သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အဂတိလိုက္စားမႈတိုက္ဖ်က္ေရး အစိုးရေျခလွမ္း


အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေေကာ္မရွင္ဥကၠ႒ ဦးေအာင္ၾကည္
အဂတိလိုက္စားမႈတိုက္ဖ်က္ေရး အစိုးရေျခလွမ္း
please wait

No media source currently available

0:00 0:11:05 0:00
တိုက္႐ိုက္ လင့္ခ္

အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ ဖြဲ႔စည္းခဲ့တဲ့ (၂) ႏွစ္နီးပါးအတြင္း အေရးယူေဆာင္႐ြက္မႈအေျခအေနေတြနဲ႔ ဝန္ႀကီးဌာနေတြ လုပ္ငန္းအေကာင္အထည္ ေဖာ္ေရးတင္ဒါေတြ ပြင့္လင္းျမင္သာမႈရွိေရး တြန္းအားေပးေဆာင္႐ြက္ေနေၾကာင္း ေကာ္မရွင္ဥကၠ႒က VOA ကို ေျပာျပပါတယ္။ ေဒၚခင္စိုးဝင္းက ေကာ္မရွင္ဥကၠ႒ဦးေအာင္ၾကည္ကို ေမးျမန္းထားပါတယ္။

ေမး ။ ။ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္အေနနဲ႔ ေျပာရမယ္ဆိုလို႔ရိွရင္ ကမာၻေပၚမွာ အခက္ခဲဆံုး အလုပ္တခုကို တာဝန္ေပးျခင္း ခံထားရသလို၊ ျမန္မာႏုိင္ငံမွာဆိုရင္ ႏွစ္ေပါင္း (၅၀) ေက်ာ္ အရိုးစြဲလာခဲ့တဲ့ အဂတိလိုက္စားတဲ့ အေျခအေနေတြက ယဥ္ေက်းမႈတရပ္လို ျဖစ္ေနတာပါ။ အဲဒီအခါၾကေတာ့ အခုလုပ္လာခဲ့တဲ့ တာဝန္ယူထားတဲ့ လေပါင္း (၂၀) ကာလအတြင္းမွာ အဂတိလုိက္စားမႈ တိုက္ဖ်က္ေရးအေျခအေနက ဘယ္လိုရိွပါသလဲ။

ေျဖ ။ ။ ဒီအလုပ္က ခက္ခဲတဲ့အလုပ္ဆိုတာကို လက္ခံပါတယ္။ ဒါေပမဲ့လဲ မျဖစ္ႏုိင္တဲ့ အလုပ္ေတာ့ မဟုတ္ဘူးေပါ့။ ဒါေၾကာင့္မို႔လဲ က်ေနာ္တို႔က ျဖစ္ေအာင္လုပ္မယ္။ ကိုယ့္ႏိုင္ငံအတြက္လည္း တကယ္လိုအပ္တဲ့အလုပ္။ လုပ္သင့္လုပ္ထိုက္တဲ့အလုပ္။ ေကာင္းမြန္တဲ့အလုပ္။ ဒီအလုပ္ကို က်ေနာ္ ဒီလိုသေဘာထားပါတယ္။ မြန္ျမတ္တဲ့အလုပ္။ က်ေနာ္တုိ႔ရဲ ႔ အဓိကအလုပ္က ဓေလ့စရိုက္လို႔ေခၚတဲ့ အက်င့္ေဖာက္ျပန္မႈေတြကို အက်င့္ေကာင္းလာေအာင္ ျပင္ေပးရတဲ့ အလုပ္ျဖစ္တဲ့အတြက္ က်ေနာ္ကေတာ့ မြန္ျမတ္တယ္လို႔ ဒီလိုပဲ ခံယူပါတယ္။ ဒါေၾကာင့္မို႔လဲ ဒီအလုပ္လုပ္ရတာကို စိတ္ထဲမွာ ခ်မ္းသာမႈ ရိွပါတယ္။ ေပ်ာ္ရႊင္မႈ ရိွပါတယ္။ ဒီအလုပ္ေပၚမွာလဲ စိတ္ေရာကိုယ္ပါ နစ္ျမဳပ္ၿပီးေတာ့ လုပ္ေနတာ ျဖစ္ပါတယ္။

ဒါေပမဲ့ ဒီအလုပ္ေပၚမွာ တခ်ဳိ ႔ၾကေတာ့ ထင္တာက အျပစ္ရိွတဲ့လူေတြကို အေရးယူလိုက္ျခင္း။ မ်ားမ်ားအေရးယူေစခ်င္တယ္။ မ်ားမ်ားအေရးယူျခင္းအားျဖင့္ ဒီအလုပ္ကို ျပတ္ျပတ္သားသား၊ ပိုၿပီးေတာ့ လုပ္ျပေစခ်င္တဲ့ ဆႏၵသေဘာထားလည္း ရိွပါတယ္။ ဒါေပမဲ့ တကယ္တမ္းေျပာရမယ္ဆိုရင္ အက်င့္ေဖာက္ျပန္မႈေတြကို အက်င့္ေကာင္းလာေအာင္ ျပဳျပင္တဲ့ေနရာမွာ ဒီလိုအျပစ္ရိွတဲ့လူေတြ အားလံုးကို လုိက္ၿပီေတာ့ အေရးယူေနဖို႔ဆိုတာ မျဖစ္လည္း မျဖစ္ႏုိင္ဘူး၊ လက္ေတြ႔လည္း မက်ႏုိင္ဘူး။ ဒါေၾကာင့္မို႔ က်ေနာ္တို႔ အခုလုပ္ေဆာင္ေနတဲ့ လုပ္ငန္းသေဘာအရကေတာ့ လုပ္ငန္းအပိုင္း (၃) ပိုင္းနဲ႔ လုပ္ေနပါတယ္။

ပထမ လုပ္ငန္းကေတာ့ ပညာေပးျခင္း လုပ္ငန္း။ ကုိယ့္ရဲ ႔ပင္ကိုယ္စိတ္ကိုက ဒါကိုမလုပ္သင့္ဘူး။ ဒါဟာ မေကာင္းဘူးဆိုတာကို နားလည္ၿပီးေတာ့ ကိုယ့္ကိုယ္လည္း ျပဳျပင္တဲ့နည္းလမ္း။ အဲဒီေနရာမွာ က်ေနာ္တို႔က စိတ္ဓါတ္ပိုင္းဆိုင္ရာအရ အမ်ားအက်ဳိးကို ဦးစားေပးရမွာေပါ့။ ကိုယ္က်ဳိးထက္စာရင္။ ဒီလိုမ်ဳိးေလး က်ေနာ္တို႔က ျပဳျပင္ေပးရတဲ့သေဘာပါ။

ဒုတိယတဆင့္ၾကေတာ့ ဒီလိုပညာေပးလိုက္လို႔ ကိုယ့္ဘာသာကိုယ္ ျပဳျပင္သြားတယ္ဆိုရင္လဲ အလြန္ေကာင္းတဲ့ ထိေရာက္တဲ့ ျဖစ္စဥ္တရပ္ေပါ့။ ဝမ္းသာရမယ့္ ျဖစ္စဥ္တရပ္ေပါ့။ ဒီေနရာမွာ က်ေနာ္တုိ႔က မျပဳျပင္ႏုိင္ၾကေသးဘူးဆိုရင္ေတာင္မွ တားဆီးကာကြယ္ေရးလုပ္ငန္းတဆင့္ ရိွပါေသးတယ္။ တားဆီးကာကြယ္ေရး လုပ္ငန္းေတြကိုလည္း က်ေနာ္တို႔ ေဆာင္ရြက္ေနပါတယ္။ Family Modiration - ကိုယ့္မိသားစုအတြင္းမွာပဲ ျပဳျပင္ေပးတာ။ အမွားအယြင္းေလးေတြ ရိွလာယ္။ ျပင္းျပင္းထန္ထန္ႀကီး မလုပ္ဘဲနဲ႔ ဆြဲေဆာင္စည္းရံုးနည္းနဲပဲျဖစ္ျဖစ္ လိမၼာေအာင္ သြန္သင္ၿပီးေတာ့ ျပသတဲ့နည္းနဲ႔ပဲျဖစ္ျဖစ္ သူတုိ႔ကို အဂတိလိုက္စားမႈေတြ မျဖစ္ရေအာင္၊ အက်င့္ေဖာက္ျပန္မႈေတြ မျဖစ္ေအာင္၊ က်ေနာ္တို႔က တားဆီးရမယ္။ တားဆီးကာကြယ္ေရး လုပ္တဲ့အခါမွာလဲ ေတာ္ေတာ္ေလး က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ထားပါတယ္။ ဒါက ေျပာမယ္ဆိုရင္ေတာ့ အမ်ားႀကီးေပါ့။ က်ေနာ္တို႔က လူငယ္စခန္းတို႔ ဘာတို႔၊ လူလတ္ပိုင္းဆိုရင္လဲ လူလတ္ပိုင္းအေလ်ာက္။ ေနာက္ စီးပြားေရးလုပ္ငန္း၊ အုပ္ခ်ဳပ္ေရးလုပ္ငန္း လုပ္ေနတဲ့လူေတြဆိုရင္လဲ တိုင္းေဒသေတြမွာပါလိုက္ၿ႔ပီးေတာ့ ေဆြးေႏြးတာေတြ၊ ေဟာေျပာတာေတြ လုပ္တာေတြလည္း ရိွတာေပါ။

အစိုးရဌာနေတြနဲ႔ အလုပ္လုပ္တဲ့အခါမွာ တင္ဒါတို႔ ဘာတို႔ ေခၚတဲ့အခါမွာဆိုရင္လဲ ေခၚခါနီးၿပီးဆိုရင္ စီးပြားေရးသမားကလဲ အစိုးရဌာနကလူကို လက္ဝါးခ်င္းရိုက္ဖို႔ ႀကိဳးစားတယ္။

ေမး ။ ။ ဒီတင္ဒါတခုကို ေစ်းေလွ်ာ့ၿပီးေတာ့ ဘယ္လိုတင္မလဲ။ ေစ်းဘယ္လို တိုးတင္မလဲ။ ၿပီးေတာ့ ထြက္လာတဲ့ အျမတ္အစြန္းေလးေတြကို သူတို႔ ဘယ္လိုခြဲေဝၾကမလဲဆိုတဲ့ အစဥ္အလာက ဟိုေခတ္ကတည္းက ရိွခဲ့တာပါ။ အဲဒီေတာ့ ဒီတင္ဒါဆုိတဲ့ဟာက ေတာ္ေတာ္ႀကီးကို ႀကီးမားတဲ့ အဂတိလိုက္စားမႈထဲမွာ ပါတယ္။ နည္းနည္းေျပာျပေပးပါ။

ေျဖ ။ ။ အခုန ေျပာသလုိပါပဲ တကယ့္တကယ္ေတာ့ ဝယ္ယူေရး၊ တည္ေဆာက္ေရးမွာ လုပ္တဲ့လုပ္ငန္းစဥ္ေတြမွာ စီးပြားေရးလုပ္ငန္းေတြနဲ႔ အစိုးရဌာနေတြနဲ႔ မဆက္စပ္လို႔လဲ မရဘူးေလး။ ဒါကို လုပ္ကိုလုပ္ရမွာပဲ။ လုပ္တဲ့အခါမွာ အစိုးရဌာနေတြအေနနဲ႔ မွန္မွန္ကန္ကန္ ေရြးခ်ယ္ႏိုင္ဖို႔ပဲ လုိတယ္။ ဒီလိုလုပ္ႏိုင္ဖို႔လဲ လုပ္ထံုးလုပ္နည္းေတြကလည္း ျပဌာန္းထားၿပီသာပါ။ အားလံုးလဲ သိတဲ့အတိုင္းပဲ ႏုိင္ငံေတာ္သမၼတရံုးက ျပဌာန္းထားတဲ့ အမိန္႔ညႊန္ၾကားခ်က္ရိွတယ္။ ၁/၂၀၁၇ ျဖစ္ပါတယ္။ အဲဒီစည္းမ်ဥ္းစည္းကမ္းေတြကို လုိက္နာၿပီးေတာ့ ေဆာက္ရြက္သြားၾကမယ္ဆိုရင္ အေတာ္ေလး အေတာ္အသင့္ရိွတဲ့ တင္ဒါေတြကို က်ေနာ္တို႔က လြယ္လြယ္ကူကူ၊ ေခ်ာေခ်ာေမာေမာ လုပ္ေဆာင္ႏုိင္မယ့္ အေနအထားရိွပါတယ္။

အျပည္ျပည္ဆိုင္ရာ တင္ဒါေတြကိုေတာ့ အျပည္ျပည္ဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းနဲ႔ လုပ္ရမွာေပါ့။ တဘက္ကလဲ စီးပြားေရးလုပ္ငန္းရွင္ေတြအတြက္ကလဲ သူတုိ႔ဝင္ၿပိဳင္တဲ့အခါမွာ ဘယ္လိုအခက္အခဲေတြ ရိွတယ္ဆိုတာေတြကို မ်က္ႏွာခ်င္းဆိုင္ ေတြ႔ဆံုေဆြးေႏြးဖို႔ကိစၥကို CPU ကေန ေဆာင္ရြက္ေပးဖို႔ဆိုၿပီး ဒီလိုေလး လုပ္ပါတယ္ - CPU အေနနဲ႔ initiate လုပ္ေပးတာေပါ့ - ေဆာင္ရြက္ေပးတာေတာ့ မဟုတ္ပါဘူး။ ဝန္ႀကီးကို တင္ျပၿပီးေတာ့ စီးပြားေးရးလုပ္ငန္းပိုင္းမွာ ဒီလိုအခက္အခဲေလးေတြ ေတြ႔ေနရတယ္။ သူတုိ႔က ဒါေလးေတြ တင္ျပခ်င္တယ္။ ၿပီးေတာ့ ဌာနေတြဘက္မွာလဲ အခက္အခဲေတြ ရိွေနတယ္။ ဒီအခက္အခဲေတြကို ေပါင္းစပ္ညိွႏိႈင္းၾကရင္ ေကာင္းမယ္ဆိုတာကို သက္ဆိုင္တဲ့ ျပည္ေထာင္စုဝန္ႀကီးေတြကို တင္ျပတဲ့အခါမွာ ျပည္ေထာင္စုဝန္ႀကီးေတြက ခြင့္ျပဳတဲ့အခ်ိန္မွာ ခြင့္ျပဳတဲ့ကာလမွာ လုပ္ဖို႔ေကာင္းတယ္၊ လုပ္ႏုိင္ေအာင္ initiate လုပ္ေပးရတယ္။ အဲဒီလို လုပ္တဲ့အခါမွာလည္း ျဖစ္ႏိုင္ရင္ က်ေနာ္တို႔က တတိယအဖြဲ႔အစည္း အဲဒီေနရာမွာ ပါလို႔ေကာင္းတယ္။ ဥပမာ ပညာရွင္ပိုင္း - အခ်ဳိ ႔ကိစၥေတြမွာ နည္းပညာနဲ႔ဆိုင္တဲ့ အပိုင္းေတြ အမ်ားႀကီးပါတယ္။ က်ေနာ္တုိ႔လည္း နားမလည္ဘူး။

ေမး ။ ။ လြတ္လပ္တဲ့အဖြဲ႔ Independence Body

ေျဖ ။ ။ လြတ္လပ္တဲ့အဖြဲ႔လည္းျဖစ္တယ္။ ပညာရွင္ပိုင္လည္းျဖစ္တဲ့ အဖြဲ႔အစည္းေတြက ၾကားထဲကေန လုပ္ေပးတာ။ ဘာျဖစ္လို႔လဲဆိုေတာ့ တေယာက္နဲ႔တေယာက္က ဟိုဘက္ကလဲ အခက္အခဲေတြေျပာ၊ ဒီဘက္ကလဲ အခက္အခဲေတြေျပာ အေျဖကမရိွဘူး ျဖစ္ေနတယ္။ အလကားပဲ။ အဲဒီကေန အေကာင္းဆံုး အေျဖတခုကို ရႏုိင္တယ္။ အဲဒါေၾကာင့္မို႔ က်ေနာ္တို႔က CPU အေနနဲ႔ ကိုယ္နဲ႔လက္တြဲလုပ္ေဖာ္ကိုင္ဖက္ျဖစ္တဲ့ စီးပြားေရးလုပ္ငန္းေတြအေနနဲ႔ ဖုိရမ္သေဘာမ်ဳိး အခါအားေလ်ာ္စြာ ဘယ္ေတာ့ရယ္လို႔ေတာ့ မဟုတ္ပါဘူး။ ေျခာက္လတႀကိမ္ဆိုလဲ ေျခာက္လတႀကိမ္၊ ဒါမွမဟုတ္ လိုအပ္တဲ့အခ်ိန္ေတြမွာ လိုအပ္သလို ဖိုရမ္ေလး လုပ္ေပးမယ္ဆိုရင္ သူ႔အခက္အခဲလဲ ေလ်ာ့ပါးသြားမယ္။ ကိုယ္လိုခ်င္တာလဲ ရမယ္။

ေမး ။ ။ တဘက္နဲ႔တဘက္ ယံုၾကည္မႈေလး ရလာမယ္ေပါ့။

ေျဖ ။ ။ ယံုၾကည္မႈလည္း ရလာမယ္။ ပြင့္လင္းမႈလည္း ရိွလာမယ္။ တဦးခ်င္းေျပာတာမ်ဳိး မဟုတ္ဘူး။ တဦးခ်င္းသြားညိွစရာ မလုိဘူး။ အားလံုးေရွ ႔မွာ ပြင့္လင္းျမင္သာစြာ ညိွႏိႈင္းတာ။ ပြင့္ပြင့္လင္းလင္း ေျပာမွာပါ။ အစိုးရဌာနေတြဘက္ကလဲ ကိုယ့္ရဲ ႔လိုအပ္ခ်က္ေတြကို ေျပာမွာပဲ - ကိုယ့္ရဲ ႔ ကန္႔သတ္ခ်က္က ဘာေတြလဲဆိုတာကို ေျပာရမယ္။

ဒါေတြအားလံုးကို ကၽြမ္းက်င္တဲ့ ပညာရွင္ေတြရိွမယ္ဆိုရင္ေတာ့ သံုးဦးသံုးဖလွယ္ ညိွႏိႈင္းၿပီးေတာ့ သင့္ေလ်ာ္တဲ့ ေျဖရွင္းနည္းတခုကို ရလာရင္ အဲဒါဟာ ဘာျဖစ္သြားမလဲဆိုရင္ စီးပြားေရးလုပ္ငန္းရွင္ေတြအတြက္လဲ လုပ္လုိ႔ကိုင္လို႔ မွ်တတဲ့ ယွဥ္ၿပိဳင္မႈ ျဖစ္လာမယ္။

ေမး ။ ။ Under table လုပ္ေဆာင္မႈေတြ ေပ်ာက္သြားေအာင္လို႔ေပါ့။ လက္သပ္ထိုးေပးတဲ့သေဘာမ်ဳိး မရိွေတာ့ေအာင္လုိ႔ေပါ့။

ေျဖ ။ ။ ဟုတ္ပါတယ္။ လက္သပ္ထိုး ေပးတာမ်ုိး မရိွေတာ့ဘူး။ ပုဂၢိဳလ္ေရးအားျဖင့္ သြားၿပီးေတာ့ လက္ဝါးခ်င္းရိုက္ဖို႔လဲ မလုိေတာ့ဘူး။ အဲဒီအခါၾကေတာ့ တင္ဒါလုပ္တဲ့အခါမွာ ပြင့္လင္းျမင္သာမႈရိွမယ္။ တာဝန္ယူမႈ၊ တာဝန္ခံမႈ ရိွလာပါမယ္။ အဲဒါကိုလဲ က်ေနာ္တို႔က လုပ္ဖို႔၊ လုပ္သြားဖို႔အတြက္ က်ေနာ္တို႔ မူဝါဒသေဘာမ်ဳိး တင္ျပထားၿပီး ျဖစ္ပါတယ္။

ေမး ။ ။ ေနာက္တခုက ဝန္ႀကီးဌာန၊ အစိုးရဌာနအသီးသီးမွာလဲ ဝန္ထမ္းတေယာက္ကေန သူက အထက္အရာရိွကျဖစ္ေစ၊ အခ်င္းခ်င္းထဲကျဖစ္ေစ၊ အဂတိလိုက္စားမႈ တစံုတရာ က်ဴးလြန္ထားတယ္လို႔ သက္ေသသက္ကာနဲ႔ တုိင္တယ္ဆိုပါေတာ့ သူတုိင္းတဲ့အေလ်ာက္လဲ ေဖာ္ထုတ္ႏုိင္ခဲ့တယ္ဆိုတဲ့ ျဖစ္ခဲ့တဲ့ကိစၥေတြ ရိွခဲ့ရင္ အဲဒီဝန္ထမ္းကို အေမရိကမွာေတာ့ Whistleblower Act လို႔ ေခၚတာေပါ့။ ဒါကေတာ့ အဲဒီလိုဝန္ထမ္းတေယာက္ကို အမွန္တရားအတြက္ ေဖာ္ထုတ္ၿပီးေတာ့ တိုင္တဲ့ဝန္ထမ္းကို ျပန္ၿပီးအေရးမယူရဘူးဆိုတဲ့ သတ္မွတ္ခ်က္ေကာ ရိွပါသလားရွင့္။

ေျဖ ။ ။ အခုထိေတာ့ မရိွေသးပါဘူး။ နည္းနည္းပါးပါး က်ေနာ္တို႔ ဥပေဒထဲမွာေတာ့ အကာအကြယ္ေပးရမယ္ဆိုတာမ်ဳိး တစ္ခ်က္ေတာ့ ပါပါတယ္။ မလုပ္ရဘူးဆိုတာမ်ဳိး - ဒီလိုတိုင္ၾကားတဲ့လူကို ျပန္ၿပီးေတာ့ မလုပ္ရဘူးဆုိတာမ်ဳိးေလာက္ပဲ ေရးထားတာဆုိေတာ့ ဒီဥစၥာက သိပ္ၿပီေတာ့ မလံုေလာက္ပါဘူး။ အဲဒါေၾကာင့္ က်ေနာ္တို႔က Whistleblower Protection Law ကို ေရးဆြဲေနပါတယ္။ ေရးဆြဲတဲ့ေနရာမွာ ေလာေလာဆယ္ေတာ့ က်ေနာ္တုိ႔ဆီကေန ေရွ ႔ေနရံုးကို တင္ျပထားတဲ့ အေနအထား ရိွပါတယ္။ နာမည္ကိုေတာ့ က်ေနာ္တို႔က Public Interest Whistleblower Protection Law လို႔ ေခၚပါတယ္။ အမ်ားျပည္သူအက်ဳိးစီးပြားကို ေဖာ္ထုတ္တိုင္တန္တဲ့ကိစၥ။ ဒါကို က်ေနာ္တို႔က တိုင္တန္တဲ့လူကို တားဆီးကာကြယ္ေပးရမယ္ဆုိတဲ့ ရည္ရြယ္ခ်က္နဲ႔ ေရးဆြဲထားျခင္း ျဖစ္ပါတယ္။ အဲဒါကေတာ့ ေလာေလာဆယ္ေတာ့ ေရွ ႔ေနရံုးကို တင္ျပထားတာျဖစ္ေတာ့ မၾကာခင္ေရွ ႔ေနရံုးက သေဘာထားမွတ္ခ်က္ ရလာလို႔ရိွရင္ က်ေနာ္တို႔က အဆင့္ဆင့္တင္ျပသြားဖို႔ ရိွပါတယ္။

အဲဒီအထဲမွာေတာ့ ထုိိက္သင့္အားေလ်ာ္စြာ က်ေနာ္တို႔ရဲ ႔ အေျခအေနေတြ အရပ္ရပ္ေၾကာင့္ေပါ့ - အေမရိကလိုေတာ့ အမ်ားႀကီး မလုပ္ေပးႏုိင္ဘူးေပါ့။ အတတ္ႏုိင္ဆံုး အတိုင္းအတာတခုအထိ ေက်နပ္ဖြယ္ေကာင္းတဲ့ အေျခအေနတခုအထိ ေရာက္ေအာင္ေတာ့ အကာအကြယ္ေပးတာ၊ ဆုခ်ီးျမင့္တာ ဒါေတြအထိ လုပ္ေပးသြားဖို႔ ပါပါတယ္။ အဲဒါျပဌာန္းေပးၿပီးၿပီဆုိရင္ေတာ့ ဌာနအတြင္းမွာ တုိင္ၾကားတဲ့ကိစၥေတြပဲျဖစ္ျဖစ္၊ ဌာနဆိုတာ အစိုးရဌာနႀကီးပဲ မဟုတ္ဘူး၊ စီးပြားေရးလုပ္ငန္းေတြမွာလဲ ေအာက္ကေန အတက္အေပၚ တိုင္ၾကားတဲ့ကိစၥမ်ဳိးေတြ ရိွရင္လဲရိွမယ္။ ဒါက က်ေနာ္တို႔က တုိင္ၾကားမႈကို လက္ခံတဲ့အခါၾကေတာ့ အမ်ားျပည္သူအက်ဳိးစီးပြားအတြက္ပဲ၊ အမ်ားျပည္သူအက်ဳိးစီးပြားနဲ႔ သက္ဆိုင္တဲ့အပိုင္းေလာက္ကိုပဲ Whistleblower Protection Law မွာ အကာအကြယ္ေပးမွာ ျဖစ္ပါတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ က်န္တဲ့ကိစၥေတြ ပုဂၢိဳလ္ေရးကိစၥေတြ၊ ကိုယ္ရာထူးမတုိးလုိ႔ တုိင္တဲ့ကိစၥေတြ ဒါမ်ဳိးေတြကိုေတာ့ က်ေနာ္တို႔ လက္သင့္ခံမွာ မဟုတ္ဘူး။ က်ေနာ္တို႔က အမ်ားျပည္သူ၊ ႏိုင္ငံေတာ္အတြက္ ထိခိုက္နစ္နာသြားမယ္။ ဆံုးရႈံးသြားမယ့္ ဒီလိုမ်ဳိးကိစၥေတြဆိုရင္ေတာ့ တိုင္ၾကားႏိုင္တယ္။ အကာအကြယ္ေပးရမယ္။ ဒါမ်ဳိးေတြေတာ့ ေရးထားပါတယ္။ အေမရိကမွာေတာ့ အဲဒီလိုမ်ဳိး မဟုတ္ဘူးေပါ့ - ပိုၿပီးေတာ့ က်ယ္က်ယ္ျပန္႔ျပန္႔ ရိွတယ္။ ဒါေပမဲ့ က်ေနာ္တို႔က အဲဒီေလာက္ အတိုင္းအတာအထိေတာ့ မလုပ္ေပးႏိုင္ေသးပါဘူး။

==Unicode==

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဖွဲ့စည်းခဲ့တဲ့ (၂) နှစ်နီးပါးအတွင်း အရေးယူဆောင်ရွက်မှုအခြေအနေတွေနဲ့ ဝန်ကြီးဌာနတွေ လုပ်ငန်းအကောင်အထည် ဖော်ရေးတင်ဒါတွေ ပွင့်လင်းမြင်သာမှုရှိရေး တွန်းအားပေးဆောင်ရွက်နေကြောင်း ကော်မရှင်ဥက္ကဋ္ဌက VOA ကို ပြောပြပါတယ်။ ဒေါ်ခင်စိုးဝင်းက ကော်မရှင်ဥက္ကဋ္ဌဦးအောင်ကြည်ကို မေးမြန်းထားပါတယ်။

မေး ။ ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ကမ္ဘာပေါ်မှာ အခက်ခဲဆုံး အလုပ်တခုကို တာဝန်ပေးခြင်း ခံထားရသလို၊ မြန်မာနိုင်ငံမှာဆိုရင် နှစ်ပေါင်း (၅၀) ကျော် အရိုးစွဲလာခဲ့တဲ့ အဂတိလိုက်စားတဲ့ အခြေအနေတွေက ယဉ်ကျေးမှုတရပ်လို ဖြစ်နေတာပါ။ အဲဒီအခါကြတော့ အခုလုပ်လာခဲ့တဲ့ တာဝန်ယူထားတဲ့ လပေါင်း (၂၀) ကာလအတွင်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ ဒီအလုပ်က ခက်ခဲတဲ့အလုပ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမဲ့လဲ မဖြစ်နိုင်တဲ့ အလုပ်တော့ မဟုတ်ဘူးပေါ့။ ဒါကြောင့်မို့လဲ ကျနော်တို့က ဖြစ်အောင်လုပ်မယ်။ ကိုယ့်နိုင်ငံအတွက်လည်း တကယ်လိုအပ်တဲ့အလုပ်။ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်။ ကောင်းမွန်တဲ့အလုပ်။ ဒီအလုပ်ကို ကျနော် ဒီလိုသဘောထားပါတယ်။ မွန်မြတ်တဲ့အလုပ်။ ကျနော်တို့ရဲ့ အဓိကအလုပ်က ဓလေ့စရိုက်လို့ခေါ်တဲ့ အကျင့်ဖောက်ပြန်မှုတွေကို အကျင့်ကောင်းလာအောင် ပြင်ပေးရတဲ့ အလုပ်ဖြစ်တဲ့အတွက် ကျနော်ကတော့ မွန်မြတ်တယ်လို့ ဒီလိုပဲ ခံယူပါတယ်။ ဒါကြောင့်မို့လဲ ဒီအလုပ်လုပ်ရတာကို စိတ်ထဲမှာ ချမ်းသာမှု ရှိပါတယ်။ ပျော်ရွှင်မှု ရှိပါတယ်။ ဒီအလုပ်ပေါ်မှာလဲ စိတ်ရောကိုယ်ပါ နစ်မြုပ်ပြီးတော့ လုပ်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီအလုပ်ပေါ်မှာ တချို့ကြတော့ ထင်တာက အပြစ်ရှိတဲ့လူတွေကို အရေးယူလိုက်ခြင်း။ များများအရေးယူစေချင်တယ်။ များများအရေးယူခြင်းအားဖြင့် ဒီအလုပ်ကို ပြတ်ပြတ်သားသား၊ ပိုပြီးတော့ လုပ်ပြစေချင်တဲ့ ဆန္ဒသဘောထားလည်း ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်းပြောရမယ်ဆိုရင် အကျင့်ဖောက်ပြန်မှုတွေကို အကျင့်ကောင်းလာအောင် ပြုပြင်တဲ့နေရာမှာ ဒီလိုအပြစ်ရှိတဲ့လူတွေ အားလုံးကို လိုက်ပြီတော့ အရေးယူနေဖို့ဆိုတာ မဖြစ်လည်း မဖြစ်နိုင်ဘူး၊ လက်တွေ့လည်း မကျနိုင်ဘူး။ ဒါကြောင့်မို့ ကျနော်တို့ အခုလုပ်ဆောင်နေတဲ့ လုပ်ငန်းသဘောအရကတော့ လုပ်ငန်းအပိုင်း (၃) ပိုင်းနဲ့ လုပ်နေပါတယ်။

ပထမ လုပ်ငန်းကတော့ ပညာပေးခြင်း လုပ်ငန်း။ ကိုယ့်ရဲ့ပင်ကိုယ်စိတ်ကိုက ဒါကိုမလုပ်သင့်ဘူး။ ဒါဟာ မကောင်းဘူးဆိုတာကို နားလည်ပြီးတော့ ကိုယ့်ကိုယ်လည်း ပြုပြင်တဲ့နည်းလမ်း။ အဲဒီနေရာမှာ ကျနော်တို့က စိတ်ဓါတ်ပိုင်းဆိုင်ရာအရ အများအကျိုးကို ဦးစားပေးရမှာပေါ့။ ကိုယ်ကျိုးထက်စာရင်။ ဒီလိုမျိုးလေး ကျနော်တို့က ပြုပြင်ပေးရတဲ့သဘောပါ။

ဒုတိယတဆင့်ကြတော့ ဒီလိုပညာပေးလိုက်လို့ ကိုယ့်ဘာသာကိုယ် ပြုပြင်သွားတယ်ဆိုရင်လဲ အလွန်ကောင်းတဲ့ ထိရောက်တဲ့ ဖြစ်စဉ်တရပ်ပေါ့။ ဝမ်းသာရမယ့် ဖြစ်စဉ်တရပ်ပေါ့။ ဒီနေရာမှာ ကျနော်တို့က မပြုပြင်နိုင်ကြသေးဘူးဆိုရင်တောင်မှ တားဆီးကာကွယ်ရေးလုပ်ငန်းတဆင့် ရှိပါသေးတယ်။ တားဆီးကာကွယ်ရေး လုပ်ငန်းတွေကိုလည်း ကျနော်တို့ ဆောင်ရွက်နေပါတယ်။ Family Modiration - ကိုယ့်မိသားစုအတွင်းမှာပဲ ပြုပြင်ပေးတာ။ အမှားအယွင်းလေးတွေ ရှိလာယ်။ ပြင်းပြင်းထန်ထန်ကြီး မလုပ်ဘဲနဲ့ ဆွဲဆောင်စည်းရုံးနည်းနဲပဲဖြစ်ဖြစ် လိမ္မာအောင် သွန်သင်ပြီးတော့ ပြသတဲ့နည်းနဲ့ပဲဖြစ်ဖြစ် သူတို့ကို အဂတိလိုက်စားမှုတွေ မဖြစ်ရအောင်၊ အကျင့်ဖောက်ပြန်မှုတွေ မဖြစ်အောင်၊ ကျနော်တို့က တားဆီးရမယ်။ တားဆီးကာကွယ်ရေး လုပ်တဲ့အခါမှာလဲ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ထားပါတယ်။ ဒါက ပြောမယ်ဆိုရင်တော့ အများကြီးပေါ့။ ကျနော်တို့က လူငယ်စခန်းတို့ ဘာတို့၊ လူလတ်ပိုင်းဆိုရင်လဲ လူလတ်ပိုင်းအလျောက်။ နောက် စီးပွားရေးလုပ်ငန်း၊ အုပ်ချုပ်ရေးလုပ်ငန်း လုပ်နေတဲ့လူတွေဆိုရင်လဲ တိုင်းဒေသတွေမှာပါလိုက်ြ့ပီးတော့ ဆွေးနွေးတာတွေ၊ ဟောပြောတာတွေ လုပ်တာတွေလည်း ရှိတာပေါ။

အစိုးရဌာနတွေနဲ့ အလုပ်လုပ်တဲ့အခါမှာ တင်ဒါတို့ ဘာတို့ ခေါ်တဲ့အခါမှာဆိုရင်လဲ ခေါ်ခါနီးပြီးဆိုရင် စီးပွားရေးသမားကလဲ အစိုးရဌာနကလူကို လက်ဝါးချင်းရိုက်ဖို့ ကြိုးစားတယ်။

မေး ။ ။ ဒီတင်ဒါတခုကို ဈေးလျှော့ပြီးတော့ ဘယ်လိုတင်မလဲ။ ဈေးဘယ်လို တိုးတင်မလဲ။ ပြီးတော့ ထွက်လာတဲ့ အမြတ်အစွန်းလေးတွေကို သူတို့ ဘယ်လိုခွဲဝေကြမလဲဆိုတဲ့ အစဉ်အလာက ဟိုခေတ်ကတည်းက ရှိခဲ့တာပါ။ အဲဒီတော့ ဒီတင်ဒါဆိုတဲ့ဟာက တော်တော်ကြီးကို ကြီးမားတဲ့ အဂတိလိုက်စားမှုထဲမှာ ပါတယ်။ နည်းနည်းပြောပြပေးပါ။

ဖြေ ။ ။ အခုန ပြောသလိုပါပဲ တကယ့်တကယ်တော့ ဝယ်ယူရေး၊ တည်ဆောက်ရေးမှာ လုပ်တဲ့လုပ်ငန်းစဉ်တွေမှာ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရဌာနတွေနဲ့ မဆက်စပ်လို့လဲ မရဘူးလေး။ ဒါကို လုပ်ကိုလုပ်ရမှာပဲ။ လုပ်တဲ့အခါမှာ အစိုးရဌာနတွေအနေနဲ့ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ပဲ လိုတယ်။ ဒီလိုလုပ်နိုင်ဖို့လဲ လုပ်ထုံးလုပ်နည်းတွေကလည်း ပြဌာန်းထားပြီသာပါ။ အားလုံးလဲ သိတဲ့အတိုင်းပဲ နိုင်ငံတော်သမ္မတရုံးက ပြဌာန်းထားတဲ့ အမိန့်ညွှန်ကြားချက်ရှိတယ်။ ၁/၂၀၁၇ ဖြစ်ပါတယ်။ အဲဒီစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီးတော့ ဆောက်ရွက်သွားကြမယ်ဆိုရင် အတော်လေး အတော်အသင့်ရှိတဲ့ တင်ဒါတွေကို ကျနော်တို့က လွယ်လွယ်ကူကူ၊ ချောချောမောမော လုပ်ဆောင်နိုင်မယ့် အနေအထားရှိပါတယ်။

အပြည်ပြည်ဆိုင်ရာ တင်ဒါတွေကိုတော့ အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ရမှာပေါ့။ တဘက်ကလဲ စီးပွားရေးလုပ်ငန်းရှင်တွေအတွက်ကလဲ သူတို့ဝင်ပြိုင်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ရှိတယ်ဆိုတာတွေကို မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ကိစ္စကို CPU ကနေ ဆောင်ရွက်ပေးဖို့ဆိုပြီး ဒီလိုလေး လုပ်ပါတယ် - CPU အနေနဲ့ initiate လုပ်ပေးတာပေါ့ - ဆောင်ရွက်ပေးတာတော့ မဟုတ်ပါဘူး။ ဝန်ကြီးကို တင်ပြပြီးတော့ စီးပွားေးရးလုပ်ငန်းပိုင်းမှာ ဒီလိုအခက်အခဲလေးတွေ တွေ့နေရတယ်။ သူတို့က ဒါလေးတွေ တင်ပြချင်တယ်။ ပြီးတော့ ဌာနတွေဘက်မှာလဲ အခက်အခဲတွေ ရှိနေတယ်။ ဒီအခက်အခဲတွေကို ပေါင်းစပ်ညှိနှိုင်းကြရင် ကောင်းမယ်ဆိုတာကို သက်ဆိုင်တဲ့ ပြည်ထောင်စုဝန်ကြီးတွေကို တင်ပြတဲ့အခါမှာ ပြည်ထောင်စုဝန်ကြီးတွေက ခွင့်ပြုတဲ့အချိန်မှာ ခွင့်ပြုတဲ့ကာလမှာ လုပ်ဖို့ကောင်းတယ်၊ လုပ်နိုင်အောင် initiate လုပ်ပေးရတယ်။ အဲဒီလို လုပ်တဲ့အခါမှာလည်း ဖြစ်နိုင်ရင် ကျနော်တို့က တတိယအဖွဲ့အစည်း အဲဒီနေရာမှာ ပါလို့ကောင်းတယ်။ ဥပမာ ပညာရှင်ပိုင်း - အချို့ကိစ္စတွေမှာ နည်းပညာနဲ့ဆိုင်တဲ့ အပိုင်းတွေ အများကြီးပါတယ်။ ကျနော်တို့လည်း နားမလည်ဘူး။

မေး ။ ။ လွတ်လပ်တဲ့အဖွဲ့ Independence Body

ဖြေ ။ ။ လွတ်လပ်တဲ့အဖွဲ့လည်းဖြစ်တယ်။ ပညာရှင်ပိုင်လည်းဖြစ်တဲ့ အဖွဲ့အစည်းတွေက ကြားထဲကနေ လုပ်ပေးတာ။ ဘာဖြစ်လို့လဲဆိုတော့ တယောက်နဲ့တယောက်က ဟိုဘက်ကလဲ အခက်အခဲတွေပြော၊ ဒီဘက်ကလဲ အခက်အခဲတွေပြော အဖြေကမရှိဘူး ဖြစ်နေတယ်။ အလကားပဲ။ အဲဒီကနေ အကောင်းဆုံး အဖြေတခုကို ရနိုင်တယ်။ အဲဒါကြောင့်မို့ ကျနော်တို့က CPU အနေနဲ့ ကိုယ်နဲ့လက်တွဲလုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဖိုရမ်သဘောမျိုး အခါအားလျော်စွာ ဘယ်တော့ရယ်လို့တော့ မဟုတ်ပါဘူး။ ခြောက်လတကြိမ်ဆိုလဲ ခြောက်လတကြိမ်၊ ဒါမှမဟုတ် လိုအပ်တဲ့အချိန်တွေမှာ လိုအပ်သလို ဖိုရမ်လေး လုပ်ပေးမယ်ဆိုရင် သူ့အခက်အခဲလဲ လျော့ပါးသွားမယ်။ ကိုယ်လိုချင်တာလဲ ရမယ်။

မေး ။ ။ တဘက်နဲ့တဘက် ယုံကြည်မှုလေး ရလာမယ်ပေါ့။

ဖြေ ။ ။ ယုံကြည်မှုလည်း ရလာမယ်။ ပွင့်လင်းမှုလည်း ရှိလာမယ်။ တဦးချင်းပြောတာမျိုး မဟုတ်ဘူး။ တဦးချင်းသွားညှိစရာ မလိုဘူး။ အားလုံးရှေ့မှာ ပွင့်လင်းမြင်သာစွာ ညှိနှိုင်းတာ။ ပွင့်ပွင့်လင်းလင်း ပြောမှာပါ။ အစိုးရဌာနတွေဘက်ကလဲ ကိုယ့်ရဲ့လိုအပ်ချက်တွေကို ပြောမှာပဲ - ကိုယ့်ရဲ့ ကန့်သတ်ချက်က ဘာတွေလဲဆိုတာကို ပြောရမယ်။

ဒါတွေအားလုံးကို ကျွမ်းကျင်တဲ့ ပညာရှင်တွေရှိမယ်ဆိုရင်တော့ သုံးဦးသုံးဖလှယ် ညှိနှိုင်းပြီးတော့ သင့်လျော်တဲ့ ဖြေရှင်းနည်းတခုကို ရလာရင် အဲဒါဟာ ဘာဖြစ်သွားမလဲဆိုရင် စီးပွားရေးလုပ်ငန်းရှင်တွေအတွက်လဲ လုပ်လို့ကိုင်လို့ မျှတတဲ့ ယှဉ်ပြိုင်မှု ဖြစ်လာမယ်။

မေး ။ ။ Under table လုပ်ဆောင်မှုတွေ ပျောက်သွားအောင်လို့ပေါ့။ လက်သပ်ထိုးပေးတဲ့သဘောမျိုး မရှိတော့အောင်လို့ပေါ့။

ဖြေ ။ ။ ဟုတ်ပါတယ်။ လက်သပ်ထိုး ပေးတာမျိုး မရှိတော့ဘူး။ ပုဂ္ဂိုလ်ရေးအားဖြင့် သွားပြီးတော့ လက်ဝါးချင်းရိုက်ဖို့လဲ မလိုတော့ဘူး။ အဲဒီအခါကြတော့ တင်ဒါလုပ်တဲ့အခါမှာ ပွင့်လင်းမြင်သာမှုရှိမယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာပါမယ်။ အဲဒါကိုလဲ ကျနော်တို့က လုပ်ဖို့၊ လုပ်သွားဖို့အတွက် ကျနော်တို့ မူဝါဒသဘောမျိုး တင်ပြထားပြီး ဖြစ်ပါတယ်။

မေး ။ ။ နောက်တခုက ဝန်ကြီးဌာန၊ အစိုးရဌာနအသီးသီးမှာလဲ ဝန်ထမ်းတယောက်ကနေ သူက အထက်အရာရှိကဖြစ်စေ၊ အချင်းချင်းထဲကဖြစ်စေ၊ အဂတိလိုက်စားမှု တစုံတရာ ကျူးလွန်ထားတယ်လို့ သက်သေသက်ကာနဲ့ တိုင်တယ်ဆိုပါတော့ သူတိုင်းတဲ့အလျောက်လဲ ဖော်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့ ဖြစ်ခဲ့တဲ့ကိစ္စတွေ ရှိခဲ့ရင် အဲဒီဝန်ထမ်းကို အမေရိကမှာတော့ Whistleblower Act လို့ ခေါ်တာပေါ့။ ဒါကတော့ အဲဒီလိုဝန်ထမ်းတယောက်ကို အမှန်တရားအတွက် ဖော်ထုတ်ပြီးတော့ တိုင်တဲ့ဝန်ထမ်းကို ပြန်ပြီးအရေးမယူရဘူးဆိုတဲ့ သတ်မှတ်ချက်ကော ရှိပါသလားရှင့်။

ဖြေ ။ ။ အခုထိတော့ မရှိသေးပါဘူး။ နည်းနည်းပါးပါး ကျနော်တို့ ဥပဒေထဲမှာတော့ အကာအကွယ်ပေးရမယ်ဆိုတာမျိုး တစ်ချက်တော့ ပါပါတယ်။ မလုပ်ရဘူးဆိုတာမျိုး - ဒီလိုတိုင်ကြားတဲ့လူကို ပြန်ပြီးတော့ မလုပ်ရဘူးဆိုတာမျိုးလောက်ပဲ ရေးထားတာဆိုတော့ ဒီဥစ္စာက သိပ်ပြီတော့ မလုံလောက်ပါဘူး။ အဲဒါကြောင့် ကျနော်တို့က Whistleblower Protection Law ကို ရေးဆွဲနေပါတယ်။ ရေးဆွဲတဲ့နေရာမှာ လောလောဆယ်တော့ ကျနော်တို့ဆီကနေ ရှေ့နေရုံးကို တင်ပြထားတဲ့ အနေအထား ရှိပါတယ်။ နာမည်ကိုတော့ ကျနော်တို့က Public Interest Whistleblower Protection Law လို့ ခေါ်ပါတယ်။ အများပြည်သူအကျိုးစီးပွားကို ဖော်ထုတ်တိုင်တန်တဲ့ကိစ္စ။ ဒါကို ကျနော်တို့က တိုင်တန်တဲ့လူကို တားဆီးကာကွယ်ပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးဆွဲထားခြင်း ဖြစ်ပါတယ်။ အဲဒါကတော့ လောလောဆယ်တော့ ရှေ့နေရုံးကို တင်ပြထားတာဖြစ်တော့ မကြာခင်ရှေ့နေရုံးက သဘောထားမှတ်ချက် ရလာလို့ရှိရင် ကျနော်တို့က အဆင့်ဆင့်တင်ပြသွားဖို့ ရှိပါတယ်။

အဲဒီအထဲမှာတော့ ထိုက်သင့်အားလျော်စွာ ကျနော်တို့ရဲ့ အခြေအနေတွေ အရပ်ရပ်ကြောင့်ပေါ့ - အမေရိကလိုတော့ အများကြီး မလုပ်ပေးနိုင်ဘူးပေါ့။ အတတ်နိုင်ဆုံး အတိုင်းအတာတခုအထိ ကျေနပ်ဖွယ်ကောင်းတဲ့ အခြေအနေတခုအထိ ရောက်အောင်တော့ အကာအကွယ်ပေးတာ၊ ဆုချီးမြင့်တာ ဒါတွေအထိ လုပ်ပေးသွားဖို့ ပါပါတယ်။ အဲဒါပြဌာန်းပေးပြီးပြီဆိုရင်တော့ ဌာနအတွင်းမှာ တိုင်ကြားတဲ့ကိစ္စတွေပဲဖြစ်ဖြစ်၊ ဌာနဆိုတာ အစိုးရဌာနကြီးပဲ မဟုတ်ဘူး၊ စီးပွားရေးလုပ်ငန်းတွေမှာလဲ အောက်ကနေ အတက်အပေါ် တိုင်ကြားတဲ့ကိစ္စမျိုးတွေ ရှိရင်လဲရှိမယ်။ ဒါက ကျနော်တို့က တိုင်ကြားမှုကို လက်ခံတဲ့အခါကြတော့ အများပြည်သူအကျိုးစီးပွားအတွက်ပဲ၊ အများပြည်သူအကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့အပိုင်းလောက်ကိုပဲ Whistleblower Protection Law မှာ အကာအကွယ်ပေးမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်တဲ့ကိစ္စတွေ ပုဂ္ဂိုလ်ရေးကိစ္စတွေ၊ ကိုယ်ရာထူးမတိုးလို့ တိုင်တဲ့ကိစ္စတွေ ဒါမျိုးတွေကိုတော့ ကျနော်တို့ လက်သင့်ခံမှာ မဟုတ်ဘူး။ ကျနော်တို့က အများပြည်သူ၊ နိုင်ငံတော်အတွက် ထိခိုက်နစ်နာသွားမယ်။ ဆုံးရှုံးသွားမယ့် ဒီလိုမျိုးကိစ္စတွေဆိုရင်တော့ တိုင်ကြားနိုင်တယ်။ အကာအကွယ်ပေးရမယ်။ ဒါမျိုးတွေတော့ ရေးထားပါတယ်။ အမေရိကမှာတော့ အဲဒီလိုမျိုး မဟုတ်ဘူးပေါ့ - ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်။ ဒါပေမဲ့ ကျနော်တို့က အဲဒီလောက် အတိုင်းအတာအထိတော့ မလုပ်ပေးနိုင်သေးပါဘူး။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG