သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုသစ် မရှိကြောင်း မြန်မာငြင်းဆို


မြောက်ကိုရီးယား (Dumangang) သင်္ဘော ဗိုလ်အောင်ကျော် ဆိပ်ကမ်းမှာ ဆိုက်ကပ်လာ။ ( ဇူလိုင် ၅၊ ၂၀၀၉၊ တနင်္ဂနွေ)။
မြောက်ကိုရီးယား (Dumangang) သင်္ဘော ဗိုလ်အောင်ကျော် ဆိပ်ကမ်းမှာ ဆိုက်ကပ်လာ။ ( ဇူလိုင် ၅၊ ၂၀၀၉၊ တနင်္ဂနွေ)။
မြန်မာ အစိုးရသစ် လက်ထက်မှာ မြောက်ကိုးရီးယား နိုင်ငံနဲ့ စစ်ရေး ဆက်ဆံရေး အသစ်တွေ မရှိတော့ပေမဲ့ အရင် မြန်မာ စစ်အစိုးရ ဟောင်းနဲ့ လုပ်ခဲ့တဲ့ စစ်ရေး ဆက်ဆံမှု အဟောင်းတွေတော့ ရှိနေဆဲ ဖြစ်တယ်လို့ မြန်မာ အကြီးတန်း အရာရှိ တဦးက ပြောပါတယ်။ မြန်မာနိုင်ငံဟာ မြောက်ကိုးရီးယားနဲ့ စစ်ရေး ဆက်ဆံရေး မပြတ်သေးတဲ့ အကြောင်း မနေ့ကဘဲ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ တဦးက ဗွီအိုအေကို ပြောဆိုခဲ့ပြီး နောက်နေ့မှာ မြန်မာ အစိုးရ အကြီးတန်း အရာရှိကြီးက အခုလို တုန့်ပြန် ပြောဆိုတာ ဖြစ်ပါတယ်။ အခြေအနေ အရပ်ရပ်ကို မသိဂီ ၤထိုက်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံဟာ မြောက်ကိုးရီးယားနဲ့ စစ်ရေး ဆက်ဆံမှု လုံး၀ မပြတ်သေးဘူး ဆိုတဲ့ သဘော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ တဦးက ကြာသပတေးနေ့တုန်းက ဗွီအိုအေကို ပြောပါတယ်။ ဒါကို မြန်မာ အစိုးရဘက်က လည်း အတည်ပြုပါတယ်။
မြန်မာစစ်ခေါင်းဆောင်များနဲ့ မြောက်ကိုရီးယား စစ်ခေါင်းဆောင်များ တွေ့ဆုံ။ (ဇွန် ၂၄၊ ၂၀၀၉)
မြန်မာစစ်ခေါင်းဆောင်များနဲ့ မြောက်ကိုရီးယား စစ်ခေါင်းဆောင်များ တွေ့ဆုံ။ (ဇွန် ၂၄၊ ၂၀၀၉)

အရင် မြန်မာ စစ်အစိုးရ လက်ထက်တုန်းက နိုင်ငံတကာရဲ့ ဒဏ်ခတ် ပိတ်ဆို့မှု ခံရစဉ်တုန်း က မြောက်ကိုးရီးယား နိုင်ငံနဲ့ စစ်ရေး နည်းပညာပိုင်းဆိုင်ရာ ဆက်ဆံခဲ့ရတာတွေဟာ အခုချိန်ထိ မပြတ်သေးတဲ့ အကြောင်း မြန်မာ အကြီးတန်း အရာရှိ တဦးက ပြောပါတယ်။

“နံပတ်တစ် အချက်က မြောက်ကိုးရီးယား-မြန်မာ ဆက်ဆံရေးက အရင်တုန်းက ကျနော်တို့ နိုင်ငံကို အားလုံးပိတ်ဆို့ထားတဲ့အချိန်မှာ ရှိခဲ့တယ်။ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတချို့ပေါ့နော်။ စစ်ရေးဆိုင်ရာဆိုတာ နည်းပညာ၊ လက်နက် တချို့ဟာတွေ ရှိခဲ့တယ်။ အဲ့ဒီ့အပေါ်မှာ Contract တွေ ရှိခဲ့တယ်။ နံပတ်(၂) အချက်က ဒီသမ္မတကြီးလက်ထက်မှာ မြောက်ကီုးရီးယားနဲ့ စစ်ရေးဆက်ဆံမှုတွေ မလုပ်တော့ဘူး ဆိုတဲ့ဟာမျိုး ဆောင်ရွက်ခဲ့ တယ်။ နောက်တချက်က ကျနော်တို့ လုံခြုံရေးကောင်စီ ၁၈၇၄ အပါအဝင် လုံခြုံရေးကောင်စီရဲ့ အဆုံးအဖြတ်တွေကို လိုက်နာတယ်။ သို့သော် တချက်က နံပတ်(၃) အချက်အနေနဲ့ အရင်တုန်းက ချုပ်ခဲ့တဲ့ စာချုပ်အဟောင်းတွေက အမျှင်မပြတ်တာတွေ၊ တချို့ ရှိကောင်းရှိလိမ့်မယ်။ အဲ့တာကိုလည်း သမ္မတကြီး အစိုးရလက်ထက်မှာ စာချုပ်အသစ် ချုပ်ဆိုခြင်းမရှိဘူး။ အသစ် နည်းပညာ၊ လက်နက် လွှဲပြောင်းခြင်း မရှိတော့ဘူး။”

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ဒီရက်ပိုင်း အတွင်းကဘဲ အမေရိကန် West Point စစ်တက္ကသိုလ်မိန့်ခွန်းထဲ မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ သူ့မဟာမိတ်တွေနဲ့ ထိစပ်ဆက်ဆံဖို့ မြောက်ကိုရီးယားနဲ့ မိတ်ဖက် အဖြစ်ကနေ ခြေလှမ်းခွာလာပြီလို့တော့ ပြောဆိုခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံဟာ မြောက်ကိုးရီးယားတို့နဲ့ စစ်ရေး ဆက်ဆံရေး လုံး၀ ပြတ်သွားတာမျိုး မဟုတ်သေးဘူး ဆိုတဲ့သဘောပြောဆိုပြီး မြန်မာ အစိုးရ အနေနဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ လက်နက်ရောင်းဝယ်မှုတွေကို တားမြစ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၇၁၈၊ ၁၈၇၄၊ ၂၀၈၇ နဲ့ ၂၀၉၄ တို့ကို လေးစား လိုက်နာဖို့ဖြစ်တယ် လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဆိုပါတယ်။

ဒီ ကုလ ဆုံးဖြတ်ချက် အရ မြောက်ကိုးရီးယားနဲ့ ဘယ်လို အမျိုးအစား လက်နက် မဆို ကုလ အဖွဲ့ဝင် နိုင်ငံများ အနေနဲ့ ကုန်သွယ်မှုကို တားမြစ်ထား တာပါ။ မြန်မာအစိုးရ အကြီးတန်း အရာရှိတဦး ကလည်း မြန်မာ အနေနဲ့ မြောက် ကိုးရီးယားနဲ့ စစ်ရေး ဆက်ဆံမှု လက်ကျန် စာချုပ်တွေ အမြန်ဆုံး ပြီးပြတ်သွားဖို့ လုပ်ဆောင်နေပါတယ်လို့ ဆိုပါတယ်။

“အဲ့တော့ ခြုံပြီး ပြန်ပြောရရင်တော့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အပြည့်အဝ လိုက်နာလျက်ရှိတယ်။ အရင်တုန်းက မပြီးပြတ်သေးတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့လည်း အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုတွေ ထပ်တိုးပြီးတော့ လုပ်သွားတာတွေရှိတယ်။ အဲ့တော့ ခြုံပြီးပြောမယ်ဆိုရင် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို လိုက်နာတယ်။ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ထပ်မံ ဆောင်ရွက်ခြင်းမရှိဘူး။ စာချုပ်စာတမ်း အသစ်တွေ ထပ်မံချုပ်ဆိုခြင်း မရှိဘူး။ အလားတူပဲ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုံးဝ မရှိသလောက်ဖြစ်အောင် ဦးတည်ဆောင်ရွက်နေတယ်။”

မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒ ကျင့်သုံးပြီး ဆက်ဆံရေး ပြန်လည် လုပ်ဆောင်လာတဲ့ အမေရိကန် ပြည်ထောင်စုဟာ အရင်က ဒဏ်ခတ်ပိတ်ဆို့မှု တချိုု့ကို ဖြေလျှော့ပေးလာခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်တုန်း ကဘဲ မြောက်ကိုရီးယား နိုင်ငံကနေ စစ်သုံးပစ္စည်းတွေ မဝယ်ယူဖို့ ကန့်သတ်ထားတဲ့ ကုလသမဂ္ဂရဲ့ တားဖြစ်ချက်ကို ချိုးဖောက်တယ်ဆိုပြီး ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးရုံးရဲ့ အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးကို အရေးယူဒဏ်ခတ်မှု အသစ် ချမှတ်ခဲ့ပါသေးတယ်။
XS
SM
MD
LG