။

မေး ။ ။ စလုပ်တဲ့အချိန်မှာဆိုရင် ဒါက အသစ်လည်းဖြစ်တယ်ဆိုတော့ အခက်အခဲတွေ့မှာ သေချာသလောက်ပေါ့။ ဘယ်လို အခက်အခဲတွေ အဓိက ရင်ဆိုင်ခဲ့ရလဲ။

ဖြေ ။ ။ အခက်အခဲတွေကတော့ အများကြီးပါ။ အပိုင်းခွဲပြီးတောင် ပြောလို့ရတယ်။ တခုမှာဆိုရင် ကျနော်တို့က မွေးမြူးရေးကို ဒီလိုမျိုး အများကြီးလုပ်ခဲ့ဖူးတာ မဟုတ်ဘူး။ နှစ်ယောက်စလုံးကလည်း ကြက်မွေးမြူးရေး အတွေ့အကြုံ မရှိဘူး။ ကိုမာန်ဆိုလည်း အပျော်မွေးခဲ့တာပဲ ရှိတာ။ ကျနော်ဆိုလည်း မရှိတဲ့အခါမှာ ကျနော်တို့လုပ်တဲ့ဟာကလည်း အသစ်ဖြစ်နေတယ်။ အသစ်ဖြစ်နေတော့ မေးစရာလူလည်း တော်တော်နည်းတယ်။ အဲဒီမှာစပြီးတော့ Struggle စလုပ်ရတယ်။ ဘာဖြစ်လဲဆိုတော့ မကုန်သင့်တဲ့ ပိုက်ဆံတွေ အများကြီးကုန်တယ်။ လေးဆလောက် ပိုကုန်တယ်ဟာမျိုးတွေလည်း ဖြစ်ခဲ့ဖူးတယ်။
နောက်တခုက ဘာလဲဆိုတော့ ဈေးကွက် - ဈေးကွက်ရှာတဲ့အခါမှာ ကုန်ပစ္စည်းအသစ်ကြီး ထွက်လာတယ်။ အဲဒါကို ဘယ်သွားရောင်းမလဲ။ နောက်ပြီးတော့ ဒီဟာက ကုန်ကျစရိတ်ကလည်း များတယ်။ ရှေ့မှာလည်း အမှားတွေကများတယ်။ ဈေးကွက်အခက်အခဲ ကြုံခဲ့တယ်။ အဲဒါမျိုးတွေ struggle အများကြီး လုပ်ခဲ့ရပါတယ်။

မေး ။ ။ လုပ်ငန်းက ၂၀၁၇ မှာ စခဲ့တယ်ဆိုတော့ တကယ့်ကို အသစ်။ အခုဆိုရင် (၂) နှစ် ပတ်ဝန်းကျင်။ လုပ်ငန်းအသစ်ဆိုတော့ အခုအချိန်အထိလည်း အခက်အခဲတွေ ရှိနေအုံးမယ်။ အခုအချိန်မှာ အခက်အခဲတွေ နည်းသွားပြီလား။

ဖြေ ။ ။ ပြောရင်တော့ အခက်အခဲတွေက ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ တဖြည်းဖြည်းနဲ့တော့ control ထိန်းချုပ်လာနိုင်တယ်။ တခြားဈေးကွက်နဲ့ ပတ်သက်တဲ့ အခက်အခဲတွေတော့ ရှိသေးတယ်။

မေး ။ ။ အခုလက်ရှိ အခြေအနေ။ စလုပ်တာကနေ ကြုံရတဲ့ အခက်အခဲကနေ အခုလက်ရှိ ရှိနေတဲ့ အခက်အခဲတွေထဲမှာ အကြီးမားဆုံး ရှိနေတဲ့ အခက်အခဲ၊ အကြီးမားဆုံး ရင်ဆိုင်နေရတာကိုပြောရင် ဘာရှိမလဲ။

ဖြေ ။ ။ အကြီးမားဆုံး ရင်ဆိုင်နေရတဲ့ အခက်အခဲကတော့ ကျနော်တို့နှစ်ယောက်က ဝန်ထမ်းဘဝက လာတာ။ အဲဒီတော့ ငွေက အလုံအလောက် မရှိဘူး။ မိသားစုနှစ်စုမှာရှိတဲ့ ငွေကိုပေါင်းပြီးမှ ဒီခြံကို လုပ်ခဲ့ရတာပါ။ လုပ်ခဲ့တော့ မြေဆိုရင် ငပုတောမှာ ကိုမာန်သူရှိန်ရဲ့ အကိုရဲ့မြေကို ခဏယူပြီးတော့ လုပ်ခဲ့ရတယ်။ အဲဒီလိုနဲ့ စခဲ့ရတော့ ကျနော်တို့မှာ အဓိကတော့ ငွေကြေးအခက်အခဲပါ။ နောက်တခုကတော့ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲ။ နောက်ပြီး ဘယ်လိုသွားရောင်းရမလဲဆိုတဲ့ အခက်အခဲ။ ဒါပေမဲ့ ကျနော်တို့က အခက်အခဲတွေအားလုံးကို တာဝန်ယူပြီးတော့ လယ်သမားကိုလည်း နည်းပညာတွေ ပြန်ပေးပြီးတော့ အလုပ်လုပ်ဖြစ်သွားတယ်။

မေး ။ ။ ဆိုတော့ ငပုတောမှာ စခဲ့တယ်။ အဲဒီကနေ အခုဆိုရင် ကျနော် သိထားတာက ရှမ်းပြည်နယ် စလုပ်နေပြီ၊ ကရင်မှာ စလုပ်နေပြီ။ ရန်ကုန်တိုင်းမှာ စလုပ်နေပြီ။ လူတစ်ရာကျော် လုပ်နေပြီဆိုတော့ လယ်သမားတွေနဲ့ ဘယ်လိုလုပ်သလဲ။

ဖြေ ။ ။ လယ်သမားတွေနဲ့ကြတော့ ဘယ်လိုလုပ်သလဲဆိုတော့ (၁) နည်းပညာပေးတယ်။ နည်းပညာက Organic Farming လွှတ်ကျောင်း Free-range စနစ်ကို ဘယ်လိုမွေးသလဲဆိုတဲ့ နည်းစနစ်တွေ အကုန်လုံးကို ပေးတယ်။ အဲဒီလိုပဲ လွှတ်ကျောင်းမွေးတဲ့ ကြက်တွေကို ကျွေးတဲ့အစာတွေ ပဲ၊ ပြောင်း၊ နှမ်းတွေကို ဒါတွေကို စနစ်တကျနဲ့ Organic နည်းနဲ့ ဘယ်လိုစိုက်မလဲဆိုတဲ့ နည်းပညာတွေ ပံ့ပိုးခဲ့တယ်။
(၂) ဒါတွေလုပ်ဖို့အတွက် ပိုက်ဆံကို ကျနော်က တတ်နိုင်သမျှ ပံ့ပိုးပေးတယ်။ တတိယအချက်ကတော့ ဒီဟာတွေ ထွက်လာပြီးရင် ဘယ်နားရောင်းမလဲဆိုတာ လယ်သမားတွေဆီမှာ ပြဿနာ ရှိတယ်။ အဲဒီ ဈေးကွက်မရှိတဲ့ ပြဿနာကို ကျနော်က တာဝန်ယူပေးတယ်။ ချုပ်ပြောမယ်ဆိုရင်တော့ ကျနော်သည် နည်းပညာ၊ ငွေရေးကြေးရေး အခက်အခဲ နဲ့ ဈေးကွက်အခက်အခဲတွေကို လယ်သမားတွေအတွက် ဖြေရှင်းပေးတယ်။
ဒါကတော့ ကြက်ဥထုတ်တဲ့ လယ်သမားတွေနဲ့ စိုက်ပျိုးရေးတောင်သူတွေအတွက်။ နောက်တခုက အမျိုးသမီးတွေဆို - ကြက်ဥတွေကို ရန်ကုန်မြို့မှာ ရောင်းတဲ့အခါမှာ ဒီအတိုင်း မရောင်းဘဲနဲ့ ဝါးခြင်းလေးတွေနဲ့ ရောင်းတယ်။

မေး ။ ။ ဝါးခြင်းလို့ ဘာလို့စဉ်းစားတာလဲ။ ဘာကြောင့် တခြားတွေနဲ့ ပလက်စတစ်ဘူး၊ ဖော့ဘူးတို့ မသုံးတာလဲ။

ဖြေ ။ ။ အဓိကတော့ နယ်မှာရှိတဲ့ အမျိုးသမီးတွေက အလုပ်မရှိဘူး။ အလုပ်မရှိတဲ့အခါကြတော့ သူတို့ကို အလုပ်ပေးချင်တာနဲ့ နယ်မှာဆိုလဲ ဘယ်နားကြည့်ကြည့် ဝါးတောက အမြဲရှိတယ်။ အဲဒါနဲ့ ကျနော်တို့ ဝါးခြင်းလေးတွေကို စဉ်းစားတာ။ ကျနော်တို့လည်း တကယ့်တကယ်တော့ ဝါးခြင်းမရက်တတ်ပါဘူး။ ရက်တတ်တဲ့လူကို ကိုမာန်သူရှိန်က ခေါ်လာပြီး ရွာကလူတွေကို သင်ပေးတယ်။ အဲဒီတော့ ဝါးခြင်းလေးကလည်း ကျနော်တို့ အောင်မြင်မှုရဲ့ တစ်ခု ဖြစ်တယ်။ ဥပမာ အမျိုးသမီးတယောက် ခြင်းတစ်ထောင်လောက်ကို ရက်နိုင်တယ်။ တစ်ခြင်းကို (၄၅၀) ရတယ်။

မေး ။ ။ ခြင်းတစ်ထောင်ဆိုတာ တစ်လကို ပြောတာလား။

ဖြေ ။ ။ တစ်လကို ခြင်းတစ်ထောင်လောက် ရက်နိုင်တယ်။ ခြင်းတစ်လုံးကို (၄၅၀) ပေးတယ်။ တစ်လကို သူတို့ရဲ့ ပျှမ်းမျှဝင်ငွေက လေးသိန်းကျော်ကျော် ရှိတယ်။ ဒါလဲ ကျနော်တို့အတွက် ဂုဏ်ယူစရာ ဖြစ်လာတယ်။

မေး ။ ။ သူတို့လည်း ပျော်တာပေါ့။ အလုပ်အကိုင်ရတယ်၊ ဝင်ငွေရတယ်။ ဆိုတော့ လယ်သမားတွေအနေနဲ့ ဘယ်လိုအကျိုးအမြတ်ရလဲ။

ဖြေ ။ ။ လယ်သမားတွေအနေနဲ့ လယ်သမားမှာ နှစ်ပိုင်းရှိတယ်။ မွေးမြူးရေးသမားနဲ့ စိုက်ပျိုးရေးသမား။ စိုက်ပျိုးရေးသမားတွေကိုတော့ ကျနော်တို့ရဲ့ ကြက်စာကို ကျနော်တို့ပြောတဲ့ နည်းစနစ်အတိုင်း စိုက်ပေးပါ။ အကိုတို့ စိုက်ပေးတဲ့ဆိုရင် ကျနော်တို့ ဘယ်လောက်ပေးမယ်။ အဲဒီတော့ လယ်သမားတွေဆိုရင် ပထမနှစ်မှာဆိုရင် စစချင်းဆိုတော့ Organic လက်မှတ် မရသေးဘူး။ ကျနော်တို့က သူတို့ကို target ဘယ်လိုပေးလိုက်လဲဆိုရင် ပထမနှစ်အတွင်းမှာ ခင်များတို့ Milestones တွေ ပထမနှစ်ပြီးရင် ဘာပြီရမယ်။ ဒုတိယနှစ်၊ တတိယနှစ်နဲ့ နောက်ဆုံး Organic ဖြစ်သွားတယ်။ Organic ဆိုတဲ့ သဘောကလည်း တစ်ရက်ထဲနဲ့ တစ်ရာတန်မဖြစ်ဘူး။ မဖြစ်တော့ လယ်သမားတွေကို ခင်များတို့ (၃) နှစ်နေရင် ခင်များတို့ကို Organic လက်မှတ်ရအောင် လုပ်ပေးမယ်။ အဲဒီတော့ ပထမနှစ်မှာ၊ ဒုတိယနှစ်၊ တတိယနှစ်မှာ ကျနော်တို့ပြောတဲ့အတိုင်းလုပ်၊ လုပ်တယ်ဆိုရင် ဘယ်လောက်ရာခိုင်နှုန်း ပေးသွားမယ်။

အဲဒီလိုပဲ မွေးမြူးရေးသမားတွေကိုလည်း ကျနော်တို့ရဲ့ နေ့စဉ်လုပ်ရမယ့် လုပ်ငန်းစဉ်တွေရှိတယ်။ မနက်မိုးလင်းတာနဲ့ ကြက်ခြံထဲမှာ ဘာလုပ်ရမယ်။ ညနောက်ဆုံး အိပ်တဲ့အချိန်အထိ ဘာလုပ်ရမယ်ဆိုတာတွေကို အားလုံးသင်ပေးထားတယ်။ အဲဒီလို သင်ပေးထားတဲ့အတိုင်း လုပ်တယ်ဆိုရင် ကြက်ဥတစ်လုံးကို ဘယ်လောက်တိုးပေးသွားမယ်ဆိုတာကို ကတိပေးထားတယ်။ အဲဒီကတိအတိုင်း လုပ်တဲ့အခါမှာ ကြက်ဥက နေ့တိုင်းထွက်နေတော့ နေ့တိုင်းဝင်ငွေ ရနေတယ်။
ပြောချင်တာက လယ်သမားပဲဖြစ်ဖြစ်၊ မွေးမြူးရေးသမားပဲဖြစ်ဖြစ်၊ စိုက်ပျိုးရေးသမားပဲဖြစ်ဖြစ် သူတို့က ပုံမှန်ထက်ပိုတဲ့ ပိုက်ဆံကို ပိုရလာတယ်။ နောက်ပြီးတော့ ဘာမှအခက်အခဲမရှိတဲ့ ဈေးကွက်ကို သူတို့ရသွားခဲ့တယ်။

မေး ။ ။ Organic ဖြစ်ပါတယ်လို့ ဘယ်လောက် အာမခံပေးနိုင်လဲ။

ဖြေ ။ ။ အဓိကက ကျနော်တို့ မြန်မာနိုင်ငံမှာ နားလည်မှုလွဲတာ တစ်ခု ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ဓါတုဗေဒ မသုံးတာနဲ့ Organic ဖြစ်တယ်လို့ ကျနော်တို့မိဘတွေနဲ့ ပတ်ဝန်းကျင်မှာ ယုံကြည်ထားကြတယ်။ တကယ့်တကယ်က Organic ဆိုတာ ဓါတုပစ္စည်းတွေ မပါရုံနဲ့ Organic ဖြစ်တာ မဟုတ်ဘူး။ ဘာလုပ်ရမလဲဆိုရင် သူမှာ Process ပေါင်း များစွာရှိတယ်။ ဥပမာ ကြက်တွေကျွေးတဲ့အခါမှာ ပဲ၊ ပြောင်း၊ နှမ်း အားလုံးသည် Organic လက်မှတ်ရပြီးသာ ပဲဖြစ်ရမယ်၊ ပြောင်းဖြစ်ရမယ်၊ နှမ်း ဖြစ်ရမယ်။ အဲဒါမျိုး မြန်မာပြည်မှာ မရှိဘူး။ မရှိတော့ ကျနော်တို့ကလည်း တစ်ရက်တည်းနဲ့ Organic ယူခဲ့တာ မဟုတ်ဘူး။ လက်ရှိ ကျနော်တို့ခြံတွေအားလုံး ရထားတဲ့လက်မှတ်သည် Conversion to Organic မြန်မာလိုပြောမယ်ဆိုရင် သြဲဂန်နစ်သို့ ကူးပြောင်းဆဲကာလ လက်မှတ်ကို ယူထားတာ။

မေး ။ ။ အဲဒီ လက်မှတ်ကို ဘယ်သူက ထုတ်ပေးတာလဲ။

ဖြေ ။ ။ Myanmar Organic Agriculture Group ဆိုတဲ့ အဖွဲ့က ထုတ်ပေးပါတယ်။ အဲဒီအဖွဲ့က Commitment ကျနော်တို့ရဲ့ Commitment အရဆိုရင် (၃) နှစ်နေရင် တစ်ရာရာခိုင်နှုန်းဖြစ်တဲ့ Organic ဖြစ်သွားတယ်။ အဲဒါကြောင့်လဲ MOAG အဖွဲ့က နှစ်တိုင်း ပြန်လည်စစ်ဆေးမှုတွေ ပြန်လုပ်တယ်။ ဘယ်လောက်တိုးတက်လာလဲ။ ဘာတွေလိုလဲ။ တောက်လျှောက်ကြည့်ပေးတယ်။ အဲဒီလိုနည်းနဲ့ သွားနေတာပါ။

မေး ။ ။ ဆိုတော့ အခုလက်ရှိ အခြေအနေက ကိုဇော်ရဲနောင်တို့ ပြောနိုင်တာက Organic လုံးလုံး အပြည့်မဟုတ်ဘူးဆိုပေမယ့် အဲဒီကို သွားနေတယ်။

ဖြေ ။ ။ ကျနော်တို့ လက်ရှိမှာ ပြောနိုင်တာက (၅၀) ရာခိုင်နှုန်း သြဲဂန်နစ် သေချာနေပြီ။ ဒါပေမဲ့ ကျနော်တို့က စားသုံးသူကို မမှားယွင်းစေချင်တော့ ဘယ်လိုပြောပြီး ရောင်းသလဲဆိုတော့ လွှတ်ကျောင်းကြက်ဥ - အင်္ဂလိပ်လိုတော့ Free-Range Chicken လို့ ပြောတယ်။ ကျနော်တို့ရဲ့ ကြက်ဥဘူးတွေမှာ စားသုံးသူကို သြဲဂန်နစ်ကြက်ဥလို့ တစ်လုံးမှ မရေးထားဘူး။ လွှတ်ကျောင်းကြက်ဥလို့ပဲ သုံးထားတယ်။

မေး ။ ။ ဆိုတော့ ဒီဥစ္စာက မွေးရတာလဲ မြေ၊ ဘာညာလိုအပ်တယ်ဆိုတော့ ကုန်ကျစရိတ် ပိုများမှာ သေချာတယ်။ အခြားမွေးတဲ့နည်းတွေနဲ့စာရင် ဆိုတော့ ထုတ်လုပ်တဲ့ကုန်ကျစရိတ်နဲ့ ဈေးကွက်ကိုတင်ရတဲ့စရိတ်နဲ့ ဈေးကွက်မှာ ဒီကြက်ဥက နည်းနည်းဈေးပိုကြီးမယ်ဆိုတော့ ဈေးကွက်မှာ စိတ်ဝင်စားတဲ့လူ၊ စားသုံးတဲ့လူတွေ အလုံအလောက်ရလား။

ဖြေ ။ ။ လက်ရှိမှာ ကျနော်တို့ဈေးကွက် ပုံစံက သီးသန့်ဈေးကွက် ဖြစ်တယ်။ လက်ရှိ ကျနော်တို့ ထုတ်နိုင်တဲ့ ပမာဏရယ်။ ဝယ်နိုင်တဲ့ Customs နဲ့ မျှခြေ ရှိနေသေးတယ်။ ကျနော်တို့ကလည်း ဝယ်သူ လိုသလောက်လည်း ထုတ်ပေးနိုင်ဖို့ လိုတယ်။ ဈေးကွက်ထဲမှာ ပြတ်လို့မရဘူး။ အဲဒီလိုပဲ ပိုသွားရင်လည်း ကျနော်တို့က ရှုံးတယ်။ အဲဒီတော့ ဘာလုပ်ရသလဲဆိုတော့ ကျနော်တို့လက်ရှိ ဝယ်သူအရေအတွက်နဲ့ နောက်ထပ်ထွက်လာမယ့် ဝယ်သူတွေကို မှန်းပြီးတော့ ရောင်းသွားတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။

မေး ။ ။ လက်ရှိ အခြေအနေကနေ ရှေ့ကို ဒီထက်ပိုပြီးတော့ ချဲ့နိုင်မယ့်၊ ပိုတိုးတက်နိုင်မယ့် အလားအလာကော ရှိသလား။

ဖြေ ။ ။ ရှိပါတယ်။ အဓိကတော့ ဒီဟာကို သုံးမယ်ဆိုရင် ကုန်ကျစရိတ်တွေ အများကြီးရှိမယ်။ ဥပမာ ဈေးကွက်ချဲ့မယ်ဆိုရင် ဈေးကွက်ဖော်တာ လုပ်ဖို့လိုမယ်။ အဲဒီအတွက် ကုန်ကျစရိတ်တွေ ရှိနိုင်တယ်။ ဈေးကွက်ကို ချဲ့လိုက်လို့ ဈေးကွက်က လိုက်လာတယ်ဆိုရင် ကျနော်တို့ ခြံတွေက အဆင်သင့် မရှိဘူး။ ကျနော်တို့လည်း လယ်သမားတွေနဲ့ လုပ်စရာတွေက အများကြီးရှိသေးတယ်။ လယ်သမားတွေဆိုတာ သူတို့ဆီကို သွားရတယ်။ စည်းရုံးရတယ်။ တစ်ခုချင်း လုပ်ရတယ်။ ဒါတွေအားလုံးအတွက်ဆိုရင် အဓိကလိုတာကတော့ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲတွေ ဖြစ်တယ်။ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲ ပြေလည်သွားမယ်ဆိုရင်တော့ အများကြီး စိတ်တိုင်းသွားကိုယ်ပါ သွားလိုရပါတယ်။

မေး ။ ။ ဒီလိုမျိုး စမ်းသပ်တီထွင်ပြီးတော့ အရင်တုန်းက မရှိသေးတဲ့ဟာမျိုး တီထွင်စမ်းသစ်ပြီးတော့ ကိုဇော်ရဲနောင်တို့ လူငယ်တွေအနေနဲ့ လုပ်နိုင်တာက မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာတာရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုလို့ ပြောမယ်ဆိုရင် ပြောလို့ရနိုင်သလား။

ဖြေ ။ ။ ကျနော်လည်း တခါတလေ အဲဒီလို စဉ်းစားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်မှာ သာမန်ရိုးကျ လုပ်နေလို့ကတော့ မလွယ်ဘူး။ မလွယ်တဲ့အခါကြတော့ ကျနော်တို့လို အသက်အရွယ်၊ လူငယ်တွေက ဘာဖြစ်လာလဲဆိုတော့ အသစ်တွေ၊ တီထွင်ပြီး လုပ်လာကြတယ်။ ကော်ဖီကို အသစ်လေး တီထွင်လိုက်မလား။ ငရုတ်သီးကို ပုံစံသစ် ပြောင်းလုပ်မလား။ ပြောရင်တော့ ရှိနေပြီသားတွေပါ။ ကြက်ဥဆိုတာလဲ အရင်ကတည်းက ရှိနေပြီသား။ ကြက်ဥကို ပုံစံပြောင်းလုပ်တော့ ဒီလိုဖြစ်သွားတယ်။ ငရုတ်သီးကိုလည်း ပုံစံပြောင်းလုပ်ရင် အသစ်ဖြစ်သွားတယ်။ ဒီကာလအတွင်းမှာတော့ လူငယ်တွေထဲက နည်းနည်းလေး ပုံစံပြောင်းပြီးတော့ စွန့်ဦးတီထွင်လုပ်လာသူတွေ အများကြီး တွေ့ရပါတယ်။

မေး ။ ။ တိုင်းပြည်က ဒီထက်ပိုပြီးတော့ တိုးတက်ပြီး ပြောင်းလဲမယ်ဆိုရင် ဒီဟာတွေ ပိုဖြစ်လာနိုင်သလို၊ ပိုအကျိုးရှိလာမယ်လို့ ပြောနိုင်လား။

ဖြေ ။ ။ အဓိကတော့ အခက်အခဲတစ်ခု ဖြစ်ပြီဆိုရင် အခက်အခဲမှာ ဖောက်ထွက်တဲ့လူတွေ ရှိတယ်။ အဲဒီဖောက်ထွက်တဲ့ လူတွေက ခေတ်အပြောင်းအလဲတိုင်းမှာ ပေါ်လာတယ်။ ဆိုလိုတာက ဒီအချိန်မှာ အခက်အခဲတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အဲဒီအခက်အခဲတွေကြားမှာ ထွက်ပေါက်ကို ရှာတဲ့လူတွေ ရှိတယ်။ အဲဒီလူတွေကတော့ လူငယ်တွေများတယ်။

မေး ။ ။ ကျေးဇူးအများကြီးပါ ကိုဇော်ရဲနောင်။
ဖြေ ။ ။ ကျနော်ကိုလည်း တွေ့ဆုံမေးမြန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG