သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD CEC ေဒါက္တာေအာင္မိုးညိဳနဲ႔ ေမးျမန္းခန္း (၂)


မေကြးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳ
NLD CEC ေဒါက္တာေအာင္မိုးညိဳနဲ႔ ေမးျမန္းခန္း (၂)
please wait

No media source currently available

0:00 0:10:53 0:00
တိုက္႐ိုက္ လင့္ခ္

Zawgyi/Unicode

မေကြးတိုင္းေဒသႀကီးရဲ႕ NLD အစိုးရအေနနဲ႔ အက်င့္ပ်က္ျခစားမႈ တိုက္ဖ်က္တာေတြကို လုပ္ႏိုင္တဲ့တခ်ိန္တည္းမွာပဲ ေဒသဖြံ႔ၿဖိဳးေရးလုပ္ငန္းေတြကိုလည္း ေအာင္ျမင္စြာလုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ေျပာပါတယ္။ ကိုေဇာ္ဝင္းလႈိင္ ေတြ႔ဆုံေမးျမန္းထားပါတယ္။

ေမး ။ ။ လက္ရိွသြားေနတဲ့ အစိုးရအဖြဲ႔ မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႔ လုပ္ေဆာင္ခ်က္ေတြနဲ႔ ပတ္သက္လို႔ အခုဆိုရင္ ႏွစ္ေတြလည္းအေတာ္ၾကာခဲ့ၿပီ၊ ေနာက္သက္တမ္းအတြက္ ေရြးေကာက္ပြဲေတာင္ ျပန္လုပ္ေတာ့မယ့္ အခ်ိန္ကာလေရာက္လာၿပီဆိုေတာ့ အက်ဥ္းရံုးေလး ဝန္ႀကီးခ်ဳပ္ လုပ္ေဆာင္ခဲ့တဲ့ ေအာင္ျမင္မႈေတြထဲက အားရေက်နပ္မႈရိွတာ၊ ကိုယ္လုပ္ခ်င္ေပမယ့္လဲ တဘက္မွာ ကန္႔ကြက္တဲ့လူေတြရိွတာ၊ ဒါမွမဟုတ္ အေျခအေနအေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ေအာင္ျမင္မႈေတြ မရိွခဲ့တာေတြလည္း ရိွမွာပဲ။ အဲဒီလိုမ်ဳိးေလးေတြကို ဝန္ႀကီးခ်ဳပ္ ေျပာျပလို႔ရမလား။ ဘာေတြမ်ားရိွလဲ။

ေျဖ ။ ။ ကိုယ္မွတ္မိသေလာက္ေတြကို ေျပာရမယ္ဆိုရင္ ကိုယ္ကလည္း ဗုဒၶဘာသာဝင္ဆုိေတာ့ ဘာသာေရးကို ေနာက္မွာထား ေျပာလို႔မရဘူး။ ထိပ္မွာထားေျပာခ်င္တယ္။ အဲဒါဘာလဲဆုိေတာ့ က်ေနာ္တုိ႔ မန္းေရႊစက္ေတာ္ ဘုရားပြဲမွာ က်ေနာ္တို႔ ၂၀၁၆ ခုႏွစ္ ဧၿပီ (၁) ရက္ေန႔ အာဏာလႊဲေျပာင္းယူခ်ိန္တုန္းက မွတ္မိသေလာက္ေျပာရရင္ ဘုရားႀကီးရဲ ႔ ရန္ပံုေငြ အစုစုအရပ္ရပ္ ဘယ္ေလာက္ရိွသလဲဆိုရင္ ၃.၅ ဘီလီယံေလာက္ ရိွတယ္။ သန္းေပါင္း ၃၅၀၀ ေလာက္ရိွတယ္။ အခုလက္ရိွ အေျခအေနမွာ ဘယ္ေလာက္ရိွသလဲဆိုရင္ သန္းေပါင္း (၇၀၀၀) ေလာက္ ရိွတယ္။ ေလးႏွစ္မျပည့္ေသးဘူး က်ေနာ္တုိ႔ ႏွစ္ဆေလာက္ ရိွလာတယ္။ ဒီၾကားထဲမွာ ဘုရားႀကီးရန္ပံုေငြနဲ႔ အၿမဲတမ္း ဆယ့္ႏွစ္ရာသီ သြားလို႔ရေအာင္ ေလွဒင္တံတား - ေရဘယ္ေလာက္ပဲ ႀကီးေနပါေစ ဆယ့္ႏွစ္လရာသီ ကူးလုိ႔ရၿပီ။ က်ပ္ေငြသန္းေပါင္း ၁၂၀၀ ေလာက္ ကုန္တယ္။ အဲဒါႀကီးကို က်ေနာ္ ေဆာက္လုပ္ခဲ့တယ္။ ဘာသာေရးနဲ႔ ပတ္သက္ၿပီးေျပာတာပါ။ ဒီလိုအေနအထားရိွတယ္။

က်ေနာ္တုိ႔ တုိင္းေဒသႀကီးတက္လာတယ္ ၂၀၁၆ ဧၿပီလမွာ အာဏာရတယ္။ ၂၀၁၆-၁၇ ဘတ္ဂ်က္က က်ေနာ္တို႔ ဆြဲခဲ့တာ မဟုတ္ဘူး။ အဲဒီဘတ္ဂ်က္နဲ႔ လုပ္တဲ့ေနရာမွာ က်ေနာ္တုိ႔က လိုအပ္တာေတြကို အုပ္ခ်ဳပ္ေရးပိုင္းကအစ စီမံခန္႔ခြဲၿပီးေတာ့ ႀကိဳးပမ္းေဆာင္ရြက္လိုက္တဲ့အခ်ိန္မွာ လုပ္ငန္းပမာဏလည္း မေလွ်ာ့ဘူး၊ အေရအတြက္လည္း မေလွ်ာ့ဘူး။ အရည္အေသြးလည္း မေလွ်ာ့ဘူး။ ဘာမွမေလွ်ာ့ဘဲနဲ႔ က်ပ္ေငြသန္းေပါင္း တစ္ေသာင္းေက်ာ္ပိုထြက္လာေအာင္ ႀကိဳးစားေဆာင္ရြက္ေပးႏုိင္တယ္။ (၁၀) ဘီလီယံ ပိုထြက္တယ္။ အဲဒီပိုက္ဆံေလးနဲ႔ မေကြးတိုင္း .. ဆုတ္ပ်က္ေနတာ … လမ္းေတြ၊ ၿမိဳ ႔ၾကက္သေရေဆာင္ျဖစ္တဲ့ ျပည္ေတာ္သာလမ္း၊ အထက (၁) လမ္း စတဲ့လမ္းေတြကို ႏိုင္လြန္ကတၱရာခင္းတယ္။ ရိုးရိုးကတၱရာေတြခင္းဖို႔ လုပ္တယ္။ ကိုေဇာ္ဝင္းလိႈင္ကိုယ္တုိင္ ေတြ႔ခဲ့တဲ့ ကမ္းနားလမ္း ခင္းထားတာ ရက္ပိုင္းလပိုင္းပဲ ရိွေသးတယ္။ ေနာက္တခါ တုိင္းၾကက္သေရေဆာင္ျဖစ္တဲ့ ျမသလြန္ဘုရားႀကီးသြားတဲ့လမ္းကို ႏိုင္လြန္ကတၱရာခင္းတယ္။
ေနာက္တခါက ေရနံလက္ယက္တြင္းေတြကေန မေကြးတိုင္းမွာ ေရနံခ်က္တဲ့ ခ်က္ဖိုမရိွဘူး။ ခ်က္ဖိုရိွတဲ့ေနရာ စစ္ကိုင္းတိုင္း မံုရြာကိုသြားၿပီးခ်က္တယ္။ အရပ္ဖို ျဖစ္တယ္။ ေရနံခ်က္စက္ရံု မဟုတ္ဘူး။ အဲဒီကိုသြားၿပီး ေရနံခ်က္တယ္။ ဒီဇယ္ၾကမ္း၊ ေရနံၾကမ္းေတြ ထြက္တယ္။ အဲဒီလိုသြားတဲ့အတြက္ကို ဒီက ေမ်ာစာ transport pass ထုတ္ေပးရတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ ရန္ပံုေငြေတြ သန္းေထာင္နဲ႔ခ်ီ ရိွတယ္။ အရင္အစိုးရလက္ထက္မွာ တုိင္းရန္ပံုေငြေတြ ရိွတယ္။ ၾကားတာကေတာ့ ၂.၈ ဘီလီယံေလာက္ က်ပ္ေငြသန္းေပါင္း (၂၈၀၀) ေလာက္ အရင္အစိုးရက ရွာခဲ့တာေတြ ရိွတယ္။ ဒါေတြကို ေမးဖုိ႔လိုတယ္ဆိုၿပီး က်ေနာ္ ေမးခိုင္းလိုက္တယ္။ ျပည္သူ႔လႊတ္ေတာ္မွာ က်ေနာ့္မဲဆႏၵနယ္ေျမက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ကိုထြန္းထြန္းကို ေမးခိုင္းလိုက္တယ္။ ေမးခိုင္းေတာ့ ျပည္ေထာင္စုအစိုးရကလည္း က်ေနာ္တုိ႔ကို စီစစ္ခိုင္းလိုက္တယ္။ ထြက္လာတယ္ - က်ပ္ေငြသန္းေပါင္း (၇၀၀၀) ေက်ာ္ ထြက္လာတယ္။ အဲဒီမွာ မေကြးတိုင္းေဒသႀကီးအစိုးရကို က်ပ္ေငြသန္းေပါင္း (၃၂၇၉) သန္းကို ျပန္ၿပီးလႊဲေပးတယ္။

ေနာက္တခ်က္ ေျပာခ်င္တာက ဝန္ထမ္းေတြက အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဆိုတာ ဝန္ထမ္းေတြမွာ ရိွတယ္။ က်ေနာ္တုိ႔က ဘယ္ဝန္ထမ္းကိုမွ အေရးယူတာ၊ အျပစ္ေပးတာ၊ ေထာင္ခ်တာ၊ ရာထူးခ်တာ ဘာမွမလုပ္ခ်င္ဘူး။ ဒါက ကိုယ္က ေစတနာနဲ႔ ေျပာတာပါ။ သူတုိ႔မွာလည္း အခက္အခဲေတြ ရိွမယ္။ လခေလာက္တာ၊ မေလာက္တာေတြ ရိွမယ္။ သို႔ေသာ္လဲ ေအာက္က အေထာက္အထား အခိုင္အမာနဲ႔ တိုင္လာခဲ့ရင္ေတာ့ က်ေနာ္တို႔က အေရးယူခဲ့တာေတြ ရိွတယ္။ အဂတိက အေရးယူတာေတြ ဘာေတြရိွတယ္။

ေမး ။ ။ ဒီက႑တိုင္းအတြက္ ျပည္ေထာင္စုအစိုးရက လုပ္ေနတာေတြရိွသလို၊ ျပည္နယ္တိုင္း ေဒသႀကီးေတြကလည္း ဝန္ႀကီးခ်ဳပ္တို႔လို ကိုယ့္ျပည္နယ္ကိုယ့္ေဒသ ဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ သီးသန္႔စီမံကိန္းေတြခ်ၿပီး လုပ္ေနၾကတာေတြ အမ်ားႀကီးရိွတယ္ဆိုတာ ဝန္ႀကီးခ်ဳပ္ ေျပာခဲ့သလိုေပါ့။ ဆိုေတာ့ အဲဒီလိုမ်ဳိး စီမံကိန္းေတြ ခ်ေပးတဲ့ေနရာမွာ၊ ဝန္ႀကီးခ်ဳပ္တို႔ စဥ္းစားတဲ့ေနရာမွာ အစိုးရအဖြဲ႔က စဥ္းစားတဲ့ေနရာမွာ ႏုိင္ငံျခားကုမၸဏီေတြကို တင္ဒါေတြေခၚတယ္။ စီမံကိန္းေတြအတြက္ - ႏုိင္ငံျခားကုမၸဏီေတြ ရိွမယ္။ ျပည္တြင္းက ကုမၸဏီေတြ ရိွမယ္။ ျပည္တြင္းလုပ္ငန္းေတြကို ဦးစားေပးတယ္။ ဒါမွမဟုတ္ ႏုိင္ငံျခားကုမၸဏီက အဆင့္ျမင့္လို႔၊ နည္းပညာပိုေကာင္းလို႔ သူတုိ႔ကို ဦးစားေပးသင့္တယ္လို႔ ဘယ္လိုမ်ုဳိး ဝန္ႀကီးခ်ဳပ္တို႔ စဥ္းစားသလဲ။

ေျဖ ။ ။ မ်ားေသာအားျဖင့္ေတာ့ သက္သက္မလာဘူး။ ျပည္တြင္းနဲ႔ျပည္ပ Joint Venture သေဘာမ်ဳိးနဲ႔ ျပည္တြင္းကလည္း တပိုင္း ပါႏုိင္သေလာက္ပါမယ္ (၃၀) ရာခိုင္ႏႈန္း ပါမလား။ (၇၀) ရာခိုင္ႏႈန္း ပါမလား။ ဒါမ်ဳိးေတြ အဲဒါမ်ဳိးေတြ ေခၚတာရိွတယ္။ ဆံုးျဖတ္တဲ့ေနရာမွာ လာတာနဲ႔ တန္းၿပီးေတာ့ ဆံုးျဖတ္တာမ်ဳိး မလုပ္ဘူး။ နည္းပညာအရ လက္ခံႏုိင္ဖို႔ ရိွသလား မရိွဘူးလား။ စီစစ္ၿပီးမွ ေထာက္ခံၿပီးတင္ျပတယ္။

ေမး ။ ။ စီစစ္တဲ့ Criteria ေတြ ရိွတာေပါ့။
ေျဖ ။ ။ ရိွပါတယ္။

ေမး ။ ။ ဆိုေတာ့ တဘက္မွာ က်ေနာ္တုိ႔ ၾကားေနရတာက ဝန္ႀကီးခ်ဳပ္အေနနဲ႔ ေျဖရွင္းေပးဖို႔၊ ဝန္ႀကီးခ်ဳပ္ သိထားတာကို က်ေနာ္တို႔ကို ျပန္ရွင္းျပေပးဖို႔ပါ အခု အရင္အစိုးရလက္ထက္ေတြမွာလို တရုတ္အစိုးရဟာ အိမ္နီးခ်င္းႏုိင္ငံလည္း ျဖစ္တယ္။ အင္အားႀကီးႏုိင္ငံလည္းျဖစ္ စီးပြားေရးအရလည္း ဘက္စံု ကိုယ့္ထက္အမ်ားႀကီးသာတဲ့ ႏုိင္ငံျဖစ္ေတာ့ လက္ရိွ NLD အစိုးရလက္ထက္မွာ NLD အစိုးရက တာဝန္ရိွတဲ့လူေတြ မၾကာခဏဖိတ္တယ္၊ ေခၚတယ္၊ ေလ့လာဖို႔ လုပ္ခိုင္းတယ္။ လႊတ္ေတာ္ဆိုလဲ လႊတ္ေတာ္အလိုက္၊ ပါတီပိုင္းဆိုလဲ ပါတီလိုင္းအလိုက္ မၾကာခဏဖိတ္တာကို က်ေနာ္တို႔သိရတယ္။ ဝန္ႀကီးခ်ဳပ္တာဝန္ရိွတဲ့လူေတြ သြားၾကတာကို က်ေနာ္တိုိ႔ ေတြ႔ပါတယ္။ အဲဒါနဲ႔တၿပိဳင္တည္းမွာပဲ တျခားတရုတ္ကုမၸဏီေတြကလည္း အခါအားေလ်ာ္စြာ ဖိိတ္တယ္လို႔ ၾကားသိရတယ္။ ဥပမာ ဟြာေဝးလို႔ ကုမၸဏီမ်ဳိး။ ဖိတ္ၿပီးေတာ့ သူတုိ႔လုပ္ငန္းေတြကို ခ်ျပတယ္။ ဗမာျပည္ကို ဘယ္လိုကူညီလို႔ ရတယ္၊ ဘာညာ သူတို႔ေျပာခ်င္ေျပာမွာေပါ့။ ဒါေတြကိုေတာ့ က်ေနာ္တို႔ မသိဘူး။ မႏၱေလးမွာေတာ့ နည္းနည္းေလး အခုလူေျပာမ်ားေနတာက CCTV တပ္မယ့္ ကိစၥေတြမွာ ဟြာေဝးကေန တာဝန္ယူၿပီး လုပ္ေဆာင္ေပးမယ္ဆိုၿပီး ေျပာၾကာတာေတြ ရိွတယ္။ ဒါေပမဲ့လဲ အဲဒါက ေဒတာ (Data) ေတြကို ႏုိင္ငံတုိင္းက ေတာ္ေတာ္ေလး ဂရုစိုက္ၾကတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီေဒတာေတြကို တရုတ္က ရသြားလို႔ရိွရင္ တခ်ိန္ခ်ိန္မွာ ျပန္ၿပီးအသံုးခ်လို႔ရတယ္ ဆုိတာမ်ဳိး အဲဒါေတြက sensitive ျဖစ္တဲ့ အခ်က္အလက္ေတြ ျဖစ္တယ္ေပါ့။ အဲဒါမ်ဳိးေတြ လုပ္ေပးဖို႔ ရိွတယ္ဆိုေတာ့ မေကြးတုိင္းမွာေတာ့ မၾကားမိေသးဘူး။ စစ္ကိုင္းတုိင္းေတာ့ ၾကားတယ္။ ဆိုေတာ့ အဲဒီလိုမ်ဳိးေတြ ေခၚၿပီးေတာ့ လူႀကီးေတြကိုေခၚၿပီး စည္းရံုးတာမ်ဳိး၊ Lobby လုပ္တာမ်ဳိး လုပ္ေနတဲ့ကိစၥေတြမွာ ဝန္ႀကီးခ်ဳပ္တို႔အေနနဲ႔ ဘာေတြၾကားသိမိသလဲ။

ေျဖ ။ ။ အဲဒါကေတာ့ မႏၱေလးတိုင္း၊ စစ္ကိုင္းတိုင္းတို႔မွာေတာ့ ဘယ္လိုအေနအထား ရိွတယ္ဆိုတာကိုေတာ့ မသိပါဘူး။ က်ေနာ္တို႔ဆီမွာလာၿပီးေတာ့ နည္းပညာအရလာၿပီး မေကြးမွာဆိုိရင္ Smart City လုပ္မယ္။ ဘာေတြ ဘယ္လို ဘယ္ေလာက္အထိ Smart City လုပ္ရင္ ေကာင္းမယ္ဆိုတာကို အကုန္ရွင္းျပတယ္။ အင္မတန္မွ အားက်စရာေကာင္းပါတယ္။ သြားေရက်စရာ ေကာင္းပါတယ္။ သို႔ေသာ္လဲ ဒါနဲ႔ပတ္သက္ၿပီး တန္းၿပီးေတာ့ ဟြာေဝးလာရွင္းျပခ်ိန္မွာ အင္မတန္အဆင့္ျမင့္တယ္။ ဟြာေဝးကိုလည္း အလည္အပတ္ ေရာက္ခဲ့ဖူးပါတယ္။ အင္မတန္ နည္းပညာျမင့္တဲ့ ကုမၸဏီႀကီးပါ။ ဘာပဲျဖစ္ေနေန က်ေနာ္တို႔ကေတာ့ ဥပမာအားျဖင့္ IT ကိစၥ၊ e-Government ကိစၥ၊ Smart City ကိစၥ - အဲဒါေတြနဲ႔ ပတ္သက္ရင္ ကိုယ္တေယာက္တည္းနဲ႔ မဆံုးျဖတ္ပါဘူး။ ကိုယ္ထက္တတ္ကၽြမ္း နားလည္တဲ့ ပုဂၢိဳလ္ေတြကို တိုင္ပင္ၿပီးမွ ဆံုးျဖတ္မွာပါ။

တရုတ္ရဲ ႔ ရင္းႏီွးျမဳပ္ႏံွမႈေတြနဲ႔ ပတ္သက္ၿပီး ေျပာရမယ္ဆိုရင္ က်ေနာ္တို႔သြားတုန္းကလည္း ေမးပါတယ္။ မန္းေရနံ၊ မင္းဘူးစကူးၿမိဳ ႔နယ္မွာ ေက်ာက္ျဖဴကေန ေရနံပိုက္လိုင္းကလည္း မေကြးတိုင္းလည္း ျဖတ္သြားတယ္။ မႏၱေလးတုိင္း ျဖတ္သြားတယ္ဆိုေတာ့ မင္းဘူးစကူးၿမိဳ ႔နယ္မွာ စီးပြားျဖစ္ ေရနံခ်က္စက္ရံုႀကီးတခု လုပ္ခ်င္တယ္။ စက္မႈဇုန္တခု လုပ္ခ်င္တယ္။ က်ေနာ့္ကို ေတာင္းဆိုတာ ရိွပါတယ္။ အခုလိုမ်ဳိး စိတ္ဝင္စားတဲ့အတြက္ က်ေနာ္ အမ်ားႀကီးဝမ္းသာပါတယ္။ ေက်းဇူးလည္း တင္ပါတယ္။ သို႔ေသာ္လဲ က်ေနာ္တို႔က ေဒသဆိုင္ရာအစိုးရ ျဖစ္တဲ့အတြက္ က်ေနာ္တို႔က ဒါကိုတန္းၿပီး ဆံုးျဖတ္လိုက္လို႔ မရပါဘူး။ ျပည္ေထာင္စုအစိုးရကပဲ ဆံုးျဖတ္လို႔ ရပါတယ္။ ျပည္ေထာင္စုအစိုးရနဲ႔ တုိင္ပင္ပါဆိုၿပီး အဲဒီလိုမ်ဳိး ေျဖခဲ့ပါတယ္။

ဒီမွာလဲ လာပါတယ္။ ဘာလုပ္ခ်င္တယ္ လုပ္ခ်င္တာေျပာ ဆည္ေျမာင္းကိစၥ လုပ္ခ်င္လား။ စိုက္ပ်ဳိးေရးကိစၥ လုပ္ခ်င္လား။ သယ္ယူပို႔ေဆာင္ေရး လုပ္ခ်င္သလား။ ဘာလုပ္ခ်င္လဲ။ ဘီလီယံနဲ႔ခ်ီလဲ ေရာ့အင့္ ေပးမွာပဲ။ သို႔ေသာ္ အစိုးရတာဝန္ခံရမယ္။ အဲဒီေနရာေတြမွာလဲ က်ေနာ္တို႔ ၾကားဖူးတာေတြ ရိွတယ္။ ဥပမာ ပါကစၥတန္တို႔၊ သီဟိုလ္၊ လားအိုႏုိင္ငံေတြမွာ Debt Trap ဆိုတာေတြ အေၾကြးေထာင္ခ်က္မွာ ျပန္မဆပ္ႏုိင္ေတာ့ - သီရိလကၤာမွာ - သူ႔ေရနက္ဆိပ္ကမ္းႀကီးကို အေၾကြးကို အတိုးေတာင္မေပးႏုိင္ေတာ့ အႏွစ္ (၉၀) လုပ္ပိုင္ခြင့္ ေပးလိုက္ရတာမ်ဳိး။ ဒါမ်ဳိးေတြကလဲ ၾကားသိေနရေတာ့ အင္မတန္ကို သတိထားၿပီးေတာ့ တုံ႔ျပန္ပါတယ္။

ေမး ။ ။ ေနာက္ပိုင္းလုပ္ၾကတဲ့ ႏိုင္ငံေတာ္စီမံကိန္းေတြကအစ တရုတ္ကုမၸဏီ အေတာ္မ်ားမ်ာက ပိုၿပီးေတာ့ ေလလံေတြ ေအာင္ေနသလား။

ေျဖ ။ ။ အဲဒါကေတာ့ က်ေနာ္တို႔က ကိုယ့္အထင္ယူဆခ်က္ကို ေျပာရရင္ ဌာနဆိုင္ရာေတြ လွ်ပ္စစ္ပဲျဖစ္ျဖစ္၊ စြမ္းအင္ပဲျဖစ္ျဖစ္၊ ဘာပဲျဖစ္ေနေန ဒါကေတာ့ International Open Bidding နဲ႔ပဲ အျပည္ျပည္ဆိုင္ရာ ေလလံပဲ လုပ္ပါတယ္။ သူတုိ႔က profile ၾကည့္မယ္၊ Specs ေတြ ၾကည့္ၿပီး လက္ခံႏုိင္မယ့္ အေျခအေနရိွတဲ့ဟာကို လက္ခံတယ္လို႔ပဲ က်ေနာ္က ေျပာခ်င္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ အဂတိလိုက္စားမႈနဲ႔ ပတ္သက္ၿပီး ေနာက္ဆက္တြဲ က်ေနာ္ ေမးခ်င္တာက မၾကာေသးခင္ကပဲ လူမႈကြန္ရက္ေတြမွာ ေတာ္ေတာ္ေလးပ်ံ႔သြားတဲ့ကိစၥက ေရစႀကိဳၿမိဳ ႔နယ္က ေလာင္းကစားဝိုင္းကို ဝန္ႀကီးခ်ဳပ္က ဝင္စီးခိုင္းတဲ့ကိစၥ။ ဆိုေတာ့ ဝန္ႀကီးခ်ဳပ္ကိုယ္တုိင္လည္း ဝန္ခံတယ္။ ဒါက ေဒသခံရဲေတြက ဖမ္းမယ္လို႔သတင္းထြက္တာနဲ႔ သတင္းေပါက္ၿပီးေတာ့ ဖမ္းမမိဘူးဆုိတာ အႀကိမ္ႀကိမ္ ျဖစ္ခဲ့ဖူးတဲ့ အရင္အေတြ႔အႀကံဳေတြအရဆိုေတာ့ ဘယ္သူမွ အသိမေပးဘဲ၊ ဝန္ႀကီးခ်ဳပ္အမိန္႔နဲ႔ လုပ္တာဆိုတာမ်ဳိး။ ဆိုေတာ့ အဲဒီဟာမွာလဲ ရွင္းရွင္းေျပာရရင္ က်ေနာ္ျမင္တာက ခဲတစ္လံုးတည္းနဲ႔ စာႏွစ္ေကာင္ မွန္သလိုမ်ဳိး - တရားဥပေဒစိုးမုိးေရးမွာ အားနည္းေနတာကို တဘက္က ေထာက္ျပၿပီး ျဖစ္ေနသလို၊ ဟုိလူေတြကိုလည္း ေလာင္းကစားဝိုင္းေတြကိုလည္း ႏိွမ္နင္းၿပီးသာ ျဖစ္တာေပါ့။ အဲဒါ ေနာက္ဆက္တြဲေကာ ဘယ္လိုျဖစ္သြားသလဲ။ အေရးယူမယ္ဆိုတဲ့ ကိစၥဘာညာ။

ေျဖ ။ ။ အဲဒါက က်ေနာ္တုိ႔ အစည္းအေဝးမွာ တနလၤာေန႔တိုင္းလုပ္တဲ့ အစည္းအေဝးမွာ လံုၿခံဳေရးနဲ႔ သတင္းပူးေပါင္းညိွႏိႈင္း အစည္းအေဝးဆိုတာ တနလၤာေန႔တုိင္း လုပ္ပါတယ္။ အဲဒီမွာ မူးယစ္ေဆးဝါးကိစၥ၊ ေနာက္တခါ လူသတ္မႈ၊ မုဒိမ္းမႈကိစၥ၊ တပ္ေျပးေတြကိစၥ - ျပႆနာေပါင္း ေသာင္းေျခာက္ေထာင္ ဘုန္းႀကီးေတြ ေက်ုာင္းလုတဲ့ကိစၥ။ အဲဒါမ်ဳိးေတြ တိုင္ပင္ညိွႏိႈင္းတဲ့ကိစၥမွာ က်ေနာ္ေျပာတယ္။ ဒါလဲပဲ ဥပေဒခ်ဳပ္ကို တုိင္ပင္ၿပီးမွေျပာတာ တိုင္းမွာဥပေဒခ်ဳပ္ ရိွတယ္။ သူကေျပာတာက လုပ္တယ္ဆိုလို႔ရိွရင္ အိုးစုဥကၠ႒မွာ တာဝန္ရိွတယ္။ သတင္းေပးဖို႔ ပ်က္ကြက္တယ္။ ဒီေန႔လုပ္ ဒီေန႔ဖမ္းတာ မဟုတ္ဘူး။ အနည္းဆံုး တစ္ပတ္ဆယ္ရက္ရိွလို႔ ဖမ္းရတာ။ အဲဒီေတာ့ သူ႔မွာတာဝန္ရိွတဲ့အတြက္ သတင္းေပးဖို႔ ပ်က္ကြက္လို႔ သူကိုျဖဳတ္ရံုတင္မကဘူး၊ ေထာင္ခ်အေရးယူလို႔ ရပါတယ္ဆိုလို႔ အုိးစုအုပ္ခ်ဳပ္ေရးမွဴးသည္ စီးပြားၿပိဳင္ဘက္လည္း မဟုတ္ဘူး။ ႏုိင္ငံေရးၿပိဳင္ဘက္လည္း မဟုတ္ဘူး။ ဘယ္သူဘယ္ဝါမွန္းလည္း မသိဘူး။ ဥပေဒစည္းမ်ဥ္းစည္းကမ္းအရ အေရးယူပါဆိုတာကို ေျပာထားတာ ရိွတယ္။ အဲဒီလို သူကို အေရးယူပါ - ျဖဳတ္ရံုတင္မကဘူး၊ ေထာင္ခ်မယ္လုပ္မယ္ၾကေတာ့ ရပ္ရြာက လက္မွတ္ေတြထိုးၿပီးေတာ့ တက္လာတယ္ - ဒီလူက ဘာေတြ ဘယ္လိုေတာ္ပါတယ္ - ရပ္ရြာအတြက္ ဘယ္လိုေဆာင္ပါတယ္ဆိုၿပီးေတာ့ - သူကို အေရးယူမသင့္ပါဘူး။ မျဖဳတ္သင့္ပါဘူးဆိုၿပီး ရြာလူထုက တင္ျပလာတာရိွတယ္။ အဲဒါကိုလည္း က်ေနာ္ တဦးတေယာက္တည္း သေဘာနဲ႔ မဆံုးျဖတ္ပါဘူး။ အစည္းအေဝးမွာ တင္ျပၿပီး ဆံုးျဖတ္မွာပါ။

ေမး ။ ။ ဝန္ႀကီးခ်ဳပ္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

==Unicode==

မေး ။ ။ လက်ရှိသွားနေတဲ့ အစိုးရအဖွဲ့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ အခုဆိုရင် နှစ်တွေလည်းအတော်ကြာခဲ့ပြီ၊ နောက်သက်တမ်းအတွက် ရွေးကောက်ပွဲတောင် ပြန်လုပ်တော့မယ့် အချိန်ကာလရောက်လာပြီဆိုတော့ အကျဉ်းရုံးလေး ဝန်ကြီးချုပ် လုပ်ဆောင်ခဲ့တဲ့ အောင်မြင်မှုတွေထဲက အားရကျေနပ်မှုရှိတာ၊ ကိုယ်လုပ်ချင်ပေမယ့်လဲ တဘက်မှာ ကန့်ကွက်တဲ့လူတွေရှိတာ၊ ဒါမှမဟုတ် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှုတွေ မရှိခဲ့တာတွေလည်း ရှိမှာပဲ။ အဲဒီလိုမျိုးလေးတွေကို ဝန်ကြီးချုပ် ပြောပြလို့ရမလား။ ဘာတွေများရှိလဲ။

ဖြေ ။ ။ ကိုယ်မှတ်မိသလောက်တွေကို ပြောရမယ်ဆိုရင် ကိုယ်ကလည်း ဗုဒ္ဓဘာသာဝင်ဆိုတော့ ဘာသာရေးကို နောက်မှာထား ပြောလို့မရဘူး။ ထိပ်မှာထားပြောချင်တယ်။ အဲဒါဘာလဲဆိုတော့ ကျနော်တို့ မန်းရွှေစက်တော် ဘုရားပွဲမှာ ကျနော်တို့ ၂၀၁၆ ခုနှစ် ဧပြီ (၁) ရက်နေ့ အာဏာလွှဲပြောင်းယူချိန်တုန်းက မှတ်မိသလောက်ပြောရရင် ဘုရားကြီးရဲ့ ရန်ပုံငွေ အစုစုအရပ်ရပ် ဘယ်လောက်ရှိသလဲဆိုရင် ၃.၅ ဘီလီယံလောက် ရှိတယ်။ သန်းပေါင်း ၃၅၀၀ လောက်ရှိတယ်။ အခုလက်ရှိ အခြေအနေမှာ ဘယ်လောက်ရှိသလဲဆိုရင် သန်းပေါင်း (၇၀၀၀) လောက် ရှိတယ်။ လေးနှစ်မပြည့်သေးဘူး ကျနော်တို့ နှစ်ဆလောက် ရှိလာတယ်။ ဒီကြားထဲမှာ ဘုရားကြီးရန်ပုံငွေနဲ့ အမြဲတမ်း ဆယ့်နှစ်ရာသီ သွားလို့ရအောင် လှေဒင်တံတား - ရေဘယ်လောက်ပဲ ကြီးနေပါစေ ဆယ့်နှစ်လရာသီ ကူးလို့ရပြီ။ ကျပ်ငွေသန်းပေါင်း ၁၂၀၀ လောက် ကုန်တယ်။ အဲဒါကြီးကို ကျနော် ဆောက်လုပ်ခဲ့တယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီးပြောတာပါ။ ဒီလိုအနေအထားရှိတယ်။

ကျနော်တို့ တိုင်းဒေသကြီးတက်လာတယ် ၂၀၁၆ ဧပြီလမှာ အာဏာရတယ်။ ၂၀၁၆-၁၇ ဘတ်ဂျက်က ကျနော်တို့ ဆွဲခဲ့တာ မဟုတ်ဘူး။ အဲဒီဘတ်ဂျက်နဲ့ လုပ်တဲ့နေရာမှာ ကျနော်တို့က လိုအပ်တာတွေကို အုပ်ချုပ်ရေးပိုင်းကအစ စီမံခန့်ခွဲပြီးတော့ ကြိုးပမ်းဆောင်ရွက်လိုက်တဲ့အချိန်မှာ လုပ်ငန်းပမာဏလည်း မလျှော့ဘူး၊ အရေအတွက်လည်း မလျှော့ဘူး။ အရည်အသွေးလည်း မလျှော့ဘူး။ ဘာမှမလျှော့ဘဲနဲ့ ကျပ်ငွေသန်းပေါင်း တစ်သောင်းကျော်ပိုထွက်လာအောင် ကြိုးစားဆောင်ရွက်ပေးနိုင်တယ်။ (၁၀) ဘီလီယံ ပိုထွက်တယ်။ အဲဒီပိုက်ဆံလေးနဲ့ မကွေးတိုင်း .. ဆုတ်ပျက်နေတာ … လမ်းတွေ၊ မြို့ကြက်သရေဆောင်ဖြစ်တဲ့ ပြည်တော်သာလမ်း၊ အထက (၁) လမ်း စတဲ့လမ်းတွေကို နိုင်လွန်ကတ္တရာခင်းတယ်။ ရိုးရိုးကတ္တရာတွေခင်းဖို့ လုပ်တယ်။ ကိုဇော်ဝင်းလှိုင်ကိုယ်တိုင် တွေ့ခဲ့တဲ့ ကမ်းနားလမ်း ခင်းထားတာ ရက်ပိုင်းလပိုင်းပဲ ရှိသေးတယ်။ နောက်တခါ တိုင်းကြက်သရေဆောင်ဖြစ်တဲ့ မြသလွန်ဘုရားကြီးသွားတဲ့လမ်းကို နိုင်လွန်ကတ္တရာခင်းတယ်။
နောက်တခါက ရေနံလက်ယက်တွင်းတွေကနေ မကွေးတိုင်းမှာ ရေနံချက်တဲ့ ချက်ဖိုမရှိဘူး။ ချက်ဖိုရှိတဲ့နေရာ စစ်ကိုင်းတိုင်း မုံရွာကိုသွားပြီးချက်တယ်။ အရပ်ဖို ဖြစ်တယ်။ ရေနံချက်စက်ရုံ မဟုတ်ဘူး။ အဲဒီကိုသွားပြီး ရေနံချက်တယ်။ ဒီဇယ်ကြမ်း၊ ရေနံကြမ်းတွေ ထွက်တယ်။ အဲဒီလိုသွားတဲ့အတွက်ကို ဒီက မျောစာ transport pass ထုတ်ပေးရတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ရန်ပုံငွေတွေ သန်းထောင်နဲ့ချီ ရှိတယ်။ အရင်အစိုးရလက်ထက်မှာ တိုင်းရန်ပုံငွေတွေ ရှိတယ်။ ကြားတာကတော့ ၂.၈ ဘီလီယံလောက် ကျပ်ငွေသန်းပေါင်း (၂၈၀၀) လောက် အရင်အစိုးရက ရှာခဲ့တာတွေ ရှိတယ်။ ဒါတွေကို မေးဖို့လိုတယ်ဆိုပြီး ကျနော် မေးခိုင်းလိုက်တယ်။ ပြည်သူ့လွှတ်တော်မှာ ကျနော့်မဲဆန္ဒနယ်မြေက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုထွန်းထွန်းကို မေးခိုင်းလိုက်တယ်။ မေးခိုင်းတော့ ပြည်ထောင်စုအစိုးရကလည်း ကျနော်တို့ကို စီစစ်ခိုင်းလိုက်တယ်။ ထွက်လာတယ် - ကျပ်ငွေသန်းပေါင်း (၇၀၀၀) ကျော် ထွက်လာတယ်။ အဲဒီမှာ မကွေးတိုင်းဒေသကြီးအစိုးရကို ကျပ်ငွေသန်းပေါင်း (၃၂၇၉) သန်းကို ပြန်ပြီးလွှဲပေးတယ်။

နောက်တချက် ပြောချင်တာက ဝန်ထမ်းတွေက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုတာ ဝန်ထမ်းတွေမှာ ရှိတယ်။ ကျနော်တို့က ဘယ်ဝန်ထမ်းကိုမှ အရေးယူတာ၊ အပြစ်ပေးတာ၊ ထောင်ချတာ၊ ရာထူးချတာ ဘာမှမလုပ်ချင်ဘူး။ ဒါက ကိုယ်က စေတနာနဲ့ ပြောတာပါ။ သူတို့မှာလည်း အခက်အခဲတွေ ရှိမယ်။ လခလောက်တာ၊ မလောက်တာတွေ ရှိမယ်။ သို့သော်လဲ အောက်က အထောက်အထား အခိုင်အမာနဲ့ တိုင်လာခဲ့ရင်တော့ ကျနော်တို့က အရေးယူခဲ့တာတွေ ရှိတယ်။ အဂတိက အရေးယူတာတွေ ဘာတွေရှိတယ်။

မေး ။ ။ ဒီကဏ္ဍတိုင်းအတွက် ပြည်ထောင်စုအစိုးရက လုပ်နေတာတွေရှိသလို၊ ပြည်နယ်တိုင်း ဒေသကြီးတွေကလည်း ဝန်ကြီးချုပ်တို့လို ကိုယ့်ပြည်နယ်ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့်စီမံကိန်းတွေချပြီး လုပ်နေကြတာတွေ အများကြီးရှိတယ်ဆိုတာ ဝန်ကြီးချုပ် ပြောခဲ့သလိုပေါ့။ ဆိုတော့ အဲဒီလိုမျိုး စီမံကိန်းတွေ ချပေးတဲ့နေရာမှာ၊ ဝန်ကြီးချုပ်တို့ စဉ်းစားတဲ့နေရာမှာ အစိုးရအဖွဲ့က စဉ်းစားတဲ့နေရာမှာ နိုင်ငံခြားကုမ္ပဏီတွေကို တင်ဒါတွေခေါ်တယ်။ စီမံကိန်းတွေအတွက် - နိုင်ငံခြားကုမ္ပဏီတွေ ရှိမယ်။ ပြည်တွင်းက ကုမ္ပဏီတွေ ရှိမယ်။ ပြည်တွင်းလုပ်ငန်းတွေကို ဦးစားပေးတယ်။ ဒါမှမဟုတ် နိုင်ငံခြားကုမ္ပဏီက အဆင့်မြင့်လို့၊ နည်းပညာပိုကောင်းလို့ သူတို့ကို ဦးစားပေးသင့်တယ်လို့ ဘယ်လိုမျိုုး ဝန်ကြီးချုပ်တို့ စဉ်းစားသလဲ။

ဖြေ ။ ။ များသောအားဖြင့်တော့ သက်သက်မလာဘူး။ ပြည်တွင်းနဲ့ပြည်ပ Joint Venture သဘောမျိုးနဲ့ ပြည်တွင်းကလည်း တပိုင်း ပါနိုင်သလောက်ပါမယ် (၃၀) ရာခိုင်နှုန်း ပါမလား။ (၇၀) ရာခိုင်နှုန်း ပါမလား။ ဒါမျိုးတွေ အဲဒါမျိုးတွေ ခေါ်တာရှိတယ်။ ဆုံးဖြတ်တဲ့နေရာမှာ လာတာနဲ့ တန်းပြီးတော့ ဆုံးဖြတ်တာမျိုး မလုပ်ဘူး။ နည်းပညာအရ လက်ခံနိုင်ဖို့ ရှိသလား မရှိဘူးလား။ စီစစ်ပြီးမှ ထောက်ခံပြီးတင်ပြတယ်။

မေး ။ ။ စီစစ်တဲ့ Criteria တွေ ရှိတာပေါ့။
ဖြေ ။ ။ ရှိပါတယ်။

မေး ။ ။ ဆိုတော့ တဘက်မှာ ကျနော်တို့ ကြားနေရတာက ဝန်ကြီးချုပ်အနေနဲ့ ဖြေရှင်းပေးဖို့၊ ဝန်ကြီးချုပ် သိထားတာကို ကျနော်တို့ကို ပြန်ရှင်းပြပေးဖို့ပါ အခု အရင်အစိုးရလက်ထက်တွေမှာလို တရုတ်အစိုးရဟာ အိမ်နီးချင်းနိုင်ငံလည်း ဖြစ်တယ်။ အင်အားကြီးနိုင်ငံလည်းဖြစ် စီးပွားရေးအရလည်း ဘက်စုံ ကိုယ့်ထက်အများကြီးသာတဲ့ နိုင်ငံဖြစ်တော့ လက်ရှိ NLD အစိုးရလက်ထက်မှာ NLD အစိုးရက တာဝန်ရှိတဲ့လူတွေ မကြာခဏဖိတ်တယ်၊ ခေါ်တယ်၊ လေ့လာဖို့ လုပ်ခိုင်းတယ်။ လွှတ်တော်ဆိုလဲ လွှတ်တော်အလိုက်၊ ပါတီပိုင်းဆိုလဲ ပါတီလိုင်းအလိုက် မကြာခဏဖိတ်တာကို ကျနော်တို့သိရတယ်။ ဝန်ကြီးချုပ်တာဝန်ရှိတဲ့လူတွေ သွားကြတာကို ကျနော်တို့ တွေ့ပါတယ်။ အဲဒါနဲ့တပြိုင်တည်းမှာပဲ တခြားတရုတ်ကုမ္ပဏီတွေကလည်း အခါအားလျော်စွာ ဖိတ်တယ်လို့ ကြားသိရတယ်။ ဥပမာ ဟွာဝေးလို့ ကုမ္ပဏီမျိုး။ ဖိတ်ပြီးတော့ သူတို့လုပ်ငန်းတွေကို ချပြတယ်။ ဗမာပြည်ကို ဘယ်လိုကူညီလို့ ရတယ်၊ ဘာညာ သူတို့ပြောချင်ပြောမှာပေါ့။ ဒါတွေကိုတော့ ကျနော်တို့ မသိဘူး။ မန္တလေးမှာတော့ နည်းနည်းလေး အခုလူပြောများနေတာက CCTV တပ်မယ့် ကိစ္စတွေမှာ ဟွာဝေးကနေ တာဝန်ယူပြီး လုပ်ဆောင်ပေးမယ်ဆိုပြီး ပြောကြာတာတွေ ရှိတယ်။ ဒါပေမဲ့လဲ အဲဒါက ဒေတာ (Data) တွေကို နိုင်ငံတိုင်းက တော်တော်လေး ဂရုစိုက်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဒေတာတွေကို တရုတ်က ရသွားလို့ရှိရင် တချိန်ချိန်မှာ ပြန်ပြီးအသုံးချလို့ရတယ် ဆိုတာမျိုး အဲဒါတွေက sensitive ဖြစ်တဲ့ အချက်အလက်တွေ ဖြစ်တယ်ပေါ့။ အဲဒါမျိုးတွေ လုပ်ပေးဖို့ ရှိတယ်ဆိုတော့ မကွေးတိုင်းမှာတော့ မကြားမိသေးဘူး။ စစ်ကိုင်းတိုင်းတော့ ကြားတယ်။ ဆိုတော့ အဲဒီလိုမျိုးတွေ ခေါ်ပြီးတော့ လူကြီးတွေကိုခေါ်ပြီး စည်းရုံးတာမျိုး၊ Lobby လုပ်တာမျိုး လုပ်နေတဲ့ကိစ္စတွေမှာ ဝန်ကြီးချုပ်တို့အနေနဲ့ ဘာတွေကြားသိမိသလဲ။

ဖြေ ။ ။ အဲဒါကတော့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှာတော့ ဘယ်လိုအနေအထား ရှိတယ်ဆိုတာကိုတော့ မသိပါဘူး။ ကျနော်တို့ဆီမှာလာပြီးတော့ နည်းပညာအရလာပြီး မကွေးမှာဆိုရင် Smart City လုပ်မယ်။ ဘာတွေ ဘယ်လို ဘယ်လောက်အထိ Smart City လုပ်ရင် ကောင်းမယ်ဆိုတာကို အကုန်ရှင်းပြတယ်။ အင်မတန်မှ အားကျစရာကောင်းပါတယ်။ သွားရေကျစရာ ကောင်းပါတယ်။ သို့သော်လဲ ဒါနဲ့ပတ်သက်ပြီး တန်းပြီးတော့ ဟွာဝေးလာရှင်းပြချိန်မှာ အင်မတန်အဆင့်မြင့်တယ်။ ဟွာဝေးကိုလည်း အလည်အပတ် ရောက်ခဲ့ဖူးပါတယ်။ အင်မတန် နည်းပညာမြင့်တဲ့ ကုမ္ပဏီကြီးပါ။ ဘာပဲဖြစ်နေနေ ကျနော်တို့ကတော့ ဥပမာအားဖြင့် IT ကိစ္စ၊ e-Government ကိစ္စ၊ Smart City ကိစ္စ - အဲဒါတွေနဲ့ ပတ်သက်ရင် ကိုယ်တယောက်တည်းနဲ့ မဆုံးဖြတ်ပါဘူး။ ကိုယ်ထက်တတ်ကျွမ်း နားလည်တဲ့ ပုဂ္ဂိုလ်တွေကို တိုင်ပင်ပြီးမှ ဆုံးဖြတ်မှာပါ။

တရုတ်ရဲ့ ရင်းနှီးမြုပ်နံှမှုတွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျနော်တို့သွားတုန်းကလည်း မေးပါတယ်။ မန်းရေနံ၊ မင်းဘူးစကူးမြို့နယ်မှာ ကျောက်ဖြူကနေ ရေနံပိုက်လိုင်းကလည်း မကွေးတိုင်းလည်း ဖြတ်သွားတယ်။ မန္တလေးတိုင်း ဖြတ်သွားတယ်ဆိုတော့ မင်းဘူးစကူးမြို့နယ်မှာ စီးပွားဖြစ် ရေနံချက်စက်ရုံကြီးတခု လုပ်ချင်တယ်။ စက်မှုဇုန်တခု လုပ်ချင်တယ်။ ကျနော့်ကို တောင်းဆိုတာ ရှိပါတယ်။ အခုလိုမျိုး စိတ်ဝင်စားတဲ့အတွက် ကျနော် အများကြီးဝမ်းသာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ သို့သော်လဲ ကျနော်တို့က ဒေသဆိုင်ရာအစိုးရ ဖြစ်တဲ့အတွက် ကျနော်တို့က ဒါကိုတန်းပြီး ဆုံးဖြတ်လိုက်လို့ မရပါဘူး။ ပြည်ထောင်စုအစိုးရကပဲ ဆုံးဖြတ်လို့ ရပါတယ်။ ပြည်ထောင်စုအစိုးရနဲ့ တိုင်ပင်ပါဆိုပြီး အဲဒီလိုမျိုး ဖြေခဲ့ပါတယ်။

ဒီမှာလဲ လာပါတယ်။ ဘာလုပ်ချင်တယ် လုပ်ချင်တာပြော ဆည်မြောင်းကိစ္စ လုပ်ချင်လား။ စိုက်ပျိုးရေးကိစ္စ လုပ်ချင်လား။ သယ်ယူပို့ဆောင်ရေး လုပ်ချင်သလား။ ဘာလုပ်ချင်လဲ။ ဘီလီယံနဲ့ချီလဲ ရော့အင့် ပေးမှာပဲ။ သို့သော် အစိုးရတာဝန်ခံရမယ်။ အဲဒီနေရာတွေမှာလဲ ကျနော်တို့ ကြားဖူးတာတွေ ရှိတယ်။ ဥပမာ ပါကစ္စတန်တို့၊ သီဟိုလ်၊ လားအိုနိုင်ငံတွေမှာ Debt Trap ဆိုတာတွေ အကြွေးထောင်ချက်မှာ ပြန်မဆပ်နိုင်တော့ - သီရိလင်္ကာမှာ - သူ့ရေနက်ဆိပ်ကမ်းကြီးကို အကြွေးကို အတိုးတောင်မပေးနိုင်တော့ အနှစ် (၉၀) လုပ်ပိုင်ခွင့် ပေးလိုက်ရတာမျိုး။ ဒါမျိုးတွေကလဲ ကြားသိနေရတော့ အင်မတန်ကို သတိထားပြီးတော့ တုံ့ပြန်ပါတယ်။

မေး ။ ။ နောက်ပိုင်းလုပ်ကြတဲ့ နိုင်ငံတော်စီမံကိန်းတွေကအစ တရုတ်ကုမ္ပဏီ အတော်များမျာက ပိုပြီးတော့ လေလံတွေ အောင်နေသလား။

ဖြေ ။ ။ အဲဒါကတော့ ကျနော်တို့က ကိုယ့်အထင်ယူဆချက်ကို ပြောရရင် ဌာနဆိုင်ရာတွေ လျှပ်စစ်ပဲဖြစ်ဖြစ်၊ စွမ်းအင်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်နေနေ ဒါကတော့ International Open Bidding နဲ့ပဲ အပြည်ပြည်ဆိုင်ရာ လေလံပဲ လုပ်ပါတယ်။ သူတို့က profile ကြည့်မယ်၊ Specs တွေ ကြည့်ပြီး လက်ခံနိုင်မယ့် အခြေအနေရှိတဲ့ဟာကို လက်ခံတယ်လို့ပဲ ကျနော်က ပြောချင်ပါတယ်။

မေး ။ ။ အဲဒီတော့ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ကျနော် မေးချင်တာက မကြာသေးခင်ကပဲ လူမှုကွန်ရက်တွေမှာ တော်တော်လေးပျံ့သွားတဲ့ကိစ္စက ရေစကြိုမြို့နယ်က လောင်းကစားဝိုင်းကို ဝန်ကြီးချုပ်က ဝင်စီးခိုင်းတဲ့ကိစ္စ။ ဆိုတော့ ဝန်ကြီးချုပ်ကိုယ်တိုင်လည်း ဝန်ခံတယ်။ ဒါက ဒေသခံရဲတွေက ဖမ်းမယ်လို့သတင်းထွက်တာနဲ့ သတင်းပေါက်ပြီးတော့ ဖမ်းမမိဘူးဆိုတာ အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးတဲ့ အရင်အတွေ့အကြုံတွေအရဆိုတော့ ဘယ်သူမှ အသိမပေးဘဲ၊ ဝန်ကြီးချုပ်အမိန့်နဲ့ လုပ်တာဆိုတာမျိုး။ ဆိုတော့ အဲဒီဟာမှာလဲ ရှင်းရှင်းပြောရရင် ကျနော်မြင်တာက ခဲတစ်လုံးတည်းနဲ့ စာနှစ်ကောင် မှန်သလိုမျိုး - တရားဥပဒေစိုးမိုးရေးမှာ အားနည်းနေတာကို တဘက်က ထောက်ပြပြီး ဖြစ်နေသလို၊ ဟိုလူတွေကိုလည်း လောင်းကစားဝိုင်းတွေကိုလည်း နှိမ်နင်းပြီးသာ ဖြစ်တာပေါ့။ အဲဒါ နောက်ဆက်တွဲကော ဘယ်လိုဖြစ်သွားသလဲ။ အရေးယူမယ်ဆိုတဲ့ ကိစ္စဘာညာ။

ဖြေ ။ ။ အဲဒါက ကျနော်တို့ အစည်းအဝေးမှာ တနင်္လာနေ့တိုင်းလုပ်တဲ့ အစည်းအဝေးမှာ လုံခြုံရေးနဲ့ သတင်းပူးပေါင်းညှိနှိုင်း အစည်းအဝေးဆိုတာ တနင်္လာနေ့တိုင်း လုပ်ပါတယ်။ အဲဒီမှာ မူးယစ်ဆေးဝါးကိစ္စ၊ နောက်တခါ လူသတ်မှု၊ မုဒိမ်းမှုကိစ္စ၊ တပ်ပြေးတွေကိစ္စ - ပြဿနာပေါင်း သောင်းခြောက်ထောင် ဘုန်းကြီးတွေ ကျေုာင်းလုတဲ့ကိစ္စ။ အဲဒါမျိုးတွေ တိုင်ပင်ညှိနှိုင်းတဲ့ကိစ္စမှာ ကျနော်ပြောတယ်။ ဒါလဲပဲ ဥပဒေချုပ်ကို တိုင်ပင်ပြီးမှပြောတာ တိုင်းမှာဥပဒေချုပ် ရှိတယ်။ သူကပြောတာက လုပ်တယ်ဆိုလို့ရှိရင် အိုးစုဥက္ကဋ္ဌမှာ တာဝန်ရှိတယ်။ သတင်းပေးဖို့ ပျက်ကွက်တယ်။ ဒီနေ့လုပ် ဒီနေ့ဖမ်းတာ မဟုတ်ဘူး။ အနည်းဆုံး တစ်ပတ်ဆယ်ရက်ရှိလို့ ဖမ်းရတာ။ အဲဒီတော့ သူ့မှာတာဝန်ရှိတဲ့အတွက် သတင်းပေးဖို့ ပျက်ကွက်လို့ သူကိုဖြုတ်ရုံတင်မကဘူး၊ ထောင်ချအရေးယူလို့ ရပါတယ်ဆိုလို့ အိုးစုအုပ်ချုပ်ရေးမှူးသည် စီးပွားပြိုင်ဘက်လည်း မဟုတ်ဘူး။ နိုင်ငံရေးပြိုင်ဘက်လည်း မဟုတ်ဘူး။ ဘယ်သူဘယ်ဝါမှန်းလည်း မသိဘူး။ ဥပဒေစည်းမျဉ်းစည်းကမ်းအရ အရေးယူပါဆိုတာကို ပြောထားတာ ရှိတယ်။ အဲဒီလို သူကို အရေးယူပါ - ဖြုတ်ရုံတင်မကဘူး၊ ထောင်ချမယ်လုပ်မယ်ကြတော့ ရပ်ရွာက လက်မှတ်တွေထိုးပြီးတော့ တက်လာတယ် - ဒီလူက ဘာတွေ ဘယ်လိုတော်ပါတယ် - ရပ်ရွာအတွက် ဘယ်လိုဆောင်ပါတယ်ဆိုပြီးတော့ - သူကို အရေးယူမသင့်ပါဘူး။ မဖြုတ်သင့်ပါဘူးဆိုပြီး ရွာလူထုက တင်ပြလာတာရှိတယ်။ အဲဒါကိုလည်း ကျနော် တဦးတယောက်တည်း သဘောနဲ့ မဆုံးဖြတ်ပါဘူး။ အစည်းအဝေးမှာ တင်ပြပြီး ဆုံးဖြတ်မှာပါ။

မေး ။ ။ ဝန်ကြီးချုပ် ကျေးဇူးအများကြီးတင်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG