သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရသစာေပအခန္းက႑ ႏွင့္ စာေရးဆရာညီပုေလး ေမးျမန္းခန္း


ရသစာေပအခန္းက႑ ႏွင့္ စာေရးဆရာညီပုေလး
please wait

No media source currently available

0:00 0:10:59 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ ရသစာေပေတာ္ေတာ္အားေကာင္းခဲ့ေပမယ့္ ႏွစ္ေပါင္းမ်ားစြာ ႏိုင္ငံေရး စီးပြားေရးနဲ႔လူမႈေရးဖိႏွိပ္မႈေတြေၾကာင့္ ဘက္ေပါင္းစုံက ဆုတ္ယုတ္သြားခဲ့ၿပီး၊ အခုႏိုင္ငံ ျပန္ဦးေမာ့လာတဲ့အခ်ိန္မွာ စာေပအဆင့္အတန္း ျပန္ျမင့္လာဖို႔ ေမွ်ာ္လင့္တယ္လို႔ ဆရာညီပုေလးက ဆိုပါတယ္။ မခင္ျဖဴေထြးေမးျမန္းထားတာပါ။

ေမး ။ ။ ဆရာက ရသစာေပေလာကမွာ အခိုင္အမာေနရာရထားသူ ျဖစ္တယ္။ ၂၀၁၇ တုန္းကလည္း အမ်ဳိးသားစာေပဆုကို ရရိွခဲ့တယ္။ ရသစာေပမွာ အခိုင္အမာေနရာ ရထားသူျဖစ္တဲ့ ဆရာကို က်မ အဓိက ရသစာေပနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေလးေတြကို ဦးစြာေမးခ်င္ပါတယ္။ ရသစာေပကေန စာဖတ္သူေတြကို အဓိက ဘာကိုေပးစြမ္းႏိုင္တာလဲ။

ေျဖ ။ ။ လူေတြက ပင္ပန္းၾကတယ္။ ပင္ပန္းမႈအမ်ဳိးမ်ဳိး ရိွတယ္။ ရသစာေပက တခ်ဳိ ႔က ပင္ပန္းမႈကို ေလ်ာ့က်ေစတယ္။ အေမာေျပေစတယ္။ တခ်ဳိ ႔စာေပေတြၾကေတာ့ အသိတရားေတြေပးတယ္။ ရသနဲ႔အတူ ခံစားမႈ၊ အသစ္ေတြ၊ အသိေတြေပးတယ္။ တခါ ရသစာေပက မွားေနတာကို တည့္ေပးတာေတြ ရိွတယ္။ အဓမၼေရာက္ေနတာကို ဓမၼလမ္းေၾကာင္းေပၚ တင္ေပးတာရိွတယ္။ ေျပာမယ္ဆိုရင္ ကိုယ္ခ်င္းစာစိတ္၊ စာနာစိတ္တုိ႔၊ ကိုယ့္ရဲ ႔ႏွလံုးသားေတြ၊ ခက္ထန္ေနတဲ့ ႏွလံုးသားေတြကို ျပဳျပင္ေပးႏိုင္စြမ္း ရိွတယ္။ ရသစာေပက သိပ္ထက္ျမက္တယ္။ သိပ္ထက္ျမက္တဲ့ စာေပေတြကို ေရးေနတဲ့ ပုဂၢိဳလ္ေတြကလည္း ေလးစားဖို႔ေကာင္းတယ္။ သူတို႔မွာ စိတ္ေကာင္း ေစတနာေကာင္း ရိွတယ္။
အဲဒါကို စာဖတ္ပရိသတ္ကပဲ ဆံုးျဖတ္တာ။ စိတ္ေကာင္း၊ ေစတနာေကာင္းရိွတဲ့ စာေရးဆရာေတြ ေလာကမွာ တင္က်န္ခဲ့ၿပီး၊ ေရးတဲ့သူေတြ အမ်ားႀကီးထဲက တခ်ဳိ ႔ေတာ့ က်န္ရစ္ခဲ့တယ္။ သမုိင္းဆိုတဲ့ ဆန္ကာႀကီးက ျပည္သူဆိုတဲ့လူေတြက ဆန္လုပ္တတ္လိုက္တာ၊ စာဖတ္ပရိသတ္က ဆန္လုပ္တတ္လိုက္တာ ဗမာျပည္မွာ ရသစာေပက ထြန္းကားခဲ့တယ္။

ေမး ။ ။ ဒါေပမဲ့ အခုေနာက္ပိုင္းမွာေတာ့ က်မတို႔ၾကားလာရတာက လူငယ္ေတြ စာဖတ္သိပ္နည္းလာတယ္။ ေခတ္ကလည္း ေခတ္ေျပာင္းလာတဲ့အေပၚမွာ စာဖတ္တဲ့ ပံုစံေလးေတြလည္း ေျပာင္းလာတယ္လို႔ ရိွိလိမ့္မယ္လို႔ ထင္ပါတယ္။ ဥပမာ အင္တာနက္ေတြေပၚမွာ, Facebook ေပၚမွာ ပိုသံုးလာမယ္။ Game ေတြ ပိုကစားလာမယ္။ အင္တာနက္မွာလည္း စာဖတ္တာ ရိွေကာင္းရိွမွာပါ။

ေျဖ ။ ။ အဲဒါမွန္ပါတယ္။ ႏွစ္ပိုင္းရိွပါတယ္။ Social Media အပါအဝင္ အဲဒီကိစၥေတြမွာ စီးေမ်ာေနတဲ့လူ - ဘာျဖစ္လို႔လဲဆိုေတာ့ ဒို႔ႏိုင္ငံမွာ တယ္လီဖုန္းက သိန္းသံုးေလးဆယ္တန္နဲ႔ အခု ေလးငါးေသာင္းနဲ႔ လူတိုင္းတယ္လီဖုန္း ကိုင္ႏုိင္တဲ့အေျခအေန။ အဲဒါအျပင္ စိတ္ဝင္စားစရာ အသစ္အဆန္းေတြကလည္း အမ်ားႀကီး။ အဲဒါေတြက စာေပစီစစ္ေရးလည္း မရိွဘူး။ တည္ျဖတ္မႈလည္း မရိွဘဲနဲ႔ ေရာက္လာေတာ့ လူေတြက အဆန္းအသစ္တစ္ခုအေနနဲ႔ အသားငန္ငန္ ဖက္တြယ္ၾကတာ၊ ေပ်ာ္ေမႊ႔ၾကတာ၊ အဲဒီအထဲမွာ Game ေတြလည္း ပါတာေပါ့။ ဒါေပမဲ့ တဘက္က ဘာျဖစ္ျပန္သလဲဆိုေတာ့ ဒါေတြက အဆစ္ေတြလား၊ တာဝန္ခံမႈ ရိွၾကလား။ တာဝန္ယူမႈ ရိွရဲ ႔လား။ ဘယ္ေလာက္ယံုရမလဲ။ အဲဒီေလာက္အထိ စဥ္းစားေတြးမေခၚႏိုင္ဘူး။ ဒါေပမဲ့ တခ်ဳိ ႔ လူငယ္ေတြၾကေတာ့ စာအုပ္မွ စာအုပ္ပဲ စာအုပ္ဖတ္ၾကတုန္းပါ။ စာအုပ္ေတာင္မွ အမ်ဳိးမ်ဳိး တခ်ဳိ ႔က ေဆာင္းပါးကို သဲသဲမဲမဲ ဖတ္ၾကတယ္။ တခ်ဳိ ႔က ကဗ်ာဖတ္တယ္။ တခ်ဳိ ႔က အက္ေဆးေတြ ဖတ္တယ္။ တခ်ဳိ ႔က ကာတြန္းေတြ ဖတ္ၾကတယ္။ အမ်ဳိးမ်ဳိး ေလ့လာအားေကာင္းတဲ့လူ၊ ဖတ္ရႈအားေကာင္းတဲ့လူငယ္ေတြ ရိွတယ္။ သူတုိ႔ကို ေမးလိုက္ရင္ အံ့ၾသစရာႀကီး။

ကိုယ့္မိတ္ေဆြတေယာက္ရိွတယ္။ သူကေလးက ဒီႏွစ္မွ အေျခခံပညာ အထက္တန္းေအာင္ထားတယ္။ သူက ဘာဝါသနာပါသလဲဆိုေတာ့ ဂ်ပန္စာေပကို ဝါသနာပါတယ္တဲ့။ ဗမာလို ဘာသာျပန္ထားတဲ့ ဂ်ပန္စာအုပ္ေတြကို တကၠသိုလ္ မေရာက္ခင္မွာ အကုန္လံုးနီးပါးေလာက္ ဖတ္ၿပီးၿပီ။ အံ့ၾသစရာပါ။ အဲဒီလို အသဲအသန္ဖတ္ထားတဲ့ ကေလးေတြလည္း ရိွသလို။ ညီပုေလးလည္း မၾကားဖူးဘူး။ ေမာင္စိန္ဝင္း (ပုတီးကုန္း) လည္း မၾကားဖူးဘူး။ ဆရာခ်စ္ဦးညိဳလည္း မၾကားဘူးတဲ့ ကေလးေတြလည္း ရိွတယ္။ အစြန္းႏွစ္ဘက္ေတာ့ ေရာက္ေနပါတယ္။ ဒါေပမဲ့ ကိုယ္ထင္ပါတယ္ .. တေန႔ေန႔ တခ်ိန္ခ်ိန္ၾကရင္ အခုနေျပာခဲ့တဲ့ သမိုင္း၊ စာဖတ္ပရိသတ္တို႔ရဲ ႔ မွတ္ေက်ာုက္တင္ခံရမယ့္ စာေပေတြက က်န္ခဲ့ပါေသးတယ္။
စာဖတ္အား ေကာင္းလာၾကမွာ ဘာျဖစ္လို႔လဲဆိုေတာ့ ေဟာေျပာပြဲ သြားတဲ့အခါ စာဖတ္ခ်င္ေအာင္ ေျပာၾကတယ္။ စာအုပ္ဖတ္ခ်င္ရံုတင္မကဘူး၊ စာေရးခ်င္ေအာင္ ေျပာပါတယ္။ ယံုၾကည္တယ္ Social Media, Electronic Media ေတြနဲ႔ စီးျခင္းထိုးတဲ့အခါ အဲဒီဘက္ အႏိုင္ရလိမ့္မယ္လို႔ ယံုၾကည္တယ္။

ေမး ။ ။ ဒီမွာဆို ပိုေတာင္မွ Advance ျဖစ္ေနေသးတယ္။ eBook နဲ႔ Tablet မွာပဲ လမ္းသြားရင္ေတာင္မွ လူေတြက ရထားေပၚမွာျဖစ္ျဖစ္၊ ကားေပၚမွာျဖစ္ျစဖ္ အရင္တုန္းကလို စာအုပ္ကို မသယ္ၾကေပမယ့္ ဖတ္ၾကတာေတြ ရိွပါတယ္။ ဒါေပမဲ့ တခ်ိန္တည္းမွာပဲ စာၾကည္တိုက္၊ စာအုပ္ဆိုင္ေတြက ဒီမွာေတာ့ အားေကာင္ေနပါေသးတယ္။ တဘက္က ၾကည့္ေတာ့လဲ က်မတို႔ ႏုိင္ငံက လူငယ္ေတြေတာင္ မဟုတ္ဘူး။ လူႀကီးေတြပါ စာဖတ္အား က်လာသလား။ ေခတ္ကလဲ အေမွာင္ေခတ္ တေခတ္ကလည္း ရိွခဲ့တယ္။ ဆိုတဲ့အခါၾကေတာ့ အခုေတာက္ပိုင္းၾကေတာ့ အဲဒီလို ေခတ္ေျပာင္းလာတဲ့အျပင္ကို Entertainment Industry ကလည္း ႀကီးလာတယ္ဆိုေတာ့ TV မွာ Series ေတြ ၾကည့္လာမယ္။ စာဖတ္မယ့္အစား ပိုၿပီးေတာ့ Entertainment ျဖစ္တဲ့အရာေတြ ၾကည့္လာတဲ့အခါၾကေတာ့ ရသစာေပရဲ ႔ ထဲထဲဝင္ဝင္ လူထုၾကားထဲမွ ပါလာသလားလို႔ပါ။

ေျဖ ။ ။ အဲဒါလဲ အခုနလိုပဲ ႏွစ္ပိုင္းပါပဲ - တိုင္းျပည္ရဲ ႔ စီးပြားေရး၊ ႏုိင္ငံေရးေပၚမွာ အမ်ားႀကီးမူတည္တယ္။ စီးပြားေရးေကာင္းရင္ သက္ေတာင့္သက္သာ ရိွတဲ့အခါ စာဖတ္ခ်ိန္ရတယ္။ စာဖတ္ခ်ိန္မရတဲ့အခါမွာ တယ္လီဖုန္းအပါအဝင္ Social Media ေတြ၊ Games ေတြဘက္ လွည့္သြားသင့္တယ္။ ေနာက္တခါ ႏုိင္ငံေရးတည္ၿငိမ္တယ္။ ႏုိင္ငံေရးတည္ၿငိမ္တဲ့အခါ စီးပြားေရးလည္းေကာင္းတယ္။ လွ်ပ္စစ္မီးကလည္း မွန္တယ္။ ေက်းလက္ေတြကိုလည္း စာအုပ္စာေပေတြ၊ စာၾကည္တိုက္ေတြလည္း ေရာက္ေနတယ္။ ဖတ္ရႈရတဲ့စာေတြကလည္း စာေကာင္းေပမြန္ေတြဆိုရင္ လူေတြက စာအုပ္ဘက္ပဲ လွည့္မွာပါ။

ဒို႔က အရိုးနည္းနည္းစြဲတယ္။ အခုထိ စာအုပ္ကိုင္ဖတ္ရတဲ့ အရသာကို ႀကိဳက္တုန္းပဲ။ တခ်ဳိ ႔အိမ္ေတြမွာ ေရခ်ဳိးခန္းအိမ္သာထဲမွာေတာင္ စာအုပ္စင္ထားၾကတဲ့ ယဥ္ေက်းမႈ ေတြ႔ခဲ့တယ္။ ဒါဟာ အျပစ္မဟုတ္ပါဘူး။ က်န္းမာေရးရႈေထာင့္က ဘယ္လိုပင္ဆိုေစကာမူ၊ သူတို႔ရတဲ့အခ်ိန္ စာဖတ္မယ္။ အခုလဲ စာအုပ္ကိုင္ၿပီး ဘတ္စ္ကားေပၚမွာ၊ ရထားေပၚမွာ ဖတ္တဲ့လူေတြ ရိွပါေသးတယ္။ စီးခ်င္းထိုးရင္ေတာ့ စာအုပ္ကိုင္ဖတ္တဲ့ဘက္က ႏုိင္လိမ့္မယ္လို႔ ထင္တယ္။

ေမး ။ ။ က်မတို႔ ျမန္မာႏိုင္ငံမွာ လူေတြ စာပုိဖတ္လာဖို႔ဆိုလိုိ႔ရိွရင္ မိဘေတြက ငယ္ငယ္ကတည္းက ေျပာခဲ့ရမလား။ ဆရာ၊ ဆရာမေတြလား။ စာေရးဆရာေတြလား။ ဘယ္သူေတြေပၚမွာ တာဝန္ရိွတဲ့ အစိုးရပိုင္၊ ပညာေရးကလူေတြလား။ လူေတြ စာပိုဖတ္လာဖို႔အတြက္ ဘယ္လိုအေလ့အက်င့္ေကာင္းေတြ လုပ္သင့္သလဲ။

ေျဖ ။ ။ မႏၱေလးမွာ က်ေနာ့္မိတ္ေဆြတေယာက္က Mobile Library ေလး လုပ္ထားတယ္။ သူက စာအုပ္စာေပ ဖတ္ေစခ်င္တာ။ သံလြင္-ျမန္မာ ကုမၸဏီက သူ႔စာၾကည့္တိုက္ကေလးက ေက်းလက္ဆန္တဲ့ၿမိဳ ႔ေတြ၊ ရပ္ကြက္စြန္ရပ္ကြက္ဖ်ားက ေက်ာင္းေတြကိုသြားၿပီး ေပးတယ္။ ၿပီးေတာ့ စာေရးဆရာေတြေခၚၿပီး ကေလးေတြကို စာဖတ္ရေအာင္၊ စာေပဝါသနာပါေအာင္ ေျပာတယ္။ ၿပီးေတာ့ စာအုပ္ငွားေပးတယ္။ တခ်ဳိ ႔ေက်ာင္းေတြကို သံလြင္-ျမန္မာ ကုမၸဏီက စာၾကည့္တိုက္ တည္ေထာင္ေပးတယ္။ ဒီယဥ္ေက်းမႈေလး ထြန္းကားေစခ်င္တာ။ တခ်ဳိ ႔ႏုိင္ငံေတြမွာ ေရာက္ဖူးသမွ်ေတာ့ အိမ္စာအျဖစ္နဲ႔ သခ်ၤာေတြ၊ က်က္စာေတြ မေပးလိုက္ဘူး။ စာအုပ္ေတြ အိမ္စာေပးလိုက္တာလို႔ ေျပာဖူးတယ္။ မူလတန္းအရြယ္ကတည္းက ဘယ္စာအုပ္ေတြ ဖတ္ၿပီးၿပီဆိုတဲ့ သတ္မွတ္ခ်က္ေတြ ရိွတယ္။

က်ေနာ္ ယံုပါတယ္။ အရပ္သားအစုိိးရသာ ဆက္အုပ္ခ်ဳပ္သြားရင္ တေန႔ေန႔မွာ က်ေနာ္တုိ႔တိုင္းျပည္ရဲ ႔ ပညာေရးကလည္း အလြတ္က်က္တဲ့ ပညာေရးကေန စဥ္းစားေတြးေခၚတဲ့ ပညာေရးဘက္ကို ေျပာင္းေနတဲ့အခါ ေက်ာင္းစာၾကည့္တိုက္ေတြလည္း ဖြံ႔ၿဖိဳးလာမွာ။ ဆရာ၊ ဆရာမေတြလည္း ေက်ာင္းသားေတြ ေျပာင္းတာနဲ႔ညီတူ၊ လိုက္ၿပီးေျပာင္းလာမယ္လို႔ က်ေနာ္ ယံုၾကည္တယ္။

ေမး ။ ။ ဆရာက လူထုဦးလွနဲ႔ လူထုေဒၚအမာတို႔ရဲ ႔ သားတစ္ေယာက္ ျဖစ္တယ္။ ဆိုေတာ့ လူထုဦးလွ၊ လူထုေဒၚအမာတုိ႔၊ လူထုစာေပတိုက္တုိ႔ဆိုတာက မႏၱေလးကဆိုေပမယ့္၊ မႏၱေလးတင္မက ျမန္မာတႏိုင္ငံလံုးက ေလးစားရတဲ့ ႏိုင္ငံေရးေလာက၊ စာေပေလာကမွာ အထင္ကရမိသားစုပါ။ က်မတုိ႔ႏုိင္ငံရဲ ႔ အေျခအေနေပၚ မူတည္ၿပီးေတာ့ ဆရာတို႔ မိသားစုဘဝေတြ က်ဳိးေၾကခဲ့ရေတြ အမ်ားႀကီးရိွတယ္။ ဆရာကိုယ္တိုင္လည္း ႏုိင္ငံေရးအက်ဥ္းသားဘဝနဲ႔ ႏွစ္ရွည္ေထာင္ထဲမွာ ေနခဲ့ရတဲ့သူတလည္း ျဖစ္တယ္ဆိုေတာ့ က်မနားလည္ထားတာကေတာ့ လက္ရိွလူထုတိုက္ကိုေတာ့ ဆရာကပဲ အဓိကဦးေဆာင္ရပ္တည္ေနတယ္လို႔ သိရတယ္။ လူထုတိုက္ရဲ ႔ အေျခအေနက ဘယ္လိုရိွပါလဲ။ ဆရာ ဘယ္လိုမ်ား ရပ္တည္ေနပါလဲ။

ေျဖ ။ ။ ဒါကေတာ့ စီးပြားေရးနဲ႔ ဆိုင္လာၿပီ။ စီးပြားေရးဆုိတာလဲ ႏုိင္ငံေရးနဲ႔ တည္မီွတာပဲ။ ကင္းလႊတ္လို႔ မရဘူး။ လွ်ပ္စစ္မီတာခေတြ တက္တယ္။ အဲဒီေတာ့ က်ေနာ္တို႔လည္း ပံုႏိွပ္ခေတြ ပိုယူရတယ္။ စာအုပ္ထုတ္ေဝတာက နံပတ္ႏွစ္ပါ။ နံပတ္တစ္က ပံုႏိွပ္စက္က က်ေနာ္တုိ႔မိသားစုကို ထမင္းရွာေကၽြးပါတယ္။ အဲဒီအခါမွာ စာအုပ္ထုတ္ေဝေရးကို လုပ္ၾကတာ။ က်ေနာ္တို႔ရဲ ႔ ေဖာက္သည္ေတြ စီးပြားေရးေကာင္းမွာ က်ေနာ္တို႔လည္း စက္ေတြလည္ႏိုင္တာ။ အလုပ္သမားေတြကို ထမင္းေကၽြးႏုိင္တာ။ ဒါ့အျပင္ အေဖနဲ႔အေမက စာၾကည့္တိုက္တခု ထားခဲ့တယ္။ အဲဒီစာၾကည့္တိုက္က အမ်ားသံုးလို႔ရတဲ့ စာၾကည့္တိုက္။ က်ေနာ္တို႔ မွတ္ပံုတင္တာေတာ့ မလုပ္ရေသးဘူး။ ရည္ညႊန္းစာၾကည္တိုက္အေနနဲ႔ စိတ္ဝင္စားရင္ လာဖတ္လို႔ရတဲ့ စာၾကည့္တိုက္ပါ။ အဲဒီစာၾကည့္တိုက္မွာရိွတဲ့ စာအုပ္ေတြ၊ စာၾကည့္တိုက္ထိန္းသိမ္းတဲ့ စာၾကည့္တိုက္မွဴး ဝန္ထမ္းေတြေပးဖို႔အတြက္ ဒီပံုႏိွပ္တိုက္ကပဲ က်ေနာ္တုိ႔စားမယ့္ ထမင္းအုိထဲကပဲမွ်ၿပီး သူတုိ႔ကို ထမင္းအိုတည္ေပးၾကရပါတယ္။ က်ေနာ္တုိ႔ ပံုႏိွပ္လုပ္ငန္းက ႏွစ္ (၈၀) ၾကာခဲ့ၿပီ။ ဒီဘုိးေမြဘြားေမြေတြကို က်ေနာ့္သားေတြသမီးေတြ ဆက္ထိန္းသိမ္းၾကတယ္။ ေရရွည္လည္းဆက္ထိန္းသိမ္းဖို႔ ႀကိဳးစားေနၾကတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ဗိုလ္ခ်ဳပ္ေနဝင္းက ျပည္သူပိုင္သိမ္းခဲ့တာအပါအဝင္ ဆိုရွယ္လစ္စီးပြားေရး တည္ေဆာက္မႈမွာပါ ပ်က္သုန္းသြားခဲ့တဲ့ ဗမာပိုင္၊ အမ်ဳိးသားပိုင္ စီးပြားေရးလုပ္ငန္းေတြ အမ်ားႀကီး။ အဲဒီဒဏ္ကို က်ေနာ္တို႔ ႀကံ့ႀကံ့ခံၿပီး ေလွာ္ခဲ့ခတ္ခဲ့ၾကတာ ဒီေန႔အထိပါပဲ။

ေမး ။ ။ က်မ တစ္ခုေမးခ်င္တာကေတာ့ စာေပေလာကသားေတြဆိုတာက ျပည္သူ႔အစိုးရ NLD အစိုးရကို ေထာက္ခံတဲ့လူေတြ အမ်ားစုပါ။ အခုလက္ရိွမွာဆိုရင္လဲ ျပန္ၾကားေရးဌာနမွာ ေနရာရလာတဲ့ လူေတြထဲမွာ စာေပေလာကက ပုဂၢိဳလ္ေတြပါပါတယ္။ အထင္ကရ ပုဂၢိဳလ္ေတြအပါအဝင္ ဆုိတဲ့အခါၾကေတာ့ ဆရာတို႔ အခု ဒီလိုမ်ဳိးအရပ္သားအစိုးရလည္း ျဖစ္လာၿပီ၊ ျပန္ၾကားေရးထဲမွာလည္း စာေပေလာကက အထင္ကရ ပုဂၢိဳလ္ေတြပါလာၿပီဆိုေတာ့ စာေပေလာကသားေတြ ေမွ်ာ္လင့္ထားတဲ့ စာေပလြတ္လပ္ခြင့္ဆိုတာေတြေကာ ရလာတယ္လို႔ ဆရာ ယူဆပါသလား။

ေျဖ ။ ။ အရပ္သားအစိုးရလို႔ ေျပာတာလဲ (၇၅) ရာခိုင္ႏႈန္းေတာ့ မွန္ပါတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ အစိတ္သားကလည္း ရိွေနေသးတယ္။ လြတ္လပ္ခြင့္ဆိုတာလဲ အတိုင္းအတာတခုအထိ (၇၅) ရာခိုင္ႏႈန္းေလာက္ပဲ ရေသးတယ္လို႔ ေျပာပါရေစ။ စာေပစီစစ္ေရး မရိွေပမယ့္ က်ေနာ္တို႔ကို ဖမ္းလို႔ခ်ဳပ္လို႔ ထိန္းသိမ္းလို႔ရတဲ့ ပုဒ္မေတြက က်န္ေသးတယ္။ (၅၅)၊ (၅၀၅) နဲ႔ (၆၆) တို႔ ဒါမ်ဳိးေတြ ရိွေနေသးတယ္။ က်ေနာ္တို႔ တကယ့္လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုေရးသားခြင့္ေတြ က်ေနာ္တို႔ ရာႏႈန္းျပည့္ မရေသးပါဘူး။ (၇၅) ရာခိုင္ႏႈန္းေလာက္သာ ရပါေသးတယ္။ ဒါေပမဲ့ တေန႔ေန႔မွာေတာ့ ရာႏႈန္းျပည့္ရမယ္လို႔ က်ေနာ္ေမွွ်ာ္လင့္ပါတယ္။

ေမး ။ ။ အလားအလာေကာင္းေကာ ဘယ္ေလာက္အထိ ဆရာေမွ်ာ္လင့္ထားပါသလဲ။
ေျဖ ။ ။ တေန႔ေန႔ေပါ့ က်ေနာ္တို႔ မီွခ်င္လဲ မီွမွာေပါ့။
ေမး ။ ။ ဆိုလိုတာက အလားအလာေကာင္းတယ္လို႔ ဆရာ့စိတ္ထဲမွာ သံုးသပ္မိပါသလား။
ေမး ။ ။ အဲဒါေတာ့ ၅၀-၅၀ ပဲ ေျပာရမယ္။
ေျဖ ။ ။ အခုလို အခ်ိန္ေပးၿပီးေတာ့ ေျဖၾကားေပးတာ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင့္။

==Unicode==

မြန်မာနိုင်ငံမှာ ရသစာပေတော်တော်အားကောင်းခဲ့ပေမယ့် နှစ်ပေါင်းများစွာ နိုင်ငံရေး စီးပွားရေးနဲ့လူမှုရေးဖိနှိပ်မှုတွေကြောင့် ဘက်ပေါင်းစုံက ဆုတ်ယုတ်သွားခဲ့ပြီး၊ အခုနိုင်ငံ ပြန်ဦးမော့လာတဲ့အချိန်မှာ စာပေအဆင့်အတန်း ပြန်မြင့်လာဖို့ မျှော်လင့်တယ်လို့ ဆရာညီပုလေးက ဆိုပါတယ်။ မခင်ဖြူထွေးမေးမြန်းထားတာပါ။

မေး ။ ။ ဆရာက ရသစာပေလောကမှာ အခိုင်အမာနေရာရထားသူ ဖြစ်တယ်။ ၂၀၁၇ တုန်းကလည်း အမျိုးသားစာပေဆုကို ရရှိခဲ့တယ်။ ရသစာပေမှာ အခိုင်အမာနေရာ ရထားသူဖြစ်တဲ့ ဆရာကို ကျမ အဓိက ရသစာပေနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ဦးစွာမေးချင်ပါတယ်။ ရသစာပေကနေ စာဖတ်သူတွေကို အဓိက ဘာကိုပေးစွမ်းနိုင်တာလဲ။

ဖြေ ။ ။ လူတွေက ပင်ပန်းကြတယ်။ ပင်ပန်းမှုအမျိုးမျိုး ရှိတယ်။ ရသစာပေက တချို့က ပင်ပန်းမှုကို လျော့ကျစေတယ်။ အမောပြေစေတယ်။ တချို့စာပေတွေကြတော့ အသိတရားတွေပေးတယ်။ ရသနဲ့အတူ ခံစားမှု၊ အသစ်တွေ၊ အသိတွေပေးတယ်။ တခါ ရသစာပေက မှားနေတာကို တည့်ပေးတာတွေ ရှိတယ်။ အဓမ္မရောက်နေတာကို ဓမ္မလမ်းကြောင်းပေါ် တင်ပေးတာရှိတယ်။ ပြောမယ်ဆိုရင် ကိုယ်ချင်းစာစိတ်၊ စာနာစိတ်တို့၊ ကိုယ့်ရဲ့နှလုံးသားတွေ၊ ခက်ထန်နေတဲ့ နှလုံးသားတွေကို ပြုပြင်ပေးနိုင်စွမ်း ရှိတယ်။ ရသစာပေက သိပ်ထက်မြက်တယ်။ သိပ်ထက်မြက်တဲ့ စာပေတွေကို ရေးနေတဲ့ ပုဂ္ဂိုလ်တွေကလည်း လေးစားဖို့ကောင်းတယ်။ သူတို့မှာ စိတ်ကောင်း စေတနာကောင်း ရှိတယ်။
အဲဒါကို စာဖတ်ပရိသတ်ကပဲ ဆုံးဖြတ်တာ။ စိတ်ကောင်း၊ စေတနာကောင်းရှိတဲ့ စာရေးဆရာတွေ လောကမှာ တင်ကျန်ခဲ့ပြီး၊ ရေးတဲ့သူတွေ အများကြီးထဲက တချို့တော့ ကျန်ရစ်ခဲ့တယ်။ သမိုင်းဆိုတဲ့ ဆန်ကာကြီးက ပြည်သူဆိုတဲ့လူတွေက ဆန်လုပ်တတ်လိုက်တာ၊ စာဖတ်ပရိသတ်က ဆန်လုပ်တတ်လိုက်တာ ဗမာပြည်မှာ ရသစာပေက ထွန်းကားခဲ့တယ်။

မေး ။ ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ကျမတို့ကြားလာရတာက လူငယ်တွေ စာဖတ်သိပ်နည်းလာတယ်။ ခေတ်ကလည်း ခေတ်ပြောင်းလာတဲ့အပေါ်မှာ စာဖတ်တဲ့ ပုံစံလေးတွေလည်း ပြောင်းလာတယ်လို့ ရှိလိမ့်မယ်လို့ ထင်ပါတယ်။ ဥပမာ အင်တာနက်တွေပေါ်မှာ, Facebook ပေါ်မှာ ပိုသုံးလာမယ်။ Game တွေ ပိုကစားလာမယ်။ အင်တာနက်မှာလည်း စာဖတ်တာ ရှိကောင်းရှိမှာပါ။

ဖြေ ။ ။ အဲဒါမှန်ပါတယ်။ နှစ်ပိုင်းရှိပါတယ်။ Social Media အပါအဝင် အဲဒီကိစ္စတွေမှာ စီးမျောနေတဲ့လူ - ဘာဖြစ်လို့လဲဆိုတော့ ဒို့နိုင်ငံမှာ တယ်လီဖုန်းက သိန်းသုံးလေးဆယ်တန်နဲ့ အခု လေးငါးသောင်းနဲ့ လူတိုင်းတယ်လီဖုန်း ကိုင်နိုင်တဲ့အခြေအနေ။ အဲဒါအပြင် စိတ်ဝင်စားစရာ အသစ်အဆန်းတွေကလည်း အများကြီး။ အဲဒါတွေက စာပေစီစစ်ရေးလည်း မရှိဘူး။ တည်ဖြတ်မှုလည်း မရှိဘဲနဲ့ ရောက်လာတော့ လူတွေက အဆန်းအသစ်တစ်ခုအနေနဲ့ အသားငန်ငန် ဖက်တွယ်ကြတာ၊ ပျော်မွှေ့ကြတာ၊ အဲဒီအထဲမှာ Game တွေလည်း ပါတာပေါ့။ ဒါပေမဲ့ တဘက်က ဘာဖြစ်ပြန်သလဲဆိုတော့ ဒါတွေက အဆစ်တွေလား၊ တာဝန်ခံမှု ရှိကြလား။ တာဝန်ယူမှု ရှိရဲ့လား။ ဘယ်လောက်ယုံရမလဲ။ အဲဒီလောက်အထိ စဉ်းစားတွေးမခေါ်နိုင်ဘူး။ ဒါပေမဲ့ တချို့ လူငယ်တွေကြတော့ စာအုပ်မှ စာအုပ်ပဲ စာအုပ်ဖတ်ကြတုန်းပါ။ စာအုပ်တောင်မှ အမျိုးမျိုး တချို့က ဆောင်းပါးကို သဲသဲမဲမဲ ဖတ်ကြတယ်။ တချို့က ကဗျာဖတ်တယ်။ တချို့က အက်ဆေးတွေ ဖတ်တယ်။ တချို့က ကာတွန်းတွေ ဖတ်ကြတယ်။ အမျိုးမျိုး လေ့လာအားကောင်းတဲ့လူ၊ ဖတ်ရှုအားကောင်းတဲ့လူငယ်တွေ ရှိတယ်။ သူတို့ကို မေးလိုက်ရင် အံ့သြစရာကြီး။

ကိုယ့်မိတ်ဆွေတယောက်ရှိတယ်။ သူကလေးက ဒီနှစ်မှ အခြေခံပညာ အထက်တန်းအောင်ထားတယ်။ သူက ဘာဝါသနာပါသလဲဆိုတော့ ဂျပန်စာပေကို ဝါသနာပါတယ်တဲ့။ ဗမာလို ဘာသာပြန်ထားတဲ့ ဂျပန်စာအုပ်တွေကို တက္ကသိုလ် မရောက်ခင်မှာ အကုန်လုံးနီးပါးလောက် ဖတ်ပြီးပြီ။ အံ့သြစရာပါ။ အဲဒီလို အသဲအသန်ဖတ်ထားတဲ့ ကလေးတွေလည်း ရှိသလို။ ညီပုလေးလည်း မကြားဖူးဘူး။ မောင်စိန်ဝင်း (ပုတီးကုန်း) လည်း မကြားဖူးဘူး။ ဆရာချစ်ဦးညိုလည်း မကြားဘူးတဲ့ ကလေးတွေလည်း ရှိတယ်။ အစွန်းနှစ်ဘက်တော့ ရောက်နေပါတယ်။ ဒါပေမဲ့ ကိုယ်ထင်ပါတယ် .. တနေ့နေ့ တချိန်ချိန်ကြရင် အခုနပြောခဲ့တဲ့ သမိုင်း၊ စာဖတ်ပရိသတ်တို့ရဲ့ မှတ်ကျောုက်တင်ခံရမယ့် စာပေတွေက ကျန်ခဲ့ပါသေးတယ်။
စာဖတ်အား ကောင်းလာကြမှာ ဘာဖြစ်လို့လဲဆိုတော့ ဟောပြောပွဲ သွားတဲ့အခါ စာဖတ်ချင်အောင် ပြောကြတယ်။ စာအုပ်ဖတ်ချင်ရုံတင်မကဘူး၊ စာရေးချင်အောင် ပြောပါတယ်။ ယုံကြည်တယ် Social Media, Electronic Media တွေနဲ့ စီးခြင်းထိုးတဲ့အခါ အဲဒီဘက် အနိုင်ရလိမ့်မယ်လို့ ယုံကြည်တယ်။

မေး ။ ။ ဒီမှာဆို ပိုတောင်မှ Advance ဖြစ်နေသေးတယ်။ eBook နဲ့ Tablet မှာပဲ လမ်းသွားရင်တောင်မှ လူတွေက ရထားပေါ်မှာဖြစ်ဖြစ်၊ ကားပေါ်မှာဖြစ်စြဖ် အရင်တုန်းကလို စာအုပ်ကို မသယ်ကြပေမယ့် ဖတ်ကြတာတွေ ရှိပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ စာကြည်တိုက်၊ စာအုပ်ဆိုင်တွေက ဒီမှာတော့ အားကောင်နေပါသေးတယ်။ တဘက်က ကြည့်တော့လဲ ကျမတို့ နိုင်ငံက လူငယ်တွေတောင် မဟုတ်ဘူး။ လူကြီးတွေပါ စာဖတ်အား ကျလာသလား။ ခေတ်ကလဲ အမှောင်ခေတ် တခေတ်ကလည်း ရှိခဲ့တယ်။ ဆိုတဲ့အခါကြတော့ အခုတောက်ပိုင်းကြတော့ အဲဒီလို ခေတ်ပြောင်းလာတဲ့အပြင်ကို Entertainment Industry ကလည်း ကြီးလာတယ်ဆိုတော့ TV မှာ Series တွေ ကြည့်လာမယ်။ စာဖတ်မယ့်အစား ပိုပြီးတော့ Entertainment ဖြစ်တဲ့အရာတွေ ကြည့်လာတဲ့အခါကြတော့ ရသစာပေရဲ့ ထဲထဲဝင်ဝင် လူထုကြားထဲမှ ပါလာသလားလို့ပါ။

ဖြေ ။ ။ အဲဒါလဲ အခုနလိုပဲ နှစ်ပိုင်းပါပဲ - တိုင်းပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေးပေါ်မှာ အများကြီးမူတည်တယ်။ စီးပွားရေးကောင်းရင် သက်တောင့်သက်သာ ရှိတဲ့အခါ စာဖတ်ချိန်ရတယ်။ စာဖတ်ချိန်မရတဲ့အခါမှာ တယ်လီဖုန်းအပါအဝင် Social Media တွေ၊ Games တွေဘက် လှည့်သွားသင့်တယ်။ နောက်တခါ နိုင်ငံရေးတည်ငြိမ်တယ်။ နိုင်ငံရေးတည်ငြိမ်တဲ့အခါ စီးပွားရေးလည်းကောင်းတယ်။ လျှပ်စစ်မီးကလည်း မှန်တယ်။ ကျေးလက်တွေကိုလည်း စာအုပ်စာပေတွေ၊ စာကြည်တိုက်တွေလည်း ရောက်နေတယ်။ ဖတ်ရှုရတဲ့စာတွေကလည်း စာကောင်းပေမွန်တွေဆိုရင် လူတွေက စာအုပ်ဘက်ပဲ လှည့်မှာပါ။

ဒို့က အရိုးနည်းနည်းစွဲတယ်။ အခုထိ စာအုပ်ကိုင်ဖတ်ရတဲ့ အရသာကို ကြိုက်တုန်းပဲ။ တချို့အိမ်တွေမှာ ရေချိုးခန်းအိမ်သာထဲမှာတောင် စာအုပ်စင်ထားကြတဲ့ ယဉ်ကျေးမှု တွေ့ခဲ့တယ်။ ဒါဟာ အပြစ်မဟုတ်ပါဘူး။ ကျန်းမာရေးရှုထောင့်က ဘယ်လိုပင်ဆိုစေကာမူ၊ သူတို့ရတဲ့အချိန် စာဖတ်မယ်။ အခုလဲ စာအုပ်ကိုင်ပြီး ဘတ်စ်ကားပေါ်မှာ၊ ရထားပေါ်မှာ ဖတ်တဲ့လူတွေ ရှိပါသေးတယ်။ စီးချင်းထိုးရင်တော့ စာအုပ်ကိုင်ဖတ်တဲ့ဘက်က နိုင်လိမ့်မယ်လို့ ထင်တယ်။

မေး ။ ။ ကျမတို့ မြန်မာနိုင်ငံမှာ လူတွေ စာပိုဖတ်လာဖို့ဆိုလို့ရှိရင် မိဘတွေက ငယ်ငယ်ကတည်းက ပြောခဲ့ရမလား။ ဆရာ၊ ဆရာမတွေလား။ စာရေးဆရာတွေလား။ ဘယ်သူတွေပေါ်မှာ တာဝန်ရှိတဲ့ အစိုးရပိုင်၊ ပညာရေးကလူတွေလား။ လူတွေ စာပိုဖတ်လာဖို့အတွက် ဘယ်လိုအလေ့အကျင့်ကောင်းတွေ လုပ်သင့်သလဲ။

ဖြေ ။ ။ မန္တလေးမှာ ကျနော့်မိတ်ဆွေတယောက်က Mobile Library လေး လုပ်ထားတယ်။ သူက စာအုပ်စာပေ ဖတ်စေချင်တာ။ သံလွင်-မြန်မာ ကုမ္ပဏီက သူ့စာကြည့်တိုက်ကလေးက ကျေးလက်ဆန်တဲ့မြို့တွေ၊ ရပ်ကွက်စွန်ရပ်ကွက်ဖျားက ကျောင်းတွေကိုသွားပြီး ပေးတယ်။ ပြီးတော့ စာရေးဆရာတွေခေါ်ပြီး ကလေးတွေကို စာဖတ်ရအောင်၊ စာပေဝါသနာပါအောင် ပြောတယ်။ ပြီးတော့ စာအုပ်ငှားပေးတယ်။ တချို့ကျောင်းတွေကို သံလွင်-မြန်မာ ကုမ္ပဏီက စာကြည့်တိုက် တည်ထောင်ပေးတယ်။ ဒီယဉ်ကျေးမှုလေး ထွန်းကားစေချင်တာ။ တချို့နိုင်ငံတွေမှာ ရောက်ဖူးသမျှတော့ အိမ်စာအဖြစ်နဲ့ သင်္ချာတွေ၊ ကျက်စာတွေ မပေးလိုက်ဘူး။ စာအုပ်တွေ အိမ်စာပေးလိုက်တာလို့ ပြောဖူးတယ်။ မူလတန်းအရွယ်ကတည်းက ဘယ်စာအုပ်တွေ ဖတ်ပြီးပြီဆိုတဲ့ သတ်မှတ်ချက်တွေ ရှိတယ်။

ကျနော် ယုံပါတယ်။ အရပ်သားအစိုးရသာ ဆက်အုပ်ချုပ်သွားရင် တနေ့နေ့မှာ ကျနော်တို့တိုင်းပြည်ရဲ့ ပညာရေးကလည်း အလွတ်ကျက်တဲ့ ပညာရေးကနေ စဉ်းစားတွေးခေါ်တဲ့ ပညာရေးဘက်ကို ပြောင်းနေတဲ့အခါ ကျောင်းစာကြည့်တိုက်တွေလည်း ဖွံ့ဖြိုးလာမှာ။ ဆရာ၊ ဆရာမတွေလည်း ကျောင်းသားတွေ ပြောင်းတာနဲ့ညီတူ၊ လိုက်ပြီးပြောင်းလာမယ်လို့ ကျနော် ယုံကြည်တယ်။

မေး ။ ။ ဆရာက လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ရဲ့ သားတစ်ယောက် ဖြစ်တယ်။ ဆိုတော့ လူထုဦးလှ၊ လူထုဒေါ်အမာတို့၊ လူထုစာပေတိုက်တို့ဆိုတာက မန္တလေးကဆိုပေမယ့်၊ မန္တလေးတင်မက မြန်မာတနိုင်ငံလုံးက လေးစားရတဲ့ နိုင်ငံရေးလောက၊ စာပေလောကမှာ အထင်ကရမိသားစုပါ။ ကျမတို့နိုင်ငံရဲ့ အခြေအနေပေါ် မူတည်ပြီးတော့ ဆရာတို့ မိသားစုဘဝတွေ ကျိုးကြေခဲ့ရတွေ အများကြီးရှိတယ်။ ဆရာကိုယ်တိုင်လည်း နိုင်ငံရေးအကျဉ်းသားဘဝနဲ့ နှစ်ရှည်ထောင်ထဲမှာ နေခဲ့ရတဲ့သူတလည်း ဖြစ်တယ်ဆိုတော့ ကျမနားလည်ထားတာကတော့ လက်ရှိလူထုတိုက်ကိုတော့ ဆရာကပဲ အဓိကဦးဆောင်ရပ်တည်နေတယ်လို့ သိရတယ်။ လူထုတိုက်ရဲ့ အခြေအနေက ဘယ်လိုရှိပါလဲ။ ဆရာ ဘယ်လိုများ ရပ်တည်နေပါလဲ။

ဖြေ ။ ။ ဒါကတော့ စီးပွားရေးနဲ့ ဆိုင်လာပြီ။ စီးပွားရေးဆိုတာလဲ နိုင်ငံရေးနဲ့ တည်မှီတာပဲ။ ကင်းလွှတ်လို့ မရဘူး။ လျှပ်စစ်မီတာခတွေ တက်တယ်။ အဲဒီတော့ ကျနော်တို့လည်း ပုံနှိပ်ခတွေ ပိုယူရတယ်။ စာအုပ်ထုတ်ဝေတာက နံပတ်နှစ်ပါ။ နံပတ်တစ်က ပုံနှိပ်စက်က ကျနော်တို့မိသားစုကို ထမင်းရှာကျွေးပါတယ်။ အဲဒီအခါမှာ စာအုပ်ထုတ်ဝေရေးကို လုပ်ကြတာ။ ကျနော်တို့ရဲ့ ဖောက်သည်တွေ စီးပွားရေးကောင်းမှာ ကျနော်တို့လည်း စက်တွေလည်နိုင်တာ။ အလုပ်သမားတွေကို ထမင်းကျွေးနိုင်တာ။ ဒါ့အပြင် အဖေနဲ့အမေက စာကြည့်တိုက်တခု ထားခဲ့တယ်။ အဲဒီစာကြည့်တိုက်က အများသုံးလို့ရတဲ့ စာကြည့်တိုက်။ ကျနော်တို့ မှတ်ပုံတင်တာတော့ မလုပ်ရသေးဘူး။ ရည်ညွှန်းစာကြည်တိုက်အနေနဲ့ စိတ်ဝင်စားရင် လာဖတ်လို့ရတဲ့ စာကြည့်တိုက်ပါ။ အဲဒီစာကြည့်တိုက်မှာရှိတဲ့ စာအုပ်တွေ၊ စာကြည့်တိုက်ထိန်းသိမ်းတဲ့ စာကြည့်တိုက်မှူး ဝန်ထမ်းတွေပေးဖို့အတွက် ဒီပုံနှိပ်တိုက်ကပဲ ကျနော်တို့စားမယ့် ထမင်းအိုထဲကပဲမျှပြီး သူတို့ကို ထမင်းအိုတည်ပေးကြရပါတယ်။ ကျနော်တို့ ပုံနှိပ်လုပ်ငန်းက နှစ် (၈၀) ကြာခဲ့ပြီ။ ဒီဘိုးမွေဘွားမွေတွေကို ကျနော့်သားတွေသမီးတွေ ဆက်ထိန်းသိမ်းကြတယ်။ ရေရှည်လည်းဆက်ထိန်းသိမ်းဖို့ ကြိုးစားနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်နေဝင်းက ပြည်သူပိုင်သိမ်းခဲ့တာအပါအဝင် ဆိုရှယ်လစ်စီးပွားရေး တည်ဆောက်မှုမှာပါ ပျက်သုန်းသွားခဲ့တဲ့ ဗမာပိုင်၊ အမျိုးသားပိုင် စီးပွားရေးလုပ်ငန်းတွေ အများကြီး။ အဲဒီဒဏ်ကို ကျနော်တို့ ကြံ့ကြံ့ခံပြီး လှော်ခဲ့ခတ်ခဲ့ကြတာ ဒီနေ့အထိပါပဲ။

မေး ။ ။ ကျမ တစ်ခုမေးချင်တာကတော့ စာပေလောကသားတွေဆိုတာက ပြည်သူ့အစိုးရ NLD အစိုးရကို ထောက်ခံတဲ့လူတွေ အများစုပါ။ အခုလက်ရှိမှာဆိုရင်လဲ ပြန်ကြားရေးဌာနမှာ နေရာရလာတဲ့ လူတွေထဲမှာ စာပေလောကက ပုဂ္ဂိုလ်တွေပါပါတယ်။ အထင်ကရ ပုဂ္ဂိုလ်တွေအပါအဝင် ဆိုတဲ့အခါကြတော့ ဆရာတို့ အခု ဒီလိုမျိုးအရပ်သားအစိုးရလည်း ဖြစ်လာပြီ၊ ပြန်ကြားရေးထဲမှာလည်း စာပေလောကက အထင်ကရ ပုဂ္ဂိုလ်တွေပါလာပြီဆိုတော့ စာပေလောကသားတွေ မျှော်လင့်ထားတဲ့ စာပေလွတ်လပ်ခွင့်ဆိုတာတွေကော ရလာတယ်လို့ ဆရာ ယူဆပါသလား။

ဖြေ ။ ။ အရပ်သားအစိုးရလို့ ပြောတာလဲ (၇၅) ရာခိုင်နှုန်းတော့ မှန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိတ်သားကလည်း ရှိနေသေးတယ်။ လွတ်လပ်ခွင့်ဆိုတာလဲ အတိုင်းအတာတခုအထိ (၇၅) ရာခိုင်နှုန်းလောက်ပဲ ရသေးတယ်လို့ ပြောပါရစေ။ စာပေစီစစ်ရေး မရှိပေမယ့် ကျနော်တို့ကို ဖမ်းလို့ချုပ်လို့ ထိန်းသိမ်းလို့ရတဲ့ ပုဒ်မတွေက ကျန်သေးတယ်။ (၅၅)၊ (၅၀၅) နဲ့ (၆၆) တို့ ဒါမျိုးတွေ ရှိနေသေးတယ်။ ကျနော်တို့ တကယ့်လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်တွေ ကျနော်တို့ ရာနှုန်းပြည့် မရသေးပါဘူး။ (၇၅) ရာခိုင်နှုန်းလောက်သာ ရပါသေးတယ်။ ဒါပေမဲ့ တနေ့နေ့မှာတော့ ရာနှုန်းပြည့်ရမယ်လို့ ကျနော်မျှော်လင့်ပါတယ်။

မေး ။ ။ အလားအလာကောင်းကော ဘယ်လောက်အထိ ဆရာမျှော်လင့်ထားပါသလဲ။
ဖြေ ။ ။ တနေ့နေ့ပေါ့ ကျနော်တို့ မှီချင်လဲ မှီမှာပေါ့။
မေး ။ ။ ဆိုလိုတာက အလားအလာကောင်းတယ်လို့ ဆရာ့စိတ်ထဲမှာ သုံးသပ်မိပါသလား။
မေး ။ ။ အဲဒါတော့ ၅၀-၅၀ ပဲ ပြောရမယ်။
ဖြေ ။ ။ အခုလို အချိန်ပေးပြီးတော့ ဖြေကြားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG