သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပညာေရးျပဳျပင္ေျပာင္းလဲမႈ အလားအလာ


ျမန္မာႏိုင္ငံတကၠသိုလ္ ပါေမာကၡခ်ဳပ္မ်ားေကာ္မတီဥကၠ႒ ေဒါက္တာေဇာ္ေဝစိုး
ပညာေရးျပဳျပင္ေျပာင္းလဲမႈ အလားအလာ
please wait

No media source currently available

0:00 0:14:00 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာတကၠသိုလ္ေတြကို အစိုးရက မထိန္းခ်ဳပ္ဘဲ၊ ကိုယ္ပိုင္စီမံခန႔္ခြဲခြင့္၊ ပညာေရးလြတ္လပ္ခြင့္ေပးဖို႔ လုပ္ေဆာင္ေနတယ္လို႔ ျမန္မာႏိုင္ငံတကၠသိုလ္ ပါေမာကၡခ်ဳပ္မ်ားေကာ္မတီဥကၠ႒ ေဒါက္တာေဇာ္ေဝစိုး က ေျပာပါတယ္။ ေအာင္ျမင္ဖို႔ အလားအလာ ဘယ္ေလာက္ရွိပါလဲ၊ ဦးေက်ာ္ဇံသာ ေတြ႔ဆုံေမးျမန္းထားပါတယ္။

ေမး ။ ။ ဆရာက ျမန္မာႏုိင္ငံမွာရိွတဲ့ ပါေမာကၡခ်ဳပ္မ်ားေကာ္မတီကို ဘယ္လိုရည္ရြယ္ခ်က္နဲ႔ ဖြဲ႔စည္းထားတယ္ဆိုတာကို အက်ဥ္းရံုး ရွင္းျပပါလား။

ေျဖ ။ ။ ပါေမာကၡခ်ဳပ္မ်ားေကာ္မတီဆိုတာ တကယ္တမ္းေတာ့ အမ်ဳိးသားပညာေရးဥပေဒထဲမွာ ပါတဲ့အပိုဒ္တစ္ခုအရ ဒါကို ဖြဲ႔စည္းထားတယ္လို႔ေျပာရင္ ရပါတယ္။ က်ေနာ္တို႔ ပညာေရးဥပေဒအသစ္အရ အမ်ဳိးသားပညာေရးမူဝါဒ၊ အဆင့္ျမင့္ပညာေရး တိုးတက္ဖို႔အတြက္ ေပါင္းစပ္ညိွႏိႈင္းေပးတဲ့ ေကာ္မတီတစ္ခုပါ။ ပါေမာကၡခ်ဳပ္ေပါင္း (၁၆၄) ခု ရိွတယ္။ တကၠသိုလ္ (၁၆၄) ခု ဖြဲ႔စည္းထားတာပါ။

ေမး ။ ။ ပညာရွင္ေတြေပါ့။ တကၠသိုလ္ပါေမာကၡခ်ဳပ္ေတြဆိုေတာ့။ အဲဒီပုဂၢိဳလ္ေတြရဲ ႔ ဆံုးျဖတ္ခြင့္ ဘယ္ေလာက္အထိ လြတ္လြတ္လပ္လပ္ ဆံုးျဖတ္လုပ္ပိုင္ခြင့္ ရိွသလဲဆိုတာကို သိခ်င္ပါတယ္။

ေျဖ ။ ။ တကယ္ေတာ့ ဥပေဒအရေတာ့ လြတ္လပ္တဲ့ အဖြဲ႔အစည္းတခုအေနနဲ႔ ဖြဲ႔စည္းထားတာပါ။
ဒါေပမဲ့ အခုေလာေလာဆယ္ က်ေနာ္တို႔အေနအထားကို ၾကည့္မယ္ဆိုရင္ေတာ့ က်ေနာ္တို႔ ပါေမာကၡခ်ဳပ္ေတြ အကုန္လံုးဟာ အစိုးရဝန္ထမ္းေတြ ျဖစ္တယ္။ ႏုိင္ငံေတာ္သမၼတကေန ခန္႔ထားတဲ့လူေတြျဖစ္ေတာ့ လံုးဝအလြတ္လုပ္လို႔ေတာ့ မရဘူး။ ႏုိင္ငံဝန္ထမ္းေတြအညီနဲ႔ေတာ့ သြားရတယ္။ ဒါကိုလဲ က်ေနာ္တို႔ ၿပီးခဲ့တုန္းက ေက်ာင္းသားသမဂၢေတြက ဒီကိစၥကို ေမးပါတယ္။ ဆရာတို႔ ဘယ္ေလာက္လြတ္လပ္လဲလို႔။ တကယ္ေတာ့ အခုအခ်ိန္မွာ လြတ္လပ္စြာေတြးေခၚၿပီး၊ လြတ္လပ္စြာ ေဆြးေႏြးၿပီး၊ လြတ္လပ္စြာ လုပ္ငန္းေတြကို ေဆာင္ရြက္ေနတာပါ။ ဒါေပမဲ့လဲ က်ေနာ္တို႔ အမ်ဳိးသားပညာေရး ဥပေဒေဘာင္အတြင္းမွာပဲ လုပ္လို႔ရတယ္။ ဒါကလဲ ဥပေဒက ရိွၿပီသား။ ေနာက္တစ္ခုက ႏုိင္ငံ့ဝန္ထမ္းဥပေဒကိုလည္း က်ေနာ္တို႔ လိုက္နာရပါတယ္။

ေမး ။ ။ ဥပမာအားျဖင့္ တကၠသို္လ္ေတြကို ကိုယ္ပိုင္စီမံအုပ္ခ်ဳပ္ခြင့္ ေပးမယ္ဆိုတဲ့ သတင္းကို ၾကားမိပါတယ္။ ေတာ္ေတာ္အေရးႀကီးတဲ့ ကိစၥလို႔ ထင္ပါတယ္။ အဲဒါကို ေပးလိုက္ရင္ ပညာေရးလြတ္လပ္ခြင့္ပါ ပါလာမယ္ဆိုတဲ့ အယူအဆအမ်ဳိးမ်ဳိး ရိွပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္လို႔ ဆရာတို႔ေကာ္မတီက လုပ္ေဆာင္ႏိုင္ပါသလား။

ေျဖ ။ ။ အဲဒါက က်ေနာ္တို႔ ပါေမာကၡမ်ားေကာ္မတီရဲ ႔ အဓိကလုပ္ငန္းတစ္ခုလို႔ ေျပာရင္ မွန္ပါတယ္။ ဒါေၾကာင့္လဲ ဒါကို ဦးစားေပးၿပီးေတာ့ သြားေနတယ္။ ဒါေပမဲ့ နည္းနည္းေျပာရရင္ေတာ့ က်ေနာ္တို႔က အၿမဲတမ္း အထက္-ေအာက္နဲ႔ လာခဲ့တာ က်ေနာ္တို႔ တကၠသိုလ္ေတြ အကုန္လံုးက။ အစိုးရလည္းျဖစ္ေတာ့ က်ေနာ္တို႔ ဆီနီယာ လူႀကီးေတြကိုယ္တိုင္ ဒီစံနစ္ autonomy ကို နားလည္ဖို႔ လိုေသးတယ္။ autonomy ကို ယူဖို႔ဆိုတာ accountability, responsibility တုိ႔ကို ေသခ်ာမလုပ္ထားဘဲနဲ႔ မရဘူး။ အခု autonomy ကို ေျခလွမ္းတခုအေနနဲ႔ phase I အေနနဲ႔ ရန္ကုန္နဲ႔ မႏၱေလးတုိ႔ကို autonomy နဲ႔ သြားဖုိ႔ ရန္ကုန္တကၠသိုလ္ (၈) ခု၊ မႏၱေလးက တကၠသိုလ္ (၈) ခု သြားဖုိ႔အျပင္၊ က်န္တဲ့တကၠသိုလ္ေတြမွာလည္း သြားႏုိင္သေလာက္ သြားလုိ႔ရေအာင္ စီစဥ္ေနတယ္။

ေမး ။ ။ ဘယ္ေတာ့ေလာက္ အခ်ိန္သတ္မွတ္ထားပါသလဲ။

ေျဖ ။ ။ သူကေတာ့ phase I အေနနဲ႔ ၂၀၁၉ -၂၀၂၀ ပါ။ ဒါေပမဲ့ က်ေနာ္တုိ႔ အခုအခ်ိန္မွာ charters ေတြ ေရးေနတယ္။ အဲဒီဥပေဒေတြကလည္း အခုေတာ္ေတာ္မ်ားမ်ား ၿပီးသြားၿပီ။ ဒါေပမဲ့ အဲဒါေတြကို က်ေနာ္တို႔ အမ်ဳိးသားပညာေရးေပၚလစီေကာ္မရွင္နဲ႔ ျပန္လည္စီစစ္ၿပီးေတာ့ အဲဒီ charters ေတြထဲမွာ ဘယ္အပိုင္းေတြကိုေတာ့ autonomy နဲ႔ သြားလို႔ရမလဲဆုိတာကို သံုးသပ္ၿပီးသြားဖုိ႔လည္း လုပ္ေနပါတယ္။ Academic autonomy ဆိုရင္ က်ေနာ္တို႔ တကၠသိုလ္ေတြ အကုန္နီးပါး ရေနပါၿပီ။ အရင္တုန္းကဆိုရင္ ႏုိင္ငံျခားသားကို က်ေနာ္တို႔ လက္ခံဖို႔ ေတာ္ေတာ္ေလးအေပၚကို တင္ရတယ္။ အခုဆိုရင္ လြတ္လြတ္လပ္လပ္ လက္ခံလို႔ရတယ္။ ေျပာလို႔ရတယ္။ ေဆြးေႏြးလို႔ရတယ္။ ပညာရပ္နဲ႔ ပတ္သက္ၿပီး ဖလွယ္တာေတြဆိုရင္ ဘယ္ဟာမွ တားဆီးတာ မရိွသေလာက္ကို နည္းေနပါၿပီ။

ေမး ။ ။ Financially ေငြေၾကးဘတ္ဂ်က္ပိုင္းမွာ ဘယ္လုိရိွလဲ။

ေျဖ ။ ။ Financially ပိုင္းမွာေတာ့ အမ်ဳိးသားပညာေရးဥပေဒထဲမွာလည္း ပါၿပီသား။ ကိုယ္ပိုင္ရန္ပံုေငြ ထူေထာင္ပိုင္ခြင့္နဲ႔ ရွာေဖြသံုးစြဲပိုင္ခြင့္ ရိွတယ္။ ဒီဟာေတြကို ဘယ္လိုမ်ဳိး စနစ္တက် ေျပာင္းလဲဖုိ႔ ရမလဲဆိုတာကို က်ေနာ္တုိ႔ စတင္ၿပီးေတာ့ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနပါတယ္။

ေမး ။ ။ Academic autonomy မွာ ဆရာကေတာ့ ေဆးတကၠသိုလ္ ပါေမာကၡဆိုေတာ့ ဒီကိစၥကို ႀကံဳခ်င္မွႀကံဳရပါလိမ့္မယ္။ ဥပမာ ဝိဇၨာေက်ာင္းသားေတြမွာ ႏိုင္ငံေရးသိပၸံမွာဆိုရင္ အစိုးရေပၚလစီနဲ႔ ထိပ္တိုိက္ေတြ႔ၿပီး ေျပာရတာ၊ ေဝဖန္ရတာေတြဟာ သိပ္အေရးႀကီးတယ္။ ဒီမွာဆိုလဲ ေျပာလုိ႔ရတယ္။ သူတုိ႔ေျပာခ်င္တာ ေျပာလို႔ရတယ္။ အဲဒီေလာက္ထိမ်ား လြတ္လပ္မႈ ရိွလာမယ္လို႔ ထင္ပါသလား။

ေျဖ ။ ။ ၿပီးခဲ့တဲ့ ပါေမာကၡမ်ားေကာ္မတီနဲ႔ အမ်ဳိးသားပညာေရးေကာ္မရွင္က လုပ္ခဲ့တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံကိုယ္တုိင္ အဖြင့္အမွာစကား ေျပာၾကားခဲ့တဲ့ က်ေနာ္တို႔ရဲ ႔ ႏွစ္ပတ္လည္ စာတမ္းဖတ္ပြဲ ရိွခဲ့ပါတယ္။ အဲဒီစာတမ္းဖတ္ပြဲထဲက စာတမ္းေတြက ဘယ္ဟာကိုမွ မတည္ျဖတ္ဘဲနဲ႔ တင္ခြင့္ေပးခဲ့ပါတယ္။ အဲဒီထဲမွာ ေစာေစာက ေျပာတဲ့ကိစၥေတြ အမ်ားႀကီးပါပါတယ္။ အဲဒါေတြကို လြတ္လပ္စြာ ေဆြးေႏြးၾကတယ္၊ ေျပာၾကတယ္။ ဒါက ေဆြးေႏြးၾကတာပါ။ အေကာင္အထည္ေဖာ္တာကေတာ့ တပိုင္း ျဖစ္မွာေပါ့။ ေနာက္တခုက အမ်ဳိးသားပညာေရးဥပေဒထဲမွာလည္း ပါပါတယ္။ သုေတသနနဲ႔ ပတ္သက္ၿပီး ဥပေဒထဲမွာ ေျပာထားၿပီးပါၿပီ။ အမ်ဳိးသား၊ ႏုိင္ငံေတာ္ အက်ဳိးစီးပြားကို ထိခိုက္ေစမယ့္ ကိစၥဆိုရင္ေတာ့ စဥ္းစားရမွာေပါ့။ အဲဒီလိုေတာ့ ရိွပါတယ္။

ေမး ။ ။ ႏုိင္ငံေတာ္အက်ဳိးစီးပြား အဓိပၸါယ္ဖြင့္ဆိုခ်က္ကေတာ့ ..

ေျဖ ။ ။ အဲဒါကေတာ့ အေျခအေနေပၚ မူတည္မွာေပါ့ - ဒါေပမဲ့လဲ သိပ္ကိုႏုိင္ငံေတာ္ရဲ ႔ လံုၿခံဳေရး ထိခိုက္သြားမယ့္ဟာမ်ဳိး၊ ေဘးအႏၱရာယ္ေရာက္သြားမယ္ဟာမ်ဳိးေတြပါ။

ေမး ။ ။ ေက်ာင္းသားေတြရဲ ႔ ပါဝင္မႈ၊ အရင္တုန္းကေတာ့ တကၠသိုလ္ဆီနိတ္ထဲမွာ ေက်ာင္းသားကိုယ္စားလွယ္ေတြ၊ ေက်ာင္းသားသမဂၢ ကိုယ္စားလွယ္ေတြ - ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ကိုယ္တိုင္ ပါခဲ့တာေတြ ရိွခဲ့ပါတယ္။ အဲဒီေလာက္မ်ား ေမွ်ာ္မွန္းထားပါသလား။

ေျဖ ။ ။ ေမွ်ာ္မွန္းထားပါတယ္။ အခုလဲ က်ေနာ္တုိ႔ ပါလည္းပါပါတယ္။ ေရးလည္းေရးဆဲြထားပါတယ္။ က်ေနာ္တုိ႔ရဲ ႔ တကၠသိုလ္ေကာင္စီထဲမွာ ေက်ာင္းသားကိုယ္စားလွယ္၊ ေက်ာင္းသားသမဂၢေတြရဲ ႔ ကိုယ္စားလွယ္၊ ဆရာကိုယ္စားလွယ္၊ ဆရာသမဂၢေတြရဲ ႔ ကိုယ္စားလွယ္ေတြ ပါၿပီးေတာ့ ဖြဲ႔ဖို႔လည္း စီစဥ္ထားပါတယ္။

ေမး ။ ။ ဒီတကၠသိုလ္ေတြရဲ ႔ အဓိကတာဝန္ဟာ သင္ၾကားေရးအျပင္၊ သုေတသနပိုင္းဟာ အင္မတန္ အေရးႀကီးတဲ့ကိစၥ ျဖစ္ပါတယ္။ ကမာၻ႔တကၠသိုလ္ႀကီးေတြမွာ သုေတသနစာေစာင္ ဘယ္ေလာက္ထြက္တာနဲ႔ တိုင္းတာၾကပါတယ္။ ျမန္မာႏိုင္ငံရဲ ႔ အခုလက္ရိွ တကၠသိုလ္ေတြရဲ ႔ အဆင့္အတန္းကို ပထမဦးဆံုး ဆရာႀကီးသံုးသပ္ပါအံုး။

ေျဖ ။ ။ မွန္မွန္ကန္ကန္ သံုးသပ္ေပးရမယ္ဆိုရင္ က်ေနာ္တို႔ အဆင့္အတန္းက ႏုိင္ငံတကာမွာ ေက်ာင္းေပါင္း သံုးေသာင္းေလးေသာင္းထဲမွာ က်ေနာ္တို႔က တစ္ေသာင္းပတ္ဝန္းက်င္မွာ ေရာက္ေနတယ္။ ရန္ကုန္တကၠသိုလ္ဆိုရင္ ခုႏွစ္ေထာင္ေက်ာ္မွာ ရိွတယ္။ က်ေနာ္တို႔ ေဆးေက်ာင္းေတြဆိုရင္ တစ္ေသာင္းႏွစ္ေထာင္ေလာက္မွာ ရိွတယ္။ ဆိုေတာ့ အရမ္းအဆိုးႀကီးေတာ့ မဟုတ္ေပမယ့္၊ က်ေနာ္တို႔ ေနခ်င္တဲ့ေနရာေတာ့ မဟုတ္ပါဘူး။ က်ေနာ္တို႔ ရန္ကုန္တကၠသိုလ္က အာရွတိုက္မွာ နံပတ္ႏွစ္ ေနရာမွာ ရိွခဲ့တာ။ က်ေနာ္တုိ႔ ေဆးတကၠသိုလ္ဆိုရင္ အေရွ ႔ေတာင္အာရွ၊ အာရွမွာ နံပတ္ႏွစ္အေနနဲ႔ ေနခဲ့တာ။ သူမ်ားေတြကို ေခၚၿပီးစာသင္ခဲ့တဲ့ ေက်ာင္းေတြပါ။ က်ေနာ္တုိ႔ အဲဒီေနရာကို ျပန္သြားခ်င္တယ္။ သြားဖို႔လဲ က်ေနာ္တုိ႔ အခုလုပ္ေနၾကတယ္။ အဲဒီမွာဆိုရင္ ဆရာေျပာတာ မွန္ပါတယ္။ သုေတသနဆိုတာ သိပ္အေရးႀကီးတယ္။ ဒါေၾကာင့္လဲ ပါေမာကၡခ်ဳပ္မ်ားေကာ္မတီအေနနဲ႔ တကၠသိုလ္ေတြက လုပ္ေနတာ Research Capacity Building ကို ျပန္လုပ္ေနပါတယ္။ ဆရာသိတဲ့အတုိင္း ႏွစ္ေပါင္း (၆၀) ေလာက္ က်ေနာ္တုိိ႔သက္တမ္းတေလွ်ာက္ေလာက္ Analytical Thinking ကို ဦးစားမေပးခဲ့ဘူး။ အခု က်ေနာ္တို႔ အဲဒါကို ဦးစားေပးဖုိ႔ လုပ္ေနပါတယ္။ က်ေနာ္တို႔မွာ Research Culture ျပန္ေပၚလာေအာင္ လုပ္ေနပါတယ္။

ေမး ။ ။ သုေတသနလုပ္ငန္းက ေငြေၾကးအေထာက္အပံ့ ကုန္က်စရိတ္ေတြ အမ်ားႀကီးလုိပါတယ္။ အဲဒီအတြက္ ျမန္မာႏိုင္ငံပညာေရးက ဒီေလာက္ထိ ေပးႏုိင္ပါ့မလား။

ေျဖ ။ ။ ေပးပါတယ္။ အရင္တုန္းကထက္ကို ေပးပါတယ္။ က်ေနာ္တို႔က ဂရန္႔ေတြ၊ ႏိုင္ငံတကာမွာလည္း ဒီလိုပါပဲ အျပင္က ဂရန္႔ေတြ ရွာရတယ္။ ႏိုင္ငံေတာ္ကလည္း ရင္းႏီွးျမဳပ္ႏံွရတယ္။ အရင္တုန္းကထက္ Research Grants ေတြကို ပိုၿပီးေပးပါတယ္။ သံုးဆေလးဆ ပိုၿပီးေပးေနပါတယ္။ ဒါဟာ အရင္တုန္းက သိန္းေပါင္း သံုးေလးေထာင္သံုးခဲ့တာကေန အခုဆိုရင္ ေသာင္းခ်ီၿပီး သံုးလာႏိုင္ပါတယ္။ ေဆးနဲ႔ ပတ္သက္ရင္ အရင္တုန္းက က်ေနာ္တုိ႔မွာ ေဆးေက်ာင္းအေနနဲ႔ Ministry of Health and Sports က်န္းမာေရးနဲ႔ အားကစားမွာဆိုရင္ တႏွစ္တႏွစ္ အရင္တုန္းဆိုရင္ သိန္းငါးေထာင္ကေန အခုဆိုရင္ သိန္းသံုးေသာင္းအထိ သံုးစြဲပါတယ္။ သုေတသနအတြက္ပါ။

ေမး ။ ။ ဟိုတုန္းက JBRS – Journal of Burma Research Studies ရန္ကုန္တကၠသိုလ္မွာ အေျခခံၿပီး ရိွခဲ့ပါတယ္။ အဲဒါကို ႏွစ္ (၇၀) ျပည့္မွာ ပိတ္လိုက္ေတာ့ သိပ္ႏွေျမာစရာေကာင္းပါတယ္။ ဒီစာေစာင္ဟာ ျမန္မာႏုိင္ငံကထြက္တဲ့ စာေစာင္ေတြထဲမွာ သိပ္အဆင့္ျမင့္တယ္။ ကမာၻက ကိုးကားရတဲ့စာေစာင္ ျဖစ္ပါတယ္။ အဲဒီဟာမ်ဳိး ျပန္ၿပီးလုပ္ႏုိင္မယ့္ အေျခအေန ရိွပါသလား။

ေျဖ ။ ။ က်ေနာ္တုိ႔ အခုႀကိဳးစားေနပါတယ္။ National Level နဲ႔ National Research Innovation Council, Science Council ဆိုတာ အခုဖြဲ႔ထားပါတယ္။ ဒုတိယသမၼတက ဦးစီးပါတယ္။ အဓိက က်ေနာ္ဆိုလိုခ်င္တာ ဒါက commitment ရေနၿပီဆိုတဲ့ သေဘာေျပာတာပါ။ ေနာက္တကၠသိုလ္ေတြအေနနဲ႔လဲ အခုဆိုရင္ ပါေမာကၡမ်ား ေကာ္မတီအေနနဲ႔ဆိုရင္ အခုန သုေတသနစာတမ္းဖတ္ပြဲ တႀကိမ္လုပ္ၿပီးၿပီ။ ေနာက္တႀကိမ္လုပ္ဖို႔လဲ လုပ္ေနတယ္။ အခုဆိုရင္ ဝိဇၨာသိပံၸပညာရွင္မ်ား၊ ေဆးပညာရွင္မ်ား၊ အင္ဂ်င္နီယာ အားလံုးေပါင္းၿပီး သုေတသနနဲ႔ ပတ္သက္တဲ့ စာတမ္းေတြ က်ေနာ္တုိ႔ လုပ္ဖို႔လည္း ရိွပါတယ္။ ေနာက္ ရန္ကုန္တကၠသိုလ္ ႏွစ္ (၁၀၀) ျပည့္ အထိမ္းအမွတ္လုပ္ဖို႔ လုပ္ေနပါတယ္။

ေမး ။ ။ ေနာက္ဆံုးတစ္ခု က်ေနာ္ သိခ်င္တာက စီမံကိန္း ဘယ္လိုခ်ထားလဲ၊ ဘယ္လိုလုပ္ေနတယ္ဆိုတာ အေကာင္းသေဘာေပါ့။ အဓိက ေတြ႔ရတဲ့ စိန္ေခၚမႈက ဘာလဲ။ ဒီစီမံကိန္းေတြအတြက္ ေက်ာ္လႊာဖို႔က …

ေျဖ ။ ။ က်ေနာ္တုိ႔ Capacity မရိွဘူး။ ေပ်ာက္သြားတယ္။ အဲဒါေတြ ျပန္တည္ေဆာက္ဖုိ႔ လိုတယ္။ အဓိကက က်ေနာ္တို႔ ဆီနီယာေတြကိုယ္တိုင္၊ ေခါင္းေဆာင္ေတြကိုယ္တိုင္ Capacity ရိွဖို႔လိုတယ္။ ဒီလိုမ်ဳိး Ability ေတြရိွဖို႔ လိုတယ္။ အဲဒါေၾကာင့္ က်ေနာ္တို႔ကိုယ္တိုင္ Training ေတြ ယူရမယ္။ ႏိုင္ငံတကာရဲ ႔ Input ေတြ ယူရမယ္။ အစိုးရကလည္း ေငြေၾကးအားျဖင့္ သံုးစြဲတယ္။ Commitment ေတြလည္း ရေနေပမယ့္ က်ေနာ္တုိ႔ကိုယ္တုိင္ လုပ္ႏုိင္မွ တုိးတက္မွာ ျဖစ္တယ္။ အဲဒါေတြအတြက္ သင္ရိုးညႊန္တမ္းေတြလည္း ေျပာင္းလဲဖုိ႔၊ စနစ္ေတြ တည္ေဆာက္ဖို႔ လိုတယ္။ က်ေနာ္တုိ႔မွာ အခ်ိန္တခုလည္း လိုတယ္။ ပညာေရးက ဒီေန႔လုပ္ၿပီး၊ ဒီေန႔မရႏုိင္ဘူး။ က်ေနာ္တို႔ အခ်ိန္တခုအတြင္းမွာ အေသအခ်ာ စနစ္တက် တည္ေဆာက္မွရမွာ။ ဒါေၾကာင့္ ဒီဟာကို အေမရိကကို ေရာက္ေနတာ ဒီဘက္ကစနစ္ေတြ model ေတြကို နားလည္ဖုိ႔လိုတယ္။ ဒီေန႔ဆိုရင္ က်ေနာ္ AI အေၾကာင္း ေဆြးေႏြးခဲ့တယ္။ ဒီဘက္က အဲဒီဘက္ကို သြားေနၿပီ။ က်ေနာ္တုိ႔ ဒီဟာကို နားမလည္ဘူး၊ မလိုက္ရင္ ေနာက္က်က်န္ခဲ့မယ္။ အဲဒီလိုမျဖစ္ရေအာင္ အၿမဲတမ္း Updated ျဖစ္ေအာင္ လုပ္ေနမွေတာ့ ရမယ္။ အထူးသျဖင့္ ပညာေရးမွာပါ။

ေမး ။ ။ AI ဆိုလို႔ က်ေနာ္ သတင္းတခု ၾကားသိရပါတယ္။ တရုတ္ျပည္က ဟာေဟြး က သူတုိ႔လည္း ျမန္မာႏုိင္ငံရဲ ႔ သုေတသနေတြ ဘာေတြမွာ ကူညီမယ္ေျပာေတာ့ အဲဒီကုမၸဏီကို စိုးရိမ္မႈ ရိွၾကတယ္။ သူတုိ႔ဟာ ႏိုင္ငံရဲ ႔ လံုၿခံဳေရးေတြ၊ အမ်ဳိးသားလံုၿခံဳေရးေတြကို ေဖာက္ႏုိင္တယ္ဆိုတာ။ အဲဒီေတာ့ ျမန္မာျပည္ကို သူတုိ႔ အဲဒီလိုကူညီမယ္ဆိုရင္ ျမန္မာဘက္က အဲဒီကိစၥကို စုိးရိမ္စရာ ရိွပါသလား။

ေျဖ ။ ။ ဒီကိစၥကို က်ေနာ္ေျဖရမယ္ဆိုရင္ေတာ့ ဒါကေတာ့ ႏုိင္ငံေတာ္ရဲ ႔ ေပၚလစီေတြ၊ ဒါကို က်ေနာ္တို႔ထက္ပိုၿပီး ကၽြမ္းက်င္တဲ့လူေတြ၊ နားလည္တဲ့လူေတြ ရိွမွာေပါ့။ သူတုိ႔ခ်မွတ္တဲ့ ေပၚလစီအတိုင္းေတာ့ က်ေနာ္တို႔က လုပ္ရမွာေပါ့။ ဒီဟာကို ထုိးေဖာက္ၿပီး၊ အျခားလုပ္စရာေတာ့ မရိွဘူး။ ဒါေပမဲ့ ႏုိင္ငံေတာ္က ဒီဟာကို ဒီလုိနည္းနဲ႔သြားမယ္ဆိုရင္ က်ေနာ္တို႔ လိုက္နာရမွာေပါ့။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ဒီဟာနဲ႔ ပတ္သက္ရင္ က်ေနာ္တို႔က အေသးစိတ္သိႏုိင္စရာအေၾကာင္း မရိွဘူး။ ႏုိင္ငံေတာ္ကအျပင္ ကမာၻကပါ သိၿပီးသြားေနတဲ့ဟာျဖစ္ေတာ့ က်ေနာ္တို႔ကေတာ့ ဒီေပၚလစီပိုင္းဆိုင္ရာအတြက္ လုိက္နာဖုိ႔ ရိွရမယ္။
ေမး ။ ။ အထူးေက်းဇူးတင္ပါတယ္။


==Unicode==

မြန်မာနိုင်ငံမှာတက္ကသိုလ်တွေကို အစိုးရက မထိန်းချုပ်ဘဲ၊ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်၊ ပညာရေးလွတ်လပ်ခွင့်ပေးဖို့ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံတက္ကသိုလ် ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုး က ပြောပါတယ်။ အောင်မြင်ဖို့ အလားအလာ ဘယ်လောက်ရှိပါလဲ၊ ဦးကျော်ဇံသာ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ဆရာက မြန်မာနိုင်ငံမှာရှိတဲ့ ပါမောက္ခချုပ်များကော်မတီကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတယ်ဆိုတာကို အကျဉ်းရုံး ရှင်းပြပါလား။

ဖြေ ။ ။ ပါမောက္ခချုပ်များကော်မတီဆိုတာ တကယ်တမ်းတော့ အမျိုးသားပညာရေးဥပဒေထဲမှာ ပါတဲ့အပိုဒ်တစ်ခုအရ ဒါကို ဖွဲ့စည်းထားတယ်လို့ပြောရင် ရပါတယ်။ ကျနော်တို့ ပညာရေးဥပဒေအသစ်အရ အမျိုးသားပညာရေးမူဝါဒ၊ အဆင့်မြင့်ပညာရေး တိုးတက်ဖို့အတွက် ပေါင်းစပ်ညှိနှိုင်းပေးတဲ့ ကော်မတီတစ်ခုပါ။ ပါမောက္ခချုပ်ပေါင်း (၁၆၄) ခု ရှိတယ်။ တက္ကသိုလ် (၁၆၄) ခု ဖွဲ့စည်းထားတာပါ။

မေး ။ ။ ပညာရှင်တွေပေါ့။ တက္ကသိုလ်ပါမောက္ခချုပ်တွေဆိုတော့။ အဲဒီပုဂ္ဂိုလ်တွေရဲ့ ဆုံးဖြတ်ခွင့် ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် ဆုံးဖြတ်လုပ်ပိုင်ခွင့် ရှိသလဲဆိုတာကို သိချင်ပါတယ်။

ဖြေ ။ ။ တကယ်တော့ ဥပဒေအရတော့ လွတ်လပ်တဲ့ အဖွဲ့အစည်းတခုအနေနဲ့ ဖွဲ့စည်းထားတာပါ။
ဒါပေမဲ့ အခုလောလောဆယ် ကျနော်တို့အနေအထားကို ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ ပါမောက္ခချုပ်တွေ အကုန်လုံးဟာ အစိုးရဝန်ထမ်းတွေ ဖြစ်တယ်။ နိုင်ငံတော်သမ္မတကနေ ခန့်ထားတဲ့လူတွေဖြစ်တော့ လုံးဝအလွတ်လုပ်လို့တော့ မရဘူး။ နိုင်ငံဝန်ထမ်းတွေအညီနဲ့တော့ သွားရတယ်။ ဒါကိုလဲ ကျနော်တို့ ပြီးခဲ့တုန်းက ကျောင်းသားသမဂ္ဂတွေက ဒီကိစ္စကို မေးပါတယ်။ ဆရာတို့ ဘယ်လောက်လွတ်လပ်လဲလို့။ တကယ်တော့ အခုအချိန်မှာ လွတ်လပ်စွာတွေးခေါ်ပြီး၊ လွတ်လပ်စွာ ဆွေးနွေးပြီး၊ လွတ်လပ်စွာ လုပ်ငန်းတွေကို ဆောင်ရွက်နေတာပါ။ ဒါပေမဲ့လဲ ကျနော်တို့ အမျိုးသားပညာရေး ဥပဒေဘောင်အတွင်းမှာပဲ လုပ်လို့ရတယ်။ ဒါကလဲ ဥပဒေက ရှိပြီသား။ နောက်တစ်ခုက နိုင်ငံ့ဝန်ထမ်းဥပဒေကိုလည်း ကျနော်တို့ လိုက်နာရပါတယ်။

မေး ။ ။ ဥပမာအားဖြင့် တက္ကသိုလ်တွေကို ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့် ပေးမယ်ဆိုတဲ့ သတင်းကို ကြားမိပါတယ်။ တော်တော်အရေးကြီးတဲ့ ကိစ္စလို့ ထင်ပါတယ်။ အဲဒါကို ပေးလိုက်ရင် ပညာရေးလွတ်လပ်ခွင့်ပါ ပါလာမယ်ဆိုတဲ့ အယူအဆအမျိုးမျိုး ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဆရာတို့ကော်မတီက လုပ်ဆောင်နိုင်ပါသလား။

ဖြေ ။ ။ အဲဒါက ကျနော်တို့ ပါမောက္ခများကော်မတီရဲ့ အဓိကလုပ်ငန်းတစ်ခုလို့ ပြောရင် မှန်ပါတယ်။ ဒါကြောင့်လဲ ဒါကို ဦးစားပေးပြီးတော့ သွားနေတယ်။ ဒါပေမဲ့ နည်းနည်းပြောရရင်တော့ ကျနော်တို့က အမြဲတမ်း အထက်-အောက်နဲ့ လာခဲ့တာ ကျနော်တို့ တက္ကသိုလ်တွေ အကုန်လုံးက။ အစိုးရလည်းဖြစ်တော့ ကျနော်တို့ ဆီနီယာ လူကြီးတွေကိုယ်တိုင် ဒီစံနစ် autonomy ကို နားလည်ဖို့ လိုသေးတယ်။ autonomy ကို ယူဖို့ဆိုတာ accountability, responsibility တို့ကို သေချာမလုပ်ထားဘဲနဲ့ မရဘူး။ အခု autonomy ကို ခြေလှမ်းတခုအနေနဲ့ phase I အနေနဲ့ ရန်ကုန်နဲ့ မန္တလေးတို့ကို autonomy နဲ့ သွားဖို့ ရန်ကုန်တက္ကသိုလ် (၈) ခု၊ မန္တလေးက တက္ကသိုလ် (၈) ခု သွားဖို့အပြင်၊ ကျန်တဲ့တက္ကသိုလ်တွေမှာလည်း သွားနိုင်သလောက် သွားလို့ရအောင် စီစဉ်နေတယ်။

မေး ။ ။ ဘယ်တော့လောက် အချိန်သတ်မှတ်ထားပါသလဲ။

ဖြေ ။ ။ သူကတော့ phase I အနေနဲ့ ၂၀၁၉ -၂၀၂၀ ပါ။ ဒါပေမဲ့ ကျနော်တို့ အခုအချိန်မှာ charters တွေ ရေးနေတယ်။ အဲဒီဥပဒေတွေကလည်း အခုတော်တော်များများ ပြီးသွားပြီ။ ဒါပေမဲ့ အဲဒါတွေကို ကျနော်တို့ အမျိုးသားပညာရေးပေါ်လစီကော်မရှင်နဲ့ ပြန်လည်စီစစ်ပြီးတော့ အဲဒီ charters တွေထဲမှာ ဘယ်အပိုင်းတွေကိုတော့ autonomy နဲ့ သွားလို့ရမလဲဆိုတာကို သုံးသပ်ပြီးသွားဖို့လည်း လုပ်နေပါတယ်။ Academic autonomy ဆိုရင် ကျနော်တို့ တက္ကသိုလ်တွေ အကုန်နီးပါး ရနေပါပြီ။ အရင်တုန်းကဆိုရင် နိုင်ငံခြားသားကို ကျနော်တို့ လက်ခံဖို့ တော်တော်လေးအပေါ်ကို တင်ရတယ်။ အခုဆိုရင် လွတ်လွတ်လပ်လပ် လက်ခံလို့ရတယ်။ ပြောလို့ရတယ်။ ဆွေးနွေးလို့ရတယ်။ ပညာရပ်နဲ့ ပတ်သက်ပြီး ဖလှယ်တာတွေဆိုရင် ဘယ်ဟာမှ တားဆီးတာ မရှိသလောက်ကို နည်းနေပါပြီ။

မေး ။ ။ Financially ငွေကြေးဘတ်ဂျက်ပိုင်းမှာ ဘယ်လိုရှိလဲ။

ဖြေ ။ ။ Financially ပိုင်းမှာတော့ အမျိုးသားပညာရေးဥပဒေထဲမှာလည်း ပါပြီသား။ ကိုယ်ပိုင်ရန်ပုံငွေ ထူထောင်ပိုင်ခွင့်နဲ့ ရှာဖွေသုံးစွဲပိုင်ခွင့် ရှိတယ်။ ဒီဟာတွေကို ဘယ်လိုမျိုး စနစ်တကျ ပြောင်းလဲဖို့ ရမလဲဆိုတာကို ကျနော်တို့ စတင်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

မေး ။ ။ Academic autonomy မှာ ဆရာကတော့ ဆေးတက္ကသိုလ် ပါမောက္ခဆိုတော့ ဒီကိစ္စကို ကြုံချင်မှကြုံရပါလိမ့်မယ်။ ဥပမာ ဝိဇ္ဇာကျောင်းသားတွေမှာ နိုင်ငံရေးသိပ္ပံမှာဆိုရင် အစိုးရပေါ်လစီနဲ့ ထိပ်တိုက်တွေ့ပြီး ပြောရတာ၊ ဝေဖန်ရတာတွေဟာ သိပ်အရေးကြီးတယ်။ ဒီမှာဆိုလဲ ပြောလို့ရတယ်။ သူတို့ပြောချင်တာ ပြောလို့ရတယ်။ အဲဒီလောက်ထိများ လွတ်လပ်မှု ရှိလာမယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ပြီးခဲ့တဲ့ ပါမောက္ခများကော်မတီနဲ့ အမျိုးသားပညာရေးကော်မရှင်က လုပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် အဖွင့်အမှာစကား ပြောကြားခဲ့တဲ့ ကျနော်တို့ရဲ့ နှစ်ပတ်လည် စာတမ်းဖတ်ပွဲ ရှိခဲ့ပါတယ်။ အဲဒီစာတမ်းဖတ်ပွဲထဲက စာတမ်းတွေက ဘယ်ဟာကိုမှ မတည်ဖြတ်ဘဲနဲ့ တင်ခွင့်ပေးခဲ့ပါတယ်။ အဲဒီထဲမှာ စောစောက ပြောတဲ့ကိစ္စတွေ အများကြီးပါပါတယ်။ အဲဒါတွေကို လွတ်လပ်စွာ ဆွေးနွေးကြတယ်၊ ပြောကြတယ်။ ဒါက ဆွေးနွေးကြတာပါ။ အကောင်အထည်ဖော်တာကတော့ တပိုင်း ဖြစ်မှာပေါ့။ နောက်တခုက အမျိုးသားပညာရေးဥပဒေထဲမှာလည်း ပါပါတယ်။ သုတေသနနဲ့ ပတ်သက်ပြီး ဥပဒေထဲမှာ ပြောထားပြီးပါပြီ။ အမျိုးသား၊ နိုင်ငံတော် အကျိုးစီးပွားကို ထိခိုက်စေမယ့် ကိစ္စဆိုရင်တော့ စဉ်းစားရမှာပေါ့။ အဲဒီလိုတော့ ရှိပါတယ်။

မေး ။ ။ နိုင်ငံတော်အကျိုးစီးပွား အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ ..

ဖြေ ။ ။ အဲဒါကတော့ အခြေအနေပေါ် မူတည်မှာပေါ့ - ဒါပေမဲ့လဲ သိပ်ကိုနိုင်ငံတော်ရဲ့ လုံခြုံရေး ထိခိုက်သွားမယ့်ဟာမျိုး၊ ဘေးအန္တရာယ်ရောက်သွားမယ်ဟာမျိုးတွေပါ။

မေး ။ ။ ကျောင်းသားတွေရဲ့ ပါဝင်မှု၊ အရင်တုန်းကတော့ တက္ကသိုလ်ဆီနိတ်ထဲမှာ ကျောင်းသားကိုယ်စားလှယ်တွေ၊ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေ - ဗိုလ်ချုပ်အောင်ဆန်းတို့ကိုယ်တိုင် ပါခဲ့တာတွေ ရှိခဲ့ပါတယ်။ အဲဒီလောက်များ မျှော်မှန်းထားပါသလား။

ဖြေ ။ ။ မျှော်မှန်းထားပါတယ်။ အခုလဲ ကျနော်တို့ ပါလည်းပါပါတယ်။ ရေးလည်းရေးဆွဲထားပါတယ်။ ကျနော်တို့ရဲ့ တက္ကသိုလ်ကောင်စီထဲမှာ ကျောင်းသားကိုယ်စားလှယ်၊ ကျောင်းသားသမဂ္ဂတွေရဲ့ ကိုယ်စားလှယ်၊ ဆရာကိုယ်စားလှယ်၊ ဆရာသမဂ္ဂတွေရဲ့ ကိုယ်စားလှယ်တွေ ပါပြီးတော့ ဖွဲ့ဖို့လည်း စီစဉ်ထားပါတယ်။

မေး ။ ။ ဒီတက္ကသိုလ်တွေရဲ့ အဓိကတာဝန်ဟာ သင်ကြားရေးအပြင်၊ သုတေသနပိုင်းဟာ အင်မတန် အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ ကမ္ဘာ့တက္ကသိုလ်ကြီးတွေမှာ သုတေသနစာစောင် ဘယ်လောက်ထွက်တာနဲ့ တိုင်းတာကြပါတယ်။ မြန်မာနိုင်ငံရဲ့ အခုလက်ရှိ တက္ကသိုလ်တွေရဲ့ အဆင့်အတန်းကို ပထမဦးဆုံး ဆရာကြီးသုံးသပ်ပါအုံး။

ဖြေ ။ ။ မှန်မှန်ကန်ကန် သုံးသပ်ပေးရမယ်ဆိုရင် ကျနော်တို့ အဆင့်အတန်းက နိုင်ငံတကာမှာ ကျောင်းပေါင်း သုံးသောင်းလေးသောင်းထဲမှာ ကျနော်တို့က တစ်သောင်းပတ်ဝန်းကျင်မှာ ရောက်နေတယ်။ ရန်ကုန်တက္ကသိုလ်ဆိုရင် ခုနှစ်ထောင်ကျော်မှာ ရှိတယ်။ ကျနော်တို့ ဆေးကျောင်းတွေဆိုရင် တစ်သောင်းနှစ်ထောင်လောက်မှာ ရှိတယ်။ ဆိုတော့ အရမ်းအဆိုးကြီးတော့ မဟုတ်ပေမယ့်၊ ကျနော်တို့ နေချင်တဲ့နေရာတော့ မဟုတ်ပါဘူး။ ကျနော်တို့ ရန်ကုန်တက္ကသိုလ်က အာရှတိုက်မှာ နံပတ်နှစ် နေရာမှာ ရှိခဲ့တာ။ ကျနော်တို့ ဆေးတက္ကသိုလ်ဆိုရင် အရှေ့တောင်အာရှ၊ အာရှမှာ နံပတ်နှစ်အနေနဲ့ နေခဲ့တာ။ သူများတွေကို ခေါ်ပြီးစာသင်ခဲ့တဲ့ ကျောင်းတွေပါ။ ကျနော်တို့ အဲဒီနေရာကို ပြန်သွားချင်တယ်။ သွားဖို့လဲ ကျနော်တို့ အခုလုပ်နေကြတယ်။ အဲဒီမှာဆိုရင် ဆရာပြောတာ မှန်ပါတယ်။ သုတေသနဆိုတာ သိပ်အရေးကြီးတယ်။ ဒါကြောင့်လဲ ပါမောက္ခချုပ်များကော်မတီအနေနဲ့ တက္ကသိုလ်တွေက လုပ်နေတာ Research Capacity Building ကို ပြန်လုပ်နေပါတယ်။ ဆရာသိတဲ့အတိုင်း နှစ်ပေါင်း (၆၀) လောက် ကျနော်တို့သက်တမ်းတလျှောက်လောက် Analytical Thinking ကို ဦးစားမပေးခဲ့ဘူး။ အခု ကျနော်တို့ အဲဒါကို ဦးစားပေးဖို့ လုပ်နေပါတယ်။ ကျနော်တို့မှာ Research Culture ပြန်ပေါ်လာအောင် လုပ်နေပါတယ်။

မေး ။ ။ သုတေသနလုပ်ငန်းက ငွေကြေးအထောက်အပံ့ ကုန်ကျစရိတ်တွေ အများကြီးလိုပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံပညာရေးက ဒီလောက်ထိ ပေးနိုင်ပါ့မလား။

ဖြေ ။ ။ ပေးပါတယ်။ အရင်တုန်းကထက်ကို ပေးပါတယ်။ ကျနော်တို့က ဂရန့်တွေ၊ နိုင်ငံတကာမှာလည်း ဒီလိုပါပဲ အပြင်က ဂရန့်တွေ ရှာရတယ်။ နိုင်ငံတော်ကလည်း ရင်းနှီးမြုပ်နံှရတယ်။ အရင်တုန်းကထက် Research Grants တွေကို ပိုပြီးပေးပါတယ်။ သုံးဆလေးဆ ပိုပြီးပေးနေပါတယ်။ ဒါဟာ အရင်တုန်းက သိန်းပေါင်း သုံးလေးထောင်သုံးခဲ့တာကနေ အခုဆိုရင် သောင်းချီပြီး သုံးလာနိုင်ပါတယ်။ ဆေးနဲ့ ပတ်သက်ရင် အရင်တုန်းက ကျနော်တို့မှာ ဆေးကျောင်းအနေနဲ့ Ministry of Health and Sports ကျန်းမာရေးနဲ့ အားကစားမှာဆိုရင် တနှစ်တနှစ် အရင်တုန်းဆိုရင် သိန်းငါးထောင်ကနေ အခုဆိုရင် သိန်းသုံးသောင်းအထိ သုံးစွဲပါတယ်။ သုတေသနအတွက်ပါ။

မေး ။ ။ ဟိုတုန်းက JBRS – Journal of Burma Research Studies ရန်ကုန်တက္ကသိုလ်မှာ အခြေခံပြီး ရှိခဲ့ပါတယ်။ အဲဒါကို နှစ် (၇၀) ပြည့်မှာ ပိတ်လိုက်တော့ သိပ်နှမြောစရာကောင်းပါတယ်။ ဒီစာစောင်ဟာ မြန်မာနိုင်ငံကထွက်တဲ့ စာစောင်တွေထဲမှာ သိပ်အဆင့်မြင့်တယ်။ ကမ္ဘာက ကိုးကားရတဲ့စာစောင် ဖြစ်ပါတယ်။ အဲဒီဟာမျိုး ပြန်ပြီးလုပ်နိုင်မယ့် အခြေအနေ ရှိပါသလား။

ဖြေ ။ ။ ကျနော်တို့ အခုကြိုးစားနေပါတယ်။ National Level နဲ့ National Research Innovation Council, Science Council ဆိုတာ အခုဖွဲ့ထားပါတယ်။ ဒုတိယသမ္မတက ဦးစီးပါတယ်။ အဓိက ကျနော်ဆိုလိုချင်တာ ဒါက commitment ရနေပြီဆိုတဲ့ သဘောပြောတာပါ။ နောက်တက္ကသိုလ်တွေအနေနဲ့လဲ အခုဆိုရင် ပါမောက္ခများ ကော်မတီအနေနဲ့ဆိုရင် အခုန သုတေသနစာတမ်းဖတ်ပွဲ တကြိမ်လုပ်ပြီးပြီ။ နောက်တကြိမ်လုပ်ဖို့လဲ လုပ်နေတယ်။ အခုဆိုရင် ဝိဇ္ဇာသိပ္ပံပညာရှင်များ၊ ဆေးပညာရှင်များ၊ အင်ဂျင်နီယာ အားလုံးပေါင်းပြီး သုတေသနနဲ့ ပတ်သက်တဲ့ စာတမ်းတွေ ကျနော်တို့ လုပ်ဖို့လည်း ရှိပါတယ်။ နောက် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်လုပ်ဖို့ လုပ်နေပါတယ်။

မေး ။ ။ နောက်ဆုံးတစ်ခု ကျနော် သိချင်တာက စီမံကိန်း ဘယ်လိုချထားလဲ၊ ဘယ်လိုလုပ်နေတယ်ဆိုတာ အကောင်းသဘောပေါ့။ အဓိက တွေ့ရတဲ့ စိန်ခေါ်မှုက ဘာလဲ။ ဒီစီမံကိန်းတွေအတွက် ကျော်လွှာဖို့က …

ဖြေ ။ ။ ကျနော်တို့ Capacity မရှိဘူး။ ပျောက်သွားတယ်။ အဲဒါတွေ ပြန်တည်ဆောက်ဖို့ လိုတယ်။ အဓိကက ကျနော်တို့ ဆီနီယာတွေကိုယ်တိုင်၊ ခေါင်းဆောင်တွေကိုယ်တိုင် Capacity ရှိဖို့လိုတယ်။ ဒီလိုမျိုး Ability တွေရှိဖို့ လိုတယ်။ အဲဒါကြောင့် ကျနော်တို့ကိုယ်တိုင် Training တွေ ယူရမယ်။ နိုင်ငံတကာရဲ့ Input တွေ ယူရမယ်။ အစိုးရကလည်း ငွေကြေးအားဖြင့် သုံးစွဲတယ်။ Commitment တွေလည်း ရနေပေမယ့် ကျနော်တို့ကိုယ်တိုင် လုပ်နိုင်မှ တိုးတက်မှာ ဖြစ်တယ်။ အဲဒါတွေအတွက် သင်ရိုးညွှန်တမ်းတွေလည်း ပြောင်းလဲဖို့၊ စနစ်တွေ တည်ဆောက်ဖို့ လိုတယ်။ ကျနော်တို့မှာ အချိန်တခုလည်း လိုတယ်။ ပညာရေးက ဒီနေ့လုပ်ပြီး၊ ဒီနေ့မရနိုင်ဘူး။ ကျနော်တို့ အချိန်တခုအတွင်းမှာ အသေအချာ စနစ်တကျ တည်ဆောက်မှရမှာ။ ဒါကြောင့် ဒီဟာကို အမေရိကကို ရောက်နေတာ ဒီဘက်ကစနစ်တွေ model တွေကို နားလည်ဖို့လိုတယ်။ ဒီနေ့ဆိုရင် ကျနော် AI အကြောင်း ဆွေးနွေးခဲ့တယ်။ ဒီဘက်က အဲဒီဘက်ကို သွားနေပြီ။ ကျနော်တို့ ဒီဟာကို နားမလည်ဘူး၊ မလိုက်ရင် နောက်ကျကျန်ခဲ့မယ်။ အဲဒီလိုမဖြစ်ရအောင် အမြဲတမ်း Updated ဖြစ်အောင် လုပ်နေမှတော့ ရမယ်။ အထူးသဖြင့် ပညာရေးမှာပါ။

မေး ။ ။ AI ဆိုလို့ ကျနော် သတင်းတခု ကြားသိရပါတယ်။ တရုတ်ပြည်က ဟာဟွေး က သူတို့လည်း မြန်မာနိုင်ငံရဲ့ သုတေသနတွေ ဘာတွေမှာ ကူညီမယ်ပြောတော့ အဲဒီကုမ္ပဏီကို စိုးရိမ်မှု ရှိကြတယ်။ သူတို့ဟာ နိုင်ငံရဲ့ လုံခြုံရေးတွေ၊ အမျိုးသားလုံခြုံရေးတွေကို ဖောက်နိုင်တယ်ဆိုတာ။ အဲဒီတော့ မြန်မာပြည်ကို သူတို့ အဲဒီလိုကူညီမယ်ဆိုရင် မြန်မာဘက်က အဲဒီကိစ္စကို စိုးရိမ်စရာ ရှိပါသလား။

ဖြေ ။ ။ ဒီကိစ္စကို ကျနော်ဖြေရမယ်ဆိုရင်တော့ ဒါကတော့ နိုင်ငံတော်ရဲ့ ပေါ်လစီတွေ၊ ဒါကို ကျနော်တို့ထက်ပိုပြီး ကျွမ်းကျင်တဲ့လူတွေ၊ နားလည်တဲ့လူတွေ ရှိမှာပေါ့။ သူတို့ချမှတ်တဲ့ ပေါ်လစီအတိုင်းတော့ ကျနော်တို့က လုပ်ရမှာပေါ့။ ဒီဟာကို ထိုးဖောက်ပြီး၊ အခြားလုပ်စရာတော့ မရှိဘူး။ ဒါပေမဲ့ နိုင်ငံတော်က ဒီဟာကို ဒီလိုနည်းနဲ့သွားမယ်ဆိုရင် ကျနော်တို့ လိုက်နာရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာနဲ့ ပတ်သက်ရင် ကျနော်တို့က အသေးစိတ်သိနိုင်စရာအကြောင်း မရှိဘူး။ နိုင်ငံတော်ကအပြင် ကမ္ဘာကပါ သိပြီးသွားနေတဲ့ဟာဖြစ်တော့ ကျနော်တို့ကတော့ ဒီပေါ်လစီပိုင်းဆိုင်ရာအတွက် လိုက်နာဖို့ ရှိရမယ်။
မေး ။ ။ အထူးကျေးဇူးတင်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG